ကော်ပြန့်စိမ်းလိပ် ပြုလုပ်နည်းလေး

ကော်ပြန့်စိမ်း ပြုလုပ်နည်းလေး

ပါဝင်တဲ့ပစ္စည်းတွေကတော့ကော်ပြန့်စိမ်း ၂၀ ရွက် ( Supermarket များမှာ အလွယ်တကူဝယ်လို့ ရကြပါတယ် )

ကြက်သား ( ထည့်လိုလျင် ) အသား ၁၀ သား

ဂေါ်ဖီထုတ် ၁၅ ကျပ်သား

မုန်လာဥနီ ၁ လုံအနေတော်

တရုတ်နံနံ ၁ စီး

ှနှမ်းမွေးဆီ အနည်းငယ်

ကြက် ဥ ၁ လုံး

တရုတ်မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်နီ ၂ လုံး

ကြက်သွန်ဖြူ ၁ လုံး

ပဲပိစပ်ဆီ စတီးဇွန်း ( ၁ ) ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

ကြက်သားကို နုတ်နုတ် စဉ်းပြီး ၊ ကြက်သွန်ဖြူ ၅ မွှာခန့်ထောင်းထည့်၊ အရသာမှုန့်ထည့်နယ်ကာ နှပ်ထားရပါမယ်။

ဂေါ်ဖီထုတ်ကို ပါးပါးလှီး၊ မုန်လာဥနီကို ပါးပါးလှီး၊ ကြက်သွန်နီကို အတုံးလေး တွေဖြစ်အောင်လှီး၊ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားရပါမယ်နော်။

ဆီအိုးတည်ပြီး ပဲပိစပ်ဆီကျက်ရင် ကြက်သွန်ဖြူကို ဆီသပ်ပါမယ်။ နယ်ထားတဲ့ ကြက်သားကို ထည့်ပြီး ၅ မိနစ်ခန့်ရေကုန်အောင်လုံးရပါမယ်။

နုတ်နုတ်စဉ်းထားတဲ့အတွက် ၅ မိနစ် ကနေ ၇ မိနစ်ကြားရေကုန်ရင် ကျက်ပါပြီ။ ကြက်သွန်နီ ဂေါ်ဖီထုတ် မုန်လာဥနီ တို့ကို အစဉ်လိုက်ထည့်ရပါမယ်။

အရမ်းနူးသွားရင်စားမကောင်းတဲ့အတွက် အရသာမှုန့်ထည့်ပြီးတာနဲ့ ၂ မိနစ်ခန့်မွှေပြီးရင်၊ ခေါက်ထားတဲ့ ကြက်ဥ ၁လုံး ၊ နှမ်းဆီမွှေး နဲ့ တရုတ်မဆလာ ထည့်ရပါမယ်။ ပြီးတာနဲ့ အနေတော်ညှပ်ထားတဲ့ တရုတ်နံနံထည့်အုပ်လိုက်ပြီး ရင် အအေးခံထားကြရပါမယ်။

တချို့ကလဲ အဲဒီ အချိန်မှာ ကော်မှုန့်စတီးဇွန်း ၁ဇွန်းစာလောက်ကို ခပ်ပြစ်ပြစ်ဖျော်ပြီး လောင်းထည့်တတ်ပါတယ်။

ကော်နဲ့ မကြိုက်ရင်တော့ မထည့်ပဲ ချထားပြီးအအေးခံထားလို့ ရပါပြီ။

ဝယ်ထားတဲ့ ကော်ပြန့်ဖတ်တွေကို တလွှာခြင်းဆီ ခွါထားရပါမယ်။ အကယ်လို့ ချက်ထားတဲ့ အစာမှာ ဆီ ကျန်နေသေးတယ်ဆိုရင် အိုးကို နဲနဲ စောင်းပြီး ဆီစစ်ထားရင် ပိုကောင်းပါတယ်။

ကော်ပြန့်ဖတ်ကိုခင်း၊ ချက်စားတဲ့အစာကိုထည့်ပြီး လိတ်လိုက်ရင် ကော်ပြန့်စိမ်းရပါပြီ။

ကော်ပြန့်စိမ်းကို ခပ်နွေးနွေးလေး ကိုက်စားပြီး၊ အချဉ်ရည်တို့လို က တို့၊ မတို့ရင် ငရုတ်သီးစိမ်း လေးကိုက်စားကာ၊ ရေနွေးပူပူလေး မှုတ်သောက်လိုက်ရင်တော့ ၊ လိုက်ဖက်လွန်းတဲ့ ဟင်းလျာ တခုပဲ ဖြစ်မှာပါ။

ခရစ်ဒစ်

Zawgyi

ေကာ္ျပန္႔စိမ္း ျပဳလုပ္နည္းေလး

ပါ၀င္တဲ့ပစၥည္းေတြကေတာ့ေကာ္ျပန္႔စိမ္း ၂၀ ရြက္ ( Supermarket မ်ားမွာ အလြယ္တကူ၀ယ္လို႔ ရၾကပါတယ္ )

ၾကက္သား ( ထည့္လိုလ်င္ ) အသား ၁၀ သား

ေဂၚဖီထုတ္ ၁၅ က်ပ္သား

မုန္လာဥနီ ၁ လုံအေနေတာ္

တ႐ုတ္နံနံ ၁ စီး

ွႏွမ္းေမြးဆီ အနည္းငယ္

ၾကက္ ဥ ၁ လုံး

တ႐ုတ္မဆလာ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

အရသာမႈန္႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ၾကက္သြန္နီ ၂ လုံး

ၾကက္သြန္ျဖဴ ၁ လုံး

ပဲပိစပ္ဆီ စတီးဇြန္း ( ၁ ) ဇြန္း

ျပင္ဆင္ျပဳလုပ္ပုံ

ၾကက္သားကို ႏုတ္ႏုတ္ စဥ္းၿပီး ၊ ၾကက္သြန္ျဖဴ ၅ မႊာခန္႔ေထာင္းထည့္၊ အရသာမႈန္႔ထည့္နယ္ကာ ႏွပ္ထားရပါမယ္။

ေဂၚဖီထုတ္ကို ပါးပါးလွီး၊ မုန္လာဥနီကို ပါးပါးလွီး၊ ၾကက္သြန္နီကို အတုံးေလး ေတြျဖစ္ေအာင္လွီး၊ ၾကက္သြန္ျဖဴကို ဓါးျပားရိုက္ထားရပါမယ္ေနာ္။

ဆီအိုးတည္ၿပီး ပဲပိစပ္ဆီက်က္ရင္ ၾကက္သြန္ျဖဴကို ဆီသပ္ပါမယ္။ နယ္ထားတဲ့ ၾကက္သားကို ထည့္ၿပီး ၅ မိနစ္ခန္႔ေရကုန္ေအာင္လုံးရပါမယ္။

ႏုတ္ႏုတ္စဥ္းထားတဲ့အတြက္ ၅ မိနစ္ ကေန ၇ မိနစ္ၾကားေရကုန္ရင္ က်က္ပါၿပီ။ ၾကက္သြန္နီ ေဂၚဖီထုတ္ မုန္လာဥနီ တို႔ကို အစဥ္လိုက္ထည့္ရပါမယ္။

အရမ္းႏူးသြားရင္စားမေကာင္းတဲ့အတြက္ အရသာမႈန္႔ထည့္ၿပီးတာနဲ႔ ၂ မိနစ္ခန္႔ေမႊၿပီး၇င္၊ ေခါက္ထားတဲ့ ၾကက္ဥ ၁လုံး ၊ ႏွမ္းဆီေမႊး နဲ႔ တ႐ုတ္မဆလာ ထည့္ရပါမယ္။ ၿပီးတာနဲ႔ အေနေတာ္ညႇပ္ထားတဲ့ တ႐ုတ္နံနံထည့္အုပ္လိုက္ၿပီး ရင္ အေအးခံထားၾကရပါမယ္။

တခ်ိဳ႕ကလဲ အဲဒီ အခ်ိန္မွာ ေကာ္မႈန္႔စတီးဇြန္း ၁ဇြန္းစာေလာက္ကို ခပ္ျပစ္ျပစ္ေဖ်ာ္ၿပီး ေလာင္းထည့္တတ္ပါတယ္။

ေကာ္နဲ႔ မႀကိဳက္ရင္ေတာ့ မထည့္ပဲ ခ်ထားၿပီးအေအးခံထားလို႔ ရပါၿပီ။

၀ယ္ထားတဲ့ ေကာ္ျပန္႔ဖတ္ေတြကို တလႊာျခင္းဆီ ခြါထားရပါမယ္။ အကယ္လို႔ ခ်က္ထားတဲ့ အစာမွာ ဆီ က်န္ေနေသးတယ္ဆိုရင္ အိုးကို နဲနဲ ေစာင္းၿပီး ဆီစစ္ထားရင္ ပိုေကာင္းပါတယ္။

ေကာ္ျပန္႔ဖတ္ကိုခင္း၊ ခ်က္စားတဲ့အစာကိုထည့္ၿပီး လိတ္လိုက္ရင္ ေကာ္ျပန္႔စိမ္းရပါၿပီ။

ေကာ္ျပန္႔စိမ္းကို ခပ္ေႏြးေႏြးေလး ကိုက္စားၿပီး၊ အခ်ဥ္ရည္တို႔လို က တို႔၊ မတို႔ရင္ င႐ုတ္သီးစိမ္း ေလးကိုက္စားကာ၊ ေရေႏြးပူပူေလး မႈတ္ေသာက္လိုက္ရင္ေတာ့ ၊ လိုက္ဖက္လြန္းတဲ့ ဟင္းလ်ာ တခုပဲ ျဖစ္မွာပါ။

ခရစ္ဒစ္

Leave a Comment