၀မ္းခ်ဳပ္သူ၊ဓမၼတာ မမွန္သူမ်ားအတြက္

ရွားေစာင္းလ က္ပက္ ခ်က္ေဆး

က်မကိုယ္တိုင္ ရွားေစာင္းလက္ပက္ ခ်က္ေဆးေဖာ္စားပီး ရ လာဒ္ေကာင္းေတြရွိတာမို႔ ခ်က္ေဆးေဖာ္နည္း တင္ေပးလိုက္ပါတယ္။

တစ္ေန႔ လဖက္စားဇြန္း ၁ ဇြန္း ပံုမွန္စားေပးမယ္ဆိုရင္ ဆီး ဝမ္း ေသြး ေလ အတြက္ အထူးသင့္ေလွ်ာ္ပါတယ္။

ဓမၼတာ မမွန္ေသာ အမ်ိဳးသမီးမ်ားအတြက္ ခ်က္ေဆးစားပီး တစ္လအတြင္း သိသာပါလိမ့္မယ္။

ဆီးေအာင့္တဲ့အခါရွားေစာင္းလက္ပက္ခ်က္ေဆး စစ္စ စ္ ( သို႔ )ခ်က္ေဆးမရွိက အတြင္းသား ဂ်ယ္လီကိုျခစ္ပီး ပ်ားရည္နဲ႔ စားသံုးေပးပါ။

အူလမ္းေၾကာင္းကို ရွင္းေပးတာမို႔ဝမ္းခ်ဳပ္သူမ်ားအတြက္လည္း အထူးသင့္ေလွ်ာ္ပါတယ္။

ဝမ္းခ်ဳပ္သူမ်ားအတြက္ေတာ့ ဝမ္းခ်ဳပ္တဲ့ရက္ေတြမွာလဖက္စားဇြန္း ၂ ဇြန္း ( သို႔ ) ၃ ဇြန္း စားေပးပါ။ေလပုပ္မ်ားနဲ႔ ဝမ္းပုပ္မ်ား သြားပါလိမ့္မယ့္။

ခုကေတာ့ ရွားေစာင္းလက္ပက္ ၁၀ ပိႆာလုပ္တာမို႔က်မ မႀကိတ္ႏိုင္ေတာ့ မထူ မပါးလွီးပီး လုပ္ပါတယ္။

ႀကိတ္ပီးလုပ္ရင္လည္း အဆင္ေျပပါတယ္။ကဲ ဒီေလာက္ဆိုရင္ေတာ့ ရပါပီ။

ပါဝင္ပစၥည္းမ်ား

၁- ရွားေစာင္းလက္ပက္ ၁၀ ပိႆာ

၂- မက်ီးႏွစ္ ၅၀ သား

၃- ပ်ားရည္ စစ္စစ္ ၂ လီတာ

၄- ထညက္ရည္ ၁ ပိႆာ

၅- စမံုမ်ိဳး ၅ ပါး ၂ က်ပ္သား

ပထမဦးစြာ ရွားေစာင္းလက္ပင္မ်ားကို သဲစင္ေနေအာင္ တခုခ်င္း စိတ္ရွ ည္ရွည္နဲ႔ ေသခ်ာေဆးေၾကာရပါမယ္။

အေစ့ထုတ္ပီးသား မက်ီးသီးဖပ္မ်ားကို သဲမေျပာင္မခ်င္း ေရသယ့္ေဆးပီး လံုးဝသဲစင္သြားမွေရစိမ္ေပးထားပါ။

အသင့္ထည့္ရန္ ပ်ားရည္စစ္စစ္ ျပင္ထားပါ။ ထညက္ကို ပ်စ္ပ်စ္ေလးက်ိဳပီးပီးခ်င္း

ေရစစ္နဲ႔စစ္၍ ခဏ အနည္ထိုင္ထားပါ။ပီးမွ ေအာက္ေျခမွ အမႈန္ေလးမ်ားမပါေအာင္ျဖည္းညင္းစြာ သြန္ထည့္ထားေပးပါ။စမံုမ်ိဳးငါးပါးကို ေနပူလွန္းပီး ေထာင္းထားေပးပါ။

ပါဝင္ပစၥည္း ၅ မ်ိဳး အသင့္ျဖစ္ပီမို႔ စ ခ်က္ၾကရေအာင္။

၁- ရွားေစာင္းလက္ပက္ ေဘးဖက္ စူးမ်ားကိုဓါးပါးေလးနဲ႔ လွီးထုတ္ေပးပီးမထူမပါး အတံုးငယ္ေလးမ်ားတံုး၍ ခ်က္ေဆးခ်က္မယ့္ အိုးႀကီးထဲ တခါတည္းထည့္ထားပါ။

ႀကိတ္ႏိုင္ရင္လည္း ႀကိတ္ေပးပါ။က်မကေတာ့ အမ်ားႀကီး လုပ္တာမို႔ မႀကိတ္ႏိုင္လို႔ပါ။ေနာက္ဆံုးက်ရင္ေတာ့ အရသာေရာ အာနိသင္ေရာ အတူတူပါပဲ။

ပီးရင္ေတာ့ တေနကုန္က်ိဳရမွာျဖစ္လို႔မီးေသြးမီးဖိုနဲ႕ က်ိဳရပါမယ္။က်ိဳရင္း က်ိဳရင္းနဲ႔ အေရာင္ေတြ တျဖည္းျဖည္း ႏြမ္းလာပီးအရည္ေတြ ထြက္လာပါလိမ့္မယ္။

၂- ထိုအခါက်မွ ပထမဆံုး

သန္႔စင္ပီးသား မက်ီးသီးဖပ္မ်ားကို ထည့္လိုက္ပါ။မက်ီးသီးကို အႏွစ္တို က္ပီး ထည့္ရင္လည္း ရပါတယ္။

၃- ၎ေနာက္ ပ်ားရည္ထည့္ေပးပါ။

၄- ပီးရင္ ထညက္ရည္ ထပ္ထည့္ေပးပါ။

ထညက္ရည္ထည့္ပီးရင္ေတာ့ သမေအာင္ေမႊေပးပီးက်မတို႔ တေနကုန္ ထိုင္ပီး စိတ္ရွည္ လက္ရွည္နဲ႔အရည္မ်ားခမ္းတဲ့အထိ ခ်က္ေဆးခ်က္ရပါေတာ့မယ္။

၅- အနံ႔ေတြေမႊးလာပီး ေမႊရတာ အေတာ္ေျခာက္လာရင္စမံုမ်ိဳး ၅ ပါး ထည့္ေမႊလို႔ ရပါပီ။

ဒါေပမယ္ လံုးဝ အိုးခ်လို႔ေတာ့ မရေသးပါဘူး။ခုခ်ိန္မွာ အိုးခ်လိုက္ရင္ မိႈလိုက္တတ္ပါတယ္။လံုးလံုးခဲခဲႀကီးနဲ႔ ေျခာက္ကပ္သြားတဲ့အထိ ထပ္ေမႊေပးပါ။

တေန႔တည္းက်ိဳရတာ ပင္ပန္းရင္ ဒီအေနအထားမွာအိုးခ်ပီး ေနာက္တစ္ေန႔မွ ထပ္ပီးက်ိဳလို႔လည္း ရပါတယ္။

လံုးဝကို ေျခာက္ေျခာက္ ကပ္ကပ္ လံုးလံုးခဲခဲေလးျဖစ္သြားပီ ဆိုရင္ေတာ့ ခ်က္ေဆးေဖာ္ျခင္း ေအာင္ျမင္စြာ ၿပီးဆံုးသြားပါပီ။

အေအးခံပီးမွ ေလလံု ဖန္ပုလင္းနဲ႔ထည့္ပီးတေန႔ကို လဖက္စားဇြန္း တစ္ဇြန္း မွီဝဲေပးပါ။

ရလာဒ္ကေတာ့ မိမိကို ယ္တိုင္ ခ်က္ေဆးေဖာ္ပီးစားဖူးတဲ့အခါ သိလာပါလိမ့္မယ္။

အားလံုးပဲ မိ မိအိမ္မွာ ခ်က္ေဆးေဖာ္စားႏိုင္ၾကရင္အတုအပ ကင္းစင္ပီး ရလာဒ္ေကာင္းေတြ ရရွိပါလိမ့္မယ္။

ေစတနာမ်ားစြာျဖင့္

ပဲခူး ေဒၚေထြးရီ

Unicode

ရှားစောင်းလ က်ပက် ချက်ဆေး

ကျမကိုယ်တိုင် ရှားစောင်းလက်ပက် ချက်ဆေးဖော်စားပီး ရ လာဒ်ကောင်းတွေရှိတာမို့ ချက်ဆေးဖော်နည်း တင်ပေးလိုက်ပါတယ်။

တစ်နေ့ လဖက်စားဇွန်း ၁ ဇွန်း ပုံမှန်စားပေးမယ်ဆိုရင် ဆီး ဝမ်း သွေး လေ အတွက် အထူးသင့်လျှော်ပါတယ်။

ဓမ္မတာ မမှန်သော အမျိုးသမီးများအတွက် ချက်ဆေးစားပီး တစ်လအတွင်း သိသာပါလိမ့်မယ်။

ဆီးအောင့်တဲ့အခါရှားစောင်းလက်ပက်ချက်ဆေး စစ်စ စ် ( သို့ )ချက်ဆေးမရှိက အတွင်းသား ဂျယ်လီကိုခြစ်ပီး ပျားရည်နဲ့ စားသုံးပေးပါ။

အူလမ်းကြောင်းကို ရှင်းပေးတာမို့ဝမ်းချုပ်သူများအတွက်လည်း အထူးသင့်လျှော်ပါတယ်။

ဝမ်းချုပ်သူများအတွက်တော့ ဝမ်းချုပ်တဲ့ရက်တွေမှာလဖက်စားဇွန်း ၂ ဇွန်း ( သို့ ) ၃ ဇွန်း စားပေးပါ။လေပုပ်များနဲ့ ဝမ်းပုပ်များ သွားပါလိမ့်မယ့်။

ခုကတော့ ရှားစောင်းလက်ပက် ၁၀ ပိဿာလုပ်တာမို့ကျမ မကြိတ်နိုင်တော့ မထူ မပါးလှီးပီး လုပ်ပါတယ်။

ကြိတ်ပီးလုပ်ရင်လည်း အဆင်ပြေပါတယ်။ကဲ ဒီလောက်ဆိုရင်တော့ ရပါပီ။

ပါဝင်ပစ္စည်းများ

၁- ရှားစောင်းလက်ပက် ၁၀ ပိဿာ

၂- မကျီးနှစ် ၅၀ သား

၃- ပျားရည် စစ်စစ် ၂ လီတာ

၄- ထညက်ရည် ၁ ပိဿာ

၅- စမုံမျိုး ၅ ပါး ၂ ကျပ်သား

ပထမဦးစွာ ရှားစောင်းလက်ပင်များကို သဲစင်နေအောင် တခုချင်း စိတ်ရှ ည်ရှည်နဲ့ သေချာဆေးကြောရပါမယ်။

အစေ့ထုတ်ပီးသား မကျီးသီးဖပ်များကို သဲမပြောင်မချင်း ရေသယ့်ဆေးပီး လုံးဝသဲစင်သွားမှရေစိမ်ပေးထားပါ။

အသင့်ထည့်ရန် ပျားရည်စစ်စစ် ပြင်ထားပါ။ ထညက်ကို ပျစ်ပျစ်လေးကျိုပီးပီးချင်း

ရေစစ်နဲ့စစ်၍ ခဏ အနည်ထိုင်ထားပါ။ပီးမှ အောက်ခြေမှ အမှုန်လေးများမပါအောင်ဖြည်းညင်းစွာ သွန်ထည့်ထားပေးပါ။စမုံမျိုးငါးပါးကို နေပူလှန်းပီး ထောင်းထားပေးပါ။

ပါဝင်ပစ္စည်း ၅ မျိုး အသင့်ဖြစ်ပီမို့ စ ချက်ကြရအောင်။

၁- ရှားစောင်းလက်ပက် ဘေးဖက် စူးများကိုဓါးပါးလေးနဲ့ လှီးထုတ်ပေးပီးမထူမပါး အတုံးငယ်လေးများတုံး၍ ချက်ဆေးချက်မယ့် အိုးကြီးထဲ တခါတည်းထည့်ထားပါ။

ကြိတ်နိုင်ရင်လည်း ကြိတ်ပေးပါ။ကျမကတော့ အများကြီး လုပ်တာမို့ မကြိတ်နိုင်လို့ပါ။နောက်ဆုံးကျရင်တော့ အရသာရော အာနိသင်ရော အတူတူပါပဲ။

ပီးရင်တော့ တနေကုန်ကျိုရမှာဖြစ်လို့မီးသွေးမီးဖိုနဲ့ ကျိုရပါမယ်။ကျိုရင်း ကျိုရင်းနဲ့ အရောင်တွေ တဖြည်းဖြည်း နွမ်းလာပီးအရည်တွေ ထွက်လာပါလိမ့်မယ်။

၂- ထိုအခါကျမှ ပထမဆုံး

သန့်စင်ပီးသား မကျီးသီးဖပ်များကို ထည့်လိုက်ပါ။မကျီးသီးကို အနှစ်တို က်ပီး ထည့်ရင်လည်း ရပါတယ်။

၃- ၎င်းနောက် ပျားရည်ထည့်ပေးပါ။

၄- ပီးရင် ထညက်ရည် ထပ်ထည့်ပေးပါ။

ထညက်ရည်ထည့်ပီးရင်တော့ သမအောင်မွှေပေးပီးကျမတို့ တနေကုန် ထိုင်ပီး စိတ်ရှည် လက်ရှည်နဲ့အရည်များခမ်းတဲ့အထိ ချက်ဆေးချက်ရပါတော့မယ်။

၅- အနံ့တွေမွှေးလာပီး မွှေရတာ အတော်ခြောက်လာရင်စမုံမျိုး ၅ ပါး ထည့်မွှေလို့ ရပါပီ။

ဒါပေမယ် လုံးဝ အိုးချလို့တော့ မရသေးပါဘူး။ခုချိန်မှာ အိုးချလိုက်ရင် မှိုလိုက်တတ်ပါတယ်။လုံးလုံးခဲခဲကြီးနဲ့ ခြောက်ကပ်သွားတဲ့အထိ ထပ်မွှေပေးပါ။

တနေ့တည်းကျိုရတာ ပင်ပန်းရင် ဒီအနေအထားမှာအိုးချပီး နောက်တစ်နေ့မှ ထပ်ပီးကျိုလို့လည်း ရပါတယ်။

လုံးဝကို ခြောက်ခြောက် ကပ်ကပ် လုံးလုံးခဲခဲလေးဖြစ်သွားပီ ဆိုရင်တော့ ချက်ဆေးဖော်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပီ။

အအေးခံပီးမှ လေလုံ ဖန်ပုလင်းနဲ့ထည့်ပီးတနေ့ကို လဖက်စားဇွန်း တစ်ဇွန်း မှီဝဲပေးပါ။

ရလာဒ်ကတော့ မိမိကို ယ်တိုင် ချက်ဆေးဖော်ပီးစားဖူးတဲ့အခါ သိလာပါလိမ့်မယ်။

အားလုံးပဲ မိ မိအိမ်မှာ ချက်ဆေးဖော်စားနိုင်ကြရင်အတုအပ ကင်းစင်ပီး ရလာဒ်ကောင်းတွေ ရရှိပါလိမ့်မယ်။

စေတနာများစွာဖြင့်

ပဲခူး ဒေါ်ထွေးရီ

Be the first to comment

Leave a Reply

Your email address will not be published.


*