ဝါတြင္းမဂၤၤလာမေဆာင္ရျခင္း ႏွင္႔ ဗိႆနိုိးနတ္္ အိပ္စက္ျခင္း ဆက္စပ္ေသာ အယူအဆ

ဝါတြင္း၌ မဂၤလာမေဆာင္ရျခင္းအေၾကာင္း

ေထရဝါဒဗုုဒၶဘာသာထြန္းကားေသာ ျမန္မာနိုင္ငံ၌ ဝါတြင္းကာလမ်ားတြင္ မဂၤၤလာေဆာင္ေလ့ မရွိၾကပါ။

မဂၤလာေဆာင္ေလ့ မရွိၾကသည့္အျပင္ ခိုးရာလိုက္ျခင္း၊ ႏွစ္ဦးသေဘာတူလက္မွတ္ထိုးထားျခင္းမ်ားပင္ ျပဳလုပ္ထားေလ့ မရွိၾကပါ။

ျမန္မာလူမ်ိဳးတို႔သည္ ဝါတြင္းကာလတြင္ လက္ထပ္ထိမ္းျမားယူၾကၿပီဆိုလၽွင္ ထိုလက္ထပ္ထိမ္းျမားသူမ်ားကို ရစရာမရွိေအာင္ ပစ္ပစ္ခါခါ ေျပာတတ္ၾကသည္။

သိုိ႔ျဖစ္လၽွင္ ျမန္မာနိုင္ငံ၌ ဝါတြင္းကာလတြင္ အဘယ့္ေၾကာင့္ မဂၤလာမေဆာင္ေကာင္းပါသနည္း။ ဤအေမးမွာ လြန္စြာစိိတ္ဝင္စားဖြယ္ေကာင္းေသာ ေမးခြန္းပင္ ျဖစ္ေပသည္။

မိိမိကိုယ္တိုင္သည္ပင္ ဤေမးခြန္း၏အေျဖကို သိခ်င္ေနခဲ့သည္မွာ ၾကာေပၿပီ။ စာအုပ္စာေပမ်ား အျမဲလိုိလို ဖတ္ျဖစ္ေသာ္လည္း ခိုင္လုံတိက်ေသာ အေၾကာင္းျပခ်က္မ်ားကိုကား စိတ္တိုင္းက်သည္အထိ မေတြ႕ရွိခဲ့ရေပ။

အြန္လိုင္းသုံးသည့္အခါမ်ားတြင္လည္း မိမိထံသို႔ ဤေမးခြန္းကို ခဏခဏ လာလာေမးေလ့ရွိၾကသည္။ ဂဃနဏ မသိိေသာေၾကာင့္ ေကာင္းေကာင္း ေျဖမေပးနိုင္ခဲ့ေပ။ ယခုအခါမွာေတာ့ မိိမိ၏စိတ္ ေက်နပ္ရသည္အထိ အေျဖကို သိခဲ့ရေပၿပီ။

ယေန႔မနက္ ကိုးနာရီမွ ဆယ္နာရီအတန္းခ်ိန္တြင္ ဗုဒၶေဒသနာျပန္႔ပြားေရးဌာနမွ ဆရာဦးခင္ေမာင္ညိဳက ၎ပို႔ခ်ခ်က္တြင္ ဤအေၾကာင္းကို အက်ယ္တဝင့္ ပို႔ခ်ရွင္းျပခဲ့သည္။

ဝါတြင္းကာလ၌ မဂၤၤလာမေဆာင္ျခင္းဟူေသာ အယူအဆသည္ ဗုဒၶစာေပက်မ္းဂန္တို႔၌ ဘုရားရွင္ကိုယ္တိုင္ ေဟာၾကားခဲ့ပါသေလာ။ မေဟာၾကားခဲ့ပါ။

ဤအယူအဆသည္ ျဗာဟၼဏဝါဒ(ဟိႏၵဴဝါဒ)မွ ဆင္းသက္လာေသာ အယူအဆ တစ္ရပ္ျဖစ္သည္္။ ျဗာဟၼဏဝါဒ၌ ေဝဒပညာရွင္တို႔၏ လက္သုံးက်မ္းျဖစ္ေသာ ရာဇမတၱဏ္က်မ္းဟူသည္ ရွိ၏။

ျဗာဟၼဏဝါဒတြင္ “သုံးပါးဘုရားတစ္ဆူ”ဟူေသာ အဆိုသည္လည္း ရွိ၏။ ထိုသုံးပါးမွာ ျဗဟၼာ၊ ဗိႆနိုး၊ သၽွီဝတို႔ျဖစ္ၾကၿပီး ျဗဟၼာ၏ ၾကင္ယာေတာ္မွာ သူရႆတီျဖစ္၍ ဗိႆနိုး၏ ၾကင္ယာေတာ္မွာ လက္ခ္်မီးျဖစ္ကာ သၽွီဝ၏ ၾကင္ယာေတာ္မွာ ပါရာဝတီျဖစ္ေလသည္။

ထိုသုံးပါးတြင္ ကိုယ္ပိုင္တာဝန္မ်ား အသီးသီးရွိၾကေပသည္။ ျဗဟၼာ၏တာဝန္မွာ ကမၻာေလာကကို ဖန္ဆင္းရျခင္းျဖစ္ၿပီး ဗိႆနိုး၏တာဝန္မွာ ထိုျဗဟၼာဖန္ဆင္းၿပီးေသာ ကမၻာေလာကႀကီးကို ေကာင္းေအာင္ ျပဳျပင္ထိန္းသိမ္းရမည့္ တာဝန္ျဖစ္ကာ သၽွီဝ၏ တာဝန္မွာ ထိုကမၻာေလာကရွိ လူသားမ်ားအား မေကာင္းက်ိဳးမ်ား ျဖစ္ေအာင္ ျပဳလုပ္ရမည့္ တာဝန္ျဖစ္ေပသည္။

ထို႔ေၾကာင့္ ဗိႆနိုိးကို နတ္ေကာင္းနတ္ျမတ္ဟု သတ္မွတ္ၾကၿပီး သၽွီဝကို နတ္ဆိုးမိိစၧာျဖစ္သည္ဟု ျဗာဟၼဏတို႔ သတ္မွတ္ၾကသည္။

နတ္ေကာင္းနတ္ျမတ္ျဖစ္ေသာ ဗိႆနိုးသည္ ႏွစ္စဥ္ႏွစ္တိုင္း ဝါဆိုလဆန္း(၁၂)ရက္မွ ေတာ္သလင္းလဆန္း(၁၂)ရက္အထိ အိပ္ေလ့ရွိၿပီး အိပ္ရသည္မွ ေညာင္းလၽွင္ တစ္ဖက္ေစာင္းကာ တန္ေဆာင္မုန္းလဆန္း(၁၂)ရက္အထိ ေလးလလုံးလုံး အိပ္ေလ့ရွိသည္။

ျမန္မာတို႔ ယူဆေသာ ဝါတြင္းသုံးလသည္ ထိုဗိႆနိုးအိပ္ေသာ ေလးလအတြင္းတြင္ အက်ဳံးဝင္ေလသည္။

ျဗာဟၼဏတို႔သည္ ဝါတြင္းကာလတြင္ လူတို႔ကို ေကာင္းက်ိဳးမ်ားေပးတတ္ေသာ ဗိႆနိုးနတ္မင္းအိပ္ခ်ိန္၌ မဂၤလာေဆာင္လၽွင္ နတ္ဆိုးမိစၧာျဖစ္ေသာ သၽွီဝနတ္မင္း၏ အေႏွာက္အယွက္မ်ားကို ခံၾကရမည့္ေဘးမွ စိုးရိမ္ေသာေၾကာင့္ ဗိႆနိုးနတ္မင္း အိပ္ခ်ိန္ျဖစ္ေသာ ဝါဆိုလဆန္း(၁၂)ရက္မွ တန္ေဆာင္မုန္းလဆန္း(၁၂)ရက္ဟူေသာ ေလးလ၌ မဂၤၤလာေဆာင္ျခင္း အေလ့အထကို ေရွာင္ၾကဥ္ၾကျခင္းေၾကာင္း ရာဇမတၱဏ္က်မ္းတြင္ ေဖာ္ျပထားသည္။

အခ်ိဳ႕ေသာ ျမန္မာတို႔သည္ ေဗဒင္၊ ယၾတာမ်ားကို ယုံစားေလ့ရွိၾကသည္။ ေဗဒင္က်မ္းဂန္မ်ားသည္ ဗုဒၶ၏ တရားေတာ္မ်ားျဖစ္ေသာ ပိဋကတ္သုံးပုံ၌ မပါဝင္ေပ။ ထို႔ေၾကာင့္ ျမန္မာနိုင္ငံရွိ ေဗဒင္ပညာရွင္တို႔သည္ ဟိႏၵဴ၊ ျဗာဟၼဏတို႔၏ ေဝဒက်မ္းမ်ားကို မွီျငမ္းကိုးကားၿပီး ေဟာေျပာၾကရသည္။

ထိုသို႔ ျဗာဟၼဏက်မ္းဂန္မ်ားကို မွီျငမ္း၍ ကိုးကားေဟာေျပာၾကရာမွတစ္ဆင့္ ျမန္မာလူမ်ိဳးတို႔အတြင္းသို႔ “ဝါတြင္း၌ မဂၤလာမေဆာင္ေကာင္း” ဟူေသာ အယူအဆသည္ တျဖည္းျဖည္း ဝင္ေရာက္လာခဲ့ျခင္းျဖစ္သည္။

ဤသို႔ဆိုလၽွင္ ဝါတြင္းကာလ၌ မဂၤလာမေဆာင္ေကာင္းဟူေသာ အယူအဆသည္ ဗုဒၶစာေပက်မ္းဂန္တို႔၌ လာေသာ ဗုဒၶဝါဒမဟုတ္။ ျဗာဟၼဏစာေပက်မ္းဂန္တို႔မွလာေသာ ဟိႏၵဴဝါဒပင္ ျဖစ္ေၾကာင္း သိသာေပၚလြင္ေပၿပီ။

ျမန္မာနိုင္ငံ၏ လြပ္လပ္ေရးေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ သူ၏ဇနီး ေဒၚခင္ၾကည္ကို (၁၃၀၄)ခုႏွစ္၊ ဝါေခါင္လဆန္း(၁၁)ရက္၊ (၆၊ ၉၊ ၁၉၄၂)၊ တနဂၤေႏြေန႔၊ ဝါတြင္းကာလႀကီးတြင္ လက္ထပ္ထိမ္းျမားယူခဲ့သည္။

မည္သို႔ပင္ဆိုေစကာမူ ဝါတြင္းကာလ၌ “မဂၤလာမေဆာင္ေကာင္း” ဟူေသာ အယူအဆသည္ ျမန္မာနိုင္ငံ၌ အျမစ္တြယ္ေနၿပီျဖစ္သည္။

ဤသို႔ေရးသားရျခင္းမွာ ျမန္မာတို႔၏ အယူအဆကို ပစ္ပယ္လို၍ ဝါတြင္းကာလ၌ မဂၤလာေဆာင္ေစၾကရန္ဟု မရည္ရြယ္ပါ။ ဤအယူအဆ၏ ျမစ္ဖ်ားခံရာ ဇစ္ျမစ္ကို အမွန္အတိုင္း သိေစရန္ဟူေသာ ရည္ရြယ္ခ်က္ျဖင့္သာ ေရးသားခဲ့ရျခင္း ျဖစ္ေပသည္။

အားလုံး ဆင္ျခင္နိုင္ၾကပါေစကုန္…။ အားလုံးပဲမဂၤလာပါ။ ။

ေမာင္ေခမိိန္(မေကြး)

Unicode

ဝါတွင်း၌ မင်္ဂလာမဆောင်ရခြင်းအကြောင်း

ထေရဝါဒဗုုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံ၌ ဝါတွင်းကာလများတွင် မင်္ဂင်္လာဆောင်လေ့ မရှိကြပါ။

မင်္ဂလာဆောင်လေ့ မရှိကြသည့်အပြင် ခိုးရာလိုက်ခြင်း၊ နှစ်ဦးသဘောတူလက်မှတ်ထိုးထားခြင်းများပင် ပြုလုပ်ထားလေ့ မရှိကြပါ။

မြန်မာလူမျိုးတို့သည် ဝါတွင်းကာလတွင် လက်ထပ်ထိမ်းမြားယူကြပြီဆိုလျှင် ထိုလက်ထပ်ထိမ်းမြားသူများကို ရစရာမရှိအောင် ပစ်ပစ်ခါခါ ပြောတတ်ကြသည်။

သိို့ဖြစ်လျှင် မြန်မာနိုင်ငံ၌ ဝါတွင်းကာလတွင် အဘယ့်ကြောင့် မင်္ဂလာမဆောင်ကောင်းပါသနည်း။ ဤအမေးမှာ လွန်စွာစိိတ်ဝင်စားဖွယ်ကောင်းသော မေးခွန်းပင် ဖြစ်ပေသည်။

မိိမိကိုယ်တိုင်သည်ပင် ဤမေးခွန်း၏အဖြေကို သိချင်နေခဲ့သည်မှာ ကြာပေပြီ။ စာအုပ်စာပေများ အမြဲလိိုလို ဖတ်ဖြစ်သော်လည်း ခိုင်လုံတိကျသော အကြောင်းပြချက်များကိုကား စိတ်တိုင်းကျသည်အထိ မတွေ့ရှိခဲ့ရပေ။

အွန်လိုင်းသုံးသည့်အခါများတွင်လည်း မိမိထံသို့ ဤမေးခွန်းကို ခဏခဏ လာလာမေးလေ့ရှိကြသည်။ ဂဃနဏ မသိိသောကြောင့် ကောင်းကောင်း ဖြေမပေးနိုင်ခဲ့ပေ။ ယခုအခါမှာတော့ မိိမိ၏စိတ် ကျေနပ်ရသည်အထိ အဖြေကို သိခဲ့ရပေပြီ။

ယနေ့မနက် ကိုးနာရီမှ ဆယ်နာရီအတန်းချိန်တွင် ဗုဒ္ဓဒေသနာပြန့်ပွားရေးဌာနမှ ဆရာဦးခင်မောင်ညိုက ၎င်းပို့ချချက်တွင် ဤအကြောင်းကို အကျယ်တဝင့် ပို့ချရှင်းပြခဲ့သည်။

ဝါတွင်းကာလ၌ မင်္ဂင်္လာမဆောင်ခြင်းဟူသော အယူအဆသည် ဗုဒ္ဓစာပေကျမ်းဂန်တို့၌ ဘုရားရှင်ကိုယ်တိုင် ဟောကြားခဲ့ပါသလော။ မဟောကြားခဲ့ပါ။

ဤအယူအဆသည် ဗြာဟ္မဏဝါဒ(ဟိန္ဒူဝါဒ)မှ ဆင်းသက်လာသော အယူအဆ တစ်ရပ်ဖြစ်သည််။ ဗြာဟ္မဏဝါဒ၌ ဝေဒပညာရှင်တို့၏ လက်သုံးကျမ်းဖြစ်သော ရာဇမတ္တဏ်ကျမ်းဟူသည် ရှိ၏။

ဗြာဟ္မဏဝါဒတွင် “သုံးပါးဘုရားတစ်ဆူ”ဟူသော အဆိုသည်လည်း ရှိ၏။ ထိုသုံးပါးမှာ ဗြဟ္မာ၊ ဗိဿနိုး၊ သျှီဝတို့ဖြစ်ကြပြီး ဗြဟ္မာ၏ ကြင်ယာတော်မှာ သူရဿတီဖြစ်၍ ဗိဿနိုး၏ ကြင်ယာတော်မှာ လက်ခ်ျမီးဖြစ်ကာ သျှီဝ၏ ကြင်ယာတော်မှာ ပါရာဝတီဖြစ်လေသည်။

ထိုသုံးပါးတွင် ကိုယ်ပိုင်တာဝန်များ အသီးသီးရှိကြပေသည်။ ဗြဟ္မာ၏တာဝန်မှာ ကမ္ဘာလောကကို ဖန်ဆင်းရခြင်းဖြစ်ပြီး ဗိဿနိုး၏တာဝန်မှာ ထိုဗြဟ္မာဖန်ဆင်းပြီးသော ကမ္ဘာလောကကြီးကို ကောင်းအောင် ပြုပြင်ထိန်းသိမ်းရမည့် တာဝန်ဖြစ်ကာ သျှီဝ၏ တာဝန်မှာ ထိုကမ္ဘာလောကရှိ လူသားများအား မကောင်းကျိုးများ ဖြစ်အောင် ပြုလုပ်ရမည့် တာဝန်ဖြစ်ပေသည်။

ထို့ကြောင့် ဗိဿနိိုးကို နတ်ကောင်းနတ်မြတ်ဟု သတ်မှတ်ကြပြီး သျှီဝကို နတ်ဆိုးမိိစ္ဆာဖြစ်သည်ဟု ဗြာဟ္မဏတို့ သတ်မှတ်ကြသည်။

နတ်ကောင်းနတ်မြတ်ဖြစ်သော ဗိဿနိုးသည် နှစ်စဉ်နှစ်တိုင်း ဝါဆိုလဆန်း(၁၂)ရက်မှ တော်သလင်းလဆန်း(၁၂)ရက်အထိ အိပ်လေ့ရှိပြီး အိပ်ရသည်မှ ညောင်းလျှင် တစ်ဖက်စောင်းကာ တန်ဆောင်မုန်းလဆန်း(၁၂)ရက်အထိ လေးလလုံးလုံး အိပ်လေ့ရှိသည်။

မြန်မာတို့ ယူဆသော ဝါတွင်းသုံးလသည် ထိုဗိဿနိုးအိပ်သော လေးလအတွင်းတွင် အကျုံးဝင်လေသည်။

ဗြာဟ္မဏတို့သည် ဝါတွင်းကာလတွင် လူတို့ကို ကောင်းကျိုးများပေးတတ်သော ဗိဿနိုးနတ်မင်းအိပ်ချိန်၌ မင်္ဂလာဆောင်လျှင် နတ်ဆိုးမိစ္ဆာဖြစ်သော သျှီဝနတ်မင်း၏ အနှောက်အယှက်များကို ခံကြရမည့်ဘေးမှ စိုးရိမ်သောကြောင့် ဗိဿနိုးနတ်မင်း အိပ်ချိန်ဖြစ်သော ဝါဆိုလဆန်း(၁၂)ရက်မှ တန်ဆောင်မုန်းလဆန်း(၁၂)ရက်ဟူသော လေးလ၌ မင်္ဂင်္လာဆောင်ခြင်း အလေ့အထကို ရှောင်ကြဉ်ကြခြင်းကြောင်း ရာဇမတ္တဏ်ကျမ်းတွင် ဖော်ပြထားသည်။

အချို့သော မြန်မာတို့သည် ဗေဒင်၊ ယတြာများကို ယုံစားလေ့ရှိကြသည်။ ဗေဒင်ကျမ်းဂန်များသည် ဗုဒ္ဓ၏ တရားတော်များဖြစ်သော ပိဋကတ်သုံးပုံ၌ မပါဝင်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ဗေဒင်ပညာရှင်တို့သည် ဟိန္ဒူ၊ ဗြာဟ္မဏတို့၏ ဝေဒကျမ်းများကို မှီငြမ်းကိုးကားပြီး ဟောပြောကြရသည်။

ထိုသို့ ဗြာဟ္မဏကျမ်းဂန်များကို မှီငြမ်း၍ ကိုးကားဟောပြောကြရာမှတစ်ဆင့် မြန်မာလူမျိုးတို့အတွင်းသို့ “ဝါတွင်း၌ မင်္ဂလာမဆောင်ကောင်း” ဟူသော အယူအဆသည် တဖြည်းဖြည်း ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဤသို့ဆိုလျှင် ဝါတွင်းကာလ၌ မင်္ဂလာမဆောင်ကောင်းဟူသော အယူအဆသည် ဗုဒ္ဓစာပေကျမ်းဂန်တို့၌ လာသော ဗုဒ္ဓဝါဒမဟုတ်။ ဗြာဟ္မဏစာပေကျမ်းဂန်တို့မှလာသော ဟိန္ဒူဝါဒပင် ဖြစ်ကြောင်း သိသာပေါ်လွင်ပေပြီ။

မြန်မာနိုင်ငံ၏ လွပ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ဇနီး ဒေါ်ခင်ကြည်ကို (၁၃၀၄)ခုနှစ်၊ ဝါခေါင်လဆန်း(၁၁)ရက်၊ (၆၊ ၉၊ ၁၉၄၂)၊ တနင်္ဂနွေနေ့၊ ဝါတွင်းကာလကြီးတွင် လက်ထပ်ထိမ်းမြားယူခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဝါတွင်းကာလ၌ “မင်္ဂလာမဆောင်ကောင်း” ဟူသော အယူအဆသည် မြန်မာနိုင်ငံ၌ အမြစ်တွယ်နေပြီဖြစ်သည်။

ဤသို့ရေးသားရခြင်းမှာ မြန်မာတို့၏ အယူအဆကို ပစ်ပယ်လို၍ ဝါတွင်းကာလ၌ မင်္ဂလာဆောင်စေကြရန်ဟု မရည်ရွယ်ပါ။ ဤအယူအဆ၏ မြစ်ဖျားခံရာ ဇစ်မြစ်ကို အမှန်အတိုင်း သိစေရန်ဟူသော ရည်ရွယ်ချက်ဖြင့်သာ ရေးသားခဲ့ရခြင်း ဖြစ်ပေသည်။

အားလုံး ဆင်ခြင်နိုင်ကြပါစေကုန်…။ အားလုံးပဲမင်္ဂလာပါ။ ။

မောင်ခေမိိန်(မကွေး)