ေျမပဲဆံခ်က္နည္း

မြေပဲဆံချက်နည်း

ဒါလေးကတော့ အညာမှာ ချက်လေ့ချက်ထရှိတဲ့ ဟင်းတစ်မည်ပါ။ မုန်လာဥဖြူလှိုင်လှိုင်ပေါ်ချိန် မုန်လာချဉ်တည်ပြီး မြေပဲဆံချက်လေးနဲ့ တွဲဖက်စားတဲ့အခါ ရိုးရှင်းပြီး ထမင်းမြိန်စေတဲ့ ဟင်းလျာလေးပါရှင်။

ပါဝင်ပစ္စည်းလေးများ

မြေပဲဆံ(အစိမ်း) – ၅ ကျပ်သား

ကြက်သွန်နီ – ၁ ဥ

ကြက်သွန်ဖြူ – ၁ ဥ

ကိုင်းခရမ်းချဉ်သီး – ၄ လုံး

ဆီ – ၅ ကျပ်သား

ငရုတ်အရောင်တင်မှုန့် – စတီးဇွန်း ၂ ဇွန်း

ဆား – အနည်းငယ်

နနွင်း – အနည်းငယ်

ချက်နည်း

မြေပဲဆံကို ညက်ညက်ထောင်းထားပါ။ ကိုင်း ခရမ်းချဉ်သီး၊ ကြက်သွန်နီ/ဖြူကို လှီးထားပေးပါ။

ဆီပူလာလျှင် ကြက်သွန်ဖြူ/နီ၊ နနွင်း ဆီသတ်ပါ။ ခပ်နွမ်း နွမ်းဖြစ်လာလျှင် အရောင်တင်မှုန့်ထည့်ပါနော်။

ကိုင်းခရမ်း ချဉ်သီးထည့်ပြီး လိပ်လာသည်အထိ ဆီသတ်ပါ။ ကိုင်းခရမ်းချဉ်သီးလိပ်လာလျှင် မြေပဲဆံထည့်ပါ။

ဆား ထည့်ပါ။ ရေနွေး အနည်းငယ်ချင်းလိုက်ပြီး အိထွေးပြီး ဆီပြန်လာသည်အထိ ချက်ပေးပါ။

ပန်းခရေ

Zawgyi

ေျမပဲဆံခ်က္နည္း

ဒါေလးကေတာ့ အညာမွာ ခ်က္ေလ့ခ်က္ထရွိတဲ့ ဟင္းတစ္မည္ပါ။ မုန္လာဥျဖဴလွိုင္လွိုင္ေပၚခ်ိန္ မုန္လာခ်ဥ္တည္ၿပီး ေျမပဲဆံခ်က္ေလးနဲ႔ တြဲဖက္စားတဲ့အခါ ရိုးရွင္းၿပီး ထမင္းၿမိန္ေစတဲ့ ဟင္းလ်ာေလးပါရွင္။

ပါဝင္ပစၥည္းေလးမ်ား

ေျမပဲဆံ(အစိမ္း) – ၅ က်ပ္သား

ၾကက္သြန္နီ – ၁ ဥ

ၾကက္သြန္ျဖဴ – ၁ ဥ

ကိုင္းခရမ္းခ်ဥ္သီး – ၄ လုံး

ဆီ – ၅ က်ပ္သား

င႐ုတ္အေရာင္တင္မွုန႔္ – စတီးဇြန္း ၂ ဇြန္း

ဆား – အနည္းငယ္

နႏြင္း – အနည္းငယ္

ခ်က္နည္း

ေျမပဲဆံကို ညက္ညက္ေထာင္းထားပါ။ ကိုင္း ခရမ္းခ်ဥ္သီး၊ ၾကက္သြန္နီ/ျဖဴကို လွီးထားေပးပါ။

ဆီပူလာလၽွင္ ၾကက္သြန္ျဖဴ/နီ၊ နႏြင္း ဆီသတ္ပါ။ ခပ္ႏြမ္း ႏြမ္းျဖစ္လာလၽွင္ အေရာင္တင္မွုန႔္ထည့္ပါေနာ္။

ကိုင္းခရမ္း ခ်ဥ္သီးထည့္ၿပီး လိပ္လာသည္အထိ ဆီသတ္ပါ။ ကိုင္းခရမ္းခ်ဥ္သီးလိပ္လာလၽွင္ ေျမပဲဆံထည့္ပါ။

ဆား ထည့္ပါ။ ေရေႏြး အနည္းငယ္ခ်င္းလိုက္ၿပီး အိေထြးၿပီး ဆီျပန္လာသည္အထိ ခ်က္ေပးပါ။

ပန္းခေရ

Leave a Comment