အရမ်းစားကောင်းတဲ့့ငရုတ်သီးနွမ်းကပ်ကြော်နည်းလေး

ငရုတ်သီးနှမ်းကပ်ကြော်နည်းလေး

ဒီနေ့တော့ ငရုတ်သီးနှမ်းကပ်ကြော် ဘယ်လိုကြော်လဲဆိုတာပြောပြပေးပါမယ်။

ပထမဉီးဆုံး ငရုတ်သီးခြောက်တွေကို ထိပ်လေးတွေချန်ပြီး အလယ်က ခြမ်းပေးထားလိုက်ပါ။ ပြီးရင် အစေ့တွေကို ထုတ်ပေးလိုက်ပါမယ်။

ပြီးတာနဲ့ ရေနွေးပွက်ပွက်ဆူထဲကို နာရီဝက်လောက် ထည့်ပြုတ်ပေးလိုက်ပါ။

ပြီးရင် ပြန်ဆယ်လိုက်ပြီး ရေဆေးပေးပါမယ်။ ရေဆေးတဲ့နေရာမှာလည်း ရေကို 4/5ထပ်လောက်ဆေးပေးပါ။

ဒါမှ ငရုတ်သီးရဲ့အစပ်အရသာတွေပျောက်ပြီး စားကောင်းမှာပါနော်။

ရေဆေးပြီးရင် ရေပြောင်အောင် စစ်ထားပါမယ်

ရေတွေခြောက်သွားပြီဆိုရင် ငရုတ်သီးတွေကို ဇလုံခပ်ကြီးကြီးတစ်ခုခုထဲ ထည့်လိုက်ပါ။ ငရုတ်သီးဇလုံထဲကို ကြက်သားမှုန့်၊ ဆား၊ အကြော်မှုန့်၊ ဆန်မှုန့်နဲ့ နှမ်းတွေထည့်ပြီး သေချာနှံ့စပ်အောင် ရောနယ်လိုက်ပါမယ်။

(မြေပဲကြိုက်ရင် မြေပဲပါထည့်လို့ရပါတယ်)

အဲ့နောက်မှာ အိုးထဲကို ဆီခပ်များများထည့်လိုက်ပါ။ ဆီပူလာပြီဆိုတာနဲ့ နယ်ထားတဲ့ ငရုတ်သီးတွေထည့်ကြော်လိုက်ပါမယ်။

ငရုတ်သီးကြော်ပြီဆိုရင် မီးအေးအေးနဲ့ ကြော်ပေးပါ။ ဒါမှ ဗူးထဲထည့်ထားလည်း ကြွပ်ရွပြီး စားကောင်းနေစေမှာပါနော်။

ငရုတ်သီးတွေ ရွှေဝါရောင်ပြောင်းပြီး ကြွပ်ရွလာရင် ဆယ်လို့ရပါပြီ။ ဒါဆို သိပ်စားကောင်းတဲ့ ငရုတ်သီးနှမ်းကပ်ကြော်လေးရပါပြီ။

မှတ်ချက်။ ။ ငရုတ်သီးနှမ်းကပ်ကြော်လုပ်ရင် အရမ်းပူလို့ လက်အိတ်နဲ့လုပ်ပေးပါနော်။

ငရုတ်သီးနှမ်းကပ်ကြော်

Unicode

င႐ုတ္သီးႏွမ္းကပ္ေၾကာ္နည္းေလး

ဒီေန႔ေတာ့ င႐ုတ္သီးႏွမ္းကပ္ေၾကာ္ ဘယ္လိုေၾကာ္လဲဆိုတာေျပာျပေပးပါမယ္။

ပထမဉီးဆုံး င႐ုတ္သီးေျခာက္ေတြကို ထိပ္ေလးေတြခ်န္ၿပီး အလယ္က ျခမ္းေပးထားလိုက္ပါ။ ၿပီးရင္ အေစ့ေတြကို ထုတ္ေပးလိုက္ပါမယ္။

ၿပီးတာနဲ႔ ေရေႏြးပြက္ပြက္ဆူထဲကို နာရီဝက္ေလာက္ ထည့္ျပဳတ္ေပးလိုက္ပါ။

ၿပီးရင္ ျပန္ဆယ္လိုက္ၿပီး ေရေဆးေပးပါမယ္။ ေရေဆးတဲ့ေနရာမွာလည္း ေရကို 4/5ထပ္ေလာက္ေဆးေပးပါ။

ဒါမွ င႐ုတ္သီးရဲ့အစပ္အရသာေတြေပ်ာက္ၿပီး စားေကာင္းမွာပါေနာ္။

ေရေဆးၿပီးရင္ ေရေျပာင္ေအာင္ စစ္ထားပါမယ္

ေရေတြေျခာက္သြားၿပီဆိုရင္ င႐ုတ္သီးေတြကို ဇလုံခပ္ႀကီးႀကီးတစ္ခုခုထဲ ထည့္လိုက္ပါ။ င႐ုတ္သီးဇလုံထဲကို ၾကက္သားမႈန္႔၊ ဆား၊ အေၾကာ္မႈန္႔၊ ဆန္မႈန္႔နဲ႔ ႏွမ္းေတြထည့္ၿပီး ေသခ်ာႏွံ့စပ္ေအာင္ ေရာနယ္လိုက္ပါမယ္။

(ေျမပဲႀကိဳက္ရင္ ေျမပဲပါထည့္လို႔ရပါတယ္)

အဲ့ေနာက္မွာ အိုးထဲကို ဆီခပ္မ်ားမ်ားထည့္လိုက္ပါ။ ဆီပူလာၿပီဆိုတာနဲ႔ နယ္ထားတဲ့ င႐ုတ္သီးေတြထည့္ေၾကာ္လိုက္ပါမယ္။

င႐ုတ္သီးေၾကာ္ၿပီဆိုရင္ မီးေအးေအးနဲ႔ ေၾကာ္ေပးပါ။ ဒါမွ ဗူးထဲထည့္ထားလည္း ႂကြပ္ရြၿပီး စားေကာင္းေနေစမွာပါေနာ္။

င႐ုတ္သီးေတြ ေရႊဝါေရာင္ေျပာင္းၿပီး ႂကြပ္ရြလာရင္ ဆယ္လို႔ရပါၿပီ။ ဒါဆို သိပ္စားေကာင္းတဲ့ င႐ုတ္သီးႏွမ္းကပ္ေၾကာ္ေလးရပါၿပီ။

မွတ္ခ်က္။ ။ င႐ုတ္သီးႏွမ္းကပ္ေၾကာ္လုပ္ရင္ အရမ္းပူလို႔ လက္အိတ္နဲ႔လုပ္ေပးပါေနာ္။

င႐ုတ္သီးႏွမ္းကပ္ေၾကာ္

Leave a Comment