အာလူး့ဖြင့်ပေါင်းတင်နည်း (၃) မျိုးနော်

မျက်နှာအသားအရေကို ကြည်လင်ပြီး ဝင်းပဖြူဥသွားစေမယ့် အာလူးနဲ့ပေါင်းတင်နည်း (၃) မျိုးနော်

အာလူးဟာ သဘာဝချွတ်ဆေးပါဝင်တဲ့အတွက်ကြောင့် အမဲစက်တွေ၊ အသားအရေမဲညစ်နေတာတွေနဲ့ အသားအရောင်မညီတာတွေကို ဖြေရှင်ေးပးနိုင်စွမ်းရှိပါတယ်။

အသားအရေက ညစ်နေလို့၊ မဲနေလို့တော့ စိတ်မညစ်နဲ့နော်။ အာလူးတစ်လုံးရှိရုံနဲ့ အားလုံးအဆင်ပြေသွားမှာပါနော်။

(၁) အာလူးနဲ့ပျားရည်

အာလူးရည် လက်ဖက်ရည်ဇွန်း ၃ဇွန်း၊ပျားရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊အာလူးကို အခွံနွှာပြီး ကြိတ်ကာ အရည်ညှစ်လိုက်ပါ။

ရလာတဲ့အရည်ကိုပျားရည်နဲ့ သမသွားအောင်ရောမွှေပေးလိုက်ပါ။

မျက်နှာပေါ်မှာလိမ်းပြီး ခြောက်သွားတဲ့အထိထားလိုက်ပါ။ပြီးရင်တော့ မျက်နှာပြန်သစ်လိုက်ပါ။

(၂) အာလူးနဲ့ဆန်မှုန့်

အာလူးရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊သံပုယိုရည် ၂စက်

ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊အာလူးကို အခွံနွှာပြီး ကြိတ်ကာ အရည်ညှစ်လိုက်ပါနော်။

ရလာတဲ့ အာလူးရည်နဲ့ ပါဝင်စ္စည်းအားလုံးကို ခပ်ပျစ်ပျစ်လေးဖြစ်တဲ့အထိ ရောမွှေပေးလိုက်ပါ။

ပြီးရင် မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ကို လိမ်းလိုက်ပါ။ခြောက်သွားတဲ့အခါ ရေကိုအသုံးပြုပြီး စက်ဝိုင်းပုံသဏ္ဍာန်သန့်စင်ဆေးကြောပေးပါ။

(၃) အာလူးနဲ့ ခရမ်းချဉ်သီး

အာလူးရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊အာလူးကို အခွံနွှာပြီး ကြိတ်ကာ အရည်ညှစ်လိုက်ပါ။

ရလာတဲ့အာလူးရည်ထဲကို ပါဝင်ပစ္စည်းအားလုံးရောထည့်လိုက်ပါ။ပြီးရင်တော့ မျက်နှာပေါ်ကိုလိမ်းလိုက်ပါ။

၁၅ မိနစ်ခန့်အကြာမှာ ရေဆေးမျက်နှာသစ်ပေးလိုက်ပါနော်။

ခရစ်ဒစ်

Zawgyi




(၁) အာလူးနဲ့ပျားရည်




(၂) အာလူးနဲ့ဆန်မှုန့်









ခရစ်ဒစ်

Leave a Comment