အိမ်ထောင်ရေး အချစ်ရေး အဆင်မပြေဖြစ်နေသူများအတွက် ငုံးဥ ယတြာ


အချစ်ဝင်ရင် အပြစ်မမြင်ပေမယ့် အချစ်မဝင်တော့လို့ အပြစ်မြင်လာတဲ့အိမ်ထောင်ဘက်တွေက နားလည်မှူ့လွှဲပြီ စွန့်ခွါသွားတာ လမ်းခွဲသွားတာတွေကြောင့် စိတ်ညစ်စိတ်သောကရောက်နေရသူ






ယတြာနည်း




(၇)ရက်သားသမီးမိတ်ဆွေများအားလုံးအဆင်ပြေပါစေ ……..



ဆရာကောင်းခန့်

09-402767193

Unicode

အိမ်ထောင်ရေး အဆင်ပြေစေရန် အစီရင်

အချစ်ဝင်ရင် အပြစ်မမြင်ပေမယ့် အချစ်မဝင်တော့လို့ အပြစ်မြင်လာတဲ့အိမ်ထောင်ဘက်တွေက နားလည်မှူ့လွွှဲပြီ စွန့်ခွါသွားတာ လမ်းခွဲသွားတာတွေကြောင့် စိတ်ညစ်စိတ်သောကရောက်နေရသူ

အိမ်ထောင်ရှင်တွေ……အတွက်

ရုပ်ခံနဲ့ အဟုတ်ကြံနေတဲ့ စနိုက်ကြော်မတွေရဲ့မြူ ဆွယ်မှုကြောင့် မိမိအပေါ်အချစ်ပေါ့ပြီ အပြစ်မြင်လာလို့ စွန့်ခွါ ပစ်ထားခံရသူတွေ…

မိမိချစ်သူရဲ့အချစ်ကိုယုံ ဘ ဝကိုပုံပေးခဲ့ပြီမှ ပစ်ချခံခဲ့ရတဲ့ အနင်းချေခံပန်းတပွင့်ဖြစ်နေလို့ အချစ်သောက မျက်ရည်ပင်လယ် ဝေနေရသူတွေ…

အချစ်မဝင်လို့အပြစ်မြင်ပြီး အပြင်မှာသာယာမှူ့ရှာ အပျော်ဖက်နေတဲ့ အိမ်ဦးနတ်ကြီးက မိသားစုကိုဂရုမစိုက် ပြဿနာရှာနေလို့ စိတ်သောကများနေရတဲ့ အိမ်ရှင်မတွေအတွက် …

မိမိရဲ့အချစ်ရင်ခွင်ဆီ ပြန်လည်တိုးဝှေ့လာစေမယ့် မိမိ၏ဇနီး၊လင်ဖောက်ပြန်နေလျှင် ဤသို့လုပ်ပါ

ယတြာနည်း

ကြွေပန်းကန်ပြား(၁)ချပ်ယူပါ ငုံးဥပြုတ်(၅)လုံးယူပါ ကြွေပန်းကန်ပြားပေါ်တွင် ငုံးဥပြုတ်ကိုထည့်ပါ ပြီးလျှင်အပေါ်မှ စတီးခွက်(၁)ခွက်ဖြင့်အုပ်ပါ [အိမ်ထောင်ရေးဒုက္ခအဆင်ပြေလိုကြောင်း]

မိမိတို့၏ စိတ်ဖြင့်မှန်၍ နယ်ပိုင်ဘိုးဘိုးကြီးဆီသို့ လေးလေးနက်နက်ဆုတောင်းပါ ဆုတောင်း၍အားရလျှင် ငုံးဥပြုတ်ကို ကလေးငယ်တစ်ဦးအားကျွေးလိုက်ပါ

မှတ်ချက်-(မိမိသားသမီးမကျွေးရ)ပြုလုပ်ရမည့်အချိန် မနက်ပိုင်းပြုလုပ်ပါ ဘုရာစဉ်(သို့မဟုတ်)သန့်ရှင်းသောနေရာတွင် ပြုလုပ်ပါ ဘယ်နေ့ပြုလုပ်ပြုလုပ်ရပါတယ်

(၇)ရက်သားသမီးမိ်တ်ဆွေများအားလုံးအဆင်ပြေပါစေ ……..

သင်ဆရာ မြင်ဆရာ ကြားဆရာများအား အစဉ်ရှိခိုးဦးခိုက်လျက်……

ဗေဒင်နှင့် ယတြာအစီအရင်ပညာရှင်

ဆရာကောင်းခန့်

09-402767193

Leave a Comment