ရှမ်းပြည်နယ်မှ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ (၂)နှစ်အောက်ကလေးငယ်များ ထောက်ပံ့ကြေး ၉သောင်းရမည်

ရှမ်းပြည်နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ (၂)နှစ်အောက်ကလေးငယ်တွေကို ထောက်ပံ့ကြေး ခြောက်လစာ ပေးအပ်မယ်

တောင်ကြီး၊ ဇွန် ၂၉

ရှမ်းပြည်နယ်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ (၂)နှစ်အောက်ကလေးငယ် ၁၄၀၀၀၀အတွက် တစ်လကို တစ်သောင်းခွဲနှုန်းနဲ့ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လစာကိုးသောင်းကျပ်စီ ထောက်ပံ့သွားမှာဖြစ်ကြောင်း လူမှုဝန်ထမ်း၊

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ ညွှန်ကြားရေးမှူးရုံးထံမှ သိရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၎င်းတို့က မွေးဖွားလာတဲ့ အသက်နှစ်နှစ်အောက် ကလေးသူငယ်တွေကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်အဖြစ် ရှမ်းပြည်နယ်မှာ ဇူလိုင်လ(၁)ရက်မှ စကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်အခြေအနေနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်ကပြုလုပ်တဲ့ ဗီဒီယိုသတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးဦးကျော်လင်းထက် အောက်ပါအတိုင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဇူလိုင်လ ၁ ရက်နေ့မှ စပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးရုံးတွေက စာရင်း စကောက်မှာပါ၊ ဧပြီ ၁ ရက်ကနေ နောက်ပိုင်း မွေးတဲ့ ကလေးတွေအကုန်လုံး အကျုံးဝင်ပါတယ်။

ခန့်မှန်း တွက်ချက်ထားမှုအရ ၂၀၁၉ – ၂၀ ဘဏ္ဍာရေး နှစ်မှာ ရှမ်းပြည်နယ်မှာ တစ်သိန်းလေးသောင်း ရှိပါတယ်”လို့ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ပြောပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၎င်းတို့က မွေးဖွားလာတဲ့ အသက်(၂)နှစ်အောက် ကလေးသူငယ်တွေကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်အနေနဲ့ ၂၀၁၇ ခုနှစ် ချင်းပြည်နယ်မှာ စတင် အကောင်အထည်ဖော်ခဲ့ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ရခိုင်ပြည်နယ်၊


အဆိုပါ ထောက်ပံ့ငွေတွေကို ဩဂုတ်လမှာ စတင်ပေးအပ်မှာဖြစ်ပြီး စီမံကိန်းကာလ လေးနှစ်တာအတွင်း သုံးလ တစ်ကြိမ် ကျပ်ငွေ ၄၅,၀၀၀ စီ ထောက်ပံ့သွားဖို့ စီစဉ်ထားပေမယ့်

လက်ရှိ ပထမအကြိမ်ကို ဧပြီလမှာ စတင်ခဲ့တာဖြစ်တာကြောင့် စက်တင်ဘာအထိ ခြောက်လစာ ထောက်ပံ့ပေးတာဖြစ်ကြောင်း သိရပါတယ်။

သတင်း-နန်းမေရာစု(ရွှေတြိဂံ)


Unicode

ရှမ်းပြည်နယ်ရှိ ကိိုယ်ဝန်ဆောင်မိခင်တွေနဲ့ (၂)နှစ်အောက်ကလေးငယ််တွေကို ထောက်ပံ့ကြေး ခြောက်လစာ ပေးအပ်မယ်

တောင်ကြီး၊ ဇွန် ၂၉

ရှမ်းပြည်နယ်ရှိ ကိိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ (၂)နှစ်အောက်ကလေးငယ် ၁၄၀၀၀၀အတွက် တစ်လကို တစ်သောင်းခွဲနှုန်းနဲ့ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လစာကိုးသောင်းကျပ်စီ ထောက်ပံ့သွားမှာဖြစ်ကြောင်း လူမှုဝန်ထမ်း၊

ကယ်ဆယ်ရေးနှင့်် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ ညွှန်ကြားရေးမှူးရုံးထံမှ သိရပါတယ်။

ကိိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၎င်းတို့က မွေးဖွားလာတဲ့ အသက်နှစ်နှစ်အောက်် ကလေးသူငယ်တွေကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်အဖြစ် ရှမ်းပြည်နယ်မှာ ဇူလိုင်လ(၁)ရက်မှ စကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်အခြေအနေနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်ကပြုလုပ်တဲ့ ဗီဒီယိုသတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးဦးကျော်လင်းထက် အောက်ပါအတိုင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဇူလိုင်လ ၁ ရက်နေ့မှ စပြီး ရပ်ကွက််/ကျေးရွာအုပ်ချုပ်ရေးရုံးတွေက စာရင််း စကောက်မှာပါ၊ ဧပြီ ၁ ရက်ကနေ နောက်ပိုင်း မွေးတဲ့ ကလေးတွေအကုန်လုံး အကျုံးဝင်ပါတယ်။

ခန့်မှန်း တွက်ချက်ထားမှုအရ ၂၀၁၉ – ၂၀ ဘဏ္ဍာရေး နှှစ်မှာ ရှမ်းပြည်နယ်မှာ တစ်သိန်းလေးသောင်း ရှိပါတယ်”လို့ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ပြောပါတယ်။

ကိုယ်ဝန်ဆောင်မိိခင်တွေနဲ့ ၎င်းတိို့က မွေးဖွားလာတဲ့ အသက်(၂)နှစ်အောက် ကလေးသူငယ်တွေကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်အနေနဲ့ ၂၀၁၇ ခုနှစ် ချင်းပြည်နယ်မှာ စတင် အကောင်အထည်ဖော်ခဲ့ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ရခိုင်ပြည်နယ်၊

ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ်မှာ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ တိုးချဲ့ဆောင်ရွက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိိုပါ ထောက်ပံ့ငွေတွေကို ဩဂုတ်လမှာ စတင်ပေးအပ်မှာဖြစ်ပြီး စီမံကိန်းကာလ လေးနှစ်တာအတွင်း သုံးလ တစ်ကြိမ် ကျပ်ငွေ ၄၅,၀၀၀ စီ ထောက်ပံ့သွားဖို့ စီစဉ်ထားပေမယ့်

လက်ရှိ ပထမအကြိမ်ကိို ဧပြီလမှာ စတင်ခဲ့တာဖြစ်တာကြောင့် စက်တင်ဘာအထိ ခြောက်လစာ ထောက်ပံ့ပေးတာဖြစ်ကြောင်း သိရပါတယ်။

သတင်း-နန်းမေရာစု(ရွှေတြိိဂံ)

ရွှေတြိဂံဒေသ သတင်းလွှာ

Be the first to comment

Leave a Reply

Your email address will not be published.


*