ငါးခေါင်းချဉ်ရည်ဟင်း ချက်နည်း

ငါးခေါင်းချဉ်ရည်

ငါးခေါင်းချဉ်ရည်ကို စားသောက်ဆိုင်တွေကဝယ်မစားပဲကိုယ့်အိမ်မှာကိုယ် ချက်စားလို့ရပါတယ် ။

ငါးကြင်း ၊ ငါးမြင်း ၊ ငါးတန်ခေါင်းတွေနဲ့ချက်စားလို့ရပါတယ်နော် ။

ငါးမြင်း နဲ့ ငါးတန်ခေါင်းတွေက အသားနည်းလို့စျေးလည်းသက်သာ ၊ စားလို့လည်းအရသာရှိတဲ့ငါးကြင်းခေါင်းနဲ့ ပဲချက်ပါမယ် ။

ငါးကြင်းခေါင်းသေးရင်အလုံးလိုက် ၊ကြီးရင် အလယ်ကထက်ခြမ်းခွဲပြီးပသိတွေထုတ်ပစ်ပါ ။ပြီးရင် ရေစင်စင်ဆေးထားပါ ။

အိုးထဲကို ဆီနည်းနည်းထည့်ပြီးပူလာရင် နနွင်းမှုန့်ထည့်ပါ ။ စပါးလင်အရင်းပိုင်း စွေစွေလေးလှီးထားတာထည့်ပါ ။

ငရုတ်သီး ၊ ဂျင်း ၊ ကြက်သွန်ဖြူ + နီ ထောင်းထားတာထည့်ပါ ။မွှေးလာတဲ့အထိဆီသတ်ပြီး ငါးခေါင်းတွေထည့်ပါ ။

ငံပြာရည် ၊ ဆား ၊ အရသာ သင့်ရုံထည့်ပြီး အသာအယာမွှေပေးပါ ။

လက်ဆေးရည်နည်းနည်းထည့်တည်ပြီးငါးခေါင်းတွေကို ဆယ်ထားပါ ။

ကျန်တဲ့အိုးထဲကို မုန်လာဥနီ ၊ မျှစ် ၊ ငုံးဥပြုတ်တို့ထည့်မွှေပါ ။ပြီးရင် ရေထည့်ပြီး အသီးအရွက်နူးအောင်တည်ပါ ။

အသီးအရွက် နူးခါနီးမှာ ပဲပြားကိုအတုံးလေးတွေလှီးထည့်ပါ ။အချဉ်အတွက် မန်ကျည်းသီးမှည့်ဖြစ်စေ ၊ သံပုရာရည်ဖြစ်စေထည့်ပါ ။

မန်ကျည်းမှည့်က ဟင်းအရောင်မဲစေလို့ သံပုရာသီးကိုလည်းမသုံးချင်တာနဲ့တုံယမ်းအခဲပဲ ထည့်ပါတယ် ။

အရသာမြည်းလို့ အနေတော်ရင် ငါးခေါင်းတွေထည့်လိုက်ပါနော် ။

ငါးခေါင်းတွေကို ဆယ်မထားရင် ကြေကုန်တတ်ပါတယ် ။ငါးခေါင်းအနေတော်ရင် ပင်စိမ်းရွက်လေးအုပ်ပြီးစားဖို့အဆင်သင့်ပါပဲ ။

ခရစ်ဒစ်

Zawgyi

ငါးေခါင္းခ်ဥ္ရည္

ငါးေခါင္းခ်ဥ္ရည္ကို စားေသာက္ဆိုင္ေတြက၀ယ္မစားပဲကိုယ့္အိမ္မွာကိုယ္ ခ်က္စားလို႔ရပါတယ္ ။

ငါးၾကင္း ၊ ငါးျမင္း ၊ ငါးတန္ေခါင္းေတြနဲ႔ခ်က္စားလို႔ရပါတယ္ေနာ္ ။

ငါးျမင္း နဲ႔ ငါးတန္ေခါင္းေတြက အသားနည္းလို႔ေစ်းလည္းသက္သာ ၊ စားလို႔လည္းအရသာရွိတဲ့ငါးၾကင္းေခါင္းနဲ႔ ပဲခ်က္ပါမယ္ ။

ငါးၾကင္းေခါင္းေသးရင္အလုံးလိုက္ ၊ႀကီးရင္ အလယ္ကထက္ျခမ္းခြဲၿပီးပသိေတြထုတ္ပစ္ပါ ။ၿပီးရင္ ေရစင္စင္ေဆးထားပါ ။

အိုးထဲကို ဆီနည္းနည္းထည့္ၿပီးပူလာရင္ နႏြင္းမႈန္႔ထည့္ပါ ။ စပါးလင္အရင္းပိုင္း ေစြေစြေလးလွီးထားတာထည့္ပါ ။

င႐ုတ္သီး ၊ ဂ်င္း ၊ ၾကက္သြန္ျဖဴ + နီ ေထာင္းထားတာထည့္ပါ ။ေမႊးလာတဲ့အထိဆီသတ္ၿပီး ငါးေခါင္းေတြထည့္ပါ ။

ငံျပာရည္ ၊ ဆား ၊ အရသာ သင့္႐ုံထည့္ၿပီး အသာအယာေမႊေပးပါ ။

လက္ေဆးရည္နည္းနည္းထည့္တည္ၿပီးငါးေခါင္းေတြကို ဆယ္ထားပါ ။

က်န္တဲ့အိုးထဲကို မုန္လာဥနီ ၊ မၽွစ္ ၊ ငုံးဥျပဳတ္တို႔ထည့္ေမႊပါ ။ၿပီးရင္ ေရထည့္ၿပီး အသီးအရြက္ႏူးေအာင္တည္ပါ ။

အသီးအရြက္ ႏူးခါနီးမွာ ပဲျပားကိုအတုံးေလးေတြလွီးထည့္ပါ ။အခ်ဥ္အတြက္ မန္က်ည္းသီးမွည့္ျဖစ္ေစ ၊ သံပုရာရည္ျဖစ္ေစထည့္ပါ ။

မန္က်ည္းမွည့္က ဟင္းအေရာင္မဲေစလို႔ သံပုရာသီးကိုလည္းမသုံးခ်င္တာနဲ႔တုံယမ္းအခဲပဲ ထည့္ပါတယ္ ။

အရသာျမည္းလို႔ အေနေတာ္ရင္ ငါးေခါင္းေတြထည့္လိုက္ပါေနာ္ ။

ငါးေခါင္းေတြကို ဆယ္မထားရင္ ေၾကကုန္တတ္ပါတယ္ ။ငါးေခါင္းအေနေတာ္ရင္ ပင္စိမ္းရြက္ေလးအုပ္ၿပီးစားဖို႔အဆင္သင့္ပါပဲ ။

ခရစ္ဒစ္

Leave a Comment