သံံဃာေတာ္မ်ား ဘာလို႔ ၀ါဆိုၾကရသလဲ

သံံဃာေတ္ာမ်ားႏွင့္ ဝါဆုိျခင္းအဓိပၸါယ္

ဝါထပ္တယ္ဆိုိတာ ဘာကိုေခၚတာပါလဲ။ ဘာေၾကာင့္ ထပ္ရတာပါလဲ ?

ဝါကပ္တာ(ဝါဆိုတာ)ကဘယ္ႏွမ်ိဳး ရွိပါသလဲ ?

ဘယ္လို ရွင္၊ရဟန္းကပစိၧမဝါ(ဒုတိယဝါ)ကို ကပ္ႏိုင္ပါတယ္ ?

ဘုရားရွင္က ဘာ့ေၾကာင့္ ဝါဆိုဖို႔ ခြင့္ျပဳေတာ္မူခဲ့တာပါလဲ ?

ေမး။ ။ ဝါထပ္တယ္ဆိုိတာ ဘာကိုေခၚတာပါလဲ။ ဘာေၾကာင့္ ထပ္ရတာပါလဲ။

ေျဖ။ ။ ဝါေခါင္လကို ဝါေခါင္လလို႔မျပဳဘဲ’ဝါဆိုိလ’လို႔ ထပ္ၿပီး့ျပဳတာကို’ဝါထပ္တယ္’လို႔ေခၚစမွတ္ ျပဳၾကတာပါပဲ။

အဲဒီလို ဝါဆိုလ ႏွစ္ထပ္ျဖစ္ရတာမွာလည္းရက္ မစံုလေတြကို ျပန္ၿပီးအစားေပးေသာအားျဖင့္ ေကာင္းကင္ကေန သြား ၊ လ သြားနဲ႔ ကိုက္ညီေစလိုလို႔ပါပဲ။

(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၅ )

ေမး။ ။ ဝါကပ္တာ(ဝါဆိုိတာ)ကဘယ္ႏွမ်ိဳး ရွိပါသလဲ။

ေျဖ။ ။ ပုရိိမဝါ ကပ္ျခင္း၊ပစၧိမဝါ ကပ္ျခင္းလို႔ ဝါကပ္ျခင္း ၂ မ်ိဳး ရွိပါတယ္။ ဝါဆိုလျပည့္ေက်ာ္တစ္ရက္ေန႔မွာ ဝါကပ္တာဟာ ပုရိမဝါကပ္တာ(ေရွ႕မွာျဖစ္တဲ့ဝါကပ္တာ)ပါပဲ။

ဝါေခါင္လျပည့္ေက်ာ္ တစ္ရက္ေန႔မွာ ဝါကပ္တာဟာ ပစိၧဝါကပ္တာ (ေနာက္ျဖစ္တဲ့ ဝါကပ္တာ)ပါပဲ။

(ခုဒၵသိကၡာ ဘာသာဋီကာ၊ ၃၉၅)

ေမး။ ။ ဘယ္လို ရွင္၊ရဟန္းကပစိၧမဝါ(ဒုတိယဝါ)ကို ကပ္ႏိုင္ပါတယ္။

ေျဖ။ ။ ပုရိမဝါ က်ိဳးပ်က္တဲ့ ရဟန္းနဲ႔ အေၾကာင္းတစ္ခုခုေၾကာင့္ပုရိမဝါ မကပ္ခဲ့တဲ့ ရဟန္းဟာ ပစိၧမဝါ(ဒုတိယဝါ)ကို ကပ္ႏိုင္ပါတယ္။

(ခုဒၵသိကၡာ ဘာသာဋီကာ၊ ၃၉၈)

ေမး။ ။ ဘုရားရွင္က ဘာ့ေၾကာင့္္ ဝါဆိုိဖို႔ ခြင့္ျပဳေတာ္မူခဲ့တာပါလဲ။

ေျဖ။ ။ ဘုရားရွင္က ရာဇၿဂိဳဟ္ၿမိဳ႕ ေဝဠဳဝန္ေက်ာင္းမွာသီတင္းသံုးေတာ္မူပါတယ္။ အဲဒီအခ်ိန္မွာ ဘုရားရွင္က ရဟန္းေတြအား ဝါဆိုဖို႔ ခြင့္မျပဳရေသးပါ။

ရဟန္းေတြက ေဆာင္း၊ ေႏြြ၊ မိုး ဥတုသံုးပါးလံုး ခရီးလွည့္လည္ၾကပါတယ္။ လူေတြက ဒီလို ကဲ့ရဲ႕ ႐ႈတ္ခ် အျပစ္တင္ၾကပါတယ္။

‘ဒီဘုရားသားေတာ္ရဟန္းေတာ္ေတြက ေဆာင္း၊ ေႏြ၊ မိုး ဥတုသံုးပါးလံုး ဘာလို႔ ခရီး လွည့္လည္ၾကတာလဲ။

စိိမ္းစိုတဲ့ ျမက္ေတြကို နင္းေခ်ကာ ကာယိေႁႏၵတစ္ခု ရွိတဲ့သတၱဝါကို ၫႇဥ္းဆဲၾကတယ္။ သတၱဝါ ငယ္ေလးမ်ားစြာကို ၫႇင္းဆဲႏွိပ္စက္ၾကတယ္။

ဒီသာသနာပ တိိတိၴေတြဟာ မိုးခိုၾကေသးတယ္။ ဒီီငွက္ေတြဟာ သစ္ပင္ဖ်ားေတြမွာ အသိုက္ေတြျပဳလုပ္ၿပီး မိုးခိုၾကေသးတယ္။

‘လူေတြရဲ႕ အဲဒီကဲ့ရဲ႕သံကို ရဟန္းေတြၾကားရလို႔ ဘုရားရွင္အား ေလွ်ာက္ထားၾကတဲ့အခါ ရဟန္းေတြမိုးအခါမွာ မိုးခိုိဖို႔ (ဝါဆိုဖို႔) ခြင့္ျပဳေတာ္မူခဲ့ပါတယ္။

(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၁၉၂)

အညတရအ႐ွင္ေသာပါကၿမိဳင္

Unicode

သံံဃာတေ်ာများနှင့် ဝါဆိုခြင်းအဓိပ္ပါယ်

ဝါထပ်တယ်ဆိိုတာ ဘာကိုခေါ်တာပါလဲ။ ဘာကြောင့် ထပ်ရတာပါလဲ ?

ဝါကပ်တာ(ဝါဆိုတာ)ကဘယ်နှမျိုး ရှိပါသလဲ ?

ဘယ်လို ရှင်၊ရဟန်းကပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ်နိုင်ပါတယ် ?

ဘုရားရှင်က ဘာ့ကြောင့် ဝါဆိုဖို့ ခွင့်ပြုတော်မူခဲ့တာပါလဲ ?

မေး။ ။ ဝါထပ်တယ်ဆိိုတာ ဘာကိုခေါ်တာပါလဲ။ ဘာကြောင့် ထပ်ရတာပါလဲ။

ဖြေ။ ။ ဝါခေါင်လကို ဝါခေါင်လလို့မပြုဘဲ’ဝါဆိိုလ’လို့ ထပ်ပြီး့ပြုတာကို’ဝါထပ်တယ်’လို့ခေါ်စမှတ် ပြုကြတာပါပဲ။

အဲဒီလို ဝါဆိုလ နှစ်ထပ်ဖြစ်ရတာမှာလည်းရက် မစုံလတွေကို ပြန်ပြီးအစားပေးသောအားဖြင့် ကောင်းကင်ကနေ သွား ၊ လ သွားနဲ့ ကိုက်ညီစေလိုလို့ပါပဲ။

(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၅ )

မေး။ ။ ဝါကပ်တာ(ဝါဆိိုတာ)ကဘယ်နှမျိုး ရှိပါသလဲ။

ဖြေ။ ။ ပုရိိမဝါ ကပ်ခြင်း၊ပစ္ဆိမဝါ ကပ်ခြင်းလို့ ဝါကပ်ခြင်း ၂ မျိုး ရှိပါတယ်။ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ဝါကပ်တာဟာ ပုရိမဝါကပ်တာ(ရှေ့မှာဖြစ်တဲ့ဝါကပ်တာ)ပါပဲ။

ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ဝါကပ်တာဟာ ပစ္ဆိဝါကပ်တာ (နောက်ဖြစ်တဲ့ ဝါကပ်တာ)ပါပဲ။

(ခုဒ္ဒသိက္ခာ ဘာသာဋီကာ၊ ၃၉၅)

မေး။ ။ ဘယ်လို ရှင်၊ရဟန်းကပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ်နိုင်ပါတယ်။

ဖြေ။ ။ ပုရိမဝါ ကျိုးပျက်တဲ့ ရဟန်းနဲ့ အကြောင်းတစ်ခုခုကြောင့်ပုရိမဝါ မကပ်ခဲ့တဲ့ ရဟန်းဟာ ပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ်နိုင်ပါတယ်။

(ခုဒ္ဒသိက္ခာ ဘာသာဋီကာ၊ ၃၉၈)

မေး။ ။ ဘုရားရှင်က ဘာ့ကြောင့်် ဝါဆိိုဖို့ ခွင့်ပြုတော်မူခဲ့တာပါလဲ။

ဖြေ။ ။ ဘုရားရှင်က ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာသီတင်းသုံးတော်မူပါတယ်။ အဲဒီအချိန်မှာ ဘုရားရှင်က ရဟန်းတွေအား ဝါဆိုဖို့ ခွင့်မပြုရသေးပါ။

ရဟန်းတွေက ဆောင်း၊ နွွေ၊ မိုး ဥတုသုံးပါးလုံး ခရီးလှည့်လည်ကြပါတယ်။ လူတွေက ဒီလို ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ကြပါတယ်။

‘ဒီဘုရားသားတော်ရဟန်းတော်တွေက ဆောင်း၊ နွေ၊ မိုး ဥတုသုံးပါးလုံး ဘာလို့ ခရီး လှည့်လည်ကြတာလဲ။

စိိမ်းစိုတဲ့ မြက်တွေကို နင်းချေကာ ကာယိန္ဒြေတစ်ခု ရှိတဲ့သတ္တဝါကို ညှဉ်းဆဲကြတယ်။ သတ္တဝါ ငယ်လေးများစွာကို ညှင်းဆဲနှိပ်စက်ကြတယ်။

ဒီသာသနာပ တိိတ္ထိတွေဟာ မိုးခိုကြသေးတယ်။ ဒီီငှက်တွေဟာ သစ်ပင်ဖျားတွေမှာ အသိုက်တွေပြုလုပ်ပြီး မိုးခိုကြသေးတယ်။

‘လူတွေရဲ့ အဲဒီကဲ့ရဲ့သံကို ရဟန်းတွေကြားရလို့ ဘုရားရှင်အား လျှောက်ထားကြတဲ့အခါ ရဟန်းတွေမိုးအခါမှာ မိုးခိိုဖို့ (ဝါဆိုဖို့) ခွင့်ပြုတော်မူခဲ့ပါတယ်။

(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၁၉၂)

အညတရအရှင်သောပါကမြိုင်

Be the first to comment

Leave a Reply

Your email address will not be published.


*