အဆုပ္ကို က်န္းမာသန္စြမ္းေစမည္႔ အစားအစာမ်ား

အဆုတ္ကို သန႔္စင္ေပးနိုင္ၿပီး အားေကာင္းေစေသာ အစားအစာ(၁၀)မ်ိဳး

(၁) ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴက allicin ပါဝင္မွုျမင့္မားလို့ေရာင္ရမ္းမွုကိုေလ်ာ့က်ေစနိုင္တဲ့အစြမ္းသတၱိမ်ိဳးစုံပါဝင္ပါတယ္။ ဒီျဒပ္ေပါင္းကေရာဂါပိုး ေတြကိုခုခံတိုက္ဖ်က္ေပးၿပီးေရာင္ရမ္းမွုကိုေလ်ာ့က်ေစပါတယ္။

ၾကက္သြန္ျဖဴက ပန္းနာရင္က်ပ္ကိုသက္သာေစၿပီး အဆုတ္ကင္ဆာျဖစ္နိုင္ေျခကိုေလ်ာ့နည္းေစနိုင္တယ္လို့ လက္ခံယူဆထားၾကပါတယ္။

(၂) ခ်င္း

ခ်င္း(ဂ်င္း)ကလည္း အေရာင္က်ေစတဲ့အာနိသင္ေၾကာင့္ အဆုတ္ကိုသန႔္စင္ေစနိုင္ပါတယ္။ ဟင္းခ်က္တဲ့အခါ ခ်င္းကိုနည္းနည္းထည့္ခ်က္တာေကာင္းပါတယ္။

သံပရာသီးနဲ႔ေပါင္းၿပီး ခ်င္းလက္ဖက္ရည္လည္း လုပ္ေသာက္လို့ရတယ္ေလ။ အသက္ရွူလမ္းေၾကာင္းမွာ အဆိပ္အေတာက္ေတြဖယ္ရွားသန႔္စင္ေပးနိုင္တဲ့အျပင္ လည္ေခ်ာင္းလည္းရွင္းေစနိုင္တယ္။

(၃) နႏြင္း

ခ်င္းနဲ႔ၾကက္သြန္ျဖဴလိုပဲ ဟင္းခ်က္ရာမွာထည့္လို့ရတဲ့ အစြမ္းထက္ပစၥည္းက နႏြင္းပါ။ နႏြင္းရဲ့အာနိသင္ ေတြေၾကာင့္ အဆုတ္က်န္းမာေရးကို အေထာက္အပံ့ျဖစ္ေစပါတယ္။

(၄) ပန္းသီး

ပန္းသီးမွာ ဗီတာမင္ဓါတ္ေတြအစုံအလင္ပါတဲ့အျပင္ အသက္ရွူလမ္းေၾကာင္းစနစ္ကို က်န္းမာေစနိုင္တဲ့flavonoidsေတြပါဝင္ပါတယ္။

သူတို့ေၾကာင့္ အမ်ိဳးမ်ိဳးေသာအဆုတ္ေရာဂါေတြကိုျဖစ္မလာေအာင္ကာကြယ္နိုင္ပါတယ္။

(၅) ဘယ္ရီသီး

ဘလူးဘယ္ရီ၊ ဘလက္ဘယ္ရီနဲ႔ ရက္စဘယ္ရီအသီးေတြမွာ ဓါတ္တိုး ဆန႔္က်င္ပစၥည္းေတြႂကြယ္ဝပါတယ္။

ဓါတ္တိုးဆန႔္က်င္အာနိသင္ေတြေၾကာင့္ အဆုတ္ကင္ဆာအျပင္ တျခားပိုးဝင္ျခင္းနဲ႔ေရာဂါေတြကိုျဖစ္နိုင္ေျခေလ်ာ့နည္းေစပါတယ္။

(၆) ကမ္ဗလာသီး

ကမၺလာသီးဟာ အဆုတ္ကိုပံ့ပိုးတဲ့ ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြအမ်ားႀကီးပါဝင္ပါတယ္။ အဆုတ္ကို ကင္ဆာျဖစ္ေစနိုင္တဲ့အရာေတြ ထိေတြ႕လာတဲ့အခါကမၺလာသီးက အဆုတ္ကို သန႔္စင္ေပးပါလိမ့္မယ္။

(၇) သလဲသီး

သလဲသီးမွာ သဘာဝအစြမ္းအာနိသင္ေတြအမ်ားႀကီး ပါဝင္ပါတယ္။ သလဲသီးက အဆုတ္နဲ႔ပတ္သက္တဲ့ျပႆနာေတြျဖစ္ပြားမွုကိုေႏွးေစၿပီးျမန္ျမန္သက္သာေစနိုင္ပါတယ္။

(၈) အခြံမာသီး၊အေစ့အဆန္ေတြနဲ႔ ပဲအမ်ိဳးမ်ိဳး

သူတို့ေတြမွာ ပန္းနာရင္က်ပ္ရွိသူေတြအတြက္ လိုအပ္တဲ့ မဂၢနီဆီယမ္ေတြ အမ်ားႀကီးပါဝင္ပါတယ္။ သူတို့က အဆုတ္ရဲ့လုပ္ေဆာင္နိုင္စြမ္းကို ပိုေကာင္းေစၿပီး အသက္ရွူရပိုေကာင္းေစပါတယ္။

ဥပမာPistachiosဆိုရင္ အဆုတ္ကင္ဆာကာကြယ္နိုင္တယ္၊ ကိုလက္စထေရာက်ေစတယ္လို့ သုေတသနေတြ႕ရွိထားပါတယ္။

၉)ေဂၚဖီထုပ္မ်ိဳးႏ ြယ္ေတြ

ေဂၚဖီ၊ ပန္းေဂၚဖီ၊ ပန္းေဂၚဖီစိမ္းတို့လို မ်ိဳးႏြယ္တူအုပ္စုက ဓါတ္တိုးဆန႔္က်င္အာနိသင္ေတြ အျပည့္အဝပါဝင္တာေၾကာင့္ အဆုတ္အပါအဝင္ ခႏၶါကိုယ္အစိတ္အပိုင္းေတြကို အဆိပ္အေတာက္ေတြကင္းေအာင္ သန႔္စင္ေပးနိုင္ပါတယ္။

(၁၀)carotenoidsႂကြယ္ဝတဲ့အစားအစာ

carotenoidsဆိုတာ အဆုတ္ကင္ဆာကို ခုခံတိုက္ဖ်က္ေပးနိုင္စြမ္းရွိပါတယ္။ ဒီဓါတ္တိုးဆန႔္က်င္ပစၥည္းကို အသီးအႏွံေတြနဲ႔ ဟင္းသီးဟင္းရြက္ေတြမွာေတြ႕တတ္တယ္။

သူက ခႏၶါကိုယ္ထဲေရာက္တဲ့အခါ ပန္းနာရင္က်ပ္အတြက္ အက်ိဳးထိေရာက္တဲ့ ဗီတာမင္ေအ အျဖစ္ေျပာင္းလဲသြားပါတယ္။carotenoids ပါဝင္တဲ့အစားအစာေတြက မုန္လာဥနီ၊ ခရမ္းခ်ဥ္သီး၊ ဖ႐ုံသီးတို့ပါဝင္ပါတယ္။

ေနာက္ဆုံးအေနနဲ႔ေျပာခ်င္တာကေရေသာက္ပါ။အဆိပ္အေတာက္ဖယ္ရွားသန႔္စင္တဲ့ေနရာမွာေရက အသုံးဝင္ဆုံးပါပဲ။ေဖ်ာ္ရည္၊ အခ်ိဳရည္ေတြထက္ ရိုးရိုးေရကိုပဲေရြးခ်ယ္သင့္ပါတယ္။

အေပၚမွာေျပာခဲ့တဲ့အစားအစာေတြကိုေပါင္းစပ္စားသုံးမယ္၊ေန႔စဥ္အာဟာရမွာ ထည့္သြင္းမယ္ဆိုရင္ အဆိပ္အေတာက္ကင္းစင္ၿပီး က်န္းမာနိုင္ဖို့ မေဝးေတာ့ပါဘူး။

ခရစ္ဒစ္

Unicode

အဆုတ်ကို သန့်စင်ပေးနိုင်ပြီး အားကောင်းစေသော အစားအစာ(၁၀)မျိုး

(၁) ကြက်သွန်ဖြူ

ကြက်သွန်ဖြူက allicin ပါဝင်မှုမြင့်မားလို့ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့အစွမ်းသတ္တိမျိုးစုံပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းကရောဂါပိုး တွေကိုခုခံတိုက်ဖျက်ပေးပြီးရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။

ကြက်သွန်ဖြူက ပန်းနာရင်ကျပ်ကိုသက်သာစေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်တယ်လို့ လက်ခံယူဆထားကြပါတယ်။

(၂) ချင်း

ချင်း(ဂျင်း)ကလည်း အရောင်ကျစေတဲ့အာနိသင်ကြောင့် အဆုတ်ကိုသန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကိုနည်းနည်းထည့်ချက်တာကောင်းပါတယ်။

သံပရာသီးနဲ့ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ရတယ်လေ။ အသက်ရှူလမ်းကြောင်းမှာ အဆိပ်အတောက်တွေဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်းရှင်းစေနိုင်တယ်။

(၃) နနွင်း

ချင်းနဲ့ကြက်သွန်ဖြူလိုပဲ ဟင်းချက်ရာမှာထည့်လို့ရတဲ့ အစွမ်းထက်ပစ္စည်းက နနွင်းပါ။ နနွင်းရဲ့အာနိသင် တွေကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။

(၄) ပန်းသီး

ပန်းသီးမှာ ဗီတာမင်ဓါတ်တွေအစုံအလင်ပါတဲ့အပြင် အသက်ရှူလမ်းကြောင်းစနစ်ကို ကျန်းမာစေနိုင်တဲ့flavonoidsတွေပါဝင်ပါတယ်။

သူတို့ကြောင့် အမျိုးမျိုးသောအဆုတ်ရောဂါတွေကိုဖြစ်မလာအောင်ကာကွယ်နိုင်ပါတယ်။

(၅) ဘယ်ရီသီး

ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီနဲ့ ရက်စဘယ်ရီအသီးတွေမှာ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းတွေကြွယ်ဝပါတယ်။

ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့် အဆုတ်ကင်ဆာအပြင် တခြားပိုးဝင်ခြင်းနဲ့ရောဂါတွေကိုဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။

(၆) ကမ်ဗလာသီး

ကမ္ဗလာသီးဟာ အဆုတ်ကိုပံ့ပိုးတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအများကြီးပါဝင်ပါတယ်။ အဆုတ်ကို ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေ ထိတွေ့လာတဲ့အခါကမ္ဗလာသီးက အဆုတ်ကို သန့်စင်ပေးပါလိမ့်မယ်။

(၇) သလဲသီး

သလဲသီးမှာ သဘာဝအစွမ်းအာနိသင်တွေအများကြီး ပါဝင်ပါတယ်။ သလဲသီးက အဆုတ်နဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်ပွားမှုကိုနှေးစေပြီးမြန်မြန်သက်သာစေနိုင်ပါတယ်။

(၈) အခွံမာသီး၊အစေ့အဆန်တွေနဲ့ ပဲအမျိုးမျိုး

သူတို့တွေမှာ ပန်းနာရင်ကျပ်ရှိသူတွေအတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်တွေ အများကြီးပါဝင်ပါတယ်။ သူတို့က အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ပိုကောင်းစေပြီး အသက်ရှူရပိုကောင်းစေပါတယ်။

ဥပမာPistachiosဆိုရင် အဆုတ်ကင်ဆာကာကွယ်နိုင်တယ်၊ ကိုလက်စထရောကျစေတယ်လို့ သုတေသနတွေ့ရှိထားပါတယ်။

၉)ဂေါ်ဖီထုပ်မျိုးန ွယ်တွေ

ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းတို့လို မျိုးနွယ်တူအုပ်စုက ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ အပြည့်အဝပါဝင်တာကြောင့် အဆုတ်အပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို အဆိပ်အတောက်တွေကင်းအောင် သန့်စင်ပေးနိုင်ပါတယ်။

(၁၀)carotenoidsကြွယ်ဝတဲ့အစားအစာ

carotenoidsဆိုတာ အဆုတ်ကင်ဆာကို ခုခံတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဒီဓါတ်တိုးဆန့်ကျင်ပစ္စည်းကို အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာတွေ့တတ်တယ်။

သူက ခန္ဓါကိုယ်ထဲရောက်တဲ့အခါ ပန်းနာရင်ကျပ်အတွက် အကျိုးထိရောက်တဲ့ ဗီတာမင်အေ အဖြစ်ပြောင်းလဲသွားပါတယ်။carotenoids ပါဝင်တဲ့အစားအစာတွေက မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ဖရုံသီးတို့ပါဝင်ပါတယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာကရေသောက်ပါ။အဆိပ်အတောက်ဖယ်ရှားသန့်စင်တဲ့နေရာမှာရေက အသုံးဝင်ဆုံးပါပဲ။ဖျော်ရည်၊ အချိုရည်တွေထက် ရိုးရိုးရေကိုပဲရွေးချယ်သင့်ပါတယ်။

အပေါ်မှာပြောခဲ့တဲ့အစားအစာတွေကိုပေါင်းစပ်စားသုံးမယ်၊နေ့စဉ်အာဟာရမှာ ထည့်သွင်းမယ်ဆိုရင် အဆိပ်အတောက်ကင်းစင်ပြီး ကျန်းမာနိုင်ဖို့ မဝေးတော့ပါဘူး။

ခရစ်ဒစ်

Leave a Comment