ပါေ မာကၡခ်ဳပ္ ဆရာေတာ္ဘုရားႀကီး၏ ဩဝါဒ
ကပ္ဆိုက္တဲ့ အခါ –
( 1 ) ငါးပါးသီလ ျမဲျခင္း
( 2 ) အသားငါး စားသုံးမူ႔နည္းျခင္း
( 3 )ပရိတ္ရြတ္ပုံေနရာ က်ျခင္း တို့ဟာ
ကပ္ေဘးကို အေကာင္းဆုံးကာကြယ္ျခင္းပဲတဲ့ …ကပ္ဆိုက္တယ္ ဆိုတာ လူသားေတြ ေလာဘ , ေဒါသ , ေမာဟေတြ မ်ားလို့သဘာဝတရားႀကီးက ရပ္တန္႔သြားေအာင္ ပညာေပးတာ …
ငါးပါးသီလ လုံျခဳံေအာင္ ေစာင့္ထိမ္းျခင္းရဲ့ အက်ိဳးကို သိပၸံကိရိယာေတြနဲ႔တိုင္းလို့မရဘူး …
ကမၻာေလာကဓါတ္ႀကီးဟာသတၱဝါေတြရဲ့ ကံတရားအတိုင္း ျဖစ္တည္ေနတာ …ဘုရားရွင္ေတြ မပြင့္တဲ့ အခ်ိန္ သာသနာပကာလမွာလည္း
လူသားေတြ ငါးပါးသီလ လုံျခဳံၾကလို့ နတ္ေကာင္း နတ္ျမတ္ေတြ ဝဠာဟာက ဆိုတဲ့ ရာသီဥတုကို ေစာင့္ၾကပ္တဲ့နတ္ေတြ ေစာင့္ၾကပ္ေပးၾကတယ္ …
အဲဒီ အခါမ်ိဳးမွာ ဥတုမွန္ၿပီး တိုင္းသူျပည္သားေတြ လယ္ယာေျမလုပ္ကိုင္စားေသာက္ရတာ ေကာင္းမြန္တယ္ …
အဲဒီအတြက္ အငတ္ေဘး မဆိုက္ဘူး …လူသားေတြ သီလပ်က္ၿပီ ဆိုရင္ ဝဠာဟာကနတ္ေတြဟာ သြားျမဲလမ္းက မသြားပဲတျခားလမ္းက သြားတယ္
အဲဒီအတြက္ ဥတုေတြ ေဖါက္ျပန္တယ္ …လူသားေတြ ဥတုမမွန္ေတာ့ လုပ္ကိုင္စားေသာက္ရတာ ခက္ခဲကုန္တယ္ …
ေျပာခ်င္တာက ငါးပါးသီလ ေစာင့္ထိန္းတဲ့ အက်ိဴးဟာ နည္းနည္းေနာေနာမဟုတ္ဘူး …မျမင္ရတဲ့ နတ္ေကာင္းနတ္ျမတ္ေတြ ေစာင့္ေရွာက္တာခံရတယ္ …
ဒီသေဘာေတြကို ဖန္ဆင္းရွင္က ဖန္ဆင္းလို့ အရာရာျဖစ္တာဆိုတဲ့ သူေတြ ဘယ္လို လက္ခံမလဲ
ဒါက လြဲေခ်ာ္မွု ❝ နံပါတ္တစ္ ❞ ပါ …❝ နံပါတ္ႏွစ္ ❞အသားငါး စားသုံးမွု နည္းျခင္းဟာ ကပ္ေဘးကို ကာကြယ္ေစတယ္ ဆိုတာ ဒီေန႔ေတာ္ေတာ္မ်ားမ်ား လက္ခံနိုင္မွာ မဟုတ္ဘူး …
ေရာဂါပိုး ဆိုတာ ကိုယ္ခံအားေကာင္းမွ ခံနိုင္တာ အသားငါး မစားရင္ကိုယ္ခံအား မေကာင္းဘူး လို့လက္ခံထားသူေတြဟာ ပိုမ်ားေနလိမ့္မယ္ …
ကိုယ္ေစာင့္နတ္ သာသနာေစာင့္နတ္နဲ႔ မိမိနဲ႔ပဌာန္းဆက္ပါတဲ့ ပုဂၢိဳလ္ေတြဟာ ပ်က္စီးေတာ့မယ့္ အေၾကာင္းအရာေတြအတြက္ ႀကိဳတင္ၿပီး သတိေပးခ်င္တယ္ …
အသားငါး စားထားသူေတြ ဆိုရင္သူတို့ အနားကပ္လို႔မရဘူး …အသားငါး စားထားသူဟာ
အနံ့အသက္ မေကာင္းဘူး အိမ္မက္ေပးဖို့မလြယ္ဘူး နိမိတ္ေတြျပဖို့ ခက္ခဲတယ္
အသားငါး မစားျခင္းရဲ့ ေနာက္တမ်ိဳး ရလဒ္က တိရစၧာန္ေတြအေပၚ ေမတၱာဓါတ္ ပိုၿပီးသက္ေရာက္ေစတယ္ …
အထူးသျဖင့္ တျခားသတၱဝါေတြရဲ့ အကုသိုလ္ကံေတြေၾကာင့္ ကိုယ္ပါေရာပါသြားတတ္တဲ့ သေဘာရွိတယ္ …
ဒါကို ကိုယ္ေစာင့္နတ္ေတြက သိၿပီး သတိေပးခ်င္တယ္ …ဒါေပမယ့္ သူတို့အနားကပ္လို႔က မရဘူး …
အဲဒီသေဘာေၾကာင့္ အသားငါး ေလ်ာ့ျခင္းဟာ ကပ္ေဘးကို ေလ်ာ့ပါးေစတယ္လို့ေျပာတာ ဒါက လြဲေခ်ာ္မွု ❝ နံပါတ္ ႏွစ္ ❞
❝ နံပါတ္သုံးက ❞ပရိတ္ရြတ္ပုံ ေနရာက်ျခင္း ဆိုတာကေတာ့ တျခားဘာသာေတြ အတြက္ ယုံၾကည္မွုမရွိတဲ့ အတြက္ ပရိတ္က အရံအတား မျဖစ္ေစဘူး …ပရိတ္ရြတ္တဲ့ အခါ
ဘုရားရွင္ရဲ့ တရားေတာ္ျမတ္ရဲ့ အရွိန္အဝါဟာ ျဖည့္ဆည္းခဲ့တဲ့ ပါရမီေတာ္ေၾကာင့္စၾကၤာဝဠာတိုက္တစ္ေသာင္းထိ ၾသဇာအာဏာ သက္ေရာက္တယ္ …
ကပ္ေဘးေၾကာင့္ လူေတြ ေသၾကတယ္ အဲဒီ ေသတဲ့ သူေတြကို ညအခါ ဘီလူး , ေျမဘုတ္ , ၿပိတၱာေတြက လုယူစားေသာက္ၾကတယ္။
ဒါေတြကို ပကတိ မ်က္စိနဲ႔မျမင္နိုင္ၾကေတာ့ မယုံၾကည္ၾကဘူး။
ပရိတ္ရြတ္တဲ့ အခါ ပရိတ္ရဲ့ ၾသဇာ ရြတ္ဖန္သူရဲ့ သီလ , သမာဓိ , ပညာေၾကာင့္ ဘီလူးေတြ ၿပိတၱာေတြဟာ ေၾကာက္လန္႔ၿပီး ထြက္ေျပးၾကတယ္။
ကပ္ေဘး ျဖစ္ခ်ိန္မွာ အမႏုႆ လို့ေခၚတဲ့ သူတို့ေတြဟာ လူေတြကို မူးေဝေအာင္လုပ္ၾကတယ္။
ပူးကပ္ၿပီး လူ႔ေလာကကို အနိ႒ာ႐ုံေတြျဖစ္ေအာင္ ႀကိဳးစားၾကတယ္။ပရိတ္ရြတ္ဖတ္ျခင္းႏွင့္ ပရိတ္ေရဖ်န္းျခင္းေၾကာင့္ ဘီလူးေတြ ထြက္ေျပးရေၾကာင္း ဘုရားရွင္လက္ထက္က ကပ္ေဘးမွာျဖစ္ခဲ့ဘူးတာပဲ။
ပရိတ္ အစြမ္းထက္ဖို့
အသံထြက္ မွန္ရမယ္ ယုံၾကည္ရမယ္ ကံႀကီးထိုက္သူမျဖစ္ေစရ ဆိုတဲ့ အဂၤါသုံခ်က္နဲ႔ ညီရတယ္တဲ့ …
ဒါ့ေၾကာင့္ လယ္တီဆရာေတာ္ႀကီးက ပရိတ္ရြတ္ပုံေနရာ က်ရမယ္လို့ ေျပာခဲ့တာပါ။
ဒီသေဘာေတြကေတာ့ ဗုဒၶဘာသာဝင္ေတြပဲ သိတယ္ သိတာေတာင္ မယုံၾကည္တဲ့သူက မ်ားတယ္ဒါက လြဲေခ်ာ္မူ႔ ❝ နံပါတ္ သုံး ❞ ပါပဲ။
အခုေတာ့လက္ေဆးၾက , အျပင္မထြက္ၾကနဲ႔ ဆိုတဲ့မ်က္ျမင္သေဘာ ကာကြယ္မူ႔ေတြပဲတစ္ကမၻာလုံး လုပ္ေနၾကတယ္။
မ်က္ျမင္သေဘာနဲ႔လည္း ကာကြယ္ရမယ္ မျ မင္နိုင္တဲ့ သေဘာေတြနဲ႔လည္းအခုတင္ျပခဲ့တဲ့အတိုင္း ကာကြယ္ၾကမယ္ ဆိုရင္ ျမန္မာျပည္သူေတြ ကပ္ေဘးကေနပိုၿပီး လြတ္နိုင္ၾကပါလိမ့္မယ္။
ဒီသေဘာေတြကေတာ့ဗုဒၶဘာသာဝင္ေတြအတြက္ကပ္ေဘးက လြတ္ေျမာက္ေစနိုင္တဲ့ အထူးအခြင့္အေရးဆိုတာ မေမ့ၾကပါေစနဲ႔… ။
ပါခ်ဳပ္ဆရာေတာ္ၾကီး
Unicode
ပါေ မာက္ခချုပ် ဆရာတော်ဘုရားကြီး၏ ဩဝါဒ
ကပ်ဆိုက်တဲ့ အခါ –
( 1 ) ငါးပါးသီလ မြဲခြင်း
( 2 ) အသားငါး စားသုံးမူ့နည်းခြင်း
( 3 )ပရိတ်ရွတ်ပုံနေရာ ကျခြင်း တို့ဟာ
ကပ်ဘေးကို အကောင်းဆုံးကာကွယ်ခြင်းပဲတဲ့ …ကပ်ဆိုက်တယ် ဆိုတာ လူသားတွေ လောဘ , ဒေါသ , မောဟတွေ များလို့သဘာဝတရားကြီးက ရပ်တန့်သွားအောင် ပညာပေးတာ …
ငါးပါးသီလ လုံခြုံအောင် စောင့်ထိမ်းခြင်းရဲ့ အကျိုးကို သိပ္ပံကိရိယာတွေနဲ့တိုင်းလို့မရဘူး …
ကမ္ဘာလောကဓါတ်ကြီးဟာသတ္တဝါတွေရဲ့ ကံတရားအတိုင်း ဖြစ်တည်နေတာ …ဘုရားရှင်တွေ မပွင့်တဲ့ အချိန် သာသနာပကာလမှာလည်း
လူသားတွေ ငါးပါးသီလ လုံခြုံကြလို့ နတ်ကောင်း နတ်မြတ်တွေ ဝဠာဟာက ဆိုတဲ့ ရာသီဥတုကို စောင့်ကြပ်တဲ့နတ်တွေ စောင့်ကြပ်ပေးကြတယ် …
အဲဒီ အခါမျိုးမှာ ဥတုမှန်ပြီး တိုင်းသူပြည်သားတွေ လယ်ယာမြေလုပ်ကိုင်စားသောက်ရတာ ကောင်းမွန်တယ် …
အဲဒီအတွက် အငတ်ဘေး မဆိုက်ဘူး …လူသားတွေ သီလပျက်ပြီ ဆိုရင် ဝဠာဟာကနတ်တွေဟာ သွားမြဲလမ်းက မသွားပဲတခြားလမ်းက သွားတယ်
အဲဒီအတွက် ဥတုတွေ ဖေါက်ပြန်တယ် …လူသားတွေ ဥတုမမှန်တော့ လုပ်ကိုင်စားသောက်ရတာ ခက်ခဲကုန်တယ် …
ပြောချင်တာက ငါးပါးသီလ စောင့်ထိန်းတဲ့ အကျိူးဟာ နည်းနည်းနောနောမဟုတ်ဘူး …မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်တာခံရတယ် …
ဒီသဘောတွေကို ဖန်ဆင်းရှင်က ဖန်ဆင်းလို့ အရာရာဖြစ်တာဆိုတဲ့ သူတွေ ဘယ်လို လက်ခံမလဲ
ဒါက လွဲချော်မှု ❝ နံပါတ်တစ် ❞ ပါ …❝ နံပါတ်နှစ် ❞အသားငါး စားသုံးမှု နည်းခြင်းဟာ ကပ်ဘေးကို ကာကွယ်စေတယ် ဆိုတာ ဒီနေ့တော်တော်များများ လက်ခံနိုင်မှာ မဟုတ်ဘူး …
ရောဂါပိုး ဆိုတာ ကိုယ်ခံအားကောင်းမှ ခံနိုင်တာ အသားငါး မစားရင်ကိုယ်ခံအား မကောင်းဘူး လို့လက်ခံထားသူတွေဟာ ပိုများနေလိမ့်မယ် …
ကိုယ်စောင့်နတ် သာသနာစောင့်နတ်နဲ့ မိမိနဲ့ပဌာန်းဆက်ပါတဲ့ ပုဂ္ဂိုလ်တွေဟာ ပျက်စီးတော့မယ့် အကြောင်းအရာတွေအတွက် ကြိုတင်ပြီး သတိပေးချင်တယ် …
အသားငါး စားထားသူတွေ ဆိုရင်သူတို့ အနားကပ်လို့မရဘူး …အသားငါး စားထားသူဟာ
အနံ့အသက် မကောင်းဘူး အိမ်မက်ပေးဖို့မလွယ်ဘူး နိမိတ်တွေပြဖို့ ခက်ခဲတယ်
အသားငါး မစားခြင်းရဲ့ နောက်တမျိုး ရလဒ်က တိရစ္ဆာန်တွေအပေါ် မေတ္တာဓါတ် ပိုပြီးသက်ရောက်စေတယ် …
အထူးသဖြင့် တခြားသတ္တဝါတွေရဲ့ အကုသိုလ်ကံတွေကြောင့် ကိုယ်ပါရောပါသွားတတ်တဲ့ သဘောရှိတယ် …
ဒါကို ကိုယ်စောင့်နတ်တွေက သိပြီး သတိပေးချင်တယ် …ဒါပေမယ့် သူတို့အနားကပ်လို့က မရဘူး …
အဲဒီသဘောကြောင့် အသားငါး လျော့ခြင်းဟာ ကပ်ဘေးကို လျော့ပါးစေတယ်လို့ပြောတာ ဒါက လွဲချော်မှု ❝ နံပါတ် နှစ် ❞
❝ နံပါတ်သုံးက ❞ပရိတ်ရွတ်ပုံ နေရာကျခြင်း ဆိုတာကတော့ တခြားဘာသာတွေ အတွက် ယုံကြည်မှုမရှိတဲ့ အတွက် ပရိတ်က အရံအတား မဖြစ်စေဘူး …ပရိတ်ရွတ်တဲ့ အခါ
ဘုရားရှင်ရဲ့ တရားတော်မြတ်ရဲ့ အရှိန်အဝါဟာ ဖြည့်ဆည်းခဲ့တဲ့ ပါရမီတော်ကြောင့်စင်္ကြာဝဠာတိုက်တစ်သောင်းထိ သြဇာအာဏာ သက်ရောက်တယ် …
ကပ်ဘေးကြောင့် လူတွေ သေကြတယ် အဲဒီ သေတဲ့ သူတွေကို ညအခါ ဘီလူး , မြေဘုတ် , ပြိတ္တာတွေက လုယူစားသောက်ကြတယ်။
ဒါတွေကို ပကတိ မျက်စိနဲ့မမြင်နိုင်ကြတော့ မယုံကြည်ကြဘူး။
ပရိတ်ရွတ်တဲ့ အခါ ပရိတ်ရဲ့ သြဇာ ရွတ်ဖန်သူရဲ့ သီလ , သမာဓိ , ပညာကြောင့် ဘီလူးတွေ ပြိတ္တာတွေဟာ ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။
ကပ်ဘေး ဖြစ်ချိန်မှာ အမနုဿ လို့ခေါ်တဲ့ သူတို့တွေဟာ လူတွေကို မူးဝေအောင်လုပ်ကြတယ်။
ပူးကပ်ပြီး လူ့လောကကို အနိဋ္ဌာရုံတွေဖြစ်အောင် ကြိုးစားကြတယ်။ပရိတ်ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေဖျန်းခြင်းကြောင့် ဘီလူးတွေ ထွက်ပြေးရကြောင်း ဘုရားရှင်လက်ထက်က ကပ်ဘေးမှာဖြစ်ခဲ့ဘူးတာပဲ။
ပရိတ် အစွမ်းထက်ဖို့
အသံထွက် မှန်ရမယ် ယုံကြည်ရမယ် ကံကြီးထိုက်သူမဖြစ်စေရ ဆိုတဲ့ အင်္ဂါသုံချက်နဲ့ ညီရတယ်တဲ့ …
ဒါ့ကြောင့် လယ်တီဆရာတော်ကြီးက ပရိတ်ရွတ်ပုံနေရာ ကျရမယ်လို့ ပြောခဲ့တာပါ။
ဒီသဘောတွေကတော့ ဗုဒ္ဓဘာသာဝင်တွေပဲ သိတယ် သိတာတောင် မယုံကြည်တဲ့သူက များတယ်ဒါက လွဲချော်မူ့ ❝ နံပါတ် သုံး ❞ ပါပဲ။
အခုတော့လက်ဆေးကြ , အပြင်မထွက်ကြနဲ့ ဆိုတဲ့မျက်မြင်သဘော ကာကွယ်မူ့တွေပဲတစ်ကမ္ဘာလုံး လုပ်နေကြတယ်။
မျက်မြင်သဘောနဲ့လည်း ကာကွယ်ရမယ် မြ မင်နိုင်တဲ့ သဘောတွေနဲ့လည်းအခုတင်ပြခဲ့တဲ့အတိုင်း ကာကွယ်ကြမယ် ဆိုရင် မြန်မာပြည်သူတွေ ကပ်ဘေးကနေပိုပြီး လွတ်နိုင်ကြပါလိမ့်မယ်။
ဒီသဘောတွေကတော့ဗုဒ္ဓဘာသာဝင်တွေအတွက်ကပ်ဘေးက လွတ်မြောက်စေနိုင်တဲ့ အထူးအခွင့်အရေးဆိုတာ မမေ့ကြပါစေနဲ့… ။
ပါချုပ်ဆရာတော်ကြီး