ထမင်းပေါင်းအိုးဖြင့် ပဲထမင်းချက်နည်းလေး

ပဲထမင်း ကုလားပဲဆန်ကို နူးအောင် ပြုတ်ပြီး ရေစစ်ထားပေးပါ။

ပဲပြုတ်ရေလေးကို သွန်မပစ်ပါနဲ့နော်။

အိုးထဲဆီထည့် အပူပေးပြီး နနွင်းထည့်၍ ဆီသတ်ထားပါ။ကြက်သွန်နီ အခွံနွှာ လေးစိပ်စိပ် အဖပ်ခွာထားပါ။

ချက်ရန်ဆန်ဆေးပြီး ထမင်းပေါင်းအိုးထဲ ထည့်ပါ။ပဲပြုတ်ရေကို ဆန်ပေါ် လက်တစ်ဆစ်မြုပ်အောင် ထည့်ပါ။

ကြက်သွန်နီဖပ်များ ထည့်ပါ။သကြား, ဆား မိမိ ကြိုက်တဲ့ အချို, အငံ ချိန် ဆ ထည့်ပါ။ပီးရင် ပေါင်းအိုးခလုတ်ဖွင့်ပီး ထမင်းချက်သလိုပဲ ချက်ပါ။

ရေခန်းလုနီးပါးအချိန် နွှေးခလုတ် မတက်ခင်နနွင်းဆီသတ်ဆီ နဲ့ ကုလားပဲပြုတ် ထည့်မွှေပါနော်။

နွှေးခလုတ်တက်သွားတဲ့အခါ ဆက်နှပ်ထားပေးပါ။ဒါဆို မိမိအိမ်မှာ အလွယ်တကူ ချက်စားနိုင်မယ့် ပဲထမင်းရပါပြီ။

မှတ်ချက်ဒါကတော့ ကျမ ကြိုက်တဲ့ ကျမ ချက်စားနေကျနည်းလေးကိုပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။

ပဲထောပတ်ထမင်းဆိုရင်တော့ထောပတ် ထည့်ချက်နိုင်ပါတယ်။

ကရဝေးရွက်ထည့်ရင်လဲ ရပါတယ်။ကျမ က မကြိုက်လို့ မထည့်တာပါနော်။

ခရစ်ဒစ်

Zawgyi











ခရစ်ဒစ်

Leave a Comment