သင့္ပိုိက္ဆံအိတ္ေလးခ်ဴခ်ာမသြားေစဖို႔႔ Heat Indacator အနီေရာင္ေပၚလာၿပီဆိုိရင္ေတာ့ လမ္းေဘးသာ ခ်က္ခ်င္းထိုးရပ္လိုက္ပါ

အခုတင္ျပမွာကေတာ့ မိိတ္ေဆြတို႔ ကားဒက္ဘုတ္ထဲမွာ ျပတဲ့ Heat Indicator အေၾကာင္းပါ ။

ကားကို စတင္အ သုံးျပဳဖို႔ အင္ဂ်င္ကို နိုးလိုက္ၿပီဆိုတာနဲ႔ ဒက္ဘုတ္ထဲက Sign ေတြအကုန္နီးပါးက အင္ဂ်င္နိုးၿပီဆိုတာနဲ႔ျပန္ေပ်ာက္သြားပါတယ္ ။

မေပ်ာက္ပဲက်န္တာကေတာ့ Gear Position ျပတဲ့ indicator ႏွင့္ အျပာေရာင္လဲ့လဲ့ Heat indicator ေလးပါပဲ ။

စနိုးနိုးျခင္းအျပာေရာင္္ heat indicator ေလးျပေနတာ ပုံမွန္ပါပဲ ဒါေပမဲ့ အေရးမႀကီးရင္ ေမာင္းမထြက္သင့္ေသးပါဘူး အင္ဂ်င္ရဲ့လိုအပ္တဲ့အပူခ်ိန္ေရာက္ေအာင္ နိုးထားၿပီးမွ ကားကို စထြက္သင့္ပါတယ္ ။

လိုိအပ္တဲ့အပူခ်ိန္ရၿပီဆိုတာနဲ႔ ေပ်ာက္သြားပါလိမ့္မည္ ဒါဆို ကားကို စတင္ အသုံးျပဳဖို႔ အဆင္သင့္ျဖစ္သြားၿပီး ထြက္သြားလို႔ရပါသည္။

ေနာက္တစ္ခုက ေမာင္းေနရင္း႐ုတ္တရက္ Heat Indacator အနီေရာင္ေပၚလာၿပီဆိုရင္ေတာ့ ကားအင္ဂ်င္အပူခ်ိိန္က လိုအပ္တာထက္ ပိုိေနၿပီဆိုတာ သတိေပးေနပါၿပီ

ဒါဆို ကားကိုခ်က္ခ်င္းေဘးကပ္ရပ္ဖို႔လိုအပ္လာပါၿပီ၊

ကား Heat တက္ရတဲ့ ျပႆနာေတာ္ေတာ္မ်ားမ်ားကလည္း အေျခခံအားျဖင့္ေတာ့ Coolant leakage ကေနျဖစ္တယ္ ။

ေရပိုက္ေတြကြဲတာ ၊ ေရလည္အုံေတြ ၊ ေရဇလုပ္ေခၚတာေတြ ေပါက္တာ ကြဲတာ အက္တာ ၊ ပန္ကာဘြတ္ေခ်ာင္ၿပီး လိုအပ္တဲ့ လည္ႏွူန္းမရတာ ေတြကေန ေရတိုင္ကီထဲက အင္ဂ်င္အေအးေပးတဲ့ စနစ္ပ်က္ယိုယြင္းၿပီး Heat တက္ စက္ရပ္အျဖစ္မ်ားပါတယ္ ။

ကားေမာင္းတဲ့သူေတြ သိထားရမွာက

Heat Gauge indicator ကို ကားေမာင္းတိုင္း သတိျပဳဖို႔ပါ ၊ Heat Gauge indicatod ဟာ ပုံမွန္အားျဖင့္ ဒိုိင္ခြက္ C နဲ႔ H အလည္မွာရွိပါတယ္ ။ ဒါဟာပုံမွန္အေျခအေနပါ ။

ပုံမွာျပထားပါတယ္ ။ တခ်ိဳ႕ကလည္း နားလည္မွုလြဲၿပီး C မွာ ျပမွ ပုံမွန္ထင္ေနတတ္လိုိ႔ပါ ။ အဲ့ဒါမွားပါတယ္ ။ ပုံမွန္က C နဲ႔ H အလည္မွာရွိရပါမယ္ ။

ကားေမာင္းေနရင္း Indicator က ပုံမွန္ အလည္မွတ္ကေန H အမွတ္ဆီ အတင္းေထာင္တက္လာတယ္ဆို (သို႔ )heat indicator ေပၚလာၿပီး နီေနတယ္ဆိုရင္ သင့္ကား Cooling System မွာ တခုခု ခ်ိဳ႕ယြင္းေနၿပီး သင့္ကားHeat တက္ေနပါၿပီ ။

ဒါဆို ကားရွင္းတဲ့ေနရာ ျမန္ျမန္ရွာ လမ္းေဘး (သို႔) လမ္းၾကားထဲ ဝင္ၿပီး ကားအျမန္ရပ္တန္႔သင့္ပါၿပီ ။

သတိထားပါ

ကားရပ္ရပ္ျခင္း တခ်ိဳ႕ ကားေမာင္းသူေတြ လုပ္တတ္တဲ့ အမွားတခုက ေရရွိမရွိ ေရတိုင္ကီ အဖုံးေျပးဖြင့္ၾကည့္တတ္ပါတယ္ ။ A little knowledge is dangerous ပါ ။

ေရတိုိင္ကီ အဖုံး Radiator Cap မွာေရးထားပါတယ္ ။

Never open when hot ပါတဲ့ ။ ပူေနတဲ့ အခ်ိန္ လုံးဝ မဖြင့္ပါနဲ႔တဲ့ ။ ပူေနတဲ့ အခ်ိန္ဖြင့္ပါက Pressure တခုနဲ႔ ဖိသိပ္ထားတဲ့ ေရတိုိင္ကီထဲက ေရေႏြးပူပူေတြနဲ႔ မိတ္ေဆြ ေရခ်ိဳးရပါမယ္ ။

ေရတိုိင္ကီေအးေအာင္ အခ်ိန္တခုထိေစာင့္ၿပီးမွ ေရတိုင္ကီ အဖုံးကိုဖြင့္ပါ ။ ေရခမ္းေနရင္ ေရျဖည့္ပါ ။ ကားအင္ဂ်င္ခန္းေအာက္ ေရယိုစိိမ့္မွုရွိမရွိ စစ္ၾကည့္ပါ ။

ဘာမွ မလုပ္တတ္ရင္ ဝပ္ေရွာ့ဖုန္းဆက္ပါ ။အထူးသတိျပဳရမွာက ကားမေမာင္းခင္ ေရတိုင္ကီ ေရရွိမရွိစစ္သင့္ပါတယ္ ။

မစစ္ဘဲ ေမာင္းမိရင္ Heat Gauge ကို သတိျပဳၾကည့္ပါ ။ Heat တက္မွန္းမသိလို႔ ကားစက္ထိုးရပ္တာ အခါခါဆိုရင္ Gasket ေတြျပတ္ၿပီး အေပၚျခမ္းဖြင့္ Car Head လိမ္တာ ၊

ကစလို႔ အင္ဂ်င္ ျပႆနာေတြျဖစ္လာရင္္သင့္ပိုက္ဆံအိတ္ေလး လည္း က်န္းမာေရးျခဴျခာသြားနိုင္ေၾကာင္းပါခမ်ာ ။

အားလုံး သတိိထားနိုင္ၾကပါေစ ။ ေစတနာျဖင့္္

ခရစ္ဒစ္္

Unicode

အခုတင်ပြမှာကတော့ မိိတ်ဆွေတို့ ကားဒက်ဘုတ်ထဲမှာ ပြတဲ့ Heat Indicator အကြောင်းပါ ။

ကားကို စတင်အ သုံးပြုဖို့ အင်ဂျင်ကို နိုးလိုက်ပြီဆိုတာနဲ့ ဒက်ဘုတ်ထဲက Sign တွေအကုန်နီးပါးက အင်ဂျင်နိုးပြီဆိုတာနဲ့ပြန်ပျောက်သွားပါတယ် ။

မပျောက်ပဲကျန်တာကတော့ Gear Position ပြတဲ့ indicator နှင့် အပြာရောင်လဲ့လဲ့ Heat indicator လေးပါပဲ ။

စနိုးနိုးခြင်းအပြာရောင်် heat indicator လေးပြနေတာ ပုံမှန်ပါပဲ ဒါပေမဲ့ အရေးမကြီးရင် မောင်းမထွက်သင့်သေးပါဘူး အင်ဂျင်ရဲ့လိုအပ်တဲ့အပူချိန်ရောက်အောင် နိုးထားပြီးမှ ကားကို စထွက်သင့်ပါတယ် ။

လိိုအပ်တဲ့အပူချိန်ရပြီဆိုတာနဲ့ ပျောက်သွားပါလိမ့်မည် ဒါဆို ကားကို စတင် အသုံးပြုဖို့ အဆင်သင့်ဖြစ်သွားပြီး ထွက်သွားလို့ရပါသည်။

နောက်တစ်ခုက မောင်းနေရင်းရုတ်တရက် Heat Indacator အနီရောင်ပေါ်လာပြီဆိုရင်တော့ ကားအင်ဂျင်အပူချိိန်က လိုအပ်တာထက် ပိိုနေပြီဆိုတာ သတိပေးနေပါပြီ

ဒါဆို ကားကိုချက်ချင်းဘေးကပ်ရပ်ဖို့လိုအပ်လာပါပြီ၊

ကား Heat တက်ရတဲ့ ပြဿနာတော်တော်များများကလည်း အခြေခံအားဖြင့်တော့ Coolant leakage ကနေဖြစ်တယ် ။

ရေပိုက်တွေကွဲတာ ၊ ရေလည်အုံတွေ ၊ ရေဇလုပ်ခေါ်တာတွေ ပေါက်တာ ကွဲတာ အက်တာ ၊ ပန်ကာဘွတ်ချောင်ပြီး လိုအပ်တဲ့ လည်နှူန်းမရတာ တွေကနေ ရေတိုင်ကီထဲက အင်ဂျင်အအေးပေးတဲ့ စနစ်ပျက်ယိုယွင်းပြီး Heat တက် စက်ရပ်အဖြစ်များပါတယ် ။

ကားမောင်းတဲ့သူတွေ သိထားရမှာက

Heat Gauge indicator ကို ကားမောင်းတိုင်း သတိပြုဖို့ပါ ၊ Heat Gauge indicatod ဟာ ပုံမှန်အားဖြင့် ဒိိုင်ခွက် C နဲ့ H အလည်မှာရှိပါတယ် ။ ဒါဟာပုံမှန်အခြေအနေပါ ။

ပုံမှာပြထားပါတယ် ။ တချို့ကလည်း နားလည်မှုလွဲပြီး C မှာ ပြမှ ပုံမှန်ထင်နေတတ်လိို့ပါ ။ အဲ့ဒါမှားပါတယ် ။ ပုံမှန်က C နဲ့ H အလည်မှာရှိရပါမယ် ။

ကားမောင်းနေရင်း Indicator က ပုံမှန် အလည်မှတ်ကနေ H အမှတ်ဆီ အတင်းထောင်တက်လာတယ်ဆို (သို့ )heat indicator ပေါ်လာပြီး နီနေတယ်ဆိုရင် သင့်ကား Cooling System မှာ တခုခု ချို့ယွင်းနေပြီး သင့်ကားHeat တက်နေပါပြီ ။

ဒါဆို ကားရှင်းတဲ့နေရာ မြန်မြန်ရှာ လမ်းဘေး (သို့) လမ်းကြားထဲ ဝင်ပြီး ကားအမြန်ရပ်တန့်သင့်ပါပြီ ။

သတိထားပါ

ကားရပ်ရပ်ခြင်း တချို့ ကားမောင်းသူတွေ လုပ်တတ်တဲ့ အမှားတခုက ရေရှိမရှိ ရေတိုင်ကီ အဖုံးပြေးဖွင့်ကြည့်တတ်ပါတယ် ။ A little knowledge is dangerous ပါ ။

ရေတိိုင်ကီ အဖုံး Radiator Cap မှာရေးထားပါတယ် ။

Never open when hot ပါတဲ့ ။ ပူနေတဲ့ အချိန် လုံးဝ မဖွင့်ပါနဲ့တဲ့ ။ ပူနေတဲ့ အချိန်ဖွင့်ပါက Pressure တခုနဲ့ ဖိသိပ်ထားတဲ့ ရေတိိုင်ကီထဲက ရေနွေးပူပူတွေနဲ့ မိတ်ဆွေ ရေချိုးရပါမယ် ။

ရေတိိုင်ကီအေးအောင် အချိန်တခုထိစောင့်ပြီးမှ ရေတိုင်ကီ အဖုံးကိုဖွင့်ပါ ။ ရေခမ်းနေရင် ရေဖြည့်ပါ ။ ကားအင်ဂျင်ခန်းအောက် ရေယိုစိိမ့်မှုရှိမရှိ စစ်ကြည့်ပါ ။

ဘာမှ မလုပ်တတ်ရင် ဝပ်ရှော့ဖုန်းဆက်ပါ ။အထူးသတိပြုရမှာက ကားမမောင်းခင် ရေတိုင်ကီ ရေရှိမရှိစစ်သင့်ပါတယ် ။

မစစ်ဘဲ မောင်းမိရင် Heat Gauge ကို သတိပြုကြည့်ပါ ။ Heat တက်မှန်းမသိလို့ ကားစက်ထိုးရပ်တာ အခါခါဆိုရင် Gasket တွေပြတ်ပြီး အပေါ်ခြမ်းဖွင့် Car Head လိမ်တာ ၊

ကစလို့ အင်ဂျင် ပြဿနာတွေဖြစ်လာရင််သင့်ပိုက်ဆံအိတ်လေး လည်း ကျန်းမာရေးခြူခြာသွားနိုင်ကြောင်းပါခမျာ ။

အားလုံး သတိိထားနိုင်ကြပါစေ ။ စေတနာဖြင့််

ခရစ်ဒစ််

Be the first to comment

Leave a Reply

Your email address will not be published.


*