တရုတ်နယ်စပ်က ရင်နင့်ဖွယ် အဖြစ်အပျက်
ယုတ်မာလွန်းအားကြီးတဲ့တရုတ်
မြန်မာကတင်ပျို့တဲ့ သစ်သီးဝလံတွေကို တရုတ်က အဝယ်ရပ်ပစ်လိုက်လို့ ကုန်ကားတွေဟာ ပါလာသမျှ အသီးအနှံတွေ စွန့်ပစ်နေကြရတာမြင်တော့အတော်လေး စိတ်မကောင်းဖြစ်ရတယ်။
စိုက်ပျိုးထုတ်လုပ်မှုစရိတ်နဲ့ သီးနှံဈေးနှုံး မကိုက်လို့ အရှုံးပေါ်၊ အကြွေးတွေပိ၊ အကြွေးဆပ်ဖို့ လယ်တွေယာတွေကို တရုတ်တွေလက်ထဲ ထိုးရောင်းရနဲ့ တောင်သူတွေဘဝ အသက်ရှုမဝဖြစ်လာကြရပြီ။
စပါးတင်းတစ်ရာကို အနည်းဆုံး ၅သိန်းနဲ့ အစိုးရက သတ်မှတ်ပေးပြီး ဝင်ထိန်းရင် တကယ့်တကယ်ကျဆင်းလာတဲ့အခါ အစိုးရဟာ တကယ်ဝယ်ပေးရမယ်။
ဘယ်အစိုးရပဲဖြစ်ဖြစ် တောင်သူတွေရဲ့ အခြေခံအခွင့်အရေးကို အကာအကွယ်ပေးဖို့လိုတယ်။ လူဦးရေရဲ့ ၇၀ % ကျော်သော တောင်သူတွေရဲ့အခက်အခဲကို ဖြေရှင်းပေးနိုင်မှသာ ပြည့်ဝမ်းလည်း ပြည့်လာမှာပါ။
seinhtoo
ပြောင်းဖူးအထွက် မကောင်းမှာဆိုးလို့ ခလေးပြုစုသလို ပြုစုရ မြေသြဇာထည့်ရ ဆေးဖြန်းပေးရနဲ့ ရောင်းရတဲ့အချိန်ကျ ဈေးကောင်းပြီး တရုတ်ပြည်ဝင်လို့မရ တစ်ခြားနည်းလမ်းနဲ့ ဖြေရှင်းလို့ရပေမယ့် မင်းတို့က အသေပိတ်တယ် အသားကုန်လိုက်ဖမ်းတယ်။
မူဆယ်မြို့နယ်မှာ ဒီလိုပြောင်းဖူးစိုက်တဲ့ တောင်ယာ ဧကပေါင်း သောင်းနဲ့ချီရှိတယ်လို့သိရပါတယ်…ခုပြထားတဲ့ရုပ်သံတွေဟာ မူဆယ်မြို့နယ်ထဲက ပြောင်းဖူးစိုက်တောင်သူတွေရဲ့ အဖြစ်အပျက်ပါ
တရုတ်ပြည်ကို ပြောင်းဖူးတွေပို့ဖို့ ထော်လာဂျီတွေရာပေါင်းများစွာနဲ့ သွားကြပေမယ့် နယ်စပ်ဂိတ်က အ၀င်မခံတော့လို့ ခုလိုတွေဖြစ်ခဲ့ရတာပါ
Unicode
ယုုတ်မာလွန်းအားကြီးတဲ့တရုတ်
မြန်မာကတင်ပိုျ့တဲ့ သစ်သီးဝလံတွေကို တရုတ်က အဝယ်ရပ်ပစ်လိုက်လို့ ကုန်ကားတွေဟာ ပါလာသမျှ အသီးအနှံတွေ စွန့်ပစ်နေကြရတာမြင်တော့အတော်လေး စိတ်မကောင်းဖြစ်ရတယ်။
တရုတ်နဲ့ ကုန်သွယ်မှုမှာ တောင်သူတွေ၊ ကုန်သည်တွေ ခံံနေရတာ ခဏခဏ။ လွန်ခဲ့တဲ့ နှစ်တစ်နှစ်က ( ၂၀၁၇ ကထင်တယ်) အိန္ဒိယက မတ်ပဲတွေ အဝယ်ရပ်ပစ်လိုက်လို့ မြန်မာတောင်သူတွေ၊ ကုန်သည်တွေအတော် ဒုက္ခရောက်ခဲ့ကြတာ မှတ်မိနေသေးတယ်။
တချို့ကုန်သည်တွေဆို ခွက်ခွက်လန်အောင် ရှုံးပြီး ရုတ်တရက် လူမွဲဘဝ ရောက်ကြရတယ်။ ဒီလိုတွေမဖြစ်ရလေအောင် အစိုးရတာဝန်ရှိသူတွေဟာ နှစ်နိုင်ငံကြားညှိနှိုင်းဆွေးနွေးတာတွေ၊ MOU ချုပ်ဆိုတာတွေ လုပ်ရတယ်။
စိုက်ပျိုးထုတ်လုပ်မှုစရိတ်နဲ့ သီးနှံစျေးနှုံး မကိုက်လို့ အရှုံးပေါ်၊ အကြွေးတွေပိ၊ အကြွေးဆပ်ဖို့ လယ်တွေယာတွေကို တရုတ်တွေလက်ထဲ ထိုးရောင်းရနဲ့ တောင်သူတွေဘဝ အသက်ရှုမဝဖြစ်လာကြရပြီ။
စပါးတင်းတစ်ရာကို အနည်းဆုံး ၅သိိန်းနဲ့ အစိုးရက သတ်မှတ်ပေးပြီး ဝင်ထိန်းရင် တကယ့်တကယ်ကျဆင်းလာတဲ့အခါ အစိုးရဟာ တကယ်ဝယ်ပေးရမယ်။
ဘယ်အစိုးရပဲဖြစ်ဖြစ်် တောင်သူတွေရဲ့ အခြေခံအခွင့်အရေးကို အကာအကွယ်ပေးဖို့လိုတယ်။ လူဦးရေရဲ့ ရ၀ % ကျော်သော တောင်သူတွေရဲ့အခက်အခဲကို ဖြေရှင်းပေးနိုင်မှသာ ပြည့်ဝမ်းလည်း ပြည့်လာမှာပါ။
seinhtoo
လနဲ့ချီပြီး သွေးနဲ့ ချွေးနဲ့ ရင်းထားရတဲ့ တောင်သူတွေရဲ့ မျှော်လင့်ချက်တွေ မြစ်ထဲမှာ မျောပါသွားပြီ
ပြောင်းဖူးအထွက်် မကောင်းမှာဆိုးလို့ ခလေးပြုစုသလို ပြုစုရ မြေသြဇာထည့်ရ ဆေးဖြန်းပေးရနဲ့ ရောင်းရတဲ့အချိန်ကျ စျေးကောင်းပြီး တရုတ်ပြည်ဝင်လို့မရ တစ်ခြားနည်းလမ်းနဲ့ ဖြေရှင်းလို့ရပေမယ့် မင်းတို့က အသေပိတ်တယ် အသားကုန်လိုက်ဖမ်းတယ်။
မူဆယ်မြို့နယ်မှာ ဒီလိိုပြောင်းဖူးစိုက်တဲ့ တောင်ယာ ဧကပေါင်း သောင်းနဲ့ချီရှိတယ်လို့သိရပါတယ်…ခုပြထားတဲ့ရုပ်သံတွေဟာ မူဆယ်မြို့နယ်ထဲက ပြောင်းဖူးစိုက်တောင်သူတွေရဲ့ အဖြစ်အပျက်ပါ
တရုတ်ပြည်ကို ပြောင်းဖူးတွေပို့ဖို့ ထော်လာဂျီတွေရာပေါင်းများစွာနဲ့ သွားကြပေမယ့် နယ်စပ်ဂိတ်က အဝင်မခံတော့လို့ ခုလိိုတွေဖြစ်ခဲ့ရတာပါ
ဒီပြောင်းဖူးတွေဟာ အစိုကြော်စား ချက်စားဖို့ လတ်လတ်ဆတ်ဆတ် ခူးရောင်းရတာဖြစ်ပြီး ခုလိုနယ်စပ်အပိတ်ခံလိုက်ရတဲ့အခါ ပျက်ကုန်ဖြစ်သွားတာပါ
လနဲ့ချီပြီး သွေးနဲ့ချွေးနဲ့ ရင်းထားရတဲ့ တောင်သူတွေရဲ့ မျှော်လင့်ချက်တွေကတော့ ပြောင်းဖူးတွေနဲ့အတူ မြစ်ထဲမှာ မျောပါသွားပါပြီ။
Source : Sai N Lengjuinfa FB