နား ႏွင္႔ပတ္သက္ေသာ အိမ္တြင္း ေဆးနည္းတိုေလးမ်ား

နားအေ ၾကာင္း

နားနဲ႔ပတ္သက္ၿပီး အျပဳလုပ္သင့္ေသာ အရာမ်ား

နားေတြမွာ သူ႔ဖာသာသန္႔စင္ေစျခင္းနဲ႔ သူ႔ဖာသာ ကာကြယ္ႏိုင္ျခင္းဆိုတဲ့ သဘာဝသတၱိရွိျပီးသားပါ။

နားဖာေခ်းက သဘာဝအရ နားကို စြတ္စိုေပးေသာအရာျဖစ္သည္။

ဒါေၾကာင့္ နားေတြကို မမွန္ကန္တဲ့နည္းေတြနဲ႔ သန္႔ရွင္းေဆးေၾကာမူ ျပဳလုပ္တဲ့အခါမွာ နားမွာထိခုိက္ ဒါဏ္ရာ ရျခင္းနဲ႔ နားတြင္းကူးစက္ပိုးဝင္ျခင္းဆိုတဲ့ျပႆနာေတြျဖစ္ႏိုင္ပါတယ္။

( ၁ ) အားတိုင္းနားမကေလာ္ပါနဲ႔

နားဖာေခ်းေတြဟာ နားနဲ႔သူ႔ဖာသာ သန္႔စင္ေစတဲ့ လုပ္ငန္းစဥ္ကို ေကာင္းေကာင္းအလုပ္ လုပ္ႏိုင္ေအာင္ ေဆာင္ရြက္ေပးပါတယ္ နားဖာေခ်းေတြဟာ ဆိုးဆိုးဝါးဝါး ပိတ္ဆို႔မေနရင္ ကေလာ္ၿပီး မဖယ္ရွားသင့္ပါဘူး။

အျပင္နားစည္အေရျပားရွိ ဂလင္းကေန ထုတ္ေပးေလ့ရွိတဲ့ နားဖာေခ်းေတြဟာ အေရးႀကီးတဲ့ လုပ္ငန္းေဆာင္တာေတြကို လုပ္ေဆာင္ေနပါတယ္။

နားစည္ရဲ႕ အေရျပားကို ကာကြယ္ဖုံးအုပ္ေပးျခင္း ေရကိုတြန္းထုတ္ျခင္းနဲ႔ နားတြင္းပိုးဝင္ျခင္းနဲ႔ ထိခိုက္ဒါဏ္ရာ မျဖစ္ေအာင္ ကာကြယ္ေပးျခင္း စသည္လုပ္ငန္းေတြအျပင္နားအတြင္း အေရျပား ေျခာက္ေသြ႕ယားယံျခင္း မျဖစ္ေအာင္ ထိန္းသိမ္းေပးပါတယ္။

ဒါ့ျပင္ နားဖာေခ်းဟာ ဖုန္နဲ႔ပိုးမႊားေတြကို နားစည္ထဲမေရာက္ေအာင္ သယ္ယူထားေပးပါတယ္၊ အမ်ားအားျဖင့္ နားဖားေခ်းဟာ သူ႔အလိုလို ထြက္သြားေလ့ရွိပါတယ္၊ဒါေပမယ့္

တခ်ဳိ႕လူေတြမွာေတာ့ အလိုလုိ ထြက္မသြားတဲ့အတြက္ နားဖာေခ်းကို ကေလာ္ၿပီးဖယ္ထုတ္ရတတ္ပါတယ္။

( ၂ ) နားစည္ထဲဘာမွမထည့္ပါနဲ႔

နားအတြင္းထဲကို ဝါဂြမ္းစ ကလစ္လို ခၽြန္တက္တဲ့ အရာေတြမထည့္ပါနဲ႔ နားအတြင္းထဲျပင္ပပစၥည္းထည့္တာဟာ နားစည္ရဲ႕ႏူးညံ့တဲ့ အေရျပားကို ထိခိုက္ပ်က္ဆီးေစသလိုအခန္႔မသင့္ရင္ နားစည္ကို ေပါက္ျပဲေစပါတယ္။

လူအမ်ားစုဟာ နားဖာေခ်းထြက္သြားေအာင္ နားထဲကိုျပင္ပပစၥည္းထည့္ၿပီး ကေလာ္ထုတ္တတ္ၾကပါတယ္ နားဖာေခ်း သိပ္မရွိပဲ ျပင္ပပစၥည္းဟာ နားစည္အထိေရာက္သြား

ရင္ နားကို မသက္မသာျဖစ္ေစကာ ယာယီနားမၾကားေတာ့တာမ်ဳိး ျဖစ္သြားတတ္ပါတယ္။

နားစည္အေရျပား ျခစ္မိျခင္းနဲ႔ နားဖာေခ်းဟာ နားစည္အတြင္းထဲထိ ေရာက္ရွိသြားျခင္းေတြေၾကာင့္ နားတြင္းကူးစက္ပိုးဝင္တဲ့ အႏၲရာယ္လည္းမ်ားပါတယ္။

( ၃ ) နားအတြင္းထဲမေဆးေၾကာပါနဲ႔

နားတြင္းအျပင္ဖက္ပိုင္းညစ္ပတ္ေနရင္ ဆပ္ျပာနဲ႔ေရစိုစြတ္ေနတဲ့အဝတ္နဲ႔ အဝတ္စသုံးၿပီး ေဆးေၾကာေပးပါ။ နားအတြင္းထဲကိုေတာ့ အဝတ္စ လက္ေခ်ာင္းနဲ႔ တျခားဘာမွထည့္ၿပီးေတာ့မေဆးေၾကာပါနဲ႔။

ကေလးရဲ႕နားကို ေဆးေၾကာသန္႔စင္ေဆးေပးခ် င္ရင္လည္း ဝါဂြမ္းစကို ဆပ္ျပာမပါတဲ့ေရထဲထည့္ၿပီး ေဆးေၾကာေပးလို႔ရပါတယ္ ဒါေပမဲ့ နားကို ေျခာက္ေသြ႕ေအာင္ျပန္ျပဳလုပ္ဖို႔ အေရးႀကီးပါတယ္။

ေရကူးတဲ့သူေတြမွာ နားေျခာက္ေသြ႕ေအာင္အထူးဂရုစိုက္ဖို႔လို႔ပါတယ္ အငယ္၍ နားတြင္ပိုးဝင္ၿပီး နာက်င္ေနရင္ေတာ့ ဆရာဝန္နဲ႔ျပပါ။

( ၄ ) နားထဲက ျပင္ပပစၥည္းကို အတင္းမဖယ္ရွားပါနဲ႔

လူႀကီးေတြေရာကေလးေတြပါနားထဲ ျပင္ပပစၥည္းဝင္ႏိုင္ပါတယ္။ လူႀကီးေတြမွာေတာ့ မေတာ္တဆ နားကပ္ကၽြတ္ၿပီး နားထဲဝင္သြားတာျဖစ္တတ္ျပီး ကေလးေတြကေတာ့စခ်င္ေႏွာက္ခ်င္စိတ္ စပ္စုလိုစိတ္နဲ႔ အျခားကေလးရဲ႕နားထဲ ဒါမွမဟုတ္ကိုယ့္နားထဲျပင္ပပစၥည္းထည့္တတ္ၾကပါတယ္။

ပဲေစ့လို ခဲဖ်က္လိုပစၥည္းေတြဆိုရင္ သူ႔အလိုလို ျပန္ထြက္သြားဖို႔ မလြယ္ပါဘူးအင္းဆက္ပိုးမႊားေတြလဲ နားထဲေရာက္ၿပီးပိတ္မိေနတာမ်ိဳး ရွိပါတယ္ အဲဒီအခ်ိန္မွာ

ကိုယ့္ဖာသာျပင္ပပစၥည္းကို ဖယ္ရွားဖို႔ မႀကိဳးစားပါနဲ႔ ဆရာဝန္ထံ ခ်က္ျခင္းသြားပါ။

ဆရာဝန္က နားထဲက ျပင္ပပစၥည္းကို အထူးကိရိယာနဲ႔ ဖယ္ရွားေပးမယ့္အျပင္ နားထဲမွာ ထိခိုက္ဒါဏ္ရာ ရွိ မရွိ ဆန္းစစ္ၾကည့္ရူကာ လိုအပ္သလို ကုသေပးပါလိမ့္မည္

( ၅ ) နားထဲနားဖားေခ်းအလြန္အကၽြံပိတ္ဆို႔ေနျခင္း

နားထဲနားဖာေခ်းအလြန္အမင္းပိတ္ဆို ႔ေနၿပီး ဖယ္ရွားဖို႔လိုတယ့္အေျခအေနေတြရွိပါတယ္ ဖယ္ရွားဖို႔လိုတယ့္ လကၡဏာရပ္ေတြကေတာ့ နား အၾကားအာရုံ ဆုံးရူံးျခင္း

နားကိုက္ျခင္း နားအူျခင္း နားထဲျပည့္ေနသလို ခံစားရျခင္း စတာေတြပဲျဖစ္ပါတယ္။

( ၆ ) ဝါဂြမ္းတံျဖင့္နားကေလာ္ျခင္းဆိုးက်ိဳး

ဝါဂြမ္းတံကို အသုံးျပဳျခင္းျဖင့္ အသံအိုးလို႔ေခၚတဲ့ ( Eardrum ) ထိခိုက္ႏိုင္ၿပီးမၾကာခဏ နားကိုက္တာ နားေယာင္ရမ္းတာ အနာျဖစ္ၿပီး ျပည္တည္တဲ့ အျပင္ အဆိုးဆုံး နားကန္းတဲ့အထိ ျဖစ္ေစႏိုင္ပါတယ္။

ခဏခဏနားကေလာ္ျခင္းကိုမလုပ္ပါနဲ႔အသံအိုးကိုထိခိုက္ေစအျကားအာရုံကိုထိခိုက္ေစနားကိုက္တာ နားေယာင္ယမ္းတာ နားအနာေျကာင့္ျပည္တည္တာျဖစ္ေစတယ္

ေဆးပညာရွင္မ်ားက ခဏခဏနားကေလာစရာမလိုပါေျကာင္း နားကန္းတတ္ပါတယ္။

( ၇ ) နားကေလာ္ျခင္း အႏၲရာယ္

နားသည္ သူ႔အလိုအေလ်ာက္ သန္႔ရွင္းေရးလုပ္သည္ – သန္႔ရွင္းေရး လုပ္ေပးရန္မလို -နားအတြင္းဂြမ္းကို ထိုးထည့္လိုက္လၽွင္ နားဖာေခ်းကို အတြင္းသို႔ ထိုးထည့္လိုက္သလို

ျဖစ္ၿပီး နားအတြင္းသို႔ဖိအားျဖစ္ေစၿပီး အၾကားအာရုံကို ဆုတ္ယုတ္ေစသည္။

နားဖာေခ်းမ်ား ကို နားအတြင္းတြင္ ထုတ္လုပ္ေပးၿပီး အျပင္ပိုင္းသို႔ သဘာဝအေလ်ာက္ တျဖည္းျဖည္း ေရာက္ရွိလာသည္ – အခ်ဳိ႕လူမ်ား နားဖာေခ်းက သာမန္ထက္မ်ားသည္

အခ်ဳိ႕အသက္ႀကီးသူမ်ား နားဖာေခ်းက ေျခာက္ေသြ႕ၿပီး ပုံ မွန္ထက္ ပိုမာသည္ – နားကေလာ္သည့္ ဂြမ္းတံနဲ႔ ေျဖရွင္းႏိုင္မည္မဟုတ္ပါ။

နားစည္အတြင္းရွိေနေသာ နားဖာေခ်းအစုလိုက္ကို နားစည္အတြင္း တြန္းလိုက္မိပါက နားစည္ ပ်က္စီး၍ နာက်င္ၿပီး နားေလးျခင္း ေရာဂါပိုးမ်ား ဝင္ေရာက္ၿပီး နားျပည္ယိုျခင္းျဖစ္ႏိုင္သည္။

နားအတြက္ အိမ္တြင္းေဆးနည္းတိုမ်ား

နားကိုက္ နားအူ နားျပည္ယို. နားယား နားေရာင္ျခင္းအတြက္

၁ – ၾကက္သြန္ျဖဴကို ထုေခ်ၿပီး အုန္းဆီနဲ႔ေရာ ေႏြးေႏြးေလးအပူေပးၿပီး နားအတြင္းသို႔အစက္ခ်ထည့္ေပးပါ။

၂ – ရွားေစာင္းလပ္ပပ္အတြင္းသားကိုျခစ္ယူၿပီး အရည္ညႇစ္ နာနာ ျပဳတ္ပါ ျပဳတ္ရည္ကိုနားထဲသို႔ အနည္းငယ္ ခပ္ေပးျခင္းျဖင့္ နားနာ နားကိုက္ နားယားျခင္းေပ်ာက္ေစသည္။

၃ – ပင္စိမ္းရြက္ကိုညႇစ္ သတၳဳရည္ကို ဇြန္းထဲထည့္ မီးအပူေပးထားသည့္ ခပ္ေႏြးေႏြးကို

၂ စက္ ၃ စက္ထည့္ေပးပါက နားအူ. နားကိုက္. နားျပည္ယို ေပ်ာက္သည္။

၄ – ဒန္႔ဒလြန္ေစ့ကို အမူန္႔လုပ္ အုန္းဆီနဲ႔ေရာ နားက်ပ္ေပးျခင္းျဖင့္ နားနာ. နားကိုက္ နားျပည္ယို ေပ်ာက္သည္။

၅ – ကင္းပုံရြက္ကိုညႇစ္ၿပီး ၄င္းသတၳဳရည္ကို ႏွမ္းဆီနဲ႔ေဖ်ာ္ နားတြင္းခပ္ပါက နားကိုက္ျခင္းကိုေပ်ာက္ေစသည္။

၆ – ဖလံေတာင္ေဝွးအခြံခြာ၍ အပူေပးၿပီး အရည္ညႇစ္ယူ နားထဲသို႔ ၂စက္ ၃စက္ခန္႔ထည့္ေပးပါက နားကိုက္ နားအူ နားယာ နားေရာင္ နားျပည္ယို ေပ်ာက္ေစသည္။

၇ – နားေလး. နားအူ. နားေလထြက္ နားျပည္ယိုျခင္းအတြက္ – ေၾကာင္လ်ာျမစ္ အမူန္႔ကို ႏွမ္းဆီနဲ႔ေရာ မီးနဲ႔ခ်က္ ခပ္ေႏြးေႏြေလးကို နာက်ပ္ေပးပါ။

၈ – နားေသြးထြက္ပါက – ေၾကာင္လ်ာသီးကိုမီးဖုတ္ သံပုရာရည္နဲ႔ေရာ ပြတ္လိမ္းေပးပါ။

၉ – နားေလထြက္ပါက – လူနာစိတ္ႀ ကိဳက္ ေၾကာင္လ်ာသီးႏုႏုကို သံပုရာရည္နဲ႔သုပ္ေကၽြးပါ။

နီနီေလး

Unicode

နားအေ ကြာင်း

နားနဲ့ပတ်သက်ပြီး အပြုလုပ်သင့်သော အရာများ

နားတွေမှာ သူ့ဖာသာသန့်စင်စေခြင်းနဲ့ သူ့ဖာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့ သဘာဝသတ္တိရှိပြီးသားပါ။

နားဖာချေးက သဘာဝအရ နားကို စွတ်စိုပေးသောအရာဖြစ်သည်။

ဒါကြောင့် နားတွေကို မမှန်ကန်တဲ့နည်းတွေနဲ့ သန့်ရှင်းဆေးကြောမူ ပြုလုပ်တဲ့အခါမှာ နားမှာထိခိုက် ဒါဏ်ရာ ရခြင်းနဲ့ နားတွင်းကူးစက်ပိုးဝင်ခြင်းဆိုတဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။

( ၁ ) အားတိုင်းနားမကလော်ပါနဲ့

နားဖာချေးတွေဟာ နားနဲ့သူ့ဖာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်းအလုပ် လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ် နားဖာချေးတွေဟာ ဆိုးဆိုးဝါးဝါး ပိတ်ဆို့မနေရင် ကလော်ပြီး မဖယ်ရှားသင့်ပါဘူး။

အပြင်နားစည်အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ရှိတဲ့ နားဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေပါတယ်။

နားစည်ရဲ့ အရေပြားကို ကာကွယ်ဖုံးအုပ်ပေးခြင်း ရေကိုတွန်းထုတ်ခြင်းနဲ့ နားတွင်းပိုးဝင်ခြင်းနဲ့ ထိခိုက်ဒါဏ်ရာ မဖြစ်အောင် ကာကွယ်ပေးခြင်း စသည်လုပ်ငန်းတွေအပြင်နားအတွင်း အရေပြား ခြောက်သွေ့ယားယံခြင်း မဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။

ဒါ့ပြင် နားဖာချေးဟာ ဖုန်နဲ့ပိုးမွှားတွေကို နားစည်ထဲမရောက်အောင် သယ်ယူထားပေးပါတယ်၊ အများအားဖြင့် နားဖားချေးဟာ သူ့အလိုလို ထွက်သွားလေ့ရှိပါတယ်၊ဒါပေမယ့်

တချို့လူတွေမှာတော့ အလိုလို ထွက်မသွားတဲ့အတွက် နားဖာချေးကို ကလော်ပြီးဖယ်ထုတ်ရတတ်ပါတယ်။

( ၂ ) နားစည်ထဲဘာမှမထည့်ပါနဲ့

နားအတွင်းထဲကို ဝါဂွမ်းစ ကလစ်လို ချွန်တက်တဲ့ အရာတွေမထည့်ပါနဲ့ နားအတွင်းထဲပြင်ပပစ္စည်းထည့်တာဟာ နားစည်ရဲ့နူးညံ့တဲ့ အရေပြားကို ထိခိုက်ပျက်ဆီးစေသလိုအခန့်မသင့်ရင် နားစည်ကို ပေါက်ပြဲစေပါတယ်။

လူအများစုဟာ နားဖာချေးထွက်သွားအောင် နားထဲကိုပြင်ပပစ္စည်းထည့်ပြီး ကလော်ထုတ်တတ်ကြပါတယ် နားဖာချေး သိပ်မရှိပဲ ပြင်ပပစ္စည်းဟာ နားစည်အထိရောက်သွား

ရင် နားကို မသက်မသာဖြစ်စေကာ ယာယီနားမကြားတော့တာမျိုး ဖြစ်သွားတတ်ပါတယ်။

နားစည်အရေပြား ခြစ်မိခြင်းနဲ့ နားဖာချေးဟာ နားစည်အတွင်းထဲထိ ရောက်ရှိသွားခြင်းတွေကြောင့် နားတွင်းကူးစက်ပိုးဝင်တဲ့ အန္တရာယ်လည်းများပါတယ်။

( ၃ ) နားအတွင်းထဲမဆေးကြောပါနဲ့

နားတွင်းအပြင်ဖက်ပိုင်းညစ်ပတ်နေရင် ဆပ်ပြာနဲ့ရေစိုစွတ်နေတဲ့အဝတ်နဲ့ အဝတ်စသုံးပြီး ဆေးကြောပေးပါ။ နားအတွင်းထဲကိုတော့ အဝတ်စ လက်ချောင်းနဲ့ တခြားဘာမှထည့်ပြီးတော့မဆေးကြောပါနဲ့။

ကလေးရဲ့နားကို ဆေးကြောသန့်စင်ဆေးပေးချ င်ရင်လည်း ဝါဂွမ်းစကို ဆပ်ပြာမပါတဲ့ရေထဲထည့်ပြီး ဆေးကြောပေးလို့ရပါတယ် ဒါပေမဲ့ နားကို ခြောက်သွေ့အောင်ပြန်ပြုလုပ်ဖို့ အရေးကြီးပါတယ်။

ရေကူးတဲ့သူတွေမှာ နားခြောက်သွေ့အောင်အထူးဂရုစိုက်ဖို့လို့ပါတယ် အငယ်၍ နားတွင်ပိုးဝင်ပြီး နာကျင်နေရင်တော့ ဆရာဝန်နဲ့ပြပါ။

( ၄ ) နားထဲက ပြင်ပပစ္စည်းကို အတင်းမဖယ်ရှားပါနဲ့

လူကြီးတွေရောကလေးတွေပါနားထဲ ပြင်ပပစ္စည်းဝင်နိုင်ပါတယ်။ လူကြီးတွေမှာတော့ မတော်တဆ နားကပ်ကျွတ်ပြီး နားထဲဝင်သွားတာဖြစ်တတ်ပြီး ကလေးတွေကတော့စချင်နှောက်ချင်စိတ် စပ်စုလိုစိတ်နဲ့ အခြားကလေးရဲ့နားထဲ ဒါမှမဟုတ်ကိုယ့်နားထဲပြင်ပပစ္စည်းထည့်တတ်ကြပါတယ်။

ပဲစေ့လို ခဲဖျက်လိုပစ္စည်းတွေဆိုရင် သူ့အလိုလို ပြန်ထွက်သွားဖို့ မလွယ်ပါဘူးအင်းဆက်ပိုးမွှားတွေလဲ နားထဲရောက်ပြီးပိတ်မိနေတာမျိုး ရှိပါတယ် အဲဒီအချိန်မှာ

ကိုယ့်ဖာသာပြင်ပပစ္စည်းကို ဖယ်ရှားဖို့ မကြိုးစားပါနဲ့ ဆရာဝန်ထံ ချက်ခြင်းသွားပါ။

ဆရာဝန်က နားထဲက ပြင်ပပစ္စည်းကို အထူးကိရိယာနဲ့ ဖယ်ရှားပေးမယ့်အပြင် နားထဲမှာ ထိခိုက်ဒါဏ်ရာ ရှိ မရှိ ဆန်းစစ်ကြည့်ရူကာ လိုအပ်သလို ကုသပေးပါလိမ့်မည်

( ၅ ) နားထဲနားဖားချေးအလွန်အကျွံပိတ်ဆို့နေခြင်း

နားထဲနားဖာချေးအလွန်အမင်းပိတ်ဆို ့နေပြီး ဖယ်ရှားဖို့လိုတယ့်အခြေအနေတွေရှိပါတယ် ဖယ်ရှားဖို့လိုတယ့် လက္ခဏာရပ်တွေကတော့ နား အကြားအာရုံ ဆုံးရူံးခြင်း

နားကိုက်ခြင်း နားအူခြင်း နားထဲပြည့်နေသလို ခံစားရခြင်း စတာတွေပဲဖြစ်ပါတယ်။

( ၆ ) ဝါဂွမ်းတံဖြင့်နားကလော်ခြင်းဆိုးကျိုး

ဝါဂွမ်းတံကို အသုံးပြုခြင်းဖြင့် အသံအိုးလို့ခေါ်တဲ့ ( Eardrum ) ထိခိုက်နိုင်ပြီးမကြာခဏ နားကိုက်တာ နားယောင်ရမ်းတာ အနာဖြစ်ပြီး ပြည်တည်တဲ့ အပြင် အဆိုးဆုံး နားကန်းတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ခဏခဏနားကလော်ခြင်းကိုမလုပ်ပါနဲ့အသံအိုးကိုထိခိုက်စေအကြားအာရုံကိုထိခိုက်စေနားကိုက်တာ နားယောင်ယမ်းတာ နားအနာကြောင့်ပြည်တည်တာဖြစ်စေတယ်

ဆေးပညာရှင်များက ခဏခဏနားကလောစရာမလိုပါကြောင်း နားကန်းတတ်ပါတယ်။

( ရ ) နားကလော်ခြင်း အန္တရာယ်

နားသည် သူ့အလိုအလျောက် သန့်ရှင်းရေးလုပ်သည် – သန့်ရှင်းရေး လုပ်ပေးရန်မလို -နားအတွင်းဂွမ်းကို ထိုးထည့်လိုက်လျှင် နားဖာချေးကို အတွင်းသို့ ထိုးထည့်လိုက်သလို

ဖြစ်ပြီး နားအတွင်းသို့ဖိအားဖြစ်စေပြီး အကြားအာရုံကို ဆုတ်ယုတ်စေသည်။

နားဖာချေးများ ကို နားအတွင်းတွင် ထုတ်လုပ်ပေးပြီး အပြင်ပိုင်းသို့ သဘာဝအလျောက် တဖြည်းဖြည်း ရောက်ရှိလာသည် – အချို့လူများ နားဖာချေးက သာမန်ထက်များသည်

အချို့အသက်ကြီးသူများ နားဖာချေးက ခြောက်သွေ့ပြီး ပုံ မှန်ထက် ပိုမာသည် – နားကလော်သည့် ဂွမ်းတံနဲ့ ဖြေရှင်းနိုင်မည်မဟုတ်ပါ။

နားစည်အတွင်းရှိနေသော နားဖာချေးအစုလိုက်ကို နားစည်အတွင်း တွန်းလိုက်မိပါက နားစည် ပျက်စီး၍ နာကျင်ပြီး နားလေးခြင်း ရောဂါပိုးများ ဝင်ရောက်ပြီး နားပြည်ယိုခြင်းဖြစ်နိုင်သည်။

နားအတွက် အိမ်တွင်းဆေးနည်းတိုများ

နားကိုက် နားအူ နားပြည်ယို. နားယား နားရောင်ခြင်းအတွက်

၁ – ကြက်သွန်ဖြူကို ထုချေပြီး အုန်းဆီနဲ့ရော နွေးနွေးလေးအပူပေးပြီး နားအတွင်းသို့အစက်ချထည့်ပေးပါ။

၂ – ရှားစောင်းလပ်ပပ်အတွင်းသားကိုခြစ်ယူပြီး အရည်ညှစ် နာနာ ပြုတ်ပါ ပြုတ်ရည်ကိုနားထဲသို့ အနည်းငယ် ခပ်ပေးခြင်းဖြင့် နားနာ နားကိုက် နားယားခြင်းပျောက်စေသည်။

၃ – ပင်စိမ်းရွက်ကိုညှစ် သတ္ထုရည်ကို ဇွန်းထဲထည့် မီးအပူပေးထားသည့် ခပ်နွေးနွေးကို

၂ စက် ၃ စက်ထည့်ပေးပါက နားအူ. နားကိုက်. နားပြည်ယို ပျောက်သည်။

၄ – ဒန့်ဒလွန်စေ့ကို အမူန့်လုပ် အုန်းဆီနဲ့ရော နားကျပ်ပေးခြင်းဖြင့် နားနာ. နားကိုက် နားပြည်ယို ပျောက်သည်။

၅ – ကင်းပုံရွက်ကိုညှစ်ပြီး ၄င်းသတ္ထုရည်ကို နှမ်းဆီနဲ့ဖျော် နားတွင်းခပ်ပါက နားကိုက်ခြင်းကိုပျောက်စေသည်။

၆ – ဖလံတောင်ဝှေးအခွံခွာ၍ အပူပေးပြီး အရည်ညှစ်ယူ နားထဲသို့ ၂စက် ၃စက်ခန့်ထည့်ပေးပါက နားကိုက် နားအူ နားယာ နားရောင် နားပြည်ယို ပျောက်စေသည်။

၇ – နားလေး. နားအူ. နားလေထွက် နားပြည်ယိုခြင်းအတွက် – ကြောင်လျာမြစ် အမူန့်ကို နှမ်းဆီနဲ့ရော မီးနဲ့ချက် ခပ်နွေးနွေလေးကို နာကျပ်ပေးပါ။

၈ – နားသွေးထွက်ပါက – ကြောင်လျာသီးကိုမီးဖုတ် သံပုရာရည်နဲ့ရော ပွတ်လိမ်းပေးပါ။

၉ – နားလေထွက်ပါက – လူနာစိတ်ြ ကိုက် ကြောင်လျာသီးနုနုကို သံပုရာရည်နဲ့သုပ်ကျွေးပါ။

နီနီလေး