ကွမ်းရွက်ကို ဘယ်လိုဖြစ်တာတွေမှာ သုံးနိုင်သလဲ

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေက က ယ်စီယမ် , ကာရိုတင်း ,ရိုင်ဘိုဖလေဗင် , နိုင်ယာစင်း , သိုင်ရာမင် , နဲ့ ဗီတမင် စီတို့ဖြစ်ကြပါတယ်။

လတ်တလောလေ့လာမူတွေအရ ကွမ်းရွက်မှာ တန်နင် , သကြား , မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြောင်းသိရပါတယ်။

ကွမ်းရွက်မှာပါတဲ့ ချာဗီကော ဆိုတဲ့ ဖီနှော ဓာတ်ဟာ အစွမ်းထက်ပိုးသတ် အာနိသင် ရှိပါတယ်။

မျက်စိအတွင်းတိမ်ရောဂါ နဲ့ ရေတိမ်ကိုကွမ်းရွက်နဲ့ကုသည့်အကြောင်းသိကောင်းစရာ-

အတွင်းတိမ်ဆိုတာ မျက်ဆံမှာ အလင်းပိတ်စေတဲ့အပျောက် ဒါမှမဟု တ် မီးခိုးရောင် ဒါမှမဟုတ် ဖြူနောက်နောက် အစက် အပျောက် ဖြစ်စေပြီး အမြင်ကို မရှင်းမလင်း

ဖြစ်စေတဲ့မျက်တွင်းမှန်မှာ တိမ်ဖုံးနေတာမျိုးကိုပြောတာပါ ။

အရွယ်ရလာနဲ့အမျှမျက်တွင်းမှန်ပရိုတိန်းကလည်းလျော့နည်းကျဆင်းလာတတ်တာ ကြောင့် အသက်အရွယ်ရတဲ့ သူတွေမှာ ဖြစ်ပွားတတ်ပါတယ်။

အတွင်းတိမ်က အမြင်အာရုံကိုနည်းအမျိုးမျိုးနဲ့ယိုယွင်းပျက်ဆီးစေနိုင်ပြီးမြင်ရတဲ့အရောင်တွေရဲ့တောက်ပမှုလျော့ကျလာတာ အမြင်ဝေဝါးတာနဲ့စူးရှတောက်ပတဲ့

အလင်းရောင်ကိုမခံနိုင်တာစတဲ့အချက်တွေလည်းပါဝင်ပါတယ်။

အတွင်းတိမ်ရောဂါကမွေးရာပါရောဂါလက္ခဏာအခြေအနေတစ်ရပ်ကြောင့်မွေးထဲကပါလာတတ်သလို မျက်စိမှာ ထိခိုက်ဒါဏ်ရာရပြီး နောက်လည်းဖြစ်လာတတ်ပါတယ်။

ဒါပေမယ့် လူနေမှုပုံစံနဲ့ဆက်နွယ်တဲ့အကြောင်းရင်းတွေ- တချို့သောဆေးဝါးတွေကို မှားပြီးသုံးခြင်းကြောင့်လည်းအတွင်းတိမ်ဖြစ်စေပါတယ်စူးရှတဲ့အလင်းရောင်ကိုမခံနိုင်ပါ

မျက်စိရေတိမ်နဲ့ကွမ်းရွက်…

ရေတိမ်ဖြစ်လျင် မျက်အောင့်ခြင်း တခုခုစူးစိုက်ကြည့်ခြင်း စာဖတ်ခြင်း လုပ်ရင်မှုးဝေလာသည်။

ကွမ်းရွက်မှာ အကိုက်အခဲ ပျောက်တဲ့ အာနိသင် နဲ့အေးမြစေတဲ့အာနိသင် ရှိပါတယ်။

ပြင်းထန်စွာ ခေါင်းကိုက်နေသူတွေ ကို ခေါင်းကိုက်တဲ့ နေရာအပေါ်မှာ ကွမ်းရွက် အုပ်ပေးပါက ကောင်းမွန်တဲ့ ရလာဒ်ကို ရရှိစေပါတယ်။

ကွမ်းရွက်ကိုမတ်စေ့ခန့်ညီညီညာညာအဝိုင်းလေးလုပ် နှာခေါင်းနဲ့မျက်စိကြားထောင့် မှာကပ်ထားပါ ကွမ်းရွက် ကပ်တဲ့အခါမှာ မျက်စိအတွင်းထောင့်ရှိ မျက်ရည်အိတ်နေရာ

( လက်နဲ့စမ်းကြည့်ရင် အဖုလေးရှိတဲ့နေရာ)မှာ ကပ်မှ မျက်စိထဲရှိ အခိုးတွေကို စုပ်ယူသွားပါတယ်။

မျက်လုံးမှာကပ်ပြီး အိပ်ရင်မျက်ရည်ပူ ကျခြင်းမျက်လုံးအောင့်ခြင်း ကိုပျောက်ကင်းစေပါတယ် – ထူးခြားချက်က မျက်မှန်ပါဝါလျော့နည်းပြီး မျက်စိကိုအားကောင်းစေပါတယ်။

ထို ထူးခြားချက်မှာ နေ့တိုင်းကွမ်းရွက် ကပ်ပေးရမှာ ဖြစ်ပါတယ်။

နောက်တစ်နည်းက ကွမ်းရွက်တစ်ရွက်ကို မျက်စိအရွယ်ခန့် အပေါက်ဖောက်ပြီးမျက်လုံးကိုအုပ်ပြီး ကပ်နည်းဖြစ်ပါတယ်။ ပြောင်ချောသောဖက်မှာ ရေဆွတ်ပြီး ကပ်ထားလိုက်ယုံပါ။ ကွာမချပါ။

ကပ်ခါစမှာ အတွင်းမှ အပူများစုပ်ယူနေသလို ခံစားရပြီး မနက်မလင်းမီ ကွမ်းရွက်ကခြောက်သွေ့ပြီး ကွာကျသွားပါလိမ့်မည်။တစ်ပတ် ဆယ်ရက်ခန့်ကြာတဲ့အခါမှာ စုပ်ယူတဲ့အပူနည်းပြီး ကွမ်းရွက်မခြောက်တော့ပါ။

နောက်ပိုင်း မနက်အိပ်ရထတဲ့အခါတိုင်း အစိုအတိုင်း ကပ်နေတတ်ပါတယ်။ ကွမ်းရွက်ကပ်ခြင်းကြောင့် တစ်နေ့တစ်ခြား မျက်လုံအိမ်အတွင်းမှ ကိုက်ခြင်း မျက်လုံးကိုက်ခြင်းများကို သက်သာလာစေပါတယ်။

ကွမ်းရွက်ကို သုံးစွဲရာမှာ သတိထားရမည့်အချက်က ကွမ်းရွက်များကို သေချာရေဆေးပြီးမှ အသုံးပြုပါ။ ကွမ်းပင်စိုက်ရာတွင် အသုံးပြုသော ဖျန်းဆေးများသည် ဆိုးကျိုးများကိုပေးသောကြောင့်ဖြစ်ပါသည်။

ကိုးကား ကြည်လွင်မြင့် ( မုဒြာ)

ရောဂါရင့်လျင်နေ့/ညကပ်ပါ ညဖက် မပျက်မကွက် ကပ်ပါ စိတ်ရှည်ပါ သက်သာလာမည် ။

မျက်စိအတွင်းဒေါင့်တွင်မျက်ရည်ထွက်ပေါက်ရှိ၍၄င်းအပေါက်လုံလျှင်ရပါပြီ ။

ဆေးဖက်ဝင် ကွမ်းရွက်

၁) ကွမ်းရွက် ကိုညှစ်၍ ရသော သတ္ထုရည် ဂျင်းပြုတ်ရည် ဆား အနည်းငယ်နဲ့ တိုက်ကျွေးပါက ပန်းနာ ရင်ကျပ် ရင်ကယ် ရင်အောင့် ကြက်ညှာ ချောင်းဆိုး ရောဂါများပျောက်၏။

၂) – ကလေးများ လေပွခြင်း အစာမကြေဖြစ်ခြင်း. ဝမ်းသွားခြင်း. ဖျားနာခြင်း များ၌ကွမ်းရွက် သတ္ထုရည်နဲ့ပျားရည် ရော၍တိုက်ကျွေးပါက ပျောက်ကင်း၏

၃ ) – အဖျားကြောင့်ဖြစ်သော ခေါင်းကိုက်ရောဂါများကို. ကွမ်းရွက်ကို မျက်စဉ်းအဖြစ်ခပ်ပေးနိုင်သည်။

၎ ) – မျက်စိ ပူခြင်း. ယားခြင်း နာခြင်းများတွင် ကွမ်းရွက်ကို မျက်လုံးပေါ်တွင် ကပ်ပေးနိုင်သည်။

၅ ) – ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အဖျား လည်ချောင်းနာ ခြင်းကို ပျောက်ကင်းစေနိုင်သည်။

၆ ) – သွေးတိုးရောဂါတွင် သွေးတက်သည့်အခါ ချက်ခြင်းပျောက်စေရန် ကွမ်းရွက် သတ္ထုရည်ကို ညှစ်၍တိုက်ပါ။

၇ ) – လိပ်ခေါင်းရောဂါအတွက် ဒွါရပေါက်၌ ကွမ်းရွက်ကပ်ပေးပါက ခံစားနေရသည့်ဝေဒနာ သက်သာစေသည်။ကလေးများကို ကွမ်းရိုးကို နှမ်းဆီသုတ်ပြီး ဝမ်းချုပေးနိုင်၏

၈ ) – မွှေးကျွတ်နာ ( သို့ ) အနာစိမ်းအတွက် ကွမ်းရွက်ကို အပူပေး ကြက်ဆူဆီသုတ်ပြီး မကြာခဏ အလဲအလှယ်ကပ်ပေးပါက အနာပေါက်ကာ ပြည်များထွက်ပြီး အနာသက်သာစေလိမ့်မည်။

၉ ) – ထိခိုက် ရှနာဖြစ်လျှင် အနာပေါ်သို့ ကွမ်းရွက် ကပ်ပေးပါက ၂ ရက်အတွင်း သက်သာပျောက်ကင်းပါလိမ့်မည်။ ကွမ်းရွက်ကပ်၍ မရသောနေရာများကို အရည်ညှစ်၍ မကြာခဏ သုတ်လိမ်းပေးနိုင်သည်။

၁၀ ) – ခါးနာ အဆစ်အမြစ်များ နာကျင် ကိုက်ခဲခြင်း ဖြစ်ပါက ကွမ်းရွက်ကို အပူပေးပြီးအုန်းဆီသုတ်လိမ်းပြီး နာသောနေရာမှာ ကပ်ထားပေးပါ။

၁၁ ) – ခေါင်းကိုက်နေလျှင် နားထင်၌ ကွမ်းရွက်ကပ်ပေးပါက ကွမ်းရွက်၏ အေးမြသော သတ္တိက ခေါင်းကိုက်ခြင်းကို သက်သာစေသည်။

၁၁ ) – နှလုံးဝေဒနာ ခံစားနေရပါက ကွမ်းရွက်ကို ရေ အနည်းငယ်ဆွတ်ပြီး နှလုံးနေရာ၌ ကပ်ပေးပါ ၊ ကွမ်းရွက်သည် နှလုံးခုန်နူန်းကို စည်းချက် ညီစေသော ဂုဏ်သတ္တိရှိ၍ဝေဒနာကို လျော့ပါးစေမည်။

၁၂ ) – အသက်ရူ လမ်းကြောင်းတွင် ဖြစ်ပွားတတ်သော ဝေဒနာအတွက် ကွမ်းရွက်ကိုမုန်ညင်းဆီ ဆွတ်ကာ အပူအနည်းငယ်ပေးပြီး ရင်ဘတ်တွင် ကပ်ထားပါက သက်သာ၏

၁၃ ) – ဆီးသွား နည်းခြင်း ဆီးချုပ်ခြင်း ဆီးနည်းခြင်းတို့ဖြစ်လျှင် နွားနို့ကို သကြား အနည်းငယ်ထည့်ပြီး ကွမ်းရွက်ရည်နဲ့ ရောနှောသောက်ပါက ဆီးရွှင်မည်။

၁၄ ) – အစာမကြေဖြစ်ပါက. အစာစားပြီးနောက် ကွမ်းရွက်စားပေးပါက ခံတွင်းကောင်းပြီး အစာကျေညက်စေသည်။ ကွမ်းရွက်မှာပါသည့် ဂုဏ်သတ္တိသည် အူလမ်းကြောင်း

လူပ်ရှားမူကို ကောင်းမွန်စေပြီး အစာချေဖျက်သည့် အင်ဇိုင်းများ ကောင်းစွာအလုပ် လုပ်နိုင်ရန် ကူညီပေးသည်။

၁၅ ) – ကိုယ်နံ့ကောင်းလိုလျှင် , သွားနဲ့သွားဖုံး ကျန်းမာလိုလျှင် ကွမ်းရွက် ၁၀ ရွက်ကို ပါးပါးလှီးပြီး ပွက်ပွက်ဆူသည့် ရေနွေးထဲထည့်ပါ ၁၀ မိနစ်ခန့် အုပ်ဆိုင်းပြီး ခပ်နွေးနွေးကို သောက်ပေးပါက ကိုယ်နံ့ကောင်းပြီး သွားနဲ့ သွားဖုံးကို ကျန်းမာစေသည်။

၁၆ ) – ကလေးများ နှာစေးပါက ကွမ်းရွက်ကို မီးကင်ပြီး ငယ်ထိပ်ကို အုန်းဆီလိမ်း ကပ်ကပ်ပေးပါက သက်သာပျောက်ကင်းမည်။ရင်ညွန့် ရင်ဘတ်ကို ကပ်ပေးပါက ချွဲသလိပ်ကပ်ခြင်း ပျောက်ကင်းစေသည်။

၁၇ ) – အပူလွန်ပြီး ဖျားနေပါက ကွမ်းရွက် , ဂျင်း , ထန်းလျှက် , ဆားအနည်းငယ် တို့ကို ရေနှောပြီး ပြုတ်သောက်ပါ။

၁၈ ) – ချောင်းဆိုး ပန်းနာ ရင့်အောင့် ရင်ကယ် ဖြစ်ရင် ကွမ်းရွက်ညှစ်ရည်ကို သိန္ဓောဆားအနည်းငယ်ထည့် ချင်းပြုတ်ရည်နဲ့ သောက်ပေးပါ။

ပန်းနာ ရင်ကျပ်အတွက် ကွမ်းရွက်နဲ့ ပင်စိမ်းရွက် ရောကြိတ် ရလာတဲ့ အရည် တစ်ဇွန်းစာမှာ ဆားမီးဖုတ် အနည်းငယ်ထည့်ပြီး ရေနွေးနဲ့ သောက်ပါက ပန်းနာရင်ကျပ်သက်သာစေသည်။

၁၉ ) – မျက်စိနာပြီး ကိုက်ခဲနေလျှင် ကွမ်းရွက်ညှစ်ရည်နဲ့ မျက်စဉ်းခပ်ပေးပါ။

၂၀ ) – မီးယပ်ကြောင့် စိတ်ရောဂါ ( ဓမ္မတာမမှန် စိတ္တဇနာ)ဖြစ်လျှင် ကွမ်းရွက်ရည်ကိုနွားနို့နဲ့ တိုက်ကျွေးပေးပါက ပျောက်ကင်းသည်။

၂၁ ) – ကလေးများ ကြောပူ ခေါင်းပူထပါက ကွမ်းရွက် သတ္ထုရည် နဲ့ ကြက်ဟင်းခါးရွက်သတ္ထုရည် ရောပြီး ကလေး၏ ကြောပြင် ဝမ်းပြင် ( အထက်မှ အောက်သို့ ) လိမ်းပေးပါက ကြောပူခေါင်းပူ သက်သာသည့် လက်တွေ့ဆေးပါ။

၂၂ ) – ကလေးများ ချောင်းဆိုး လည်ချောင်းပူလျှင် ကွမ်းရွက် သတ္ထုရည်ကို ဆားခပ်၍တိုက်ပါက သက်သာပျောက်ကင်းစေသည်။ကွမ်းရွက် သတ္ထုရည်ကို ချင်းပြုတ်ရည် ရော၍ ဆားအနည်းငယ်ထည့်တိုက်ပါက ကြက်ညှာချောင်းဆိုးပျောက်ကင်းစေသည်။

၂၃ ) – အညှီ အဟောက် အနံ့ဆိုးများ လက်တွင်စွဲနေပါက ကွမ်းရွက်ကို လက်ထဲတွင်ပွတ်ချေခြင်းဖြင့် အနံ့များ ပျောက်ကင်းစေသည်။ အနံ့ပြင်းသော ဒညင်းသီး စားပြီးပါကကွမ်းရွက် ဝါးခြင်းဖြင့် အနံ့ဆိုးပျောက်စေသည်။

၂၄ ) – ခံတွင်းပျက်ခြင်း အော့အန်ခြင်းအတွက် ကွမ်းရွက်အရင့်ကို ကွမ်းစားဂမုန်းဥနဲ့ ညက်စွာရောကြိတ်၍ သင့်တော်သည့်အရွယ်လုံးကာ တစ်နေ့ တစ်လုံး စားပေးပါကခံတွင်းအနံ့မကောင်းခြင်းကို ပျောက်ကင်းစေသည်။

၂၅ ) – အအေးမိ နှာစေးပါက ကွမ်းရွက် ချင်း ထန်းလျက်ရောပြုတ်ပြီး ပူပူသောက်ပေးပါ – ခန္ဓာကိုယ် လေးလံထိုင်းမိုင်းနေပါက ကွမ်းရွက် သတ္ထုရည် မျက်စဉ်းခပ်ပေးပါ။ အပူကြီး ဖျားနာပါက ထန်းလျက် ချင်း နနွင်း နင့် ကွမ်းရွက် ရောကျိုပြီး ဆားအနည်းငယ် ထည့်သောက်ပါ။

၂၆ ) – နို့ချောင်းပိတ် နို့ကြိတ်ရောင် နို့ရည်တင်း ကိုက်ခဲသော် ကွမ်းရွက်ကို ဆီသုတ်မီးကင်ပြီး အုံပေးပါက သက်သာပျောက်ကင်းစေသည်။

၂၇ ) – ချောင်းဆိုး အသံဝင်ပါက ကွမ်းရွက်သတ္ထုရည်ကို နွယ်ချိုမူန့် ထဲ ဆားအနည်းထဲ့ ဖျော်တိုက်ပါ။

၂၈ ) – အဆစ်ရောင် ရောဂါအတွက် ကွမ်းရွက်စိမ်းရည်နဲ့ ခတက်ရွက်အရည် ဆတူရောထောပတ် အနည်းငယ်ထည့်ကာ တစ်နေ့ တစ်ကြိမ် တစ်ဇွန်းသောက်ပါ။

၂၉ ) – ဦးရေပြားပူပြီး ဆံပင်ကျွတ်နေပါက ကွမ်းရွက်, ကွမ်းရိုး နဲ့ ထောလပတ်ရွက် ကိုကြိတ်ပြီး ဦးရေပြားမှာလိမ်းပေး နာရီဝက်ကြာ ခေါင်းလျော်ပါ။

၃၀ ) – အသက်အရွယ် ကြီးသူများ မျက်ခုံးမွှေး မဖြူအောင် ကွမ်းရိုးနဲ့ လက်ဖက်အနစ်ကို တို့ယူပြီး မျက်ခုံကို ဆွဲပေးပါက မဲနက်သောမျက်ခုံအရောင် အတိုင်းရှိနေမည်။

၃၁ ) – ဆီးချို နာရီဝက် ကျစေသည့်နည်း – ကွမ်းရွက်နဲ့ ကြက်သွန်ဖြူ ကွမ်းစားသလို ကွမ်းရွက်ထဲ ကြည်သွန်ဖြူ ၃ တက်လောက်ထည့် စားပေးနိုင်သည်။

တန်ဖိုးနည်းဆေးနည်းမျာမှာ တစ်ဦးနဲ့ တစ်ဦး မတူကြတာလည်းရှိပါတယ် တစ်ယောက်ပျောက်ပေမယ့် နောက်တစ်ဦး မပျောက်တတ်ပါ –

မခင်နီဝင်း

Leave a Comment