ႏွာေစး၊ေခ်ာင္းဆိုးနဲ႕လည္ေခ်ာင္းနာလွ်င္္ ပူစီနံရြက္္

ႏွာေစး၊ေခ်ာင္းဆိုးနဲ႕ လည္ေခ်ာင္းနာအတြက္ ဇီယာ

ဇီီယာ႐ြက္ထူပင္ကို အဂၤလိပ္လို Country borage,Indian borage,Mexican Mint,Spanish thyme စသျဖင့္အမ်ိဳးမ်ိဳးေခၚၾကပါတယ္။

႐ုကၡေဗဒနာမည္ကေတာ့ Coleus aromaticus Benth. ျဖစ္ပါတယ္။

မ်ိဳရင္းကေတာ့ Labiatae ပါ။

ျမန္မာနိုိင္ငံအႏွံအျပားမွာ အေလ့က်ေပါက္ပင္အေနနဲ႕ေသာ္လည္းေကာင္း စိုိက္ပ်ိဳးပင္အေနနဲ႕ေသာ္လည္းေကာင္း ေတြ႕ရနိုင္ပါတယ္။

ႏွွစ္ရွည္ခံပင္ေပ်ာ့ ပင္ငယ္မ်ိဳးျဖစ္ပါတယ္။အ႐ြက္မွာထူၿပီး မ်က္ႏွာျပင္ႏွစ္ဖက္စလုံးမွာ အေမႊးႏုေလးေတြပါရွိပါတယ္။အ႐ြက္ပုံစံက ဘဲဥပုံရွိၿပီး ႀကီးမားက်ယ္ျပန႔္ပါတယ္။႐ြက္နားတြန႔္ရွိၿပီး စူးရွရွရနံ႕ရွိပါတယ္။အပြင့္မွာအလြန္ေသးငယ္ပါတယ္။အသီးအေနနဲ႕ေတာ့ရွည္လ်ားၿပီး အျမႇောင္းေျခာက္ျမႇောင္းပါရွိပါတယ္။

ဇီယာ႐ြြက္ထူပင္မွာ Volatile oil,diterpenes(forskolin)စတဲ့ဓါတုျဒပ္ေပါင္းေတြပါဝင္ပါတယ္။

ဒီလိုျဒပ္ေပါင္းေတြပါတဲ့အတြက္ ဇီယာ႐ြက္ထူပင္ဟာ ဘက္တီးရီးယားပိုးမ်ားကိုေသေစနိုင္ေသာအစြမ္းသတၱိ၊ေလရႈႁပြန္ကိုက်ယ္ေစေသာအစြမ္း၊ေရာင္ရမ္းနာက်င္မႈေတြကိုေလ်ာ့ပါးသက္သာေစေသာအစြမ္းသတၱိ ေတြရွိၿပီး က်န္းမာေရးအတြက္ အလြန္အေထာက္အကူျပဳပါတယ္။

ဇီယာ႐ြက္ထူပင္ကိုိ ႏွာေစးေခ်ာင္းဆိုးေရာဂါ၊ပန္းနာရင္က်ပ္ေရာဂါ၊ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ဝမ္းကိုက္ေရာဂါ၊နားေရာဂါတို႔အတြက္ တိုင္းရင္းေဆးေဖာ္စပ္ရာမွာ တျခားေဆးဘက္ဝင္အပင္ပစၥည္းေတြနဲ႕အခ်ိဳးက်ေရာၿပီး သုံးေလ့ရွိပါတယ္။

ဇီယာ႐ြက္ထူပင္ရဲ႕အိိမ္တြင္းသုံးေဆးၿမီးတိုအေနနဲ႕ အသုံးဝင္ပုံကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

၁။ေခ်ာင္းဆိုး၊လည္ေခ်ာင္းနာသက္သာေပ်ာက္ကင္းေစျခင္း

ေခ်ာင္းဆိုးတာ၊လည္ေခ်ာင္းနာတာျဖစ္ပါက ဇီယာ႐ြက္ထူပင္ အ႐ြက္ကိုေရစင္ေအာင္ေဆးၿပီး

ဝါးစားေပးျခင္းျဖင့္သက္သာေပ်ာက္ကင္းနိုိင္ပါတယ္။

အ႐ြက္အစိမ္းလိုက္ ဝါးမစားခ်င္တဲ့သူေတြအေနနဲ႕ေတာ့ ဇီီယာ႐ြက္ထူပင္အ႐ြက္ကို ေရနဲ႕ျပဳတ္ၿပီးရလာတဲ့ျပဳတ္ရည္ကိုေသာက္နိုင္ပါတယ္။

အ႐ြက္ကိုေရစင္ေအာင္ေဆးၿပီး ေထာင္းၿပီးရတဲ့သတၳဳရည္ကိုေရနဲ႕ေရာေသာက္တာလည္းလုပ္နိုင္ပါတယ္။

၂။ႏွာေခါင္းပိတ္တာကိုိသက္သာေပ်ာက္ကင္းေစျခင္း

ႏွာေခါင္းပိတ္ပါက ဇီယာ႐ြက္ထူပင္အ႐ြက္ကို လက္ထဲပြတ္ေခ်ကာ ရႈေပးျခင္းျဖင့္ ႏွာေခါင္းပိတ္ျခင္းကို သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။

၃။အေရျပားထိခိုက္ေရာင္ရမ္းနာေတြကိုသက္သာေစျခင္း

အေရျပားထိခိုိက္ေရာင္ရမ္းတာေတြျဖစ္ပါက ဇီယာ႐ြက္ထူအ႐ြက္ကို ေရစင္ေအာင္ေဆးကာ ေၾကေအာင္ထုေထာင္းၿပီး ျဖစ္တဲ့အေရျပားေနရာေပၚကို ပုံပါ။ၿပီးရင္ အဝတ္ထူနဲ႕စည္းထားပါ။

၄။ေဗာက္ေပ်ာက္ေစျခင္း

ေဗာက္ခဏခဏထတတ္တဲ့သူေတြအတြက္ဆိုရင္ ဇီယာ႐ြက္ထူအ႐ြက္ျပဳတ္ရည္ျဖင့္ မၾကာခဏေခါင္းေလွ်ာ္ေပးပါက ေဗာက္ထျခင္းကိုေပ်ာက္ကင္းသက္သာေစနိုင္ပါတယ္။

၅။အိပ္မေပ်ာ္တာ၊ေခါင္းမၾကာခဏကိုက္တာ၊ရာသီေပၚရင္ကိုက္ခဲနာက်င္တာကိုသက္သာေစျခင္း

အိပ္မေပ်ာ္တဲ့သူေတြ၊ေခါင္းမၾကာမၾကာကိုက္တတ္တဲ့သူေတြ၊ရာသီေပၚရင္ကိုက္ခဲနာက်င္တတ္ေလ့ရွိတဲ့အမ်ိဳးသမီးေတြဆိုရင္ ဇီယာ႐ြက္ထူအ႐ြက္ကိုအေျခာက္လွမ္းကာ ေရေႏြးထဲလက္ဖက္ေျခာက္ခတ္မယ့္အစား အဲ့အ႐ြက္ေျခာက္ထည့္ခတ္ၿပီး မၾကာခဏေသာက္ေပးပါက အိပ္မေပ်ာ္တာ၊ေခါင္းမၾကာခဏကိုက္တာ၊ရာသီေပၚရင္ကိုက္ခဲနာက်င္တာေတြကို သက္သာေစနိုင္ပါတယ္။

အဆုံးသတ္အေနနဲ႕ေျပာရရင္ ဇီီယာ႐ြက္ထူပင္ဟာ က်န္းမာေရးအတြက္ပဲအသုံးဝင္တာမဟုတ္ပါဘူး။သူ႕ရဲ႕စူးရွတဲ့ရနံ႕ေၾကာင့္ သူ႕ကို ဟင္းခတ္အေမႊးအႀကိဳင္အေနနဲ႕လည္း သုံးၾကပါတယ္။

Dr သီတာႏြယ္(အမရပူရ)

Ondoctor

Unicode

နှာစေး၊ချောင်းဆိုးနဲ့ လည်ချောင်းနာအတွက် ဇီယာ

ဇီီယာရွက်ထူပင်ကို အင်္ဂလိပ်လို Country borage,Indian borage,Mexican Mint,Spanish thyme စသဖြင့်အမျိုးမျိုးခေါ်ကြပါတယ်။

ရုက္ခဗေဒနာမည်ကတော့ Coleus aromaticus Benth. ဖြစ်ပါတယ်။

မျိုရင်းကတော့ Labiatae ပါ။

မြန်မာနိိုင်ငံအနှံအပြားမှာ အလေ့ကျပေါက်ပင်အနေနဲ့သော်လည်းကောင်း စိိုက်ပျိုးပင်အနေနဲ့သော်လည်းကောင်း တွေ့ရနိုင်ပါတယ်။

နှှစ်ရှည်ခံပင်ပျော့ ပင်ငယ်မျိုးဖြစ်ပါတယ်။အရွက်မှာထူပြီး မျက်နှာပြင်နှစ်ဖက်စလုံးမှာ အမွှေးနုလေးတွေပါရှိပါတယ်။အရွက်ပုံစံက ဘဲဥပုံရှိပြီး ကြီးမားကျယ်ပြန့်ပါတယ်။ရွက်နားတွန့်ရှိပြီး စူးရှရှရနံ့ရှိပါတယ်။အပွင့်မှာအလွန်သေးငယ်ပါတယ်။အသီးအနေနဲ့တော့ရှည်လျားပြီး အမြှောင်းခြောက်မြှောင်းပါရှိပါတယ်။

ဇီယာရွွက်ထူပင်မှာ Volatile oil,diterpenes(forskolin)စတဲ့ဓါတုဒြပ်ပေါင်းတွေပါဝင်ပါတယ်။

ဒီလိုဒြပ်ပေါင်းတွေပါတဲ့အတွက် ဇီယာရွက်ထူပင်ဟာ ဘက်တီးရီးယားပိုးများကိုသေစေနိုင်သောအစွမ်းသတ္တိ၊လေရှုပြွန်ကိုကျယ်စေသောအစွမ်း၊ရောင်ရမ်းနာကျင်မှုတွေကိုလျော့ပါးသက်သာစေသောအစွမ်းသတ္တိ တွေရှိပြီး ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပါတယ်။

ဇီယာရွက်ထူပင်ကိို နှာစေးချောင်းဆိုးရောဂါ၊ပန်းနာရင်ကျပ်ရောဂါ၊ဝမ်းပျက်ဝမ်းလျှောရောဂါ၊ဝမ်းကိုက်ရောဂါ၊နားရောဂါတို့အတွက် တိုင်းရင်းဆေးဖော်စပ်ရာမှာ တခြားဆေးဘက်ဝင်အပင်ပစ္စည်းတွေနဲ့အချိုးကျရောပြီး သုံးလေ့ရှိပါတယ်။

ဇီယာရွက်ထူပင်ရဲ့အိိမ်တွင်းသုံးဆေးမြီးတိုအနေနဲ့ အသုံးဝင်ပုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ချောင်းဆိုး၊လည်ချောင်းနာသက်သာပျောက်ကင်းစေခြင်း

ချောင်းဆိုးတာ၊လည်ချောင်းနာတာဖြစ်ပါက ဇီယာရွက်ထူပင် အရွက်ကိုရေစင်အောင်ဆေးပြီး

ဝါးစားပေးခြင်းဖြင့်သက်သာပျောက်ကင်းနိိုင်ပါတယ်။

အရွက်အစိမ်းလိုက် ဝါးမစားချင်တဲ့သူတွေအနေနဲ့တော့ ဇီီယာရွက်ထူပင်အရွက်ကို ရေနဲ့ပြုတ်ပြီးရလာတဲ့ပြုတ်ရည်ကိုသောက်နိုင်ပါတယ်။

အရွက်ကိုရေစင်အောင်ဆေးပြီး ထောင်းပြီးရတဲ့သတ္ထုရည်ကိုရေနဲ့ရောသောက်တာလည်းလုပ်နိုင်ပါတယ်။

၂။နှာခေါင်းပိတ်တာကိိုသက်သာပျောက်ကင်းစေခြင်း

နှာခေါင်းပိတ်ပါက ဇီယာရွက်ထူပင်အရွက်ကို လက်ထဲပွတ်ချေကာ ရှုပေးခြင်းဖြင့် နှာခေါင်းပိတ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၃။အရေပြားထိခိုက်ရောင်ရမ်းနာတွေကိုသက်သာစေခြင်း

အရေပြားထိခိိုက်ရောင်ရမ်းတာတွေဖြစ်ပါက ဇီယာရွက်ထူအရွက်ကို ရေစင်အောင်ဆေးကာ ကြေအောင်ထုထောင်းပြီး ဖြစ်တဲ့အရေပြားနေရာပေါ်ကို ပုံပါ။ပြီးရင် အဝတ်ထူနဲ့စည်းထားပါ။

၄။ဗောက်ပျောက်စေခြင်း

ဗောက်ခဏခဏထတတ်တဲ့သူတွေအတွက်ဆိုရင် ဇီယာရွက်ထူအရွက်ပြုတ်ရည်ဖြင့် မကြာခဏခေါင်းလျှော်ပေးပါက ဗောက်ထခြင်းကိုပျောက်ကင်းသက်သာစေနိုင်ပါတယ်။

၅။အိပ်မပျော်တာ၊ခေါင်းမကြာခဏကိုက်တာ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တာကိုသက်သာစေခြင်း

အိပ်မပျော်တဲ့သူတွေ၊ခေါင်းမကြာမကြာကိုက်တတ်တဲ့သူတွေ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တတ်လေ့ရှိတဲ့အမျိုးသမီးတွေဆိုရင် ဇီယာရွက်ထူအရွက်ကိုအခြောက်လှမ်းကာ ရေနွေးထဲလက်ဖက်ခြောက်ခတ်မယ့်အစား အဲ့အရွက်ခြောက်ထည့်ခတ်ပြီး မကြာခဏသောက်ပေးပါက အိပ်မပျော်တာ၊ခေါင်းမကြာခဏကိုက်တာ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ပြောရရင် ဇီီယာရွက်ထူပင်ဟာ ကျန်းမာရေးအတွက်ပဲအသုံးဝင်တာမဟုတ်ပါဘူး။သူ့ရဲ့စူးရှတဲ့ရနံ့ကြောင့် သူ့ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း သုံးကြပါတယ်။

Dr သီတာနွယ်(အမရပူရ)

Ondoctor