ဆား၊င႐ုတ္ေကာင္း၊ ေရွာက္တို႔၏ စြမ္းရည္

ဆား၊ င႐ုတ္ေကာင္းနဲ႔ ေရွာက္ရည္ေတြကို အသုပ္သုပ္ရာမွာပဲ အသုံးဝင္တာ မဟုတ္ဘဲ ေဆးဝါးအျဖစ္လည္း အသုံးျပဳနိုင္ပါတယ္။

အမွန္မွာေတာ့ ဒီဓာတ္စာ သုံးမ်ိဳးက ေန႔စဥ္ျဖစ္ေပၚေနတဲ့ ေဝဒနာေတြကို ေပ်ာက္ကင္းဖို႔အတြက္ ကမၻာေပၚ ရွိ လူအမ်ားက အသုံးျပဳေနၾကၿပီျဖစ္ပါတယ္။

ေအာက္ပါတု႔ိဟာ ဆား၊ င႐ုတ္ေကာင္းနဲ႔ ေရွာက္ရည္ကို အသုံးျပဳၿပီး ကုသနိုင္တဲ့ နည္းလမ္းေတြပါ။

လည္ေခ်ာင္းနာျခင္း

စားပြဲဇြန္း တစ္ဇြန္းစာ ေရွာက္ရည္ကို လက္ဖက္ရည္ဇြန္းတစ္ဝက္စာ င႐ုတ္ေကာင္း၊ လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ ဆားတို႔နဲ႔အတူ ေရေႏြးတစ္ခြက္ထဲ ထည့္ၿပီး အေအးခံကာ တစ္ေန႔ကို အႀကိမ္ႀကိမ္ အာလုတ္က်င္းေပးပါ။

လည္ေခ်ာင္း နာတာ သက္သာၿပီး ေခ်ာင္းမဆိုးေအာင္ ကာကြယ္နိုင္ပါတယ္။

ႏွာပိတ္ျခင္း

င႐ုတ္ေကာင္း၊ သစ္ႀကံပိုးေခါက္၊ နႏြင္းနဲ႔ ဖာလာေစ့တို႔ကို ဆတူေရာၿပီး အမွုန႔္ႀကိတ္ပါ။ ႏွာေခ်ေအာင္ ဒီအမွုန႔္ေတြကို ရွူလိုက္ပါ။

သည္းေျခေက်ာက္ဖယ္ရွားနိုင္ျခင္း

သည္းေျခေက်ာက္ရွိေနပါက ဗိုက္နာဗိုက္ေအာင့္တတ္ၿပီး မ်ားေသာအားျဖင့္ သူတို႔ကို ခြဲစိတ္ၿပီးမွသာ ထုတ္ပစ္နိုင္ပါတယ္။

ဒါေပမဲ့ သံလြင္ဆီ သုံးခ်ိဳးနဲ႔ ေရွာက္ရည္နဲ႔ င႐ုတ္ေကာင္းတစ္ခ်ိဳးစီ ေရာစပ္ၿပီး ေသာက္ပါက သည္းေျခေက်ာက္ေတြ ေပ်ာ္က်သြားနို င္ပါတယ္။

ပါးစပ္နာျခင္း

စားပြဲတစ္ဇြန္းစာ ဆားကို ေရေႏြးနဲ႔ ေရာစပ္ၿပီး အစာစားၿပီးတိုင္း ငုံေပးပါ။ ခံတြင္းမွ ဘက္တီးရီးယားေတြကို ဖယ္ရွားနိုင္ၿပီး အနာက်က္ျမန္ေစနိုင္ပါတယ္။

ကိုယ္အေလးခ်ိန္က်ဆင္းျခင္း

လက္ဖက္ရည္ဇြန္း ေလးပုံတစ္ပုံစာ င႐ုတ္ေကာင္း၊ စားပြဲဇြန္း တစ္ဇြန္းစာ ေရွာက္ရည္နဲ႔ စားပြဲဇြန္း တစ္ဇြန္းစာ ပ်ားရည္ကို ေရေႏြးတစ္ခြက္မွာ ေရာစပ္ၿပီး ေသာက္ေပးပါက ဇီဝ႐ုပ္ျဖစ္ပ်က္ႏွုန္း ျမန္ဆန္နိုင္တဲ့အတြက္ ကိုယ္အေလးခ်ိန္

က်ဆင္းနိုင္ပါတယ္။ ေရွာက္ရည္မွာ ပါဝင္တဲ့ ေပၚလီဖီေနာေတြက အဆီေလာင္ကၽြမ္းမွုေကာင္းေအာင္ ကူညီနိုင္တဲ့အတြက္ ကိုယ္အေလးခ်ိန္မတက္ေအာင္ ကာကြယ္နိုင္ပါတယ္။

ပ်ိဳ႕အန္ျခင္း

စားပြဲဇြန္း တစ္ဇြန္းစာ ေရွာက္ရည္ကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ င႐ုတ္ ေကာင္းနဲ႔အတူ ေရေႏြးဖန္ခြက္ႀကီးတစ္ခြက္မွာ ေရာစပ္ၿပီး ပ်ိဳ႕တာ သက္သာတဲ့အထိ ျဖည္းျဖည္းနဲ႔ နည္းနည္းစီ ေသာက္သြားပါ။

သြားကိုက္ျခင္း

လက္ဖက္ရည္ဇြန္းတစ္ဝက္စာ င႐ုတ္ေကာင္းနဲ႔ ေလးညႇင္းဆီကို ေရာၿပီး နာက်င္တဲ့ သြားေပၚမွာ လိမ္းေပးပါ။

အေအးမိတုပ္ေကြးျဖစ္ျခင္း

ေရွာက္သီးတစ္ဝက္ကို ေရေႏြးတစ္ဖန္ခြက္ထဲ ညႇစ္ထည့္ပါ။ ေရွာက္သီးအခြံနဲ႔ ညႇစ္လို႔ က်န္တဲ့အသားကို ေရနဲ႔ ၁၀ မိနစ္ခန႔္ ျပဳတ္ပါ။ ေရွာက္သီးဖတ္ကို ဖယ္ၿပီး ပ်ားရည္ တစ္ဇြန္းထည့္ကာ အဖ်ားက်တဲ့အထိ လိုအပ္သလို ေသာက္ေပးပါ။

ႏွာေခါင္းေသြးလၽွံျခင္း

ေရွာက္ရည္စိမ္ထားတဲ့ နားၾကပ္ဂြမ္းတံကို ေသြးလၽွံေနတဲ့ ႏွာေခါင္းဝမွာ တင္ထားပါ။ ႏွာေခါင္းမွ ထြက္လာတဲ့ေသြးေတြ လည္ေခ်ာင္းထဲ မဝင္ေရာက္ေအာင္ ကိုယ္ကို ေရွ႕သို႔ အနည္းငယ္ ငိုက္ထားေပးပါ။

ေဒါက္တာ ခင္မိုးမိုး

Unicode

ဆား ငရုတ်ကောင်း နှင့် ရှောက်ရည်

ဆား၊ ငရုတ်ကောင်းနဲ့ ရှောက်ရည်တွေကို အသုပ်သုပ်ရာမှာပဲ အသုံးဝင်တာ မဟုတ်ဘဲ ဆေးဝါးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

အမှန်မှာတော့ ဒီဓာတ်စာ သုံးမျိုးက နေ့စဉ်ဖြစ်ပေါ်နေတဲ့ ဝေဒနာတွေကို ပျောက်ကင်းဖို့အတွက် ကမ္ဘာပေါ် ရှိ လူအများက အသုံးပြုနေကြပြီဖြစ်ပါတယ်။

အောက်ပါတို့ဟာ ဆား၊ ငရုတ်ကောင်းနဲ့ ရှောက်ရည်ကို အသုံးပြုပြီး ကုသနိုင်တဲ့ နည်းလမ်းတွေပါ။

လည်ချောင်းနာခြင်း

စားပွဲဇွန်း တစ်ဇွန်းစာ ရှောက်ရည်ကို လက်ဖက်ရည်ဇွန်းတစ်ဝက်စာ ငရုတ်ကောင်း၊ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ဆားတို့နဲ့အတူ ရေနွေးတစ်ခွက်ထဲ ထည့်ပြီး အအေးခံကာ တစ်နေ့ကို အကြိမ်ကြိမ် အာလုတ်ကျင်းပေးပါ။

လည်ချောင်း နာတာ သက်သာပြီး ချောင်းမဆိုးအောင် ကာကွယ်နိုင်ပါတယ်။

နှာပိတ်ခြင်း

ငရုတ်ကောင်း၊ သစ်ကြံပိုးခေါက်၊ နနွင်းနဲ့ ဖာလာစေ့တို့ကို ဆတူရောပြီး အမှုန့်ကြိတ်ပါ။ နှာချေအောင် ဒီအမှုန့်တွေကို ရှူလိုက်ပါ။

သည်းခြေကျောက်ဖယ်ရှားနိုင်ခြင်း

သည်းခြေကျောက်ရှိနေပါက ဗိုက်နာဗိုက်အောင့်တတ်ပြီး များသောအားဖြင့် သူတို့ကို ခွဲစိတ်ပြီးမှသာ ထုတ်ပစ်နိုင်ပါတယ်။

ဒါပေမဲ့ သံလွင်ဆီ သုံးချိုးနဲ့ ရှောက်ရည်နဲ့ ငရုတ်ကောင်းတစ်ချိုးစီ ရောစပ်ပြီး သောက်ပါက သည်းခြေကျောက်တွေ ပျော်ကျသွားနို င်ပါတယ်။

ပါးစပ်နာခြင်း

စားပွဲတစ်ဇွန်းစာ ဆားကို ရေနွေးနဲ့ ရောစပ်ပြီး အစာစားပြီးတိုင်း ငုံပေးပါ။ ခံတွင်းမှ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်ပြီး အနာကျက်မြန်စေနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျဆင်းခြင်း

လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာ ငရုတ်ကောင်း၊ စားပွဲဇွန်း တစ်ဇွန်းစာ ရှောက်ရည်နဲ့ စားပွဲဇွန်း တစ်ဇွန်းစာ ပျားရည်ကို ရေနွေးတစ်ခွက်မှာ ရောစပ်ပြီး သောက်ပေးပါက ဇီဝရုပ်ဖြစ်ပျက်နှုန်း မြန်ဆန်နိုင်တဲ့အတွက် ကိုယ်အလေးချိန်

ကျဆင်းနိုင်ပါတယ်။ ရှောက်ရည်မှာ ပါဝင်တဲ့ ပေါ်လီဖီနောတွေက အဆီလောင်ကျွမ်းမှုကောင်းအောင် ကူညီနိုင်တဲ့အတွက် ကိုယ်အလေးချိန်မတက်အောင် ကာကွယ်နိုင်ပါတယ်။

ပျို့အန်ခြင်း

စားပွဲဇွန်း တစ်ဇွန်းစာ ရှောက်ရည်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ငရုတ် ကောင်းနဲ့အတူ ရေနွေးဖန်ခွက်ကြီးတစ်ခွက်မှာ ရောစပ်ပြီး ပျို့တာ သက်သာတဲ့အထိ ဖြည်းဖြည်းနဲ့ နည်းနည်းစီ သောက်သွားပါ။

သွားကိုက်ခြင်း

လက်ဖက်ရည်ဇွန်းတစ်ဝက်စာ ငရုတ်ကောင်းနဲ့ လေးညှင်းဆီကို ရောပြီး နာကျင်တဲ့ သွားပေါ်မှာ လိမ်းပေးပါ။

အအေးမိတုပ်ကွေးဖြစ်ခြင်း

ရှောက်သီးတစ်ဝက်ကို ရေနွေးတစ်ဖန်ခွက်ထဲ ညှစ်ထည့်ပါ။ ရှောက်သီးအခွံနဲ့ ညှစ်လို့ ကျန်တဲ့အသားကို ရေနဲ့ ၁၀ မိနစ်ခန့် ပြုတ်ပါ။ ရှောက်သီးဖတ်ကို ဖယ်ပြီး ပျားရည် တစ်ဇွန်းထည့်ကာ အဖျားကျတဲ့အထိ လိုအပ်သလို သောက်ပေးပါ။

နှာခေါင်းသွေးလျှံခြင်း

ရှောက်ရည်စိမ်ထားတဲ့ နားကြပ်ဂွမ်းတံကို သွေးလျှံနေတဲ့ နှာခေါင်းဝမှာ တင်ထားပါ။ နှာခေါင်းမှ ထွက်လာတဲ့သွေးတွေ လည်ချောင်းထဲ မဝင်ရောက်အောင် ကိုယ်ကို ရှေ့သို့ အနည်းငယ် ငိုက်ထားပေးပါ။

ဒေါက်တာ ခင်မိုးမိုး

Leave a Comment