အလစ်သုတ်သမားရန်မှ မိမိကားကို ဘယ်လိုကာကွယ်မလဲ

ကားအလစ်သုတ်မခံရအောင် ဘယ်လိုကာကွယ်ကြရပါမလဲ…

ကားတစ်စီးဟာ စက္ကန့် ၆၀ အတွင်းအခိုးခံရနိုင်ပါတယ်။ ဒါ့အပြင်အလစ်သုတ်ခံလိုက်ရတဲ့ ကား အတော်များများဟာလည်း မူလပိုင်ရှင်ဆီ ပြန်ရောက်မလာတတ်ကြပါဘူး။ ကမ္ဘာတစ်ဝန်းလုံးကို အခြေခံ တွက်ချက်ထားတဲ့ စစ်တမ်းတွေအရ တစ်နှစ်ကို ၁ သန်းထက်ကျော်တဲ့ အရေအတွက်နဲ့ ကားတွေ အလစ်သုတ် ခံနေရတယ်လို့လည်းသိရတာကြောင့် ဒီဖြစ်စဉ်ထဲမှာ ကိုယ့်ကားလေးပါမသွားအောင် လုပ်သင့်တာတွေလုပ် ထားဖို့လိုအပ်ပါတယ်။ ကားဆိုတာ ဒီနေ့အထိ တန်ဖိုးကြီးဇိမ်ခံပစ္စည်းတစ်ခုအနေနဲ့ ရင်းနှီးမြှပ်နှံမှုတစ်ခုလို ဝယ်ယူသုံးစွဲနေကြရဆဲဖြစ်တာမို့ သူခိုးရန်ကကာကွယ်ဖို့ ကိုယ့်ကားကိုဘယ်လို ထိန်းသိမ်းထားရမလဲဆို တာသိဖို့ လိုအပ်နေမှာမလွဲပါဘူး။

အလင်းရောင်ရှိတဲ့နေရာကို ရွေးပေးပါ

ကားကိုပါကင်ထိုးတဲ့နေရာမှာ လမ်းထဲမှာဖြစ်စေ၊ ဂိုထောင်ထဲမှာဖြစ်စေ အလင်းရောင်ကောင်း ကောင်းရတဲ့နေရာမျိုးကိုပဲ ဦးစားပေးရွေးချယ်သင့်ပါတယ်။ ဂိုထောင်လုံခြုံရေး အလင်းရောင်အောက်မှာ ဒါမှမဟုတ် ဓာတ်တိုင်မီးရောင်အောက်မှာ ပါကင်ထိုးထားတဲ့ကားမျိုးကို ကားသူခိုးတွေပစ်မှတ်ထားတာ နည်းပါတယ်။

မီးရောင်အောက်မှာ ကားတံခါးကိုဖွင့်ဖို့ကြိုးစားတဲ့အခါ သူတို့ကိုလူတွေကအလွယ်တကူ မြင်တွေ့သွားနိုင်သလို သူတို့ကိုယ်တိုင်လည်း လုံခြုံရေးကို အာရုံစိုက်နေရမှာဖြစ်လို့ ဒီလိုကားမျိုးကို အလစ်သုတ်သူအတော်များများက လက်ရှောင်လေ့ရှိကြတာပါ။

အစွန်အဖျားနေရာတွေကို ရှောင်ပေးပါ

ကားပါကင်ထိုးတဲ့အခါ နောက်ထပ်သတိထားရမှာတစ်ခုက အစွန်အဖျားကျတဲ့နေရာတွေကို ရှောင်ရှား ဖို့ပဲဖြစ်ပါတယ်။

ကားဂိုထောင်လိုနေရာရဲ့ အစွန်အဖျားမှာ လွယ်လင့်တကူရပ်ထားတဲ့ကားတွေဟာ အလစ်သုတ်ခံရနိုင်သလို ကားပါကင်လိုနေရာကျယ်ကျယ် သတ်မှတ်ထားတဲ့နေရာတွေမှာလဲ အဖျားနားမှာ အလွယ်တကူရပ်ထားခဲ့တဲ့ကားတွေဟာ အခိုးခံရဖို့ ရာခိုင်နှုန်းပိုများနေတတ်တာပါ။ ဒီလိုကားမျိုးတွေဟာ ခက်ခက်ခဲခဲမောင်းပြေးဖို့ မလိုအပ်လို့ ကားခိုးသူတွေအတွက် ငါးစာချထားပေးသလိုတောင် ဖြစ်နေတတ်ပါ တယ်။

ဒါကြောင့် ကားတွေအပျောက်အရှများတဲ့ နေရာဒေသမှာရှိနေကြသူတွေအနေနဲ့ ကိုယ့်ကားကို အလစ်သုတ်မယ့်သူ အလွယ်တကူထုတ်ယူသွားလို့မရမယ့် နေရာမျိုးမှာလည်း ရှိမနေသင့်တာပါ။

လုံခြုံရေးကိုချီးမြှင့်ဖို့ မမေ့ပါနဲ့နော်

သိန်းနဲ့ချီပြီးငွေပင်ငွေရင်း စိုက်ထူထားရတဲ့ကိုယ့်ကားကို အလွယ်တကူခိုးယူမသွားနိုင်အောင် လုံခြုံ ရေးကိုချီးမြှင့်ငွေပေးတာလောက်တော့ မမေ့လျော့ပဲပြုလုပ်ပေးရပါလိမ့်မယ်။ ကားအများကြီးကိုစောင့်ကြည့်ပေး နေရတဲ့ လုံခြုံရေးအနေနဲ့ ဒါမှကိုယ့်ကားကို ပိုအာရုံစိုက်မိသွားမှာပါနော်။

ကားအလစ်သုတ်သူတွေဟာ လုံခြုံရေး တွေ ရှိနေတဲ့အခြေအနေမျိုးမှာလည်း လှုပ်ရှားနိုင်စွမ်းရှိနေလို့ ကိုယ့်ဘက်ကထောင့်စေ့အောင် ကာကွယ်ထား ရပါလိမ့်မယ်။

လော့တွေချဖို့ သတိရပါ

ကားအခိုးခံရမှုအတော်များများဟာ အိမ်တွေမှာလည်းဖြစ်ပါတယ်။ ဒါမျိုးတွေကတော့ ကိုယ့်ရဲ့ ပေါ့ဆမှုတွေကြောင့်ဖြစ်ကြတာပါ။

”ကိုယ့်အိမ်မှာပဲ လုံခြုံမှာပါ”ဆိုတဲ့ အတွေးနဲ့ ကားတံခါးတွေကိုလုံအောင် ပိတ်ဖို့မေ့နေတာ၊ ခြံဝန်းတံခါးတွေကို သေချာပိတ်ဖို့ ပျက်ကွက်တာတွေက ကိုယ့်အိမ်၊ ကိုယ့်ယာမှာထားရင်း ကားပျောက်ရတဲ့ နောက်ကွယ်က အဓိကအကြောင်း အရင်းတွေဖြစ်ပါတယ်။

အချက်ပေးစနစ်တပ်ဆင်ပါ

တစ်စုံတစ်ယောက်က ကိုယ့်ကားကိုခိုးဖို့ကြံစည်နေပြီဆိုတာနဲ့ သိနိုင်ပါတယ်။ အသံကျယ်လောင်သံ နဲ့ ကားအချက်ပေးစနစ်တွေကို ကားသူခိုးတွေကြောက်လန့်တတ်လို့ မဖြစ်မနေတပ်ဆင်ထားသင့်ပါတယ်။

သော့ပိုတွေကို အလွယ်တကူမထားပါနဲ့

အပိုလုပ်ထားတဲ့သော့တွေကို ကားထဲမှာဒါမှမဟုတ် ကားနဲ့နီးတဲ့ တစ်နေရာမှာအလွယ်တကူမထား ခဲ့ မိအောင် ဂရုစိုက်ရပါလိမ့်မယ်။ သော့အပိုရိုက်ထားတဲ့သူအတော်များများက ကားသော့ကိုအလွယ်တကူ မေ့ထားတတ်ကြလို့ ဒီအချက်က သူခိုးတွေအတွက် အခွင့်အရေးဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်မှာ ကားသော့အပိုတွေများရှိနေရင် လုံခြုံရေးနေရာမှာ ထိန်းသိမ်းကြဖို့ အကြံပြုချင်ပါသေးတယ်။

ခရစ်ဒစ်

Zawgyi

ကားအလစ္သုတ္မခံရေအာင္ ဘယ္လိုကာကြယ္ၾကရပါမလဲ…

ကားတစ္စီးဟာ စကၠန႔္ ၆၀ အတြင္းအခိုးခံရနိုင္ပါတယ္။ ဒါ့အျပင္အလစ္သုတ္ခံလိုက္ရတဲ့ ကား အေတာ္မ်ားမ်ားဟာလည္း မူလပိုင္ရွင္ဆီ ျပန္ေရာက္မလာတတ္ၾကပါဘူး။ ကမၻာတစ္ဝန္းလုံးကို အေျခခံ တြက္ခ်က္ထားတဲ့ စစ္တမ္းေတြအရ တစ္ႏွစ္ကို ၁ သန္းထက္ေက်ာ္တဲ့ အေရအတြက္နဲ႔ ကားေတြ အလစ္သုတ္ ခံေနရတယ္လို႔လည္းသိရတာေၾကာင့္ ဒီျဖစ္စဥ္ထဲမွာ ကိုယ့္ကားေလးပါမသြားေအာင္ လုပ္သင့္တာေတြလုပ္ ထားဖို႔လိုအပ္ပါတယ္။ ကားဆိုတာ ဒီေန႔အထိ တန္ဖိုးႀကီးဇိမ္ခံပစၥည္းတစ္ခုအေနနဲ႔ ရင္းႏွီးျမႇပ္ႏွံမႈတစ္ခုလို ဝယ္ယူသုံးစြဲေနၾကရဆဲျဖစ္တာမို႔ သူခိုးရန္ကကာကြယ္ဖို႔ ကိုယ့္ကားကိုဘယ္လို ထိန္းသိမ္းထားရမလဲဆို တာသိဖို႔ လိုအပ္ေနမွာမလြဲပါဘူး။

အလင္းေရာင္ရွိတဲ့ေနရာကို ေရြးေပးပါ

ကားကိုပါကင္ထိုးတဲ့ေနရာမွာ လမ္းထဲမွာျဖစ္ေစ၊ ဂိုေထာင္ထဲမွာျဖစ္ေစ အလင္းေရာင္ေကာင္း ေကာင္းရတဲ့ေနရာမ်ိဳးကိုပဲ ဦးစားေပးေရြးခ်ယ္သင့္ပါတယ္။ ဂိုေထာင္လုံျခဳံေရး အလင္းေရာင္ေအာက္မွာ ဒါမွမဟုတ္ ဓာတ္တိုင္မီးေရာင္ေအာက္မွာ ပါကင္ထိုးထားတဲ့ကားမ်ိဳးကို ကားသူခိုးေတြပစ္မွတ္ထားတာ နည္းပါတယ္။

မီးေရာင္ေအာက္မွာ ကားတံခါးကိုဖြင့္ဖို႔ႀကိဳးစားတဲ့အခါ သူတို႔ကိုလူေတြကအလြယ္တကူ ျမင္ေတြ႕သြားနိုင္သလို သူတို႔ကိုယ္တိုင္လည္း လုံျခဳံေရးကို အာ႐ုံစိုက္ေနရမွာျဖစ္လို႔ ဒီလိုကားမ်ိဳးကို အလစ္သုတ္သူအေတာ္မ်ားမ်ားက လက္ေရွာင္ေလ့ရွိၾကတာပါ။

အစြန္အဖ်ားေနရာေတြကို ေရွာင္ေပးပါ

ကားပါကင္ထိုးတဲ့အခါ ေနာက္ထပ္သတိထားရမွာတစ္ခုက အစြန္အဖ်ားက်တဲ့ေနရာေတြကို ေရွာင္ရွား ဖို႔ပဲျဖစ္ပါတယ္။

ကားဂိုေထာင္လိုေနရာရဲ့ အစြန္အဖ်ားမွာ လြယ္လင့္တကူရပ္ထားတဲ့ကားေတြဟာ အလစ္သုတ္ခံရနိုင္သလို ကားပါကင္လိုေနရာက်ယ္က်ယ္ သတ္မွတ္ထားတဲ့ေနရာေတြမွာလဲ အဖ်ားနားမွာ အလြယ္တကူရပ္ထားခဲ့တဲ့ကားေတြဟာ အခိုးခံရဖို႔ ရာခိုင္ႏႈန္းပိုမ်ားေနတတ္တာပါ။ ဒီလိုကားမ်ိဳးေတြဟာ ခက္ခက္ခဲခဲေမာင္းေျပးဖို႔ မလိုအပ္လို႔ ကားခိုးသူေတြအတြက္ ငါးစာခ်ထားေပးသလိုေတာင္ ျဖစ္ေနတတ္ပါ တယ္။

ဒါေၾကာင့္ ကားေတြအေပ်ာက္အရွမ်ားတဲ့ ေနရာေဒသမွာရွိေနၾကသူေတြအေနနဲ႔ ကိုယ့္ကားကို အလစ္သုတ္မယ့္သူ အလြယ္တကူထုတ္ယူသြားလို႔မရမယ့္ ေနရာမ်ိဳးမွာလည္း ရွိမေနသင့္တာပါ။

လုံျခဳံေရးကိုခ်ီးျမႇင့္ဖို႔ မေမ့ပါနဲ႔ေနာ္

သိန္းနဲ႔ခ်ီၿပီးေငြပင္ေငြရင္း စိုက္ထူထားရတဲ့ကိုယ့္ကားကို အလြယ္တကူခိုးယူမသြားနိုင္ေအာင္ လုံျခဳံ ေရးကိုခ်ီးျမႇင့္ေငြေပးတာေလာက္ေတာ့ မေမ့ေလ်ာ့ပဲျပဳလုပ္ေပးရပါလိမ့္မယ္။ ကားအမ်ားႀကီးကိုေစာင့္ၾကည့္ေပး ေနရတဲ့ လုံျခဳံေရးအေနနဲ႔ ဒါမွကိုယ့္ကားကို ပိုအာ႐ုံစိုက္မိသြားမွာပါေနာ္။

ကားအလစ္သုတ္သူေတြဟာ လုံျခဳံေရး ေတြ ရွိေနတဲ့အေျခအေနမ်ိဳးမွာလည္း လႈပ္ရွားနိုင္စြမ္းရွိေနလို႔ ကိုယ့္ဘက္ကေထာင့္ေစ့ေအာင္ ကာကြယ္ထား ရပါလိမ့္မယ္။

ေလာ့ေတြခ်ဖို႔ သတိရပါ

ကားအခိုးခံရမႈအေတာ္မ်ားမ်ားဟာ အိမ္ေတြမွာလည္းျဖစ္ပါတယ္။ ဒါမ်ိဳးေတြကေတာ့ ကိုယ့္ရဲ့ ေပါ့ဆမႈေတြေၾကာင့္ျဖစ္ၾကတာပါ။

”ကိုယ့္အိမ္မွာပဲ လုံျခဳံမွာပါ”ဆိုတဲ့ အေတြးနဲ႔ ကားတံခါးေတြကိုလုံေအာင္ ပိတ္ဖို႔ေမ့ေနတာ၊ ၿခံဝန္းတံခါးေတြကို ေသခ်ာပိတ္ဖို႔ ပ်က္ကြက္တာေတြက ကိုယ့္အိမ္၊ ကိုယ့္ယာမွာထားရင္း ကားေပ်ာက္ရတဲ့ ေနာက္ကြယ္က အဓိကအေၾကာင္း အရင္းေတြျဖစ္ပါတယ္။

အခ်က္ေပးစနစ္တပ္ဆင္ပါ

တစ္စုံတစ္ေယာက္က ကိုယ့္ကားကိုခိုးဖို႔ႀကံစည္ေနၿပီဆိုတာနဲ႔ သိနိုင္ပါတယ္။ အသံက်ယ္ေလာင္သံ နဲ႔ ကားအခ်က္ေပးစနစ္ေတြကို ကားသူခိုးေတြေၾကာက္လန႔္တတ္လို႔ မျဖစ္မေနတပ္ဆင္ထားသင့္ပါတယ္။

ေသာ့ပိုေတြကို အလြယ္တကူမထားပါနဲ႔

အပိုလုပ္ထားတဲ့ေသာ့ေတြကို ကားထဲမွာဒါမွမဟုတ္ ကားနဲ႔နီးတဲ့ တစ္ေနရာမွာအလြယ္တကူမထား ခဲ့ မိေအာင္ ဂ႐ုစိုက္ရပါလိမ့္မယ္။ ေသာ့အပိုရိုက္ထားတဲ့သူအေတာ္မ်ားမ်ားက ကားေသာ့ကိုအလြယ္တကူ ေမ့ထားတတ္ၾကလို႔ ဒီအခ်က္က သူခိုးေတြအတြက္ အခြင့္အေရးျဖစ္သြားနိုင္ပါတယ္။

ဒါေၾကာင့္ ကိုယ့္မွာ ကားေသာ့အပိုေတြမ်ားရွိေနရင္ လုံျခဳံေရးေနရာမွာ ထိန္းသိမ္းၾကဖို႔ အႀကံျပဳခ်င္ပါေသးတယ္။

ခရစ္ဒစ္

Leave a Comment