ဆီစားသက်သာအောင် ဘယ်လိုမောင်းကြမလဲ

ဆီစားသက်သာအောင် ဘယ်လိုမောင်းမလဲ

မော်တော်ကားမောင်းနှင်တဲ့အခါ လိုရာခရီးကို အဆင်ပြေချောမွေ့စွာရောက်ဖို့ လိုအပ်သလို ကုန်ကျစရိတ်သက်သာဖို့ကလည်း အဓိကကျပါတယ်။

ကားနဲ့ခရီးသွားတဲ့အခါ အဓိကကုန်ကျစရိတ်ဖြစ်တဲ့ ကားဆီဖိုးသက်သာဖို့ကလည်း အရေးကြီးပါတယ်။ မော်ဒယ်မြင့်ကားတွေမှာ ဆီစားသက်သာအောင် စနစ်တွေမျိုးစုံထည့်ထားပေးမယ့် အဓိကကတော့ ကားမောင်းသူအပေါ်မှာဘဲ မူတည်တာဖြစ်ပါတယ်။ ဒါကြောင့် ကားဆီစားသက်သာအောင် ဘယ်လိုပြုမူသင့်သလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဗဟုသုတအဖြစ် မျှဝေပေးပါ့မယ်။

၁) တာယာလေပေါင်ချိန်ခြင်း – ကားတာယာလေပေါင်ကလည်း ကားဆီစားနှုန်းမှာ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ တာယာလေပေါင်နည်းတဲ့အခါ အင်ဂျင်ပိုရုန်းရတဲ့အတွက် ဆီပိုစားမှာဖြစ်ပါတယ်။ ဒါကြောင့် ကားတာယာလေပေါင်ကို ကားပိုင်ရှင်လက်စွဲ (Owner Manual) သို့မဟုတ် ကားတံခါးဘောင်မှာရေးထားတဲ့ သတ်မှတ်ချက်အတိုင်း လေပေါင်ဖြည့်ပေးသင့်ပါတယ်။

၂) သတ်မှတ်ထားတဲ့ ချောဆီအသုံးပြုခြင်း – မော်တော်ကားအင်ဂျင်မှာအသုံးပြုတဲ့ အင်ဂျင်ဝိုင်ကလည်း ကားဆီစားနှုန်းမှာ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ သတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင်ဂရိတ်ကို မထည့်ဘဲ ပိုပြီးစျေပျစ်တဲ့ ချောဆီတွေကို အသုံးပြုထားတယ်ဆိုရင်တော့ ကားကလေးလေးနဲ့ ထုန်ထုန်ကြီးဖြစ်နေပြီး အဆွဲအရုန်းကျကာ ကားဆီပိုစားစေပါတယ်။ ဒါကြောင့် ကားရဲ့ သတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင်ကိုသာအသုံးပြုသင့်ပါတယ်။

အဲဒီသတ်မှတ်ချက်တွေကိုလည်း ကားပိုင်ရှင်လက်ဆွဲစာအုပ် (Owner Manual) မှာ ပါရှိပါတယ်။

ကားဟောင်းတွေအတွက်တော့ ဒီစာအုပ်မပါတာ များပါတယ်။ ဒါဆိုရင်လည်း ကျွှမ်းကျင်စက်ပြင်နဲ့ တိုင်ပင်ပြီး ချောဆီကို အသုံးပြုသင့်ပါတယ်နော်။

၃) အင်ဂျင်လေစစ် နှင့် ပလပ်များ စစ်ဆေးခြင်း – အင်ဂျင်အဝင်လေကို စစ်ပေးတဲ့ အင်ဂျင်လေစစ်နဲ့ ဓါတ်ဆီအင်ဂျင်မီးပေးစနစ်ရဲ့ ပလပ်တွေကလည်း ကားဆီစားသက်သာမို့အတွက် အရမ်းအရေးကြီးပါတယ်။

အင်ဂျင်လေစစ်မကောင်းရင် ကားအဆွဲအရုန်းကျသလို ပလပ်မကောင်းရင်လဲ အဆွဲအရုန်းကျကာ ဆီစားများပါတယ်။ ဒါကြောင့် အင်ဂျင်လေစစ်နဲ့ ပလပ်တွေကို စစ်ဆေးပြီး လိုအပ်ပါက ကားအင်ဂျင်နဲ့ ကိုက်ညီတဲ့ ပလပ်တွေကို အသုံးပြုပေးသင့်ပါတယ်။

၄) ခရုကွန်ထရိုး (Cruise Control) အသုံးပြုခြင်း – အမြန်လမ်းမောင်းနှင်အသုံးပြုတဲ့ကားတွေအတွက် ခရုကွန်ထရိုးစနစ်က အရမ်းကို အသုံးဝင်လှပါတယ်။

ဒီစနစ်မှာ လိုအပ်တဲ့ ကားအမြန်နှုန်းကို ဆက်တင်ချိန်ထားပြီး လီဗာနင်းစရာမလိုဘဲ စတီယာရင်ဘဲထိန်းထားပေးရတဲ့အတွက် မောင်းနှင်သူလည်း သက်သာသလို ကားဆီစားလည်း သက်သာစေပါတယ်။ ဒါကြောင့် ဆီစားသက်သာစေချင်ရင် အမြန်လမ်းမှာ အကွေ့ကောက်နည်းပြီး လမ်းကောင်းပါက ခရုကွန်ထရိုးစနစ်ကို အသုံးပြုစေချင်ပါတယ်။

၅) ECO mode ဖြင့် မောင်းခြင်း – ကားတွေမှာ ဆီစားသက်သာအောင် ခရုကွန်ထရိုးစနစ်အပြင် Eco Mode (Economical Mode) ကိုလည်း ထည့်သွင်းကာ ကားဆီစားသက်သာအောင် ပြုလုပ်ပေးထားပါတယ်။ တချို့ကားတွေမှာ ECO Mode ခလုတ်ပါပေမယ့် တချို့ကားတွေကို ECO Mode က အလိုအလျောက် အလုပ်လုပ်ပေးတာဖြစ်ပါတယ်။

ကားမောင်းတဲ့အခါ လီဗာကို ဖြေးဖြေးနဲ့ မှန်မှန်နင်းပြီး ကားအရှိန်ကို ဖြေးဖြေးချင်းမြှင့်တင်သွားသင့်ပါတယ်။

ECO Mode အလုပ်လုပ်နေတဲ့အခါ ဒိုင်ခွက်မှာ ” ECO ” ဆိုတဲ့ အစိမ်းရောင်မီးလေးလင်းနေမှာဖြစ်ပြီး အဲ့ဒီမီး ဒိုင်ခွက်မှာ မငြိမ်းအောင် လီဗာကို ဖြေးဖြေးနဲ့ မှန်မှန် နင်းပေးသင့်ပါတယ်။ ဒါဆိုရင်တော့ ကားက ဆီစားသက်သာလာမှာဖြစ်ပါတယ်။

ခရစ်ဒစ်

Zawgyi

ဆီစားသက္သာေအာင္ ဘယ္လိုေမာင္းမလဲ

ေမာ္ေတာ္ကားေမာင္းႏွင္တဲ့အခါ လိုရာခရီးကို အဆင္ေျပေခ်ာေမြ႔စြာေရာက္ဖို႔ လိုအပ္သလို ကုန္က်စရိတ္သက္သာဖို႔ကလည္း အဓိကက်ပါတယ္။

ကားနဲ႔ခရီးသြားတဲ့အခါ အဓိကကုန္က်စရိတ္ျဖစ္တဲ့ ကားဆီဖိုးသက္သာဖို႔ကလည္း အေရးၾကီးပါတယ္။ ေမာ္ဒယ္ျမင့္ကားေတြမွာ ဆီစားသက္သာေအာင္ စနစ္ေတြမ်ုိးစုံထည့္ထားေပးမယ့္ အဓိကကေတာ့ ကားေမာင္းသူအေပၚမွာဘဲ မူတည္တာျဖစ္ပါတယ္။ ဒါေၾကာင့္ ကားဆီစားသက္သာေအာင္ ဘယ္လိုျပဳမူသင့္သလဲဆိုတာကို ဒီေဆာင္းပါးေလးမွာ ဗဟုသုတအျဖစ္ မွ်ေ၀ေပးပါ့မယ္။

၁) တာယာေလေပါင္ခ်ိန္ျခင္း – ကားတာယာေလေပါင္ကလည္း ကားဆီစားႏွုန္းမွာ တိုက္ရိုက္သက္ဆိုင္ေနပါတယ္။ တာယာေလေပါင္နည္းတဲ့အခါ အင္ဂ်င္ပိုရုန္းရတဲ့အတြက္ ဆီပိုစားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကားတာယာေလေပါင္ကို ကားပိုင္ရွင္လက္စြဲ (Owner Manual) သို႔မဟုတ္ ကားတံခါးေဘာင္မွာေရးထားတဲ့ သတ္မွတ္ခ်က္အတိုင္း ေလေပါင္ျဖည့္ေပးသင့္ပါတယ္။

၂) သတ္မွတ္ထားတဲ့ ေခ်ာဆီအသုံးျပဳျခင္း – ေမာ္ေတာ္ကားအင္ဂ်င္မွာအသုံးျပဳတဲ့ အင္ဂ်င္၀ိုင္ကလည္း ကားဆီစားႏွုန္းမွာ တိုက္ရိုက္သက္ဆုိင္ေနပါတယ္။ သတ္မွတ္ထားတဲ့ အင္ဂ်င္၀ိုင္ဂရိတ္ကို မထည့္ဘဲ ပိုျပီးေစ်ပ်စ္တဲ့ ေခ်ာဆီေတြကို အသုံးျပဳထားတယ္ဆိုရင္ေတာ့ ကားကေလးေလးနဲ႔ ထုန္ထုန္ၾကီးျဖစ္ေနျပီး အဆြဲအရုန္းက်ကာ ကားဆီပိုစားေစပါတယ္။ ဒါေၾကာင့္ ကားရဲ႕ သတ္မွတ္ထားတဲ့ အင္ဂ်င္၀ိုင္ကိုသာအသုံးျပဳသင့္ပါတယ္။

အဲဒီသတ္မွတ္ခ်က္ေတြကိုလည္း ကားပိုင္ရွင္လက္ဆြဲစာအုပ္ (Owner Manual) မွာ ပါရွိပါတယ္။

ကားေဟာင္းေတြအတြက္ေတာ့ ဒီစာအုပ္မပါတာ မ်ားပါတယ္။ ဒါဆုိရင္လည္း ကႊ်မ္းက်င္စက္ျပင္နဲ႔ တိုင္ပင္ျပီး ေခ်ာဆီကို အသုံးျပဳသင့္ပါတယ္ေနာ္။

၃) အင္ဂ်င္ေလစစ္ ႏွင့္ ပလပ္မ်ား စစ္ေဆးျခင္း – အင္ဂ်င္အ၀င္ေလကို စစ္ေပးတဲ့ အင္ဂ်င္ေလစစ္နဲ႔ ဓါတ္ဆီအင္ဂ်င္မီးေပးစနစ္ရဲ႕ ပလပ္ေတြကလည္း ကားဆီစားသက္သာမုိ႔အတြက္ အရမ္းအေရးၾကီးပါတယ္။

အင္ဂ်င္ေလစစ္မေကာင္းရင္ ကားအဆြဲအရုန္းက်သလို ပလပ္မေကာင္းရင္လဲ အဆြဲအရုန္းက်ကာ ဆီစားမ်ားပါတယ္။ ဒါေၾကာင့္ အင္ဂ်င္ေလစစ္နဲ႔ ပလပ္ေတြကို စစ္ေဆးျပီး လိုအပ္ပါက ကားအင္ဂ်င္နဲ႔ ကိုက္ညီတဲ့ ပလပ္ေတြကို အသုံးျပဳေပးသင့္ပါတယ္။

၄) ခရုကြန္ထရိုး (Cruise Control) အသုံးျပဳျခင္း – အျမန္လမ္းေမာင္းႏွင္အသုံးျပဳတဲ့ကားေတြအတြက္ ခရုကြန္ထရိုးစနစ္က အရမ္းကို အသုံး၀င္လွပါတယ္။

ဒီစနစ္မွာ လိုအပ္တဲ့ ကားအျမန္ႏွုန္းကို ဆက္တင္ခ်ိန္ထားျပီး လီဗာနင္းစရာမလိုဘဲ စတီယာရင္ဘဲထိန္းထားေပးရတဲ့အတြက္ ေမာင္းႏွင္သူလည္း သက္သာသလို ကားဆီစားလည္း သက္သာေစပါတယ္။ ဒါေၾကာင့္ ဆီစားသက္သာေစခ်င္ရင္ အျမန္လမ္းမွာ အေကြ႔ေကာက္နည္းျပီး လမ္းေကာင္းပါက ခရုကြန္ထရိုးစနစ္ကို အသုံးျပဳေစခ်င္ပါတယ္။

၅) ECO mode ျဖင့္ ေမာင္းျခင္း – ကားေတြမွာ ဆီစားသက္သာေအာင္ ခရုကြန္ထရိုးစနစ္အျပင္ Eco Mode (Economical Mode) ကိုလည္း ထည့္သြင္းကာ ကားဆီစားသက္သာေအာင္ ျပဳလုပ္ေပးထားပါတယ္။ တခ်ို႔ကားေတြမွာ ECO Mode ခလုတ္ပါေပမယ့္ တခ်ို႔ကားေတြကို ECO Mode က အလိုအေလ်ာက္ အလုပ္လုပ္ေပးတာျဖစ္ပါတယ္။

ကားေမာင္းတဲ့အခါ လီဗာကို ေျဖးေျဖးနဲ႔ မွန္မွန္နင္းျပီး ကားအရွိန္ကို ေျဖးေျဖးခ်င္းျမွင့္တင္သြားသင့္ပါတယ္။

ECO Mode အလုပ္လုပ္ေနတဲ့အခါ ဒိုင္ခြက္မွာ ” ECO ” ဆုိတဲ့ အစိမ္းေရာင္မီးေလးလင္းေနမွာျဖစ္ျပီး အဲ့ဒီမီး ဒိုင္ခြက္မွာ မျငိမ္းေအာင္ လီဗာကို ေျဖးေျဖးနဲ႔ မွန္မွန္ နင္းေပးသင့္ပါတယ္။ ဒါဆိုရင္ေတာ့ ကားက ဆီစားသက္သာလာမွာျဖစ္ပါတယ္။

ခရစ္ဒစ္

Leave a Comment