ျငိမ္ေသာစိိတ္ ျငိမ္းေသာစိတ္္ျဖင္႔ ေရေသာက္္နည္း

ေရေသာက္္နည္း

ေျမတို့မည္သည္ ေရႏွင့္ မကင္းရပါ။ ကိုယ္မွာလည္းပဲ ေျမဓာတ္တို့ိကို အမာခံထားျပီး တည္ေဆာက္ထားတာ ျဖစ္ေလ ေတာ့ ေရကိုမ်ားမ်ားေသာက္ေပးပါ။

ေရကို ေသာက္သံုးေလ ေသာအခါ …

ပထမ တစ္က်ိဳက္ေသာက္

(‘ဗုဒၶဂုေဏာ အန ေႏၱာ’ စိတ္ကပြား။ ‘အရဟံ’ဂုဏ္ကို အာရုံထံုထားေပးပါ)

ဒုတိယ တစ္က်ိဳက္ေသာက္

(‘ဓမၼဂုေဏာ အန ေႏၲာ’ စိတ္ကပြား။ ‘သြကၡာေတာ’ဂုဏ္ကို အာရုံထံုထားေပးပါ။)

တတိိယ တစ္က်ိဳက္ေသာက္

(‘သံဃဂုေဏာ အန ေႏၲာ’ စိတ္ကပြား။ ‘သုပၸရိပၸႏၶ’ဂုဏ္ကို အာရုံထံုထားေပးပါ။)

ေရွ႔ဆံုးမွ တင္ ထားေသာဂုဏ္ေတာ္မွန္သမွ် အထြဋ္ဆံုး အျမတ္ဆံုးမို့လို့တင္ထားျခင္းပါ။

စတုတၳ တစ္က်ိဳက္ေသာက္

(‘မာတာပိတုဂုေဏာ အန ေႏၱာ’ မိဘႏွစ္ပါး ကြယ္လြန္သြားျပီးေသာ္မွ၎တို့မ်က္ႏွာကို ျမင္ေအာင္ၾကည့္ျပီးေသာက္ပါ။)

ပဥၥမမွာလည္း

(‘အာစရိယဂုေဏာ အန ေႏၱာ’ မိမိအား အက်ိဳးမ်ားေစေသာ ဆရာသမား ကြယ္လြန္ေသာ္မွသူ့မ်က္ႏွာျမင္ေအာင္ ၾကည့္ေသာက္ပါ။)

ထိုနည္းအတိုင္း တစ္ေန့ တစ္ေန့ ေရကို ဝင္သေလာက္ေသာက္ဆန့္သေလာက္သံုးပါ။ ေရကိုေသာက္သျဖင့္ဒုကၡမေရာက္ပါ။

ေရမ်ားမ်ားေသာက္လွ်င္ က်င္ငယ္မ်ားမ်ားသြားရ၏။ အသြားမပ်င္းႏွင့္။

ထိုက်င္ငယ္ေရေနာက္သို့သင့္ခႏၶာတြင္းရွိ အပူဓာတ္မ်ားလည္းလိုက္ပါရကား ခႏၶာဘံုအပူကုန္ေစလိမ့္မည္။

ေရမ်ားမ်ားေသာက္လွ်င္ ဝမ္းသြားလာရ၏။ မ်ားသေလာက္ ဝမ္းေပ်ာ့ေျပာင္းျခင္း အခ်ိန္ေစာစီးစြာ ထုတ္ေပးရျခင္းမ်ား ျပဳလုပ္ေပးရ၏။အပူစဲသျဖင့္ အေအးဓာတ္ကဲလာျခင္း၏ သေကၤတေပကလား။

ထိုအခါ သင့္ခႏၶာကိုယ္ ရွိ သင့္အသားသင့္အေရမ်ားကိုကိုင္ၾကည့္အခ်ိန္မေရြးေအးျမေနသည္ကိုေတြ႔ရေပလိမ့္မည္။

ဤကားအေတြ႔ေရကအေတြ႔ေျမကိုလက္ေတြ႔ကုစားျပျခင္းတည္း။

တစ္ဖန္ ထိုိေရေသာက္နည္းကိုၾကာၾကာေသာက္လာေသာ္ေရေသာက္ရာ၌ကုသိုလ္စိတ္သက္သက္ခ်ည္းတည္ေခ်ျပီ။ ျငိမ္ေသာစိိတ္ ျငိမ္းေသာစိတ္ခ်ည္း နားသက္၍ေနေခ်ျပီ။

အနႏၲတန္ခိုးရွင္ ငါးဦးတို့၏ေမတၱာဓာတ္ ရည္ကားငါ့စိတ္ကို ေအးျမ ေစ၏။

ေျမမွထြက္၍ ေျမသို့ျပန္လည္သက္က်လာေသာပကတိဓာတ္ ရည္ကားငါ့ကိုယ္ကို ေအးျမ ေစ၏။

(မဟာေဗာဓိျမိဳိင္ ဆရာေတာ္ၾကီး ကိုယ္ေတာ္တိုင္ေရးသားျပဳစုေသာ ဘဝကႏၱာရ သ ေကၤတ ကထာမွ မွ်ေဝပါသည္)

ေမတၱာျဖင့္္

Aye

Unicode

ရေသောက််နည်း

မြေတို့မည်သည် ရေနှင့် မကင်းရပါ။ ကိုယ်မှာလည်းပဲ မြေဓာတ်တိို့ကို အမာခံထားပြီး တည်ဆောက်ထားတာ ဖြစ်လေ တော့ ရေကိုများများသောက်ပေးပါ။

ရေကို သောက်သုံးလေ သောအခါ …

ပထမ တစ်ကျိုက်သောက်

(‘ဗုဒ္ဓဂုဏော အန န္တော’ စိတ်ကပွား။ ‘အရဟံ’ဂုဏ်ကို အာရုံထုံထားပေးပါ)

ဒုတိယ တစ်ကျိုက်သောက်

(‘ဓမ္မဂုဏော အန န္တော’ စိတ်ကပွား။ ‘သွက္ခာတော’ဂုဏ်ကို အာရုံထုံထားပေးပါ။)

တတိိယ တစ်ကျိုက်သောက်

(‘သံဃဂုဏော အန န္တော’ စိတ်ကပွား။ ‘သုပ္ပရိပ္ပန္ဓ’ဂုဏ်ကို အာရုံထုံထားပေးပါ။)

ရှေ့ဆုံးမှ တင် ထားသောဂုဏ်တော်မှန်သမျှ အထွဋ်ဆုံး အမြတ်ဆုံးမို့လို့တင်ထားခြင်းပါ။

စတုတ္ထ တစ်ကျိုက်သောက်

(‘မာတာပိတုဂုဏော အန န္တော’ မိဘနှစ်ပါး ကွယ်လွန်သွားပြီးသော်မှ၎င်းတို့မျက်နှာကို မြင်အောင်ကြည့်ပြီးသောက်ပါ။)

ပဥ္စမမှာလည်း

(‘အာစရိယဂုဏော အန န္တော’ မိမိအား အကျိုးများစေသော ဆရာသမား ကွယ်လွန်သော်မှသူ့မျက်နှာမြင်အောင် ကြည့်သောက်ပါ။)

ထိုနည်းအတိုင်း တစ်နေ့ တစ်နေ့ ရေကို ဝင်သလောက်သောက်ဆန့်သလောက်သုံးပါ။ ရေကိုသောက်သဖြင့်ဒုက္ခမရောက်ပါ။

ရေများများသောက်လျှင် ကျင်ငယ်များများသွားရ၏။ အသွားမပျင်းနှင့်။

ထိုကျင်ငယ်ရေနောက်သို့သင့်ခန္ဓာတွင်းရှိ အပူဓာတ်များလည်းလိုက်ပါရကား ခန္ဓာဘုံအပူကုန်စေလိမ့်မည်။

ရေများများသောက်လျှင် ဝမ်းသွားလာရ၏။ များသလောက် ဝမ်းပျော့ပြောင်းခြင်း အချိန်စောစီးစွာ ထုတ်ပေးရခြင်းများ ပြုလုပ်ပေးရ၏။အပူစဲသဖြင့် အအေးဓာတ်ကဲလာခြင်း၏ သင်္ကေတပေကလား။

ထိုအခါ သင့်ခန္ဓာကိုယ် ရှိ သင့်အသားသင့်အရေများကိုကိုင်ကြည့်အချိန်မရွေးအေးမြနေသည်ကိုတွေ့ရပေလိမ့်မည်။

ဤကားအတွေ့ရေကအတွေ့မြေကိုလက်တွေ့ကုစားပြခြင်းတည်း။

တစ်ဖန် ထိိုရေသောက်နည်းကိုကြာကြာသောက်လာသော်ရေသောက်ရာ၌ကုသိုလ်စိတ်သက်သက်ချည်းတည်ချေပြီ။ ငြိမ်သောစိိတ် ငြိမ်းသောစိတ်ချည်း နားသက်၍နေချေပြီ။

အနန္တတန်ခိုးရှင် ငါးဦးတို့၏မေတ္တာဓာတ် ရည်ကားငါ့စိတ်ကို အေးမြ စေ၏။

မြေမှထွက်၍ မြေသို့ပြန်လည်သက်ကျလာသောပကတိဓာတ် ရည်ကားငါ့ကိုယ်ကို အေးမြ စေ၏။

(မဟာဗောဓိမြိုိင် ဆရာတော်ကြီး ကိုယ်တော်တိုင်ရေးသားပြုစုသော ဘဝကန္တာရ သ င်္ကေတ ကထာမှ မျှဝေပါသည်)

မေတ္တာဖြင့််

Aye