သီတင်းကျွတ်လ အတွက် .. လာဘ်လာဘ ဖွင့် ကျင့်စဉ် .
သီတင်းကျွတ်လ .. လာဘ်လာဘ ဖွင့် ကျင့်စဉ် ..
ရွှေပေါ်ကျွန်းဆရာတော်
သီတင်းကျွတ်လဆန်း (၁) ရက် နေ့ တွင် နံနက် (၄:၀၀) နာရီ အချိန်တွင် ဖယောင်းတိုင် (၁) တိုင်
(၅:၀၀) နာရီ တွင် (၁) တိုင် (၆) နာရီ တွင် (၁) တိုင် ပူ ဇော် ပါ ။
ထိုနည်းတူ ည နေ (၅) နာရီတွင် ၁ တိုင် (၆) နာရီ တွင် ၁ တိုင် (၇) နာရီ တွင် (၁) တိုင် ပူ ဇော် ပါ ။
ပူဇော်ရာတွင် လင်ဗန်း ထဲ ရေ အနည်း ငယ် ထဲ့ ၍ ပူ ဇော် ရန် ဖြစ် သည် ။
နံနက် ပိုင်း … ဖယောင်းတိုင်များ ပူဇော်ပြီးတိုင်း
” သုနက္ခတံ သုမင်္ဂလံ သုပ္ပဘာ သံသုဟုဠိ
သုခဏော သုမုဟုတ္တောစ ဟု့ (၉) ခေါက်ရွတ် ဆိုပါ ။
ညနေ ပိုင်း.. ဖယောင်းတိုင် ပူဇော် ပြီးတိုင်း
” ဗုဒ္ဓေါ မေ နာထော
ဓမ္မော မေ နာထော
သံဃော မေ နာထော ” ဟု့ မိမိ အာရုံ ဆန္ဒ ရှိသလို ရွတ်ဖတ်ပါ ။
သီတင်းကျွတ်လဆန်း (၅) ရက် နေ့ မှ လဆန်း (၈) ရက် ရက် နေ့ ထိ အရုဏ် တက် အချိန်တွင်
ကုန်းသတ္တဝါလွတ် ဆွမ်း ၁ ပွဲ ရေ တော် ၁ ဖလား ကပ် လှု ပါ ။
သီတင်းကျွတ်လဆန်း (၉) ရက် နေ့ မှ လပြည့် နေ့ ထိ ညစဉ် နေဝင် ပြီး စ အချိန် တွင် ဖယောင်းတိုင် (၇) တိုင် ထွန်း ညှိ ပူ ဇော် ပါ ။
ပူ ဇော်၍ ပြီး တိုင်း ” နမော သတ္တာနံ သမ္မာသမ္ဗုဒ္ဓါ နံ ” ဟု့ ရွတ်ဖတ်ပါ ။
ထို ပါဠိ ၏ အနက် မှာ .. သတ္တန္နံ … ၇ ဆူ ကုန် သော
သမ္မာသမ္ဗုဒ္ဓါနံ … ဝိပဿီ သိခီ ဝေသဘူ
ကကုသန် ကောဏဂုံ ကဿပ ဂေါတမ ဟု့ ဆိုအပ် သော ဘုရားရှင် ကိုယ်တော်မြတ် ကြီး တို့ အား နမော .. ရှိခိုး ပါ၏ ။
ဟူ၍ ဖြစ်ပြီး ပါဠိ ရော အနက်ပါ ပူဇော်ပါ ။
သီတင်းကျွတ်လဆန်း ၉ ရက် မှ လဆန်း (၁၃) ရက် နေ့ ထိ ၅ ရက် တိုင် တိုင်
မနက် (၉;၀၀) နာရီ အချိန် တွင် မိမိ အိမ် ရှိ ဘုရားပန်း အိုး ၁ လုံး တွင် ရေ ထဲ့ ၍ သပြေ ညွန့် စိုက် ၍ လှုဒါန်း ပါ။
ပန်းညှိုး လျှင် အသစ်လဲ ပါ။ ရေ ကို နေ့ စဉ် လှယ် ပါ ။ ပန်း အိုး အား လင်ဗန်း ပေါ် တည်ထားပါ။
သပြေ ညွန့် သည် (၃၈) ညွန့် ဖြစ်ပါသည်။ လဆန်း ၉ ရက် မှ လပြည့် နေ့ အထိ ၅ ပါး သီလ ဆောက်တည်ပါ။
မေတ္တာဘာဝနာ ပွားများပါ။ ကိုယ်စောင့်နတ် အိမ်စောင့်နတ် ရပ်ကွက်စောင့်နတ် သမ္မာဒေဝ နတ် မြတ်တို့ အား အခါ ခါ အမျှပေးဝေပါ ။
သီတင်းကျွတ် လပြည့် နေ့ တွင် ..ခင်ပွန်းကြီး ၁၀ ပါး ကန်တော့ပါ ။ ဝေမျှကုသိုလ် ( ၁၄.၁၀.၂၀၂၀)
Zawgyi
” ဗုဒ္ဓေါ မေ နာထော
ဓမ္မော မေ နာထော
Leave a Comment