ေသြးပ်စ္ ၊ေသြးတိုး ၊ဆီးခ်ိဳ ၊ေသြးခ်ိဳအတြက္ ဝိဇၨာညီေနာင္ ဟင္းရည္

ေသြးတိုး၊ေသြးျပစ္၊ဆီးခ်ိဳ၊ေသြးခ်ိဳအတြက္

အျမဲေသာက္သုံးသင့္သည့္ေဆးေတာ္ႀကီး

ဟင္းရည္

၁။တကယ္ကိုေဆးစြမ္းထက္တဲ့ဟင္းရည္မလို႔ ေဆးေတာ္ႀကီးဟင္းရည္လို႔ေခၚပါတယ္၊ ပါဝင္တဲ့ေဆးအမယ္ေတြက လယ္ကန္စြန္းရိုးနီနဲ႔ ကင္ပြန္းခ်ဥ္ရြက္ပဲျဖစ္ပါတယ္။

သူတို႔ကို သမားေတာ္ႀကီးႏွစ္ဦးလို႔ဆိုသင့္ပါတယ္။ကၽြန္ေတာ့္ဆရာေတြကေတာ့”ဝိဇၨာညီေနာင္”လို႔ တင္စားခဲ့ၾကပါတယ္။

ကန္စြန္းရိုးနီကေသြးအျပစ္ျပဳတာေတြရွင္းလင္းကုသေပးၿပီး ကင္ပြန္းခ်ဥ္ကေတာ့ေသြးတြင္းပိတ္

ဆို႔တာကိုရွင္းေပးၿပီးဝမ္းကိုအက်ိဳးျပဳတယ္လို႔ အဓိကအေၾကာင္းရင္းကိုအတိုခ်ဳပ္ရွင္းျပဖူးပါတယ္။ဆရာေတြေျပာခဲ့သလိုတင္စားၿပီးေျပာပါ့မယ္။

ဒီေဆးဝိဇၨာညီေနာင္ဟင္းရည္ကိုစားေကာင္းသလိုခ်ဥ္ရည္ဟင္းခ်က္ၿပီးထမင္းမစားမီဆယ့္ငါး

မိနစ္ခန္႔ႀကိဳတင္ၿပီးဟင္းရည္တစ္ပန္းကန္ႀကိဳေသာက္ထားရင္ဝမ္းထဲမွာျပည့္တင္းေနတဲ့ေလေတြ ၿပိဳကဲဲၿပီးအစာစားျခင္းစိတ္ကိုျဖစ္ေပၚေစပါတယ္၊

ထမင္းစားေနစဥ္နဲ႔စားအၿပီးမွာေသာက္ရင္ လည္းေသြးျပစ္ေသြးတိုးျခင္းနဲ႔ဆီးခ်ိဳေသြးခ်ိဳတက္ျခင္းကင္းေဝးကာ စိတ္ၾကည္လန္းဆန္းေစပါတယ္။

မွတ္ခ်က္။ ေသြးျပစ္ေသြးတိုး၊ဆီခ်ိဳေသြးခ်ိဳတက္ျခင္း၏အဓိကအေၾကာင္းရင္းတစ္ခုမွာအစာမေၾကျခင္းဝမ္းခ်ဳပ္စျမင္းခံျခင္းမ်ားေၾကာင့္ျဖစ္ေလ့ရွိပါသည္။

ဝမ္းခ်ဳပ္စျမင္းခံျခင္းကိုျဖစ္ေစသည့္အစာစား ေနစဥ္ႏွင့္စားၿပီးၿပီးျခင္းရိုးရိုးေရေအး၊ေရခဲရည္ စသည္တို႔ကိုလုံးဝမေသာက္ပဲေရွာင္ၾကဥ္ၾကပါရန္ အႀကံျပဳပါ၏။

အစားစားေနစဥ္ေရေႏြးသင့္႐ုံႏွင့္ဟင္းရည္တဝေသာက္၍ရပါသည္၊အစာစားၿပီး ပါကအစာေၾကေစရန္အညာထန္းလ်က္အညိဳ

တစ္ခဲႏွစ္ခဲကိုေရေႏြးျဖင့္ေသာက္သုံးေပး ၾကပါ၊ေရေအးကိုမူထမင္းစားၿပီးတစ္နာရီေက်ာ္မွသာနည္းနည္းျခင္းသာေသာက္ပါရန္။

၂။ဤသို႔ဆင္ျခင္ညဏ္ေရွ႕သြားစားေသာက္ေန ထိုင္ၿပီးဝိဇၨာညီေနာင္ဟင္းရည္ကိုမွီဝဲေသာက္သုံး

သြားပါကေသြးျပစ္၊ေသြးတိုး၊ဆီးခ်ိဳေသြးခ်ိဳေဝဒနာမ်ားႏွင့္အဆစ္အျမစ္ကိုက္ခဲေဝဒနာမ်ားအတြက္

ေဆးတိုးကာက်န္းမာလာနိုင္မည္ျဖစ္၍လယ္ကန္စြန္းရိုးနီကင္ပြန္းခ်ဥ္ေဆးေတာ္ႀကီးဟင္းရည္ေခၚ

ဝိဇၨာညီေနာင္ဟင္းရည္ကိုေသာက္သုံးသင့္ေၾကာင္းပါဗ်ာ။

“က်န္းမာခ်မ္းသာၾကပါေစ”

Shwe La Thar Win

Unicode

အမြဲသောက်သုံးသင့်သည့်ဆေးတော်ကြီး

ဟင်းရည်

၁။တကယ်ကိုဆေးစွမ်းထက်တဲ့ဟင်းရည်မလို့ ဆေးတော်ကြီးဟင်းရည်လို့ခေါ်ပါတယ်၊ ပါဝင်တဲ့ဆေးအမယ်တွေက လယ်ကန်စွန်းရိုးနီနဲ့ ကင်ပွန်းချဉ်ရွက်ပဲဖြစ်ပါတယ်။

သူတို့ကို သမားတော်ကြီးနှစ်ဦးလို့ဆိုသင့်ပါတယ်။ကျွန်တော့်ဆရာတွေကတော့”ဝိဇ္ဇာညီနောင်”လို့ တင်စားခဲ့ကြပါတယ်။

ကန်စွန်းရိုးနီကသွေးအပြစ်ပြုတာတွေရှင်းလင်းကုသပေးပြီး ကင်ပွန်းချဉ်ကတော့သွေးတွင်းပိတ်

ဆို့တာကိုရှင်းပေးပြီးဝမ်းကိုအကျိုးပြုတယ်လို့ အဓိကအကြောင်းရင်းကိုအတိုချုပ်ရှင်းပြဖူးပါတယ်။ဆရာတွေပြောခဲ့သလိုတင်စားပြီးပြောပါ့မယ်။

ဒီဆေးဝိဇ္ဇာညီနောင်ဟင်းရည်ကိုစားကောင်းသလိုချဉ်ရည်ဟင်းချက်ပြီးထမင်းမစားမီဆယ့်ငါး

မိနစ်ခန့်ကြိုတင်ပြီးဟင်းရည်တစ်ပန်းကန်ကြိုသောက်ထားရင်ဝမ်းထဲမှာပြည့်တင်းနေတဲ့လေတွေ ပြိုကဲဲပြီးအစာစားခြင်းစိတ်ကိုဖြစ်ပေါ်စေပါတယ်၊

ထမင်းစားနေစဉ်နဲ့စားအပြီးမှာသောက်ရင် လည်းသွေးပြစ်သွေးတိုးခြင်းနဲ့ဆီးချိုသွေးချိုတက်ခြင်းကင်းဝေးကာ စိတ်ကြည်လန်းဆန်းစေပါတယ်။

မှတ်ချက်။ သွေးပြစ်သွေးတိုး၊ဆီချိုသွေးချိုတက်ခြင်း၏အဓိကအကြောင်းရင်းတစ်ခုမှာအစာမကြေခြင်းဝမ်းချုပ်စမြင်းခံခြင်းများကြောင့်ဖြစ်လေ့ရှိပါသည်။

ဝမ်းချုပ်စမြင်းခံခြင်းကိုဖြစ်စေသည့်အစာစား နေစဉ်နှင့်စားပြီးပြီးခြင်းရိုးရိုးရေအေး၊ရေခဲရည် စသည်တို့ကိုလုံးဝမသောက်ပဲရှောင်ကြဉ်ကြပါရန် အကြံပြုပါ၏။

အစားစားနေစဉ်ရေနွေးသင့်ရုံနှင့်ဟင်းရည်တဝသောက်၍ရပါသည်၊အစာစားပြီး ပါကအစာကြေစေရန်အညာထန်းလျက်အညို

တစ်ခဲနှစ်ခဲကိုရေနွေးဖြင့်သောက်သုံးပေး ကြပါ၊ရေအေးကိုမူထမင်းစားပြီးတစ်နာရီကျော်မှသာနည်းနည်းခြင်းသာသောက်ပါရန်။

၂။ဤသို့ဆင်ခြင်ညဏ်ရှေ့သွားစားသောက်နေ ထိုင်ပြီးဝိဇ္ဇာညီနောင်ဟင်းရည်ကိုမှီဝဲသောက်သုံး

သွားပါကသွေးပြစ်၊သွေးတိုး၊ဆီးချိုသွေးချိုဝေဒနာများနှင့်အဆစ်အမြစ်ကိုက်ခဲဝေဒနာများအတွက်

ဆေးတိုးကာကျန်းမာလာနိုင်မည်ဖြစ်၍လယ်ကန်စွန်းရိုးနီကင်ပွန်းချဉ်ဆေးတော်ကြီးဟင်းရည်ခေါ်

ဝိဇ္ဇာညီနောင်ဟင်းရည်ကိုသောက်သုံးသင့်ကြောင်းပါဗျာ။

“ကျန်းမာချမ်းသာကြပါစေ”

Shwe La Thar Win

Leave a Comment