ေခါင္းမွ ေခ်ြးထြက္ လြန္တတ္္သူမ်ား အတြက္

ေခါင္းေခၽြးထြြက္ေရာဂါ သက္သာေစဖို႔

ေလမ်ိဳး ၈ဝ တြင္ ကိုိယ္တြင္လွည့္လည္ ေနေသာေလရွိသည္။ ထိုေလသည္ အထက္သို႔ ဆန္လိုက္၊ ေအာက္သို႔ စုန္လိုက္ လွည့္လည္ေနေသည္။

ပုံမွန္လွည့္လည္ေနရာမွ ေလပူျဖစ္ၿပီး အထက္သို႔ အဆန္မ်ားလာျခင္း၊ ေအာက္သို႔ အစုန္နည္းလာျခင္းျဖစ္တတ္သည္။

ထိုအထက္သို႔ဆန္ေသာ ေလပူေၾကာင့္ ဆံပင္ကၽြတ္ျခင္း၊ ထိပ္ေျပာင္ျခင္း၊ ေခါင္းေခၽြးထြက္ျခင္းမ်ား ျဖစ္ရေပသည္။

အခ်ိဳ႕သူမ်ားမွာ အပူအစပ္၊ င႐ုတ္သီး အစပ္၊ င႐ုတ္ေကာင္းအစပ္ခတ္ထားေသာ ဟင္းခ်ိဳရည္ေသာက္ေသာအခါမွ အစပ္ေၾကာင့္ ေလပူသည္ အစာအိမ္မွ အထက္သို႔ ေရာက္၍ျဖစ္ေစ၊ ေသြးေၾကာမ်ားအတြင္းမွ တစ္ဆင့္ျဖစ္ေစ၊ အာကာသဓာတ္ပြင့္၍ ႐ုတ္တရက္ေခၽြးျပန္လာသည္။

ဤသို႔ ေခါင္းေခၽြးျပန္ျခင္းမွာ ေရာဂါမဟုတ္ေပ။ ေခတၱခဏတုံ႔ျပန္မွုသာျဖစ္သည္။ ခဏၾကာလၽွင္္ အစပ္ကိုေျဖလိုက္လၽွင္ ျပန္ေပ်ာက္သြား မည္ျဖစ္သည္။

ေသြးတိုးေရာဂါရွိသူ၊ အလုပ္ပင္ပန္းလၽွင္ ေသြးေပါင္ခ်ိန္ ျမင့္တက္တတ္သူမ်ားတြင္ ေခါင္းေခၽြးထြက္မ်ားေလ့ရွိသည္။ အခ်ိဳ႕ ဆီးခ်ိဳေရာဂါရွိသူမ်ား ညအိပ္ေပ်ာ္ေသာအခါ ေခါင္းေခၽြးထြက္တတ္သည္။

ေခါင္းေခၽြး အထြက္မ်ားလၽွင္ အာေခါင္ေျခာက္ၿပီး ေရငတ္၍ လန္႔နိုးလာတတ္သည္။ ဆီးခ်ိဳ၊ ေသြးခ်ိဳ ရွိသူမ်ားသည္ ညအိပ္ရာဝင္ ေရမ်ားမ်ား ေသာက္ဖို႔လိုသည္။

အိိပ္ရာနံေဘးတြင္ ေရပုလင္းထားၿပီး အိိပ္လၽွင္ ညတစ္ေရးနိုး ေရငတ္လၽွင္ ထေသာက္နိုင္သည္။

စာေရးသူ၏ မိတ္ေဆြတစ္ဦးသည္ အသက္ (၄၅)ႏွစ္ေက်ာ္ (၅ဝ)တြင္း ေရာက္လာၿပီးမွ ေသြးတိုးအနည္းငယ္ဝင္လာၿပီး ညအိပ္လၽွင္ ေခါင္းေခၽြးထြက္ေသာေရာဂါ ျဖစ္လာသည္။

ဆီးခ်ိဳေရာဂါမရွိေသးေသာ္လည္း မ်ိဳးရိုးရွိသည္။ သူ၏မိခင္မ်ိဳးရိုးမွာ ဆီးခ်ိဳရွိသည္။ အသားစားမ်ားေသာရက္၊ ဧည့္ခံပြဲရွိ၍ အရက္၊ ဘီယာေသာက္မိေသာ ရက္မ်ားတြင္ ပို၍ေခါင္းေခၽြးရႊဲေနေအာင္ ထြက္ေလ့ရွိသည္ကို သတိထားမိသည္ဟု ဆိုသည္။

အဝလြန္ေနသူတစ္ဦးသည္ ပူအိုက္သည့္ရာသီတြင္ အပူဒဏ္သက္သာေစရန္ ေလေအးေပးစက္၊ အဲယားကြန္းျဖင့္ အိပ္သည္။

အေအးဓာတ္ေၾကာင့္ အိပ္ေပ်ာ္ေသာ္လည္း ညဥ့္တစ္ဝက္ေက်ာ္ေသာအခါ ေခါင္းေခၽြးမ်ားျပန္ၿပီး နိုးလာသည္ဟုဆိုသည္။ ထိုသို႔နိုးလာခ်ိန္တြင္ ေရလည္းငတ္ၿပီး အာေခါင္ေျခာက္သျဖင့္ ေရထေသာက္ရသည္။

ထိုသို႔ျဖစ္ေနသူသည္ ညအိပ္ရာဝင္ ခ်ိန္တြင္ ေျခဖဝါးဆားပြတ္ၿပီး ဒူးအထက္မွ ေအာက္ပိုင္းသို႔ ေရေအးေလာင္းၿပီးအိပ္လၽွင္ အပူမ်ား ေအာက္သို႔ိ သက္ဆင္းသြားသျဖင့္ ေခါင္းေခၽြးထြက္ျခင္းကို သက္သာေစနိုင္သည္။

ေခါင္းေခၽြးထြက္သူမ်ား၏ အျခားျပႆနာမွာ ေျခသလုံးေၾကာမ်ားတင္းမာျခင္း၊ ေျခဆီမထြက္ဘဲဲ ေျခဖေနာင့္မ်ားအက္ကြဲျခင္း ျဖစ္သည္။

အေရွ႕တိုင္း အိႏိၵိယေက်းလက္ တိုင္းရင္းေဆးနည္းမ်ားတြင္ ေျခဖဝါးႏွစ္ဖက္ ကို ဆားရည္စိမ္ၿပီး အဝတ္ေျခာက္ျဖင့္ သုတ္ကာ အက္ကြဲေၾကာင္းမ်ားအတြင္းသို႔ ႏြားနို႔မွရသည့္ ေထာပတ္အဆီကို လိမ္းၾကသည္။

ဦးေခါင္းေခၽြးထြက္မ်ား၍ ဆံပင္ကၽြတ္ ထိပ္ေျပာင္သူမ်ားကိုလည္း ေျခဖဝါးႏွစ္ဖက္ကို ဆားရည္စိမ္ျခင္း၊ ေျခဖဝါးတြင္ ေထာပတ္လိမ္း၍ အိပ္ျခင္းျဖင့္ သက္သာေစ နိုင္သည္ဟု ဆိုသည္။

ေခါင္းေခၽြးျပန္ျခင္း၊ ေခါင္းေခၽြး အထြက္မ်ားျခင္း၊ မ်က္စိၾကည့္မေကာင္းျခင္း၊ မ်က္စိေသြးေၾကာမ်ား နီရဲျခင္း၊ မ်က္သား တက္ျခင္း၊ မ်က္စိတိမ္စြဲျခင္း၊ မ်က္မွန္ဒီဂရီ တိုးျခင္းအတြက္ သက္သာေစနိုင္ေသာ နည္း လမ္းမွာ ေျခဖဝါးဆားပြတ္ၿပီး ညအိပ္ရာဝင္ ခါနီးအခ်ိန္တြင္ ဒူးဆစ္အထက္မွ ေအာက္သို႔ ေရေလာင္းေျခေဆးျခင္း ျဖစ္သည္။

ဤနည္းကို မွန္မွန္ျပဳလုပ္ျခင္းျဖင့္ ေခါင္းေခၽြး ထြက္သက္သာသည့္အျပင္ အေညာင္း အကိုက္မ်ားျခင္း၊ ေျခသလုံးႂကြက္တက္ျခင္း၊ ေျခဖဝါးေခၽြးမထြက္ အက္ကြဲျခင္းမ်ားပါ သက္သာေစနိုင္သည္။

ေျခဖဝါးဆားပြတ္ျခင္းသည္ ေခါင္းေခၽြး ျပန္ျခင္းသာမက ခါးနာေရာဂါ၊ ေက်ာက္က္ပ္ ေရာဂါမ်ားကိုလည္း သက္သာေစနိုင္သည္။ ေရွးက ျမန္မာအႏွိပ္ဆရာမ်ားကုသည့္နည္းတြင္ ခါးနာသူကို ေရစိုအဝတ္ကို ေရကုန္ ေအာင္ညႇစ္ၿပီး ခါးတြင္ပတ္ေစ၍ ပက္လက္ အိပ္ေစၿပီး ေျခဖဝါးကို ဆားပြတ္၊ ေရေလာင္း ေပးေသာအခါ ေျခဖဝါးမွ အပူအခိုးအေငြ႕ မ်ားထြက္လာသည္။

ခါးတြင္ ပတ္ထားေသာ ေရစိုိအဝတ္မွာလည္း အပူေငြ႕မ်ားပ်ံၿပီး အဝတ္ေျခာက္ျဖစ္သြားသည္။ ဤနည္းျဖင့္ အပူခဲ၍ျဖစ္ေသာ ခါးနာေရာဂါမ်ား လက္ေတြ႕ ေပ်ာက္ကင္းသည္ကို ေတြ႕ရသည္။

ဆားသည္ ပင္လယ္ေရထြက္ပစၥည္း ျဖစ္ၿပီး အပုပ္အငန္တို႔စုေဝးရာမွ ထြက္ေပၚလာေသာ ပစၥည္းျဖစ္ေသာ္လည္း အပုပ္ကိုနိုင္သည္ဟု ဆိုသည္။ ေျမထြက္ဆား၊ တြင္းထြြက္ဆား၊ သိေႏၶာဆားတို႔ထက္ ပင္လယ္ထြက္ဆားသည္ ပို၍ငန္သည္။ ပုပ္သိုးမည့္အရာမ်ားကို ဆားျဖင့္ ထိန္းထားနိုင္သည္။

ေရွးကလူႀကီးမ်ားသည္ နံနက္ အိိပ္ရာထသြားတိုက္ရာတြင္ပင္ မီးဖိုေခ်ာင္ သုံးဆားျဖင့္ သြားတိုက္ေလ့ရွိသည္။ သြားနာ ျခင္း၊ သြားဖုံးနာျခင္း၊ အပူကန္ျခင္းမ်ားကို ဆားကသက္သာေစနိုင္သည္ဟုဆိုသည္။

ဓာတုရသေဆးက်မ္းအလိုအရ နာနာ နယ အာဟာရစြယ္စုံက်မ္းတြင္ ေဖာ္ျပထားသည္မွာ ဆားသည္ငန္ေသာအရသာရွိသည္။ ဝါေယာဓာတ္ကိုနိုင္၏။ ပထဝီကိုလည္း ျဖစ္ေစတတ္၏။ ေသြးကိုလည္း ၾကည္လင္ေစ တတ္သည္။

ဓာတ္မီးအခိုးေရာက္သည္ျဖစ္၍ ပထဝီဓာတ္စုခဲသည္ကိုလည္း ေၾကေစတတ္၏။ သလိပ္ေစးကိုလည္း ေၾကေစတတ္၏။ အပုပ္၊ ျပည္၊ ေသြးကိုိလည္း ေၾကေစတတ္ ၏။ သည္းေျခကိုလည္း ေျဖာင့္မတ္ေစတတ္ ၏။

ဓာတ္တိုိ႔၏ အခိုးအကင္းေရာက္သမၽွ နိုင္သည္။ လူတို႔သည္ မသုံးေဆာင္ရလၽွင္ ဝါေယာဓာတ္ပ်က္၏။ အရသာမ်ိဳးတို႔၏ အရသာထက္လြန္၏။ ဓာတ္အေပါင္းတို႔ိကို ခ်ဳပ္၏ဟု ေရးသားေဖာ္ျပထားသည္။

ဆားပြတ္ရာတြင္ ေျခႏွစ္ဖက္ဆင္း အိပ္ၿပီး ေျခဖဝါးေအာက္တြင္ အဝတ္ေဟာင္း တစ္ခု ခံထားပါ။ အင္တုံငယ္တစ္ခုတြင္ ဆားထည့္ပါ။ ဟင္းခတ္အိုိင္အိုဒင္းပါေသာဆား မသုံးပါႏွင့္။ ဆားၾကမ္းကိုသုံးလၽွင္ ပိုေကာင္း ပါသည္။

အဝတ္ေရစိုိျဖင့္ ေျခဖဝါးကိုသန္႔စင္ ေအာင္ ပြတ္ေပးပါ။ ထို႔ေနာက္ ဆားၾကမ္း ျဖင့္ ပြတ္ပါ။ ၿပီးလၽွင္ ေရဝတ္ျဖင့္ ျပန္ပြတ္ပါ။ ဤနည္းအတိုိင္း တစ္လွည့္စီျပဳလုပ္ေပးပါ။

ဆားပြတ္ခ်ိန္သည္ ၁၅ မိနစ္မွ နာရီ ဝက္အတြင္းသာ ၾကာပါသည္။ ဆားပြတ္ ေပး၍ ၁ဝ မိနစ္ခန္႔ၾကာလၽွင္ ေျခဖဝါးမွ အပူမ်ားထြက္လာပါလိမ့္မည္။ ဦးေခါင္းေခၽြး ထြက္မ်ားေလ ေျခဖဝါးအပူထြက္ေလ ျဖစ္ သည္။

ဤကဲ့သိုိ႔ ဆားပြတ္ျခင္းကို ညေန ေစာင္းတြင္ ျပဳလုပ္လၽွင္ ေျခမေဆးပါႏွင့္။ ညအိပ္ရာဝင္ခ်ိန္မွျပဳလုပ္လၽွင္ ၿပီးလၽွင္ ဒူးေအာက္ပိုင္း ေျခႏွစ္ဖက္ ေရေဆးပါ။ ေက်ာက္ကပ္ေရာဂါ၊ ခါးနာေရာဂါ၊ မ်က္စိ မၾကည္ မ်က္မွန္ဒီဂရီတိုးသည့္ေရာဂါမ်ားပါ သက္သာေစနိုင္ပါသည္။ ။

ၾကည္လြင္ျမင့္(မုျဒာ)The Mirror Daily

Unicode

ခေါင်းချွေးထွွက်ရောဂါ သက်သာစေဖို့

လေမျိုး ၈ဝ တွင် ကိိုယ်တွင်လှည့်လည် နေသောလေရှိသည်။ ထိုလေသည် အထက်သို့ ဆန်လိုက်၊ အောက်သို့ စုန်လိုက် လှည့်လည်နေသေည်။

ပုံမှန်လှည့်လည်နေရာမှ လေပူဖြစ်ပြီး အထက်သို့ အဆန်များလာခြင်း၊ အောက်သို့ အစုန်နည်းလာခြင်းဖြစ်တတ်သည်။

ထိုအထက်သို့ဆန်သော လေပူကြောင့် ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း၊ ခေါင်းချွေးထွက်ခြင်းများ ဖြစ်ရပေသည်။

အချို့သူများမှာ အပူအစပ်၊ ငရုတ်သီး အစပ်၊ ငရုတ်ကောင်းအစပ်ခတ်ထားသော ဟင်းချိုရည်သောက်သောအခါမှ အစပ်ကြောင့် လေပူသည် အစာအိမ်မှ အထက်သို့ ရောက်၍ဖြစ်စေ၊ သွေးကြောများအတွင်းမှ တစ်ဆင့်ဖြစ်စေ၊ အာကာသဓာတ်ပွင့်၍ ရုတ်တရက်ချွေးပြန်လာသည်။

ဤသို့ ခေါင်းချွေးပြန်ခြင်းမှာ ရောဂါမဟုတ်ပေ။ ခေတ္တခဏတုံ့ပြန်မှုသာဖြစ်သည်။ ခဏကြာလျှင်် အစပ်ကိုဖြေလိုက်လျှင် ပြန်ပျောက်သွား မည်ဖြစ်သည်။

သွေးတိုးရောဂါရှိသူ၊ အလုပ်ပင်ပန်းလျှင် သွေးပေါင်ချိန် မြင့်တက်တတ်သူများတွင် ခေါင်းချွေးထွက်များလေ့ရှိသည်။ အချို့ ဆီးချိုရောဂါရှိသူများ ညအိပ်ပျော်သောအခါ ခေါင်းချွေးထွက်တတ်သည်။

ခေါင်းချွေး အထွက်များလျှင် အာခေါင်ခြောက်ပြီး ရေငတ်၍ လန့်နိုးလာတတ်သည်။ ဆီးချို၊ သွေးချို ရှိသူများသည် ညအိပ်ရာဝင် ရေများများ သောက်ဖို့လိုသည်။

အိိပ်ရာနံဘေးတွင် ရေပုလင်းထားပြီး အိိပ်လျှင် ညတစ်ရေးနိုး ရေငတ်လျှင် ထသောက်နိုင်သည်။

စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် အသက် (၄၅)နှစ်ကျော် (၅ဝ)တွင်း ရောက်လာပြီးမှ သွေးတိုးအနည်းငယ်ဝင်လာပြီး ညအိပ်လျှင် ခေါင်းချွေးထွက်သောရောဂါ ဖြစ်လာသည်။

ဆီးချိုရောဂါမရှိသေးသော်လည်း မျိုးရိုးရှိသည်။ သူ၏မိခင်မျိုးရိုးမှာ ဆီးချိုရှိသည်။ အသားစားများသောရက်၊ ဧည့်ခံပွဲရှိ၍ အရက်၊ ဘီယာသောက်မိသော ရက်များတွင် ပို၍ခေါင်းချွေးရွှဲနေအောင် ထွက်လေ့ရှိသည်ကို သတိထားမိသည်ဟု ဆိုသည်။

အဝလွန်နေသူတစ်ဦးသည် ပူအိုက်သည့်ရာသီတွင် အပူဒဏ်သက်သာစေရန် လေအေးပေးစက်၊ အဲယားကွန်းဖြင့် အိပ်သည်။

အအေးဓာတ်ကြောင့် အိပ်ပျော်သော်လည်း ညဉ့်တစ်ဝက်ကျော်သောအခါ ခေါင်းချွေးများပြန်ပြီး နိုးလာသည်ဟုဆိုသည်။ ထိုသို့နိုးလာချိန်တွင် ရေလည်းငတ်ပြီး အာခေါင်ခြောက်သဖြင့် ရေထသောက်ရသည်။

ထိုသို့ဖြစ်နေသူသည် ညအိပ်ရာဝင် ချိန်တွင် ခြေဖဝါးဆားပွတ်ပြီး ဒူးအထက်မှ အောက်ပိုင်းသို့ ရေအေးလောင်းပြီးအိပ်လျှင် အပူများ အောက်သိို့ သက်ဆင်းသွားသဖြင့် ခေါင်းချွေးထွက်ခြင်းကို သက်သာစေနိုင်သည်။

ခေါင်းချွေးထွက်သူများ၏ အခြားပြဿနာမှာ ခြေသလုံးကြောများတင်းမာခြင်း၊ ခြေဆီမထွက်ဘဲဲ ခြေဖနောင့်များအက်ကွဲခြင်း ဖြစ်သည်။

အရှေ့တိုင်း အိန္ဒိိယကျေးလက် တိုင်းရင်းဆေးနည်းများတွင် ခြေဖဝါးနှစ်ဖက် ကို ဆားရည်စိမ်ပြီး အဝတ်ခြောက်ဖြင့် သုတ်ကာ အက်ကွဲကြောင်းများအတွင်းသို့ နွားနို့မှရသည့် ထောပတ်အဆီကို လိမ်းကြသည်။

ဦးခေါင်းချွေးထွက်များ၍ ဆံပင်ကျွတ် ထိပ်ပြောင်သူများကိုလည်း ခြေဖဝါးနှစ်ဖက်ကို ဆားရည်စိမ်ခြင်း၊ ခြေဖဝါးတွင် ထောပတ်လိမ်း၍ အိပ်ခြင်းဖြင့် သက်သာစေ နိုင်သည်ဟု ဆိုသည်။

ခေါင်းချွေးပြန်ခြင်း၊ ခေါင်းချွေး အထွက်များခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ မျက်စိသွေးကြောများ နီရဲခြင်း၊ မျက်သား တက်ခြင်း၊ မျက်စိတိမ်စွဲခြင်း၊ မျက်မှန်ဒီဂရီ တိုးခြင်းအတွက် သက်သာစေနိုင်သော နည်း လမ်းမှာ ခြေဖဝါးဆားပွတ်ပြီး ညအိပ်ရာဝင် ခါနီးအချိန်တွင် ဒူးဆစ်အထက်မှ အောက်သို့ ရေလောင်းခြေဆေးခြင်း ဖြစ်သည်။

ဤနည်းကို မှန်မှန်ပြုလုပ်ခြင်းဖြင့် ခေါင်းချွေး ထွက်သက်သာသည့်အပြင် အညောင်း အကိုက်များခြင်း၊ ခြေသလုံးကြွက်တက်ခြင်း၊ ခြေဖဝါးချွေးမထွက် အက်ကွဲခြင်းများပါ သက်သာစေနိုင်သည်။

ခြေဖဝါးဆားပွတ်ခြင်းသည် ခေါင်းချွေး ပြန်ခြင်းသာမက ခါးနာရောဂါ၊ ကျောက်က်ပ် ရောဂါများကိုလည်း သက်သာစေနိုင်သည်။ ရှေးက မြန်မာအနှိပ်ဆရာများကုသည့်နည်းတွင် ခါးနာသူကို ရေစိုအဝတ်ကို ရေကုန် အောင်ညှစ်ပြီး ခါးတွင်ပတ်စေ၍ ပက်လက် အိပ်စေပြီး ခြေဖဝါးကို ဆားပွတ်၊ ရေလောင်း ပေးသောအခါ ခြေဖဝါးမှ အပူအခိုးအငွေ့ များထွက်လာသည်။

ခါးတွင် ပတ်ထားသော ရေစိိုအဝတ်မှာလည်း အပူငွေ့များပျံပြီး အဝတ်ခြောက်ဖြစ်သွားသည်။ ဤနည်းဖြင့် အပူခဲ၍ဖြစ်သော ခါးနာရောဂါများ လက်တွေ့ ပျောက်ကင်းသည်ကို တွေ့ရသည်။

ဆားသည် ပင်လယ်ရေထွက်ပစ္စည်း ဖြစ်ပြီး အပုပ်အငန်တို့စုဝေးရာမှ ထွက်ပေါ်လာသော ပစ္စည်းဖြစ်သော်လည်း အပုပ်ကိုနိုင်သည်ဟု ဆိုသည်။ မြေထွက်ဆား၊ တွင်းထွွက်ဆား၊ သိန္ဓောဆားတို့ထက် ပင်လယ်ထွက်ဆားသည် ပို၍ငန်သည်။ ပုပ်သိုးမည့်အရာများကို ဆားဖြင့် ထိန်းထားနိုင်သည်။

ရှေးကလူကြီးများသည် နံနက် အိိပ်ရာထသွားတိုက်ရာတွင်ပင် မီးဖိုချောင် သုံးဆားဖြင့် သွားတိုက်လေ့ရှိသည်။ သွားနာ ခြင်း၊ သွားဖုံးနာခြင်း၊ အပူကန်ခြင်းများကို ဆားကသက်သာစေနိုင်သည်ဟုဆိုသည်။

ဓာတုရသဆေးကျမ်းအလိုအရ နာနာ နယ အာဟာရစွယ်စုံကျမ်းတွင် ဖော်ပြထားသည်မှာ ဆားသည်ငန်သောအရသာရှိသည်။ ဝါယောဓာတ်ကိုနိုင်၏။ ပထဝီကိုလည်း ဖြစ်စေတတ်၏။ သွေးကိုလည်း ကြည်လင်စေ တတ်သည်။

ဓာတ်မီးအခိုးရောက်သည်ဖြစ်၍ ပထဝီဓာတ်စုခဲသည်ကိုလည်း ကြေစေတတ်၏။ သလိပ်စေးကိုလည်း ကြေစေတတ်၏။ အပုပ်၊ ပြည်၊ သွေးကိိုလည်း ကြေစေတတ် ၏။ သည်းခြေကိုလည်း ဖြောင့်မတ်စေတတ် ၏။

ဓာတ်တိို့၏ အခိုးအကင်းရောက်သမျှ နိုင်သည်။ လူတို့သည် မသုံးဆောင်ရလျှင် ဝါယောဓာတ်ပျက်၏။ အရသာမျိုးတို့၏ အရသာထက်လွန်၏။ ဓာတ်အပေါင်းတိို့ကို ချုပ်၏ဟု ရေးသားဖော်ပြထားသည်။

ဆားပွတ်ရာတွင် ခြေနှစ်ဖက်ဆင်း အိပ်ပြီး ခြေဖဝါးအောက်တွင် အဝတ်ဟောင်း တစ်ခု ခံထားပါ။ အင်တုံငယ်တစ်ခုတွင် ဆားထည့်ပါ။ ဟင်းခတ်အိိုင်အိုဒင်းပါသောဆား မသုံးပါနှင့်။ ဆားကြမ်းကိုသုံးလျှင် ပိုကောင်း ပါသည်။

အဝတ်ရေစိိုဖြင့် ခြေဖဝါးကိုသန့်စင် အောင် ပွတ်ပေးပါ။ ထို့နောက် ဆားကြမ်း ဖြင့် ပွတ်ပါ။ ပြီးလျှင် ရေဝတ်ဖြင့် ပြန်ပွတ်ပါ။ ဤနည်းအတိိုင်း တစ်လှည့်စီပြုလုပ်ပေးပါ။

ဆားပွတ်ချိန်သည် ၁၅ မိနစ်မှ နာရီ ဝက်အတွင်းသာ ကြာပါသည်။ ဆားပွတ် ပေး၍ ၁ဝ မိနစ်ခန့်ကြာလျှင် ခြေဖဝါးမှ အပူများထွက်လာပါလိမ့်မည်။ ဦးခေါင်းချွေး ထွက်များလေ ခြေဖဝါးအပူထွက်လေ ဖြစ် သည်။

ဤကဲ့သိို့ ဆားပွတ်ခြင်းကို ညနေ စောင်းတွင် ပြုလုပ်လျှင် ခြေမဆေးပါနှင့်။ ညအိပ်ရာဝင်ချိန်မှပြုလုပ်လျှင် ပြီးလျှင် ဒူးအောက်ပိုင်း ခြေနှစ်ဖက် ရေဆေးပါ။ ကျောက်ကပ်ရောဂါ၊ ခါးနာရောဂါ၊ မျက်စိ မကြည် မျက်မှန်ဒီဂရီတိုးသည့်ရောဂါများပါ သက်သာစေနိုင်ပါသည်။ ။

ကြည်လွင်မြင့်(မုဒြာ)The Mirror Daily