ပျိုမေတိုင်းအတွက် ထောပတ်သီး၏ အလှအပ လျှို့ဝှက်ချက်
ပျိုမေတိုင်းမဖြစ်မနေသိထားသင့်တဲ့ ထောပတ်သီးကို စွယ်စုံအသုံးပြုနည်း (၅) သွယ်
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့်ကတည်းက ထောပတ်သီးဟာ ကမ္ဘာပေါ်မှာ အာဟာရအကြွယ်ဝဆုံးအသီးအဖြစ် ဂင်းနစ်မှတ်တမ်းတင် ခံခဲ့ရပါတယ်။
ပျိုမေတို့အတွက် အထောက်အကူအများကြီးဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။
(၅) ဆံပင်လေးကို ပျော့ပျောင်းပြီး နူးညံ့နေစေချင်ရင်တော့ ထောပတ်သီးမှည့်တစ်လုံး၊ အယ်လ်မွန်ဆီ လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို သမသွားအောင် ရောကြိတ်လိုက်ပါ။
crdlink
Unicode
ပျိုမေတိိုင်းမဖြစ်မနေသိိထားသင့်တဲ့ ထောပတ်သီးကို စွယ်စုံအသုံးပြုနည်း (၅) သွယ်
လွန်ခဲ့တဲ့ နှစ်ပေါင််း ၂၀ ခန့်ကတည်းက ထောပတ်သီးဟာ ကမ္ဘာပေါ်မှာ အာဟာရအကြွယ်ဝဆုံးအသီးအဖြစ် ဂင်းနစ်မှတ်တမ်းတင် ခံခဲ့ရပါတယ်။
ထောပတ်သီးဟာ စားလို့ရရုံသာမက စွယ်စုံအသုံးပြုလို့ရတဲ့အသီးဖြစ်ပါတယ်။ ထောပတ်သီးအသုံးပြုနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ပျိုမေတိို့အတွက် အထောက်အကူအများကြီးဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။
(၁) နှုတ်ခမ်းသားတွေခြောက်သွေ့အက်ကွဲပြီး အဖတ်တွေ ကွာနေခဲ့ရင် ထောပတ်သီးအနည်းငယ်နဲ့ သံလွင်ဆီကို ရောပြီး ကြေညက်သွားအောင် ရောမွှေလိုက်ပါ။
ရလာတဲ့ အနှစ်ကို နှုတ်ခမ်းပေါ်မှာလိိမ်းပြီး ၂၅ မိနစ်ခန့်အကြာမှာ ရေနွေးလေးနဲ့ဆေးကြောပေးလိုက်ရုံပါပဲ။ တစ်ပတ်ကို နှစ်ကြိမ်ခန့် ပုံမှန်လေးပြုလုပ်ပေးပါ။
(၂) ထောပတ်သီးတစ်ခြမ်း၊ အုတ်ဂျုံမှုန့်် လက်ဖက်ရည်ဇွန်း ၂ဇွန်းနဲ့ ပျားရည်လက်ဖက်ရည်ဇွန်း ၁ဇွန်းတို့ကို သမသွားအောင် ရောမွှေပေးပါ။ ရလာတဲ့အနှစ်ကိုယူပြီး မျက်နှာကို စက်ဝိုင်းပုံသဏ္ဍာန်လိမ်းပေးပါ။
၁၀ မိနစ်ခန့်အကြာမှာ ရေနွေးလေးနဲ့ ဆေးကြောပေးခြင်းဖြင့် မျက်နှာပေါ်က ဂျီးတွေပြောင်ပြီး ဝင်းပလာမှာဖြစ်ပါတယ်။ တစ်ပတ်တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။
(၃) ထောပတ်သီးကို အယ်မွန်ဆီနဲ့ရောပြီး ကြိတ်ချေပေးပါ။ ရလာတဲ့အနှစ်ကို အကြောပြတ်ရာတွေအပေါ် လိမ်းပေးကာ တစ်နာရီခန့်အကြာမှာ ရေနွေးနဲ့ဆေးကြောပေးပါ။ တစ်ပတ်ကို ၃ ကြိမ်ပြုလုပ်ပေးခြင်းဖြင့် အကြောပြတ်ရာတွေ ပျောက်ကင်းသွားမှာဖြစ်ပါတယ်။
(၄) သခွားတစ်စိတ်နဲ့ ထောပတ်သီးတစ်ခြမ်းတိို့ကို ရောကြိတ်ပြီး ရေခဲသေတ္တာထဲမှာ ၁ နာရီခန့် ထားလိုက်ပါ။ ရလာတဲ့အနှစ်ကို မျက်လုံးပေါ်မှာတင်ပြီး နာရီဝက်အကြာမှာ ဖယ်ကာ ရေအေးနဲ့ဆေးကြောလိုက်ပါ။
ဒီနည်းလမ်းလေးဟာ မျက်ကွင်းညိုတာတွေနဲ့ မျက်လုံးနားတစ်ဝိုက်အရေးကြောင်းတွေကို လျော့ပါးပျောက်ကင်းစေနိုင်ပါတယ်။
(၅) ဆံပင်လေးကို ပျော့ပျောင်းပြီး နူးညံ့နေစေချင်ရင်တော့ ထောပတ်သီးမှည့်တစ်လုံး၊ အယ်လ်မွန်ဆီ လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းတိို့ကို သမသွားအောင် ရောကြိတ်လိုက်ပါ။
ရလာတဲ့အနှစ်ကို ဦးရေပြားအနှံံ၊ ဆံပင်အရင်းကနေအဖျားအထိ လိမ်းပြီး နာရီဝက်ခန့်နှပ်ထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။
crdlink