နိုင္ငံ႔၀န္ထမ္းအားလံုးအားႏွစ္လစာအတိုးမဲ့ေငြေခ်းမည္

နိုင္ငံ ေတာ္ အစိုးရမွ ျပည္သူ႔ဝန္ထမ္း မ်ားအတြက္ လစာႏွစ္လစာ အတိုးမဲ့ထုတ္ေခ်းမည္၊ တပ္မေတာ္သားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားလည္း အက်ဳံးဝင္

လာမည့္ ၂ဝ၂ဝ-၂၁ ဘ႑ာေရးႏွစ္တြင္ အျမဲတမ္းနို င္ငံ့ဝန္ထမ္းမ်ားကို လစာ ၂ လစာအတိုးမဲ့ ထုတ္ေခ်းသြားမည္ျဖစ္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မွုဝန္ႀကီးဌာနမွ သိရပါသည္။

COVID-19 ကူးစက္ျမန္ေရာဂါေၾကာင့္ ျဖစ္ေပၚလာနိုင္သည့္ သက္ေရာက္မွုမ်ားအေပၚ ကုစားနိုင္ေရးအတြက္ ေခ်းေငြမ်ားထုတ္ေခ်းေပးသြားမည္ျဖစ္ေၾကာင္း သိရပါသည္။

”ကိုဗစ္ကာလအတြက္ နိုင္ငံ့ဝန္ထမ္းေတြကို လစာႏွစ္လစာႀကိဳတင္ထုတ္ ေခ်းေပးမယ္ဆိုတာ ဟုတ္ပါတယ္။

တနိုင္ငံလုံးအတိုင္း အတာနဲ႔ အျမဲတမ္းနိုင္ငံ့ဝန္ထမ္းကေတာ့ တသန္းနီးပါး ေလာက္ေတာ့ရွိတယ္ေပါ့။ ခန႔္မွန္းေျခေပါ့။ အတိအက်ကေတာ့ ဌာနဆိုင္ရာေတြကေန စာရင္းေတြတက္လာမွာပါ”ဟု

စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မွုဝန္ႀကီးဌာန ဒုတိယအျမဲတမ္းအတြင္းဦးဝင္းထို က္က ေျပာသည္ ဟုဆို။

အဆိုပါေခ်းေငြမ်ားကို နိုင္ငံ့ဝန္ထမ္း (အျမဲတမ္း) မ်ားအတြက္ ထုတ္ေခ်းေပးမည္ျဖစ္သည့္အတြက္ တပ္မေတာ္သား၊ ရဲတပ္ဖြဲ႕ဝင္မ်ားလည္း အက်ဳံးဝင္ေၾကာင္း

လက္ရွိအခ်ိန္တြင္ နိုင္ငံဝန္ထမ္းမ်ား၏ စာရင္းကို သက္ဆိုင္ရာဌာနမ်ားက စာရင္းျပဳစုေနေၾကာင္း၊ အတိုးမဲ့ေခ်းေငြအျဖင့္ ဆိုင္းငံကာလ ၆ လ၊ ျပန္ဆပ္ ကာလတႏွစ္သတ္မွတ္၍

ထုတ္ေခ်းေပးသြားမည္ျဖစ္ေၾကာင္း ၎ကေျပာ သည္။

အျမဲတမ္းနိုင္ငံ့ဝန္ထမ္းမ်ား၏ ရာထူးအလိုက္ ဦးေရႏွင့္ အမွန္လိုအပ္ေငြစာရင္းကို ျပည္ေထာင္စု အဆင့္ဌာန၊ အဖြဲ႕အစည္းမ်ားသည္

ရသုံးမွန္းေျခေငြစာရင္း ဦးစီးဌာန (႐ုံးခ်ဳပ္) သို့လည္းေကာင္း၊ ျပည္နယ္၊ တိုင္းေဒသႀကီးအဆင့္ဌာန၊ အဖြဲ႕အစည္းမ်ားအေနျဖင့္ သက္ဆိုင္ရာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္ရသုံးမွန္းေျခေငြ

စာရင္းဦးစီးဌာနအသီးသီးသို့လည္းေကာင္း စက္တင္ဘာ ၄ ရက္ေန႔ ေနာက္ဆုံးထားၿပီး ေပးပို့သြားရမည္ျဖစ္ေၾကာင္း သိရသည္။

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ရသုံးမွန္းေျခေငြစာရင္း ဦးစီးဌာနအသီးသီးအေနျဖင့္လည္း အဆိုပါ အျမဲတမ္းနိုင္ငံ့ ဝန္ထမ္းစာရင္းမ်ားကို

စုစည္းေပါင္းခ်ဳပ္ကာ တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရအဖြဲ႕သို့ တင္ျပအတည္ျပဳခ်က္ရယူ၍ ရသုံးမွန္းေျခေငြစာရင္းဦးစီးဌာန(႐ုံးခ်ဳပ္)သို့ စက္တင္ဘာ ၁၁ ရက္

အေရာက္ေပးပို့ရမည္ျဖစ္ကာ အဆိုပါအမွန္တကယ္ လိုအပ္ေငြမ်ားကို သက္ဆို င္ရာဌာန၊ အဖြဲ႕အစည္း မ်ားအလိုက္

၂ဝ၂ဝ-၂၁ ဘ႑ာေရးႏွစ္ ျပည္ေထာင္စုႏွင့္တိုင္းေဒသႀကီး၊ ျပည္နယ္ဘ႑ာရန္ပုံေငြႏွင့္ ဆက္စပ္ေဆာင္ရြက္ေသာေႂကြးၿမီ၊ အပ္ေငြ၊ ယာယီ စသည္မ်ားစာရင္းတြင္

လ်ာထားေပးသြားမည္ျဖစ္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မွုဝန္ႀကီးဌာနမွ သိရပါသည္။

TCM

News Watch

Unicode

နိုင်ငံ တော် အစိုးရမှ ပြည်သူ့ဝန်ထမ်း များအတွက် လစာနှစ်လစာ အတိုးမဲ့ထုတ်ချေးမည်၊ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များလည်း အကျုံးဝင်

လာမည့် ၂ဝ၂ဝ-၂၁ ဘဏ္ဍာရေးနှစ်တွင် အမြဲတမ်းနို င်ငံ့ဝန်ထမ်းများကို လစာ ၂ လစာအတိုးမဲ့ ထုတ်ချေးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရပါသည်။

COVID-19 ကူးစက်မြန်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် ချေးငွေများထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

”ကိုဗစ်ကာလအတွက် နိုင်ငံ့ဝန်ထမ်းတွေကို လစာနှစ်လစာကြိုတင်ထုတ် ချေးပေးမယ်ဆိုတာ ဟုတ်ပါတယ်။

တနိုင်ငံလုံးအတိုင်း အတာနဲ့ အမြဲတမ်းနိုင်ငံ့ဝန်ထမ်းကတော့ တသန်းနီးပါး လောက်တော့ရှိတယ်ပေါ့။ ခန့်မှန်းခြေပေါ့။ အတိအကျကတော့ ဌာနဆိုင်ရာတွေကနေ စာရင်းတွေတက်လာမှာပါ”ဟု

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဦးဝင်းထို က်က ပြောသည် ဟုဆို။

အဆိုပါချေးငွေများကို နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များအတွက် ထုတ်ချေးပေးမည်ဖြစ်သည့်အတွက် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များလည်း အကျုံးဝင်ကြောင်း

လက်ရှိအချိန်တွင် နိုင်ငံဝန်ထမ်းများ၏ စာရင်းကို သက်ဆိုင်ရာဌာနများက စာရင်းပြုစုနေကြောင်း၊ အတိုးမဲ့ချေးငွေအဖြင့် ဆိုင်းငံကာလ ၆ လ၊ ပြန်ဆပ် ကာလတနှစ်သတ်မှတ်၍

ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြော သည်။

အမြဲတမ်းနိုင်ငံ့ဝန်ထမ်းများ၏ ရာထူးအလိုက် ဦးရေနှင့် အမှန်လိုအပ်ငွေစာရင်းကို ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများသည်

ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန (ရုံးချုပ်) သို့လည်းကောင်း၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရသုံးမှန်းခြေငွေ

စာရင်းဦးစီးဌာနအသီးသီးသို့လည်းကောင်း စက်တင်ဘာ ၄ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့သွားရမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနအသီးသီးအနေဖြင့်လည်း အဆိုပါ အမြဲတမ်းနိုင်ငံ့ ဝန်ထမ်းစာရင်းများကို

စုစည်းပေါင်းချုပ်ကာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူ၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရုံးချုပ်)သို့ စက်တင်ဘာ ၁၁ ရက်

အရောက်ပေးပို့ရမည်ဖြစ်ကာ အဆိုပါအမှန်တကယ် လိုအပ်ငွေများကို သက်ဆို င်ရာဌာန၊ အဖွဲ့အစည်း များအလိုက်

၂ဝ၂ဝ-၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သောကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည်များစာရင်းတွင်

လျာထားပေးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရပါသည်။

TCM

News Watch

Be the first to comment

Leave a Reply

Your email address will not be published.


*