တစ်နေ့ကို ရှစ်နာရီထက် ပိုအိပ်ရင် ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာ (6) ခု

ရှစ်နာရီထက် ပိုအိပ်ရင် ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာ (6) ခု

ကျန်းမာရေးအတွက် တနေ့ကို ရှစ်နာရီအောက် နည်းပြီး မအိပ်သင့်ပါဘူး။ ဒါပေမယ့် လူအများစုက အိပ်ချိန်ရှစ်နာရီထက် ပိုများရင်လည်း ကောင်းတယ်လို့ ထင်နေကြပါတယ်။

တကယ်တော့ အိပ်ချိန်ရှစ်နာရီထက် ပိုခြင်းက အိပ်ချိန် ရှစ်နာရီအောက် လျော့ခြင်း လိုပဲ ကျန်းမာရေးကို အန္တရာယ် ပေးပါတယ်။

6. ကိုယ်အလေးချိန် တိုးလာခြင်း

အိပ်ချိန် နည်းပါးခြင်းရော အိပ်ချိန်များခြင်းကပါ အဝလွန်ခြင်း၊ ဆီးချိုရောဂါတို့နဲ့ ဆက်စပ်နေပါတယ်။ အိပ်ချိန်များရင်လည်း ဝလာတတ်ပါတယ်။ အိပ်ချိန်များတဲ့ အခါ လေ့ကျင့်ခန်း လုပ်ဖို့လည်း အချိန်မရတော့ပါဘူး ။

5. စိတ်ဓါတ်ကျခြင်း

အိပ်ချိန်မမှန်တဲ့သူတွေက စိတ်ဓါတ်ကျခြင်းကို ခံစားရတတ် ပါတယ်။ အချိန်အကြာကြီး အိပ်တဲ့သူတွေက စိတ်ပျက်လက်ပျက် ဖြစ်ခြင်း၊ ပင်ပန်းနွမ်းလျခြင်းကို ခံစားရတတ် ပါတယ်။

မနက်ဆိုရင် အိပ်ရာကနေ မခွာချင်အောင် အိပ်တတ်တဲ့ အခါတွေ လည်း ရှိမှာပါ။ အဲဒီအခါ စိတ်ဓါတ်ကျခြင်းက အိပ်ရာနားကို ရောက်လာ မှာပါ။

4. နှလုံးရောဂါ

အိပ်ချိန် အလွန်ကြာတဲ့ အခါ သင့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးရုံသာ မက နှလုံးရောဂါလည်း ရနိုင်ပါတယ်။

ယခုခေတ်မှာ နှလုံးရောဂါက အဖြစ်များတဲ့ ရောဂါ ဖြစ်လာပါပြီ။ တစ်နေ့ကို ရှစ်နာရီထက် ပိုအိပ်သူတွေက နှလုံးရောဂါနဲ့ သေဆုံးနိုင်ချေ 34% ရှိပါတယ်။

အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုများပြီး နှလုံးရောဂါနဲ့ သေဆုံးနိုင်ချေ ပိုများတယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

3. ခေါင်းကိုက်ခြင်း

လုံးဝမအိပ်ခြင်းက ခေါင်းကိုက်စေတတ် ပါတယ်။ ဒါ့အပြင် အိပ်ချိန် များရင်လည်း ခေါင်းကိုက် တတ်ပါတယ်။ အားလပ်ရက်တွေ မှာတောင် အချိန်အကြာကြီး မအိပ်သင့်ပါဘူး။

အိပ်ချိန်ကြာပြီးနောက် နိုးလာတဲ့အခါ ခေါင်းကိုက် ဝေဒနာခံစားရတာကို လူတိုင်းနီးပါး ကြုံဖူးကြမှာပါ၊

2 .မှတ်ဉာဏ် အားနည်းလာခြင်း

အိပ်ချိန်ကြာမြင့်ခြင်းက ဦးနှောက်ရဲ့ အလုပ်လုပ်မှုကို ထိခိုက်စေ ပါတယ်။ အိပ်ချိန်များတဲ့နေ့တွေဆိုရင် ညပိုင်း အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

အိပ်ချိန်များခြင်းက ဦးနှောက်ရဲ့သိမှု လုပ်ငန်းတွေကို ထိခိုက်စေပြီး မှတ်ဉာဏ်က ကြာရှည်မမှတ်နိုင်ဘဲ မေ့လာတတ်ပါတယ်။

1. အိပ်မပျော်ခြင်း

ဒီအချက်က ထူးဆန်းနေပါလိမ့်မယ်။ တစ်ခါတရံမှာ အိပ်မပျော်ခြင်းက အိပ်စက်မှုပုံစံမှားယွင်းမှုနဲ့လည်း သက်ဆိုင်နေပါတယ်။

ဥပမာအနေနဲ့ သင်က ကွန်ပျူတာကို ညနက်တဲ့အထိ သုံးနေရင်၊ နောက်နေ့မှ အိပ်တော့မယ်လို့ စိတ်ကူးထားရင် အိပ်မပျော်တတ်တဲ့ အကျင့်ကို ရလာမှာပါ။

နှစ်ရက်လောက် မအိပ်ဘဲ နေနိုင်ပေမယ့် နောက်ရက်တွေမှာ အိပ်ချိန် ကစဉ့်ကလျားတွေ ဖြစ်လာမှာပါ။

အိပ်ချိန်နည်းအောင် ဘယ်လိုလုပ်ရမလဲ။

ခန္ဓါကိုယ်အတွက် အိပ်ချိန် 7 နာရီနဲ့ 8 နာရီကြား ရှိဖို့ဆိုရင်

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားပါ။

အရက်၊ ဘီယာသောက်သုံးမှုကို တတ်နိုင်သမျှ လျှော့ပါ။

လေ့ကျင့်ခန်း လုပ်ပါ။

အိပ်ချိန်နဲ့ နိုးချိန် မှန်ဖို့ လိုပါတယ်။

ကာဖိန်းဓါတ် ပါဝင်တဲ့ သောက်စရာတွေကို ရှောင်ပါ။

အိပ်ခန်း တိတ်ဆိတ်ပြီး အနားယူလို့ ကောင်းတဲ့ နေရာမျိုး ဖြစ်သင့်ပါတယ်။

Zombie

Zawgyi






5. စိတ်ဓါတ်ကျခြင်း



4. နှလုံးရောဂါ




3. ခေါင်းကိုက်ခြင်း






1. အိပ်မပျော်ခြင်း








လေ့ကျင့်ခန်း လုပ်ပါ။




Zombie

Leave a Comment