ရွက်ကျပင်ပေါက်၏ ဆေးဖက်ဝင်စွမ်းရည်







အသုံးပြုပူံ




၎ ) – ရွက်ကျပင်ပေါက်ရွက် ၁ ရွက် ၂ ရွက်ကို ငရုပ်ကောင်း အနည်းငယ်ထည့် ၍ ညက်အောင်ကြိတ်ပြီး သောက်သုံးပါက ဆီးပူ ဆီးချုပ် သွေးမြင်းသရိုက်နှင့် လူပျိုနာကြောင့်ဖြစ်သော အနာများပျောက်ကင်းသည်။










Uhla shwe comment


Unicode

နတ် ဆေးလို့ခေါ်ထိုက်တဲ့ ရွက်ကျပင်ပေါက်ဆေးအစွမ်း

ကျမ်းကိုး မြန်မာ့ဆေးဝါးပင်

ရုက္ခဗေဒ အမည် – Bryophyllum Calycinum. Salisbအရည်ရွှမ်းသော နှစ်ရှည်ခံ ပင်ငယ် သက်ပြင်းမျိုး ဖြစ်သည်။

ထူးခြားသည်မှာ ရွက်ဖျားပတ်ပတ်လ ည် အရွက်ပိုလေးများသည် မြေသို့ကျရာမှ မျိုးစေ့ သဖွယ် အပင်ပြန်ပေါက်၍ ရွက်ကျပင်ပေါက်ဟုခေါ်ဟန်ရှိသည်။

အချို့က ပန်းအိုးဖြင့် အလှစိုက်သော ရွက်ကျပင်ပေါက်တွင် ဆေးစွမ်းများစွာ ပါရှိသည် ။ယင်းဆေးပင်သည် နတ်ဆေးသဖွယ်ဖြစ်သည်။

သွေးယိုစီးကျခြင်းကို ရပ်တန့် ထိန်းချုပ်သောနေရာ၌ အလွန်အစွမ်းကြီးကြောင်း ဆေးကျမ်းတွင် ဆိုပါသည်။

အသုံးပြုပူံ

၁ ) – ထိခိုက်ရှနာနှင့် သွေးစိမ်းထွက်သော အနာများကို ရွက်ကျပင်ပေါက်ရွက်ကို မီးကင်၍ ကပ်ပေးပါက သွေးများရပ်စဲ၍ အနာကျက်လွယ်၏ ။

၂ ) – အရွက်ကို ကြိတ်ညှစ်၍ ရသောအရည်ဖြင့် အနာစက် အနာမီးလျှံနှင့်မွှေးကျွတ်နာများတွင် လိမ်းပေးကပျောက်ကင်းသည် ။

၃ ) – ရွက်ကျပင်ပေါက် အရွက်ကို မီးကင်၍ ထိခိုက်ရောင်ရမ်းသော ဒဏ်ရာများကိုကပ်ပေးပါက ရောင်ရမ်းခြင်းကျဆင်းပြီး ဒဏ်ရာများသက်သာပျောက်ကင်း၏ ။

၄ ) – ရွက်ကျပင်ပေါက်ရွက် ၁ ရွက် ၂ ရွက်ကို ငရုပ်ကောင်း အနည်းငယ်ထည့် ၍ ညက်အောင်ကြိတ်ပြီး သောက်သုံးပါက ဆီးပူ ဆီးချုပ် သွေးမြင်းသရိုက်နှင့် လူပျိုနာကြောင့်ဖြစ်သော အနာများပျောက်ကင်းသည်။

၅ ) – အရွက်ကိုကြိတ်၍ အရည်ကို သောက်ပါက ကာလဝမ်းရောဂါပျောက်၏ ။အရွက်ရည်ကို အဆစ်လွဲ. အကြောထုံး နေရာများနှင့် မီးလောင်နာတို့တွင် လိမ်းပေးပါက ပျောက်ကင်းသည်။

၆ ) – အရွက်ကို ညက်စွာကြိတ်၍လည်းကောင်း အအေးလွန်၍ဖြစ်သောမျက်စိနာအတွက် အရွက်ကိုကြိတ်၍ နနွင်းးစစ်စစ်အနည်းငယ် ထည့်ကာ ခပ်နွေးနွေးအုံပေးပါကမျက်စိနာပျောက်၏ ။

၇ ) – အနာများ မပေါက်ပဲ အညှော်မိ ငန်းမန်းလိုက်၍ ရောင်တင်းလာပါက အရွက်ကိုကြိတ်၍ အုံပေးပါက အညှော်များ ကျဆင်းပြီး အနာနုလျှင်ပိန်၍ ရင့်လျှင် ပေါက်သွားစေသည်။

၈ ) – အရွက်ရည်ကို သကြားနဲ့ရောသောက်ပါက ဆီး၌သွေးပါခြင်းနှင့် သွေးဝမ်းသွားခြင်းကို ပျောက်ကင်း၏ ။

၉ ) – အရွက်ကို မီးကင်၍ ဖောရောင်သောနေရာကို ကပ်ပေးပါက အဖောကျ၏ ။

၁၀ ) – အရွက်ကို ဆားဖြင့်ကြိတ်ပြီး ကင်းကိုက်သောနေရာသို့ သိပ်ပေးပါက ကင်းဆိပ်ပြေသည်။

၁၁) – နားကို က်သည်မှ ပါးချိတ်ရောင်သည်အထိဖြစ်လျှင် ရွက်ကျပင်ပေါက်ကို ရေစင်အောင်ဆေးပြီး အရွက်ကို မီးအနည်းငယ်ကင်ရပါသည် ။

ထို့နောက် မီးကင်ပြီးသားရွက်ကျပင်ပေါက်ကို အရည်ညှစ် နားအတွင်းသို့ ၄ , ၅ စက်ချပေးခြင်းဖြင့် အံ့ဩဖွယ် ပျောက်ကင်းစေသည် ။

၁၂) – ရွက်ကျပင်ပေါက်ကို ပုဇွန် ဂဏန်း ရရာနှင့်ရောချက်စားပါက အသည်းခြောက် ရေဖျဉ်းရောဂါ လက်တွေပျောက်ပါတယ် ။လိုသူယူသုံး မျှဝေခြင်း

Uhla shwe comment

ရဲမျိုးသူ ( ဗောဓိမြိုင် )