ေရစိိမ္ေခါက္ဆြဲသို႔မဟုတ္ ရွမ္းေခါက္ဆြဲအလြယ္လုပ္နည္း
အိိမ္မွာလုပ္စားေနက်အရသာရွိၿပီးစားလို႔ေကာင္းတဲ့ရွမ္းေခါက္ဆြဲအလြယ္တကူလုပ္နည္းကိုမၽွေဝေပးခ်င္ပါတယ္ရွင္…။
လိုအပ္ေသာပါဝင္ပစၥည္းမ်ား (၁၀ပြဲစာ)
ကကတစ္ငါး ၂၅က်ပ္သား(မိမိႀကိဳက္ႏွစ္သက္ရာအသားသုံးနိုင္ပါတယ္)ဒီေန႔ေတာ့အိမ္မွာငါးနဲ႔လုပ္စားျဖစ္ပါတယ္ရွင္
ဆီ၂၅က်ပ္သား
ေရစိမ္ေခါက္ဆြဲေျခာက္(၅၀က်ပ္သားခန္႔)အစိုရွိလဲရပါတယ္ရွင့္
ဆီတို႔ဟူး၁တုံး
ၾကက္သြန္ျဖဴဥေသး ၁၀လုံး
ၾကာညိဳ႕(ပဲဆီလို႔လဲေခၚက်သလိုပဲငံျပာရည္အေႏွာက္လို႔လဲေခၚက်ပါတယ္)အနည္းငယ္
တ႐ုတ္ပဲငပိိ၅က်ပ္သား
ေရွာက္ေကာပက္ေကာမွုန္႔၂က်ပ္သား
မုန္ညႇင္းခ်ဥ္ ၁၀သား
ေျမပဲဆံ၁၅က်ပ္သား
ငံျပာရည္အနည္းငယ္
ၾကက္သားမွုန္႔အနည္းငယ္
အေရာင္တင္မွုန္႔အနည္းငယ္
နႏြင္းမွုန္႔အနည္းငယ္
ရွလကာရည္အနည္းငယ္
ဆားအနည္းငယ္
ခရမ္းခ်ဥ္သီး၅လုံး
ၾကက္သြန္နီ၅လုံး
ေရ လိုသေလာက္္ အသင့္ေၾကာ္ထားၿပီးေသာတို႔ဟူးေၾကာ္ဆယ္ခု
ျပင္ဆင္ပုံ
၁။ေရစိမ္ေခါက္ဆြဲဖတ္
ဇလုံႀကီးႀကီးတခုထဲတြြင္ဆန္ေခါက္ဆြဲေျခာက္ဖက္မ်ားကိုေရမ်ားမ်ားျဖင့္၁နာရီခန္႔စိမ္ထားေပးပါ။
၂။ရွမ္းေခါက္ဆြဲဟင္းအႏွစ္
ခရမ္းခ်ဥ္သီး၊ၾကက္သြန္ျဖဴ၊နီအားလုံးေရာႀကိတ္ပါမယ္၊ႀကိတ္၍ရလာေသာအခါဆီ၁၀က်ပ္သားထည့္ထားေသာအိုးထဲသို႔ဆီပူလာေသာအခါတြင္ထည့္ပါ..အေရာင္တင္မွုန္႔အနည္းငယ္ထည့္ပါမယ္..အေပါ့အငံတြက္ငံျပာရည္အနည္းငယ္ထည့္ပါ..ၿပီးလၽွင္ငါး၂၅က်ပ္သားကိုထည့္ပါမယ္ရွင္။အနံေမႊးလာလၽွင္ျမည္းၾကည့္ၿပီးအေပါ့ငန္အေတာ္ပဲဆိုလၽွင္ပန္းကန္တစ္လုံထဲခပ္ထည့္ထားေပးပါ။
၃။ ဆီခ်က္
ဆီခ်က္ခ်က္ဖို႔ဆီ၁၀သားခန္႔ကိုအပူေပး၍ဆီပူလာလၽွင္နႏြင္းမွုန္႔လက္ဖက္စားဇြန္း၁ဇြန္းခန္႔ႏွင့္ၾကက္သြန္ျဖဴ၆လုံးအခြံသင္မညက္တညက္ေထာင္းထားတာထည့္ပါ။ၾကက္သြန္ျဖဴေရႊေရာင္သန္းလာလၽွင္ေရွာင္ေကာပက္ေကာမွုန္႔ထည့္မီးပိတ္ၿပီးအခ်ိန္အနည္းငယ္အေအးခံကာပန္းကန္တစ္လုံးထဲတြင္ထည့္ထားေပးပါ။
၄။အရသာအရည္္
ဆီတို႔ဟူး၁တုံးကိုေခ်ပါ၊ၾကက္သြန္ျဖဴ၁လုံးကိုအခြံသင္ေထာင္းပါ၊ပန္းကန္တစ္လုံးထဲတြင္ရွာလကာရည္၃ဇြန္းေရ၃ဇြန္းဆားအနည္းငယ္ႏွင့္ေခ်ထေသာဆီတို႔ဟူးၾကက္သြန္ျဖဴေထာင္းတို႔ကိုထည့္၍သမေအာင္ေမႊၿပီးပန္ကန္တစ္လုံးထဲတြင္အသင့္ျပင္ထားပါ။
၅။ၾကာညိဳ႕ႏွင့္တ႐ုတ္ပဲငပိကိုပန္းကန္တစ္လုံးစီတြင္ထည့္ၿပီးအသင့္ျပင္ထားပါ။
၆။မုန္႔ညႇင္းခ်ဥ္ကိုိကတ္ေၾကးျဖင့္အေနေတာ္လွီးျဖတ္ၿပီးပန္းကန္ထဲတြင္အသင့္ျပင္ထားပါ။
၇။င႐ုတ္ဆီ
ဆီ၅က်ပ္သားခန္႔ကိုမီးအပူေပး၍ဆီပူလာလၽွင္အေရာင္တင္မွုန္႔ထည့္ထားေသာစတီးဇလုံထဲတြင္ေလာင္းထည့္၍အသင့္ျပင္ထားပါ။
၈။ေျမပဲစံေထာင္းထားၿပီးပန္းကန္တစ္လုံးတြင္အသင့္ျပင္ထားေပးပါ။
၉။ေရစိမ္ရွမ္းေခါက္ဆြဲေျခာက္ျပဳတ္ရန္အိုးႀကီးတစ္လုံထဲတြင္ေရထည့္၍ေရေႏြးတည္ထားေပးပါ။
ေရစိိမ္ရွမ္းေခါက္ဆြဲသုပ္နည္း
ေရစိမ္ထားေသာရွမ္းေခါက္ဆြဲမ်ားကိုဆယ္ယူၿပီးေရေႏြးပူတည္ထားေသာအိုးထဲတြင္ထည့္ျပဳတ္ပါ။ေခါက္ဆြဲသားစိတ္ႀကိဳက္အေနထားရလာလၽွင္ဆယ္ယူၿပီးပန္းကန္ထဲတြင္ထည့္ပါ။
အသင့္ျပင္ထေသာဆီခ်က္အနည္းငယ္၊ဟင္းအႏွစ္၊အရသာရည္၊ၾကာညိဳ႕၊င႐ုတ္ဆီ၊ေျမပဲစံေထာင္း၊တ႐ုတ္ပဲငပိ၊တို႔ဟူးေၾကာ္တို႔အားထည့္ၿပီးမုန္ညႇင္းခ်ဥ္ေလးႏွင့္တြဲဖက္သုံးေဆာင္နိုင္ပါၿပီးရွင္။
အရသာအေပါ့အငံျမည္းၾကည့္ၿပီးလိုိအပ္လၽွင္ၾကက္သားမွုန္႔အနည္းငယ္ထည့္နိုင္ပါတယ္ရွင့္။
အားလုံးအဆင္ေျပအလြယ္တကူလိုက္လုပ္စားနိုင္ပါတယ္ရွင့္။
WEEKitchen
Unicode
ရေစိိမ်ခေါက်ဆွဲသို့မဟုတ် ရှမ်းခေါက်ဆွဲအလွယ်လုပ်နည်း
အိိမ်မှာလုပ်စားနေကျအရသာရှိပြီးစားလို့ကောင်းတဲ့ရှမ်းခေါက်ဆွဲအလွယ်တကူလုပ်နည်းကိုမျှဝေပေးချင်ပါတယ်ရှင်…။
လိုအပ်သောပါဝင်ပစ္စည်းများ (၁၀ပွဲစာ)
ကကတစ်ငါး ၂၅ကျပ်သား(မိမိကြိုက်နှစ်သက်ရာအသားသုံးနိုင်ပါတယ်)ဒီနေ့တော့အိမ်မှာငါးနဲ့လုပ်စားဖြစ်ပါတယ်ရှင်
ဆီ၂၅ကျပ်သား
ရေစိမ်ခေါက်ဆွဲခြောက်(၅၀ကျပ်သားခန့်)အစိုရှိလဲရပါတယ်ရှင့်
ဆီတို့ဟူး၁တုံး
ကြက်သွန်ဖြူဥသေး ၁၀လုံး
ကြာညို့(ပဲဆီလို့လဲခေါ်ကျသလိုပဲငံပြာရည်အနှောက်လို့လဲခေါ်ကျပါတယ်)အနည်းငယ်
တရုတ်ပဲငပိိ၅ကျပ်သား
ရှောက်ကောပက်ကောမှုန့်၂ကျပ်သား
မုန်ညှင်းချဉ် ၁၀သား
မြေပဲဆံ၁၅ကျပ်သား
ငံပြာရည်အနည်းငယ်
ကြက်သားမှုန့်အနည်းငယ်
အရောင်တင်မှုန့်အနည်းငယ်
နနွင်းမှုန့်အနည်းငယ်
ရှလကာရည်အနည်းငယ်
ဆားအနည်းငယ်
ခရမ်းချဉ်သီး၅လုံး
ကြက်သွန်နီ၅လုံး
ရေ လိုသလောက်် အသင့်ကြော်ထားပြီးသောတို့ဟူးကြော်ဆယ်ခု
ပြင်ဆင်ပုံ
၁။ရေစိမ်ခေါက်ဆွဲဖတ်
ဇလုံကြီးကြီးတခုထဲတွွင်ဆန်ခေါက်ဆွဲခြောက်ဖက်များကိုရေများများဖြင့်၁နာရီခန့်စိမ်ထားပေးပါ။
၂။ရှမ်းခေါက်ဆွဲဟင်းအနှစ်
ခရမ်းချဉ်သီး၊ကြက်သွန်ဖြူ၊နီအားလုံးရောကြိတ်ပါမယ်၊ကြိတ်၍ရလာသောအခါဆီ၁၀ကျပ်သားထည့်ထားသောအိုးထဲသို့ဆီပူလာသောအခါတွင်ထည့်ပါ..အရောင်တင်မှုန့်အနည်းငယ်ထည့်ပါမယ်..အပေါ့အငံတွက်ငံပြာရည်အနည်းငယ်ထည့်ပါ..ပြီးလျှင်ငါး၂၅ကျပ်သားကိုထည့်ပါမယ်ရှင်။အနံမွှေးလာလျှင်မြည်းကြည့်ပြီးအပေါ့ငန်အတော်ပဲဆိုလျှင်ပန်းကန်တစ်လုံထဲခပ်ထည့်ထားပေးပါ။
၃။ ဆီချက်
ဆီချက်ချက်ဖို့ဆီ၁၀သားခန့်ကိုအပူပေး၍ဆီပူလာလျှင်နနွင်းမှုန့်လက်ဖက်စားဇွန်း၁ဇွန်းခန့်နှင့်ကြက်သွန်ဖြူ၆လုံးအခွံသင်မညက်တညက်ထောင်းထားတာထည့်ပါ။ကြက်သွန်ဖြူရွှေရောင်သန်းလာလျှင်ရှောင်ကောပက်ကောမှုန့်ထည့်မီးပိတ်ပြီးအချိန်အနည်းငယ်အအေးခံကာပန်းကန်တစ်လုံးထဲတွင်ထည့်ထားပေးပါ။
၄။အရသာအရည််
ဆီတို့ဟူး၁တုံးကိုချေပါ၊ကြက်သွန်ဖြူ၁လုံးကိုအခွံသင်ထောင်းပါ၊ပန်းကန်တစ်လုံးထဲတွင်ရှာလကာရည်၃ဇွန်းရေ၃ဇွန်းဆားအနည်းငယ်နှင့်ချေထသောဆီတို့ဟူးကြက်သွန်ဖြူထောင်းတို့ကိုထည့်၍သမအောင်မွှေပြီးပန်ကန်တစ်လုံးထဲတွင်အသင့်ပြင်ထားပါ။
၅။ကြာညို့နှင့်တရုတ်ပဲငပိကိုပန်းကန်တစ်လုံးစီတွင်ထည့်ပြီးအသင့်ပြင်ထားပါ။
၆။မုန့်ညှင်းချဉ်ကိိုကတ်ကြေးဖြင့်အနေတော်လှီးဖြတ်ပြီးပန်းကန်ထဲတွင်အသင့်ပြင်ထားပါ။
၇။ငရုတ်ဆီ
ဆီ၅ကျပ်သားခန့်ကိုမီးအပူပေး၍ဆီပူလာလျှင်အရောင်တင်မှုန့်ထည့်ထားသောစတီးဇလုံထဲတွင်လောင်းထည့်၍အသင့်ပြင်ထားပါ။
၈။မြေပဲစံထောင်းထားပြီးပန်းကန်တစ်လုံးတွင်အသင့်ပြင်ထားပေးပါ။
၉။ရေစိမ်ရှမ်းခေါက်ဆွဲခြောက်ပြုတ်ရန်အိုးကြီးတစ်လုံထဲတွင်ရေထည့်၍ရေနွေးတည်ထားပေးပါ။
ရေစိိမ်ရှမ်းခေါက်ဆွဲသုပ်နည်း
ရေစိမ်ထားသောရှမ်းခေါက်ဆွဲများကိုဆယ်ယူပြီးရေနွေးပူတည်ထားသောအိုးထဲတွင်ထည့်ပြုတ်ပါ။ခေါက်ဆွဲသားစိတ်ကြိုက်အနေထားရလာလျှင်ဆယ်ယူပြီးပန်းကန်ထဲတွင်ထည့်ပါ။
အသင့်ပြင်ထသောဆီချက်အနည်းငယ်၊ဟင်းအနှစ်၊အရသာရည်၊ကြာညို့၊ငရုတ်ဆီ၊မြေပဲစံထောင်း၊တရုတ်ပဲငပိ၊တို့ဟူးကြော်တို့အားထည့်ပြီးမုန်ညှင်းချဉ်လေးနှင့်တွဲဖက်သုံးဆောင်နိုင်ပါပြီးရှင်။
အရသာအပေါ့အငံမြည်းကြည့်ပြီးလိိုအပ်လျှင်ကြက်သားမှုန့်အနည်းငယ်ထည့်နိုင်ပါတယ်ရှင့်။
အားလုံးအဆင်ပြေအလွယ်တကူလိုက်လုပ်စားနိုင်ပါတယ်ရှင့်။
WEEKitchen