ရာနှုန်းပြည့် မိုးရွာနိုင်ပြီး ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်
အပူပိုင်းမုန်တိုင်း SINLAKU(04W)၏ အကြွင်းအကျန်တိမ်တိုက်များရွေ့လျားမှုကြောင့် မိုးများနိုင်ခြေရှိ …
မွန်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေဘက်မှာတော့ အခုကစလို့ နောက်တစ်ပတ်လုံး မိုးများတော့မဲ့ အခြေအနေပါဘဲ၊
အခုပုံမှာတော့ ထားဝယ်တစ်ခုကိုဘဲဗဟိုပြုပြီး windy က ရတဲ့ အခြေအနေကို သုံးသပ်ကြည့်ထားတာပါ။ ၂၄ နာရီအတွင်းရွာသွန်းနိုင်မဲ့ မိုးရေချိန်လဲများနိုင်ပါတယ်
(ဒုတိယ ပုံမှာတော့ ၁၂၈.၂ မီလီမီတာ – ၅လက်မ ခန့်လို့ တွေ့နိုင်ပါတယ်)
မြန်မာနိုင်ငံ အလယ်ပိုင်းတစ်ခုလုံးနီးပါးလဲ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်တွေရွေ့လာမှာ သေချာနေတော့ လာမဲ့ တစ်ပတ်ထဲမှာ မိုးများတော့မယ်၊
မိုးများပြီဆိုတာနဲ့ ရေကြီးတာ၊ မြေပြိုတာ၊ တောင်ကျရေတဟုန်ထိုးစီးဆင်းတာတွေကြောင့်ဖြစ်လာမဲ့ အန္တရာယ်တွေ ရှိနေပြီ။
Win Naing
နေ့စဉ်မိုးလေဝသသတင်း
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါသည်။
မိုးဇလ
Unicode
အပူပိုင်းမုန်တိုင်း SINLAKU(04W)၏ အကြွင်းအကျန်တိမ်တိုက်များရွေ့လျားမှုကြောင့် မိုးများနိုင်ခြေရှိ …
မွန်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေဘက်မှာတော့ အခုကစလို့ နောက်တစ်ပတ်လုံး မိုးများတော့မဲ့ အခြေအနေပါဘဲ၊
အခုပုံမှာတော့ ထားဝယ်တစ်ခုကိုဘဲဗဟိုပြုပြီး windy က ရတဲ့ အခြေအနေကို သုံးသပ်ကြည့်ထားတာပါ။ ၂၄ နာရီအတွင်းရွာသွန်းနိုင်မဲ့ မိုးရေချိန်လဲများနိုင်ပါတယ်
(ဒုတိယ ပုံမှာတော့ ၁၂၈.၂ မီလီမီတာ – ၅လက်မ ခန့်လို့ တွေ့နိုင်ပါတယ်)
မြန်မာနိုင်ငံ အလယ်ပိုင်းတစ်ခုလုံးနီးပါးလဲ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်တွေရွေ့လာမှာ သေချာနေတော့ လာမဲ့ တစ်ပတ်ထဲမှာ မိုးများတော့မယ်၊
မိုးများပြီဆိုတာနဲ့ ရေကြီးတာ၊ မြေပြိုတာ၊ တောင်ကျရေတဟုန်ထိုးစီးဆင်းတာတွေကြောင့်ဖြစ်လာမဲ့ အန္တရာယ်တွေ ရှိနေပြီ။
Win Naing
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၃)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အေျခအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော၊ အပူပိုင်းမုန်တိုင်းငယ်“စင်လကု”(Sinlaku)သည်
အနောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားလျက်ရှိပြီး၊ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်
နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊
ကရင်ပြည်နယ်နှင့်် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင််။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။
မိုးသက်လေပြင်းကျစဉ်် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
လှိုိင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွွက်ခန့်မှန်းချက်။ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းမည်။
နေပြည်တော်နှင့်အနီးတစ်ဝိိုက်အတွက်ယနေ့ညနေအထိိခန့်မှန်းချက်။ မိုးပြတ်တောင်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးပြတ်တောင်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးဇလ