လဘ်ကောင်းပြီး စီးပွါးရေးအဆင်ပြေစေလို့ အိမ်ထဲမှာ စိုက်ပျိုးသင့်တဲ့ အပင်တွေ ..

လဘ်ကောင်းပြီး စီးပွါးရေးအဆင်ပြေစေလို့ အိမ်ထဲမှာ စိုက်ပျိုးပေးသင့်တဲ့ အပင်လေးတွေ

အပင်လေးတွေက လေကောင်းလေသန့်တွေ ထုတ်ပေးတဲ့အပြင် သူတို့ဆီကရတဲ့ ရနံ့တစ်ချို့ကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေပြီး လူကို လန်းဆန်းစေပါတယ်။

နောက်ပြီး တစ်ချို့အပင်လေးတွေကတော့ လဘ်လာဘတိုးပွါးစေပြီး အိမ်အတွက် စီးပွါးဥစ္စာတွေ တိုးပွါးစေပါတယ်တဲ့။

ဒီအပင်လေးတွေက လှလည်းလှသလို လူတွေအတွက် အကျိုးကျေးဇူးတွေရှိလို့ ကိုယ့်ရဲ့အိမ်ထဲမှာ စိုက်ပျိုးသင့်တဲ့ အပင်လေးတွေ ဖြစ်ပါတယ်။

Jade Plant

ကျောက်စိမ်းပင်လေးတွေက အိမ်တွေမှာ အလှသဘောနဲ့ အစိုက်များလာကြတဲ့ အပင်မျိုးစိတ်ပဲ ဖြစ်ပါတယ်။

များစွာသော ကွဲပြားခြားနားတဲ့ ကျောက်စိမ်းပင်အမျိုးမျိုး ရှိပြီး သူက လူကို စွမ်းအင်တစ်မျိုး ရရှိစေသလို၊ စီးပွါးရေး အဆင်ပြေစေတယ်လို့ တရုတ်အယူအဆအရ သိရပါတယ်။

လှပတဲ့ အစိမ်းရင့်ရောင် ကျောက်စိမ်းပင်လေးတွေကို အိုးသေးသေးလေးတွေနဲ့ စိုက်ပျိုးကြသလို၊ ခမ်းခမ်းနားနား အိုးအကြီးကြီးတွေနဲ့လည်း စိုက်ပျိုးကြပါတယ်။

Bambood

အိမ်တွေမှာတော့ သိပ်စိုက်ပျိုးတာကို မတွေ့ရပေမယ့် ဟိုတယ်နဲ့ ပြခန်းတွေမှာတော့ အလှစိုက်ပျိုးထားတာမျိုး တွေ့ရတဲ့ ဝါးပင်လေးတွေဟာ ကိုယ့်အိမ်မှာ စိုးပျိုးသင့်တဲ့ အပင်တစ်မျိုးပါ။

ဝါးပင်လေးတွေကို ကိုယ့်ရဲ့ အိမ်မှာစိုက်ပျိုးထားခြင်းကြောင့် လဘ်ကောင်းခြင်းတွေနဲ့ ချမ်းသာခြင်း စတာတွေ ရောက်လာတတ်တယ်လို့ ဆိုပါတယ်။

Orchid

လှပပြီး တင့်တယ်တဲ့ သစ်ခွတွေက ကြီးပွါးခြင်း၊ အောင်မြင်ထမြောက်ခြင်းနဲ့ ဖန်တီးနိုင်စွမ်း ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

နောက်ပြီး သူတို့ကို အိပ်ခန်းလေးထဲမှာ စိုက်ပျိုးထားခြင်းက စိတ်ကိုငြိမ်းချမ်းစေပြီး အေးချမ်းတဲ့ ဓာတ်တစ်မျိုးကို ပေးပါတယ်တဲ့။

ဒါကြောင့်ပဲ သစ်ခွဟာလည်း အိမ်မှာ စိုက်ပျိုးပေးသင့်တဲ့ အပင်တစ်မျိုး ဖြစ်ပါတယ်။

Peace Lily

Peace lily တွေက လေထုညစ်ညမ်းမှုတွေကို စစ်ထုတ်ပေးပြီး လေကိုသန့်စင်ပေးတဲ့အတွက် လူတွေအတွက် တကယ့်ကို အကျိုးပြုတဲ့ အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျက်သရေ ရှိပြီး တင့်တယ်လှပတဲ့ peace lily တွေဟာ အိမ်ထဲမှာ စိုက်ပျိုးထားသင့်တဲ့ အပင်ဖြစ်ပါတယ်။

Khin

Zawgyi

လဘ္ေကာင္းၿပီး စီးပြါးေရးအဆင္ေျပေစလို႔ အိမ္ထဲမွာ စိုက္ပ်ိဳးေပးသင့္တဲ့ အပင္ေလးေတြ

အပင္ေလးေတြက ေလေကာင္းေလသန႔္ေတြ ထုတ္ေပးတဲ့အျပင္ သူတို႔ဆီကရတဲ့ ရနံ႔တစ္ခ်ိဳ႕ေၾကာင့္ စိတ္ဖိစီးမႈကို ေျပေလ်ာ့ေစၿပီး လူကို လန္းဆန္းေစပါတယ္။

ေနာက္ၿပီး တစ္ခ်ိဳ႕အပင္ေလးေတြကေတာ့ လဘ္လာဘတိုးပြါးေစၿပီး အိမ္အတြက္ စီးပြါးဥစၥာေတြ တိုးပြါးေစပါတယ္တဲ့။

ဒီအပင္ေလးေတြက လွလည္းလွသလို လူေတြအတြက္ အက်ိဳးေက်းဇူးေတြရွိလို႔ ကိုယ့္ရဲ႕အိမ္ထဲမွာ စိုက္ပ်ိဳးသင့္တဲ့ အပင္ေလးေတြ ျဖစ္ပါတယ္။

Jade Plant

ေက်ာက္စိမ္းပင္ေလးေတြက အိမ္ေတြမွာ အလွသေဘာနဲ႔ အစိုက္မ်ားလာၾကတဲ့ အပင္မ်ိဳးစိတ္ပဲ ျဖစ္ပါတယ္။

မ်ားစြာေသာ ကြဲျပားျခားနားတဲ့ ေက်ာက္စိမ္းပင္အမ်ိဳးမ်ိဳး ရွိၿပီး သူက လူကို စြမ္းအင္တစ္မ်ိဳး ရရွိေစသလို၊ စီးပြါးေရး အဆင္ေျပေစတယ္လို႔ တ႐ုတ္အယူအဆအရ သိရပါတယ္။

လွပတဲ့ အစိမ္းရင့္ေရာင္ ေက်ာက္စိမ္းပင္ေလးေတြကို အိုးေသးေသးေလးေတြနဲ႔ စိုက္ပ်ိဳးၾကသလို၊ ခမ္းခမ္းနားနား အိုးအႀကီးႀကီးေတြနဲ႔လည္း စိုက္ပ်ိဳးၾကပါတယ္။

Bambood

အိမ္ေတြမွာေတာ့ သိပ္စိုက္ပ်ိဳးတာကို မေတြ႕ရေပမယ့္ ဟိုတယ္နဲ႔ ျပခန္းေတြမွာေတာ့ အလွစိုက္ပ်ိဳးထားတာမ်ိဳး ေတြ႕ရတဲ့ ဝါးပင္ေလးေတြဟာ ကိုယ့္အိမ္မွာ စိုးပ်ိဳးသင့္တဲ့ အပင္တစ္မ်ိဳးပါ။

ဝါးပင္ေလးေတြကို ကိုယ့္ရဲ႕ အိမ္မွာစိုက္ပ်ိဳးထားျခင္းေၾကာင့္ လဘ္ေကာင္းျခင္းေတြနဲ႔ ခ်မ္းသာျခင္း စတာေတြ ေရာက္လာတတ္တယ္လို႔ ဆိုပါတယ္။

Orchid

လွပၿပီး တင့္တယ္တဲ့ သစ္ခြေတြက ႀကီးပြါးျခင္း၊ ေအာင္ျမင္ထေျမာက္ျခင္းနဲ႔ ဖန္တီးႏိုင္စြမ္း ဆိုတဲ့ အဓိပၸါယ္သက္ေရာက္ပါတယ္။

ေနာက္ၿပီး သူတို႔ကို အိပ္ခန္းေလးထဲမွာ စိုက္ပ်ိဳးထားျခင္းက စိတ္ကိုၿငိမ္းခ်မ္းေစၿပီး ေအးခ်မ္းတဲ့ ဓာတ္တစ္မ်ိဳးကို ေပးပါတယ္တဲ့။

ဒါေၾကာင့္ပဲ သစ္ခြဟာလည္း အိမ္မွာ စိုက္ပ်ိဳးေပးသင့္တဲ့ အပင္တစ္မ်ိဳး ျဖစ္ပါတယ္။

Peace Lily

Peace lily ေတြက ေလထုညစ္ညမ္းမႈေတြကို စစ္ထုတ္ေပးၿပီး ေလကိုသန႔္စင္ေပးတဲ့အတြက္ လူေတြအတြက္ တကယ့္ကို အက်ိဳးျပဳတဲ့ အပင္တစ္မ်ိဳးပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ က်က္သေရ ရွိၿပီး တင့္တယ္လွပတဲ့ peace lily ေတြဟာ အိမ္ထဲမွာ စိုက္ပ်ိဳးထားသင့္တဲ့ အပင္ျဖစ္ပါတယ္။

Khin