စံပါယ်ပန်း စနစ်တကျ စိုက်ပျိုးနည်း
ပြုပြင် နည်းတွေကတော့ အရွက်ချွေပေးတာ တို့၊ မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) ထည့်ပေးတာ၊ ရေလောင်း ပေါင်းသင်ပေး တာ တို့ကို ကြိုလုပ်ရင် စောပန်းပွင့်လို့ ဈေးကောင်း ရနိုင်ပါတယ်။
အရွက်ချွေပြီး တစ်ပတ်ကြာ မှ မြေဆွေးနွားချေးဆွေး မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) တွေ အပင်ခြေမှာတည့်ပေးရပါတယ် ရေကိုလဲကိုယ့်မြေ အခြေအနေ ကိုကြည့်ပြီး လောင်းရပါမယ်၊
အပင်က ရေဝပ်တဲ့ ဒါဏ်ကိုလဲ မခံနိုင်ပါဘူး။
ဒါမှ နောက်ပန်းတွေ လှိုင်လှိုင်ပွင့်လာမှာပါ။ နွေရာသီ ဆိုမနက်တစ်ကြိမ် / ညတစ်ကြိမ်ရေလောင်းပေးရပါတယ်။ ပန်းပွင့်ချိန် ရေလောင်းဖို့လဲ မပြင်းပါနဲ့။
အပင်တွေများမယ် ဆိုရင်တော့ အလှည့်ကျခူး လို့ရအောင် ပထမ အတန်းကို ဒီဇင်ဘာလ 25 ရက်မတိုင်ခင် အပြီး အရွက်ချွေခြင်း၊ 4/5ရက်ခြားပြီး ဒီဇင်ဘာလကုန်မှာ
ဒုတိယတန်း ကိုချွေခြင်း ဇန်နဝါရီလဆန်း မှာ တတိယတန်းကိုချွေခြင်း အလှည့်ကျဆောင်ရွက်ခြင်းဖြင့် ပန်းပွင့်ကိုအလှည့်ကျခူးလို့ရအောင် ဆောင်ရွက်နိုင်ပါတယ်ဗျ။
ခရစ်ဒစ်
Unicode
စံပါယ်ပန်း စိုက်ပျိုးနည်း
စံပါယ်ပန်းကို မိုးဦးကာလတွင် အပင်ပျိုးထောင် စိုက်ပျိုးကြသည်။ အပင် မစိုက်ခင်မြေဆွေး နွားချေးဆွေးများကို စိုက်မည့်နေရာတွင်ကျင်းထူး ပြီးထည့်ပေးရမည်။
(အချိုးနှုန်းကတော့ ၁ကျင်းလျှင် ၅၀၀ မှ ၁၀၀၀ ဂရမ် နှုန်း) ပြီးလျှင် အပင် ကိုင်းတက် (Sucker) ဒါမှမဟုတ်ရင်အမြစ်ထွက်ပြီး ကိုင်းကူး/ကိုင်ထိုးပင် (layering/ cutting) အပင်တွေကိုစိုက်လို့ရပါပြီ။
၁ နှစ်သားဆိုရင် ပန်းစပွင့်တာပါဘဲ.. စိုက်တဲ့အချိန်မှာ 3 ပေ 5 ပေခြား ပြီးစိုက်ကြပါတယ်.. စံပါယ်ပန်းဟာမိုးဦးကျတွင် စတင်ပွင့်ကြပါသည်။
အချို့ဒေသတွင် စံပါယ်ပန်း စောစော ပွင့်စေရန် ဆောင်းအကုန် ဒီဇင်ဘာလ/ ဇန်နဝါရီလ လောက်မှာ အပင်ပြုပြင်ပေး ရပါတယ်။
ပြုပြင် နည်းတွေကတော့ အရွက်ချွေပေးတာ တို့၊ မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) ထည့်ပေးတာ၊ ရေလောင်း ပေါင်းသင်ပေး တာ တို့ကို ကြိုလုပ်ရင် စောပန်းပွင့်လို့ စျေးကောင်း ရနိုင်ပါတယ်။
အရွက်ချွေတဲ့ အခါ အရွက်ရင့်တွေကိို တစ်ရွက်ခြင်း ချွေပေးရပါတယ်။ အဲဒီလို မဟုတ်ဘဲ ဆွဲပြီး အကုန် ချွေပစ်ရင် အရွက် အရင်းက ထွက်လာမဲ့ အဖူးခိုင် အညွန့်လောင်း တွေကို ထိခိုက်မိပြီး အပွင့်ကန်း ကုန်တတ်ပါတယ်။
အရွက်ချွေတဲ့ အခါ အရွက်ထပ်ဖျား အညွန့််တွေကိုမချွေရပါဘူး။ အရွက်ချွေခြင်း၊ ပေါင်းရှင်းခြင်းတွေလုပ်ပြီးရင်ရေသွင်းခြင်း ရေလောင်းခြင်းလုပ်ပေးရပါတယ်။
အရွက်ချွေပြီး တစ်ပတ်ကြာ မှှ မြေဆွေးနွားချေးဆွေး မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) တွေ အပင်ခြေမှာတည့်ပေးရပါတယ် ရေကိုလဲကိုယ့်မြေ အခြေအနေ ကိုကြည့်ပြီး လောင်းရပါမယ်၊
အပင်က ရေဝပ်တဲ့ ဒါဏ်ကိိုလဲ မခံနိုင်ပါဘူး။
ဖေဖော်ဝါရီ လကုန် မတ်လဆန်း လောက် ဆိုရင် ပန်းတွေပွင့် လာတာပါဘဲ။ ပန်းခူးရင်လဲ ခူးပြီး ပန်းအညှာတွေကို စိိတ်ရှည််လက်ရှည် ချွေပေးရသေးတယ်။
ဒါမှ နောက်ပန်းတွေ လှိုိင်လှိုင်ပွင့််လာမှာပါ။ နွွေရာသီ ဆိုမနက်တစ်ကြိမ် / ညတစ်ကြိမ်ရေလောင်းပေးရပါတယ်။ ပန်းပွင့်ချိိန် ရေလောင်းဖို့လဲ မပြင်းပါနဲ့။
ပန်းပွွင့်တွေ အထွက်နည်းလာပြီဆိုရင် ကွန်ပေါင််း ဓာတ်မြေသြဇာ ( NPK 10-52-17 ) အချိုးအတိုင်းအညွှန်းပါအတိိုင်း ဖြန်းပေးရပါတယ်။ ကဲ ဒီလောက်ဆိုရင် အဆင်ပြေမယ် ထင်ပါတယ်နှော််။
အပင်တွေများမယ် ဆိိုရင်တော့ အလှည့်ကျခူး လိို့ရအောင် ပထမ အတန်းကို ဒီဇင်ဘာလ 25 ရက်မတိုင်ခင် အပြီး အရွက်ချွေခြင်း၊ 4/5ရက်ခြားပြီး ဒီဇင်ဘာလကုန်မှာ
ဒုတိယတန်း ကိုချွေခြင်း ဇန်နဝါရီလဆန််း မှာ တတိယတန်းကိုချွေခြင်း အလှည့်ကျဆောင်ရွက်ခြင်းဖြင့် ပန်းပွင့်ကိုအလှည့်ကျခူးလို့ရအောင် ဆောင်ရွက်နိုင်ပါတယ်ဗျ။
ခရစ်ဒစ််