အနံ့ အရသာ ပျောက်လျှင်

ယုံချင်ယုံမယုံချင်နေ

ကြက်သွန်နီနဲ့သံပရာသီးကို ဆောင်ထားရင် အနံ့မပျောက်ဖူးလို့ဆိုကြပါတယ်။

ကိုယ့်အခန်းကစားပွဲပေါ်မှာ၊ အိပ်ယာနဘေးမှာ ကြက်သွန်နီထားရင် တုပ်ကွေးမဖြစ်ဖူးဆိုတု့အယူအဆကတော့ ဟိုးအရင်အာရှတုပ်ကွေးတွေဖြစ်တုန်းကတဲကရှိခဲ့ပါတယ်။

အနံ့ပျောက် လျှာအရသာမသိရင် ရိုးရိုးလေးစမ်းကြည့်ရမှာက.,.

ကြက်သွန်နီဥထောင်း အရည်ညှစ် ဟင်းစားဇွန်း(၁)ဇွန်းကို သံပရာသီးအရည်ညှစ်(၁)ဇွန်းစပ်သောက်ပါ။

ကြက်သွန်နီက အက်ဆစ်ဓာတ်ပါတဲ့ဥမျိုးပါ၊ တော်ရုံပိုးကိုသေစေနိုင်ပါစေတယ်။

သံပရာသီးကလည်း လျှာအရသာပွင့်စေပြီး လေသလိပ်ကိုနိုင်တယ်။

ဘေးထိုးရင်ကြပ်နာ၊ရင်ဘတ်နာ၊ချောင်းဆိုးနာ၊သလိပ်နာတို့ကိုနိုင်တယ်လို့..ယောအတွင်းဝန်မင်းကြီးဦးဘိုးလှိုင်ရဲ့ ဥတုဘောဇနသင်္ဂဟကျမ်းမှာ ဆိုထားပါတယ်( ဥတုဘောဇန-စာ၂၃၈)။

သံပရာသီးအကြီးမျိုးကို သံပရိုသီးလို့ခေါ်ပြီးလေသလိပ်ကိုနိုင်တဲ့နေရာမှာ အကျိုးသွားအတူတူပဲလို့ ဥတုဘောဇနကျမ်းကဆိုထားပါတယ်။

( ပုံမှာတော့ အပြင်မထွက် ပန်းအလှလည်းမဝယ်ရတဲ့အတူတူ၊ ကြက်သွန်နီနဲု့ သံပရာကို ယွန်းအစ်မှာထည့်ပြီး မိမိဘာသာစိတ်ကူးနဲ့ အလှဆင်ထားတဲ့ပုံပါ၊ အားပေးကြပါဦး)

ကြည်လွင်မြင့်(မုဒြာ)

Zawgyi











ကြည်လွင်မြင့်(မုဒြာ)