ကေလးကို ဟာလဝါ၊ေအာ္ေကြ႕ၾကည္လိုမ်ိဳးအစားအစာေတြေက်ြးရင္္ သတိိပိုထားပါ

ခေလးမိိဘေတြသတိိရွိေစခ်င္

စမ္းသပ္ခန္းထဲမွာ အန္လို႔လာျပတဲ့လူနာကို ေဆးသြင္းေနရင္း ေဆးခန္းအျပင္ လူနာေစာင့္အခန္းက

“ဆရာေရ ခေလးတက္သြားလို႔ပါ”

ဆိုပီး ေျပးလာသံၾကားလို႔ အထဲဝင္ခိုင္းလိုက္ေတာ့ တႏွစ္ခြဲခေလးက မလွုပ္မယွက္ ေပ်ာ့ေခြပီး ျပာႏွမ္းလို႔

“ဘာျဖစ္သြားတာလဲ” ေမးလိုိက္ေတာ့

“အစားစားေနရင္္း တက္ပီးစကားမေျပာေတာ့တာပဲ ဆရာ ဆယ္မိနစ္ေလာက္ရွိပီ”

လို႔ အတူပါလာတဲ့ လူကေျပာတယ္ ခေလးအေဖကေတာ့ ေၾကာင္ပီး စကားမေျပာနိုင္ေသး

ဒါနဲ႔ ျမန္ျမန္ေလး မ်က္လုံးျဖဲ ပီးမီးထိုးၾကည့္တယ္ သူငယ္အိမ္က်ဳံ႕ေနေသးတယ္ ရင္ဘတ္တခ်က္ၾကည့္ေတာ့ အသက္ကမရွူ နားၾကပ္နဲ႔ရင္ဘတ္ကို နားေထာင္တယ္

ႏွလုံးခုန္သံၾကားရတယ္ အသက္ရွူသြင္းသံေလးၾကားလိုက္ရသလိုပဲ

အဲ့မွာတင္ ေခါင္းထဲေရာက္လာတာက အစာသီးျခင္း၊အစာနင္ပီး အသက္ရွူလမ္းေၾကာင္းပိတ္ျခင္း(Choking)ပဲ အစားစားရင္းျဖစ္တာဆိုေတာ့

ဒါနဲ႔ခ်က္ခ်င္းပဲ ပါးစပ္ျဖဲၾကည့္ၾကည့္တယ္ အာေခါင္မွာ ဘာမွမေတြ႕ေပမယ့္ Heimlich maneuver(ခေလးအေနာက္ကေန လက္တဖက္နဲ႔ ဝိုက္ပီးဗိုက္နဲ႔ ​ေက်ာကို အားျပင္းျပင္း ေဆာင့္ပီးဖိျခင္း)

စလုပ္တယ္ ၆ခ်က္ေလာက္လုပ္လိုက္ေတာ့ ခေလးက အဲ့ကနဲ အသံစထြက္လာတယ္

ေနာက္ေက်ာကေန အားျပင္းျပင္းနဲ႔ ေက်ာကုန္းကို ဆယ္ခ်က္ေလာက္ထပ္ရိုက္တယ္ လက္တဖက္ကေတာ့ ဗိုက္မွာ ထားပီး ခေလးကို ေခါင္းေအာက္စိုက္ထားတယ္

အဲ့မွာပဲ ခေလးက စငိုလာတယ္ ပါးစပ္ထဲကေတာ့ ဘာမွထြက္မလာေသးဘူး ခေလးျပန္တိတ္သြားပီး ျပန္ျပာႏွမ္းလာတယ္

ဒါနဲ႔ ေနာက္ထပ္ heimlich maneuver ဘယ္ႏွခါမွန္းမသိဘူး ထပ္လုပ္လိုက္ေတာ့မွ ထြက္လာပီေလ ဟာလဝါဖတ္ 4-5cm ေလာက္ႀကီး အဲ့ေတာ့မွ ခေလးကအသံျဗဲႀကီးနဲ႔ ထငိုတာ

ေနာက္ကေနပီး ခၽြဲေတြလဲ ေခ်ာင္းဆိုးပီးထပ္ထြက္လာတယ္္

လူလဲ အဲ့ေတာ့မွ ဟင္းခ်ပီး ေဘးကို သတိထားမိတာ ခေလးအေဖကေပ်ာ္ပီး မ်က္ရည္က်လို႔

ေစာနကေဆးသြင္းေနတဲ့ လူနာလဲ လိပ္ျပာအပ္တန္းလန္းေလးနဲ႔ ငုတ္တုပ္ေလး

(စာေရးတာသာရွည္တာ တကယ္က ၁၀မိနစ္အတြင္းပဲ ေဆးခန္းထဲဝင္လာခ်ိိန္ကေန ဟာလဝါဖတ္က်တဲ့အထိက)

ဒါေပမဲ့ခေလးက မွိန္းေနလို႔ ေမးၾကည့္ေတာ့ သတိလစ္ေနတာ အိိမ္မွာဆယ္မိနစ္တဲ့ ဒါနဲ႔ပဲ Brain hypoxia(ဦးေႏွာက္ထဲ ေအာက္စီဂ်င္ျပတ္)ရပီး

ေနာက္ဆက္တြဲ ေရာဂါေတျဖစ္လာမွာစိုးလိုိ႔ ေအာက္စီဂ်င္ေပးပီး ေဆး႐ုံကားနဲ႔ ေဆး႐ုံလႊဲလိုက္တယ္ ေသခ်ာတာကေတာ့ ဒီေကာင္ေလး မေသေတာ့ဘူးပဲ။

ခေလးမိဘေတြကို သတိထားေစခ်င္တာက ခေလးေတြအစာစားရင္္ ေဘးနားကေနေစာင့္ၾကည့္ေနေပးဖို႔ နဲ႔ တကိုက္စာ အတုံးေလးေတပဲ ေကၽြးဖို႔ပါ

ဟာလဝါ၊ေအာ္ေကြ႕ၾကည္လိုမ်ိဳး အစာေတဆိုိရင္ေတာ့ သတိပိုထားဖို႔ပါ။

ခရစ္ဒစ္

DanielAung

Unicode

ခလေးမိိဘတွေသတိိရှိစေချင်

စမ်းသပ်ခန်းထဲမှာ အန်လို့လာပြတဲ့လူနာကို ဆေးသွင်းနေရင်း ဆေးခန်းအပြင် လူနာစောင့်အခန်းက

“ဆရာရေ ခလေးတက်သွားလို့ပါ”

ဆိုပီး ပြေးလာသံကြားလို့ အထဲဝင်ခိုင်းလိုက်တော့ တနှစ်ခွဲခလေးက မလှုပ်မယှက် ပျော့ခွေပီး ပြာနှမ်းလို့

“ဘာဖြစ်သွားတာလဲ” မေးလိိုက်တော့

“အစားစားနေရင််း တက်ပီးစကားမပြောတော့တာပဲ ဆရာ ဆယ်မိနစ်လောက်ရှိပီ”

လို့ အတူပါလာတဲ့ လူကပြောတယ် ခလေးအဖေကတော့ ကြောင်ပီး စကားမပြောနိုင်သေး

ဒါနဲ့ မြန်မြန်လေး မျက်လုံးဖြဲ ပီးမီးထိုးကြည့်တယ် သူငယ်အိမ်ကျုံ့နေသေးတယ် ရင်ဘတ်တချက်ကြည့်တော့ အသက်ကမရှူ နားကြပ်နဲ့ရင်ဘတ်ကို နားထောင်တယ်

နှလုံးခုန်သံကြားရတယ် အသက်ရှူသွင်းသံလေးကြားလိုက်ရသလိုပဲ

အဲ့မှာတင် ခေါင်းထဲရောက်လာတာက အစာသီးခြင်း၊အစာနင်ပီး အသက်ရှူလမ်းကြောင်းပိတ်ခြင်း(Choking)ပဲ အစားစားရင်းဖြစ်တာဆိုတော့

ဒါနဲ့ချက်ချင်းပဲ ပါးစပ်ဖြဲကြည့်ကြည့်တယ် အာခေါင်မှာ ဘာမှမတွေ့ပေမယ့် Heimlich maneuver(ခလေးအနောက်ကနေ လက်တဖက်နဲ့ ဝိုက်ပီးဗိုက်နဲ့ ​ကျောကို အားပြင်းပြင်း ဆောင့်ပီးဖိခြင်း)

စလုပ်တယ် ၆ချက်လောက်လုပ်လိုက်တော့ ခလေးက အဲ့ကနဲ အသံစထွက်လာတယ်

နောက်ကျောကနေ အားပြင်းပြင်းနဲ့ ကျောကုန်းကို ဆယ်ချက်လောက်ထပ်ရိုက်တယ် လက်တဖက်ကတော့ ဗိုက်မှာ ထားပီး ခလေးကို ခေါင်းအောက်စိုက်ထားတယ်

အဲ့မှာပဲ ခလေးက စငိုလာတယ် ပါးစပ်ထဲကတော့ ဘာမှထွက်မလာသေးဘူး ခလေးပြန်တိတ်သွားပီး ပြန်ပြာနှမ်းလာတယ်

ဒါနဲ့ နောက်ထပ် heimlich maneuver ဘယ်နှခါမှန်းမသိဘူး ထပ်လုပ်လိုက်တော့မှ ထွက်လာပီလေ ဟာလဝါဖတ် 4-5cm လောက်ကြီး အဲ့တော့မှ ခလေးကအသံဗြဲကြီးနဲ့ ထငိုတာ

နောက်ကနေပီး ချွဲတွေလဲ ချောင်းဆိုးပီးထပ်ထွက်လာတယ််

လူလဲ အဲ့တော့မှ ဟင်းချပီး ဘေးကို သတိထားမိတာ ခလေးအဖေကပျော်ပီး မျက်ရည်ကျလို့

စောနကဆေးသွင်းနေတဲ့ လူနာလဲ လိပ်ပြာအပ်တန်းလန်းလေးနဲ့ ငုတ်တုပ်လေး

(စာရေးတာသာရှည်တာ တကယ်က ၁၀မိနစ်အတွင်းပဲ ဆေးခန်းထဲဝင်လာချိိန်ကနေ ဟာလဝါဖတ်ကျတဲ့အထိက)

ဒါပေမဲ့ခလေးက မှိန်းနေလို့ မေးကြည့်တော့ သတိလစ်နေတာ အိိမ်မှာဆယ်မိနစ်တဲ့ ဒါနဲ့ပဲ Brain hypoxia(ဦးနှောက်ထဲ အောက်စီဂျင်ပြတ်)ရပီး

နောက်ဆက်တွဲ ရောဂါတေဖြစ်လာမှာစိုးလိို့ အောက်စီဂျင်ပေးပီး ဆေးရုံကားနဲ့ ဆေးရုံလွှဲလိုက်တယ် သေချာတာကတော့ ဒီကောင်လေး မသေတော့ဘူးပဲ။

ခလေးမိဘတွေကို သတိထားစေချင်တာက ခလေးတွေအစာစားရင်် ဘေးနားကနေစောင့်ကြည့်နေပေးဖို့ နဲ့ တကိုက်စာ အတုံးလေးတေပဲ ကျွေးဖို့ပါ

ဟာလဝါ၊အော်ကွေ့ကြည်လိုမျိုး အစာတေဆိိုရင်တော့ သတိပိုထားဖို့ပါ။

ခရစ်ဒစ်

DanielAung

Be the first to comment

Leave a Reply

Your email address will not be published.


*