လေဖြတ်နိုင်ခြေ ရှိ၊ မရှိ ဆေးရုံဆေးခန်းသွားစရာမလိုဘဲ ကိုယ်တိုင် အလွယ်တကူ သိရှိနိုင်တဲ့နည်းလမ်း

လေဖြတ်နိုင်ခြေ ရှိ၊ မရှိ ဆေးရုံဆေးခန်းသွားစရာမလိုဘဲ မိမိကိုယ်တိုင် အလွယ်တကူ စမ်းသပ်နိုင်ပြီ။

လေဖြတ်ခြင်းဟာ ကမ္ဘာပေါ်မှာ လူသေဆုံးမှု ဒုတိယအများဆုံး ရောဂါတမျိုး ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းလုံး အတိုင်းအတာနဲ့ နှစ်စဉ်နှစ်တိုင်း လူ ၈ သန်းခန့်ဟာ

လေဖြတ်ခြင်းကို ခံစားနေကြရပြီး ဦးနှောက်ဆီကို သွေးသွားလာမှု ရပ်ဆိုင်းသွားတာ ကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်ရတာ ဖြစ်ပါတယ်။

လေဖြတ်ခြင်းဟာ ရုတ်တရက် ဖြစ်ပေါ်လေ့ ရှိတာ မှန်ပေမယ့် ရှေ့ပြေးလက္ခဏာတွေကိုတော့ ကြိုတင်ပြသ တတ်ပါတယ်။

အခုနောက်ပိုင်းမှာဆိုရင် ဆေးပညာရှင်တွေရဲ့ လေ့လာမှုတွေအရ လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို ဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက်

စစ်ဆေးတာမျိုး မဟုတ်ဘဲ မိမိဘာသာ အလွယ်တကူ စမ်းသပ်သိရှိနိုင်မယ့် နည်းလမ်းကို တွေ့ရှိခဲ့ကြပြီ ဖြစ်ပါတယ်။

ဒီလေ့လာတွေ့ရှိမှုကိုတော့ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှာရှိတဲ့ ဂျပန်လူမျိုး သုတေသသီတွေက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သုတေသီတွေ တွေ့ရှိခဲ့တဲ့ လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို စမ်းသပ်တဲ့ နည်းလမ်းကတော့

ခြေထောက် တဖက်တည်းပေါ်မှာ စက္ကန့် ၂၀ ကြာ ဟန်ချက်ညီညီ မတ်တပ်ရပ်ဖို့ ပြုလုပ်ရတာပဲ ဖြစ်ပါတယ်။

ဒီလေ့လာမှုအတွက် အသက် ၅၀ ကျော် ၆၀ ဝန်းကျင်ရှိ လူပေါင်း ၁,၃၀၀ ခန့်ကို ခြေထောက် တဖက်တည်းမှာ ဟန်ချက်ညီအောင်

မတ်တပ်ရပ်စေခဲ့တာ ဖြစ်ပြီး အသက်အရွယ် ကြီးရင့်သူတွေအနေနဲ့ ခြေထောက်တဖက်တည်းပေါ်မှာ ဟန်ချက်ညီညီ မတ်တပ်ရပ်ဖို့ဟာ ခက်ခဲနေတာကို တွေ့ရှိခဲ့ရပါတယ်။

လေ့လာမှုအရ ခြေထောက် တဖက်တည်းပေါ်မှာ စက္ကန့် ၂၀ ကြာ ဟန်ချက်ညီညီ မတ်တပ်ရပ်နိုင်ဖို့ ကြိုးစားရလေလေ လေဖြတ်နိုင်ခြေ မြင့်တက်လေပဲ ဖြစ်ပါတယ်။

အသက် ၅၀ ကနေ ၆၀ ဝန်းကျင်ရှိတဲ့ လူပေါင်း ၁၃၀၀ ခန့် ခြေထောက် တဖက်တည်းပေါ်

ဟန်ချက်ညီအောင် မတ်တပ်ရပ်နေချိန်မှာ လေ့လာသူတွေက ဦးနှောက်ကို Scan ဖတ်ကာ ကြည့်ရှုနေတာပဲဖြစ်ပါတယ်။

ဒီသုတေသန လေ့လာစမ်းသပ်မှုကို ကမ္ဘာတဝှမ်းမှာရှိတဲ့ ဆေးပညာ သုတေသီတွေက ထောက်ခံခဲ့ကြပြီး ခြေထောက် တချောင်းတည်းပေါ်

ဟန်ချက်ညီညီ မတ်တပ်ရပ်နိုင်စွမ်းဟာ ဦးနှောက် ကျန်းမာရေးအတွက်ရော လေဖြတ်နိုင်ခြေ ရှိ၊ မရှိကိုပါ စမ်းသပ် သိရှိနိုင်တဲ့ အရေးပါတဲ့ စမ်းသပ်နည်းတခုပဲ ဖြစ်ပါတယ်။

brainblogger

Zawgyi

ေလျဖတ္ႏိုင္ေျခ ရွိ၊ မရွိ ေဆး႐ုံေဆးခန္းသြားစရာမလိုဘဲ မိမိကိုယ္တိုင္ အလြယ္တကူ စမ္းသပ္ႏိုင္ၿပီ။

ေလျဖတ္ျခင္းဟာ ကမာၻေပၚမွာ လူေသဆုံးမႈ ဒုတိယအမ်ားဆုံး ေရာဂါတမ်ိဳး ျဖစ္ပါတယ္။ ကမာၻတဝွမ္းလုံး အတိုင္းအတာနဲ႔ ႏွစ္စဥ္ႏွစ္တိုင္း လူ ၈ သန္းခန႔္ဟာ

ေလျဖတ္ျခင္းကို ခံစားေနၾကရၿပီး ဦးေႏွာက္ဆီကို ေသြးသြားလာမႈ ရပ္ဆိုင္းသြားတာ ေၾကာင့္ ေလျဖတ္ျခင္း ျဖစ္ေပၚရတာ ျဖစ္ပါတယ္။

ေလျဖတ္ျခင္းဟာ ႐ုတ္တရက္ ျဖစ္ေပၚေလ့ ရွိတာ မွန္ေပမယ့္ ေရွ႕ေျပးလကၡဏာေတြကိုေတာ့ ႀကိဳတင္ျပသ တတ္ပါတယ္။

အခုေနာက္ပိုင္းမွာဆိုရင္ ေဆးပညာရွင္ေတြရဲ႕ ေလ့လာမႈေတြအရ ေလျဖတ္ႏိုင္ေျခ ရွိ၊ မရွိကို ေဆး႐ုံ၊ ေဆးခန္းေတြမွာ သြားေရာက္

စစ္ေဆးတာမ်ိဳး မဟုတ္ဘဲ မိမိဘာသာ အလြယ္တကူ စမ္းသပ္သိရွိႏိုင္မယ့္ နည္းလမ္းကို ေတြ႕ရွိခဲ့ၾကၿပီ ျဖစ္ပါတယ္။

ဒီေလ့လာေတြ႕ရွိမႈကိုေတာ့ ဂ်ပန္ႏိုင္ငံ တိုက်ိဳတကၠသိုလ္မွာရွိတဲ့ ဂ်ပန္လူမ်ိဳး သုေတသသီေတြက ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

သုေတသီေတြ ေတြ႕ရွိခဲ့တဲ့ ေလျဖတ္ႏိုင္ေျခ ရွိ၊ မရွိကို စမ္းသပ္တဲ့ နည္းလမ္းကေတာ့

ေျခေထာက္ တဖက္တည္းေပၚမွာ စကၠန႔္ ၂၀ ၾကာ ဟန္ခ်က္ညီညီ မတ္တပ္ရပ္ဖို႔ ျပဳလုပ္ရတာပဲ ျဖစ္ပါတယ္။

ဒီေလ့လာမႈအတြက္ အသက္ ၅၀ ေက်ာ္ ၆၀ ဝန္းက်င္ရွိ လူေပါင္း ၁,၃၀၀ ခန႔္ကို ေျခေထာက္ တဖက္တည္းမွာ ဟန္ခ်က္ညီေအာင္

မတ္တပ္ရပ္ေစခဲ့တာ ျဖစ္ၿပီး အသက္အ႐ြယ္ ႀကီးရင့္သူေတြအေနနဲ႔ ေျခေထာက္တဖက္တည္းေပၚမွာ ဟန္ခ်က္ညီညီ မတ္တပ္ရပ္ဖို႔ဟာ ခက္ခဲေနတာကို ေတြ႕ရွိခဲ့ရပါတယ္။

ေလ့လာမႈအရ ေျခေထာက္ တဖက္တည္းေပၚမွာ စကၠန႔္ ၂၀ ၾကာ ဟန္ခ်က္ညီညီ မတ္တပ္ရပ္ႏိုင္ဖို႔ ႀကိဳးစားရေလေလ ေလျဖတ္ႏိုင္ေျခ ျမင့္တက္ေလပဲ ျဖစ္ပါတယ္။

အသက္ ၅၀ ကေန ၆၀ ဝန္းက်င္ရွိတဲ့ လူေပါင္း ၁၃၀၀ ခန႔္ ေျခေထာက္ တဖက္တည္းေပၚ

ဟန္ခ်က္ညီေအာင္ မတ္တပ္ရပ္ေနခ်ိန္မွာ ေလ့လာသူေတြက ဦးေႏွာက္ကို Scan ဖတ္ကာ ၾကည့္ရႈေနတာပဲျဖစ္ပါတယ္။

ဒီသုေတသန ေလ့လာစမ္းသပ္မႈကို ကမာၻတဝွမ္းမွာရွိတဲ့ ေဆးပညာ သုေတသီေတြက ေထာက္ခံခဲ့ၾကၿပီး ေျခေထာက္ တေခ်ာင္းတည္းေပၚ

ဟန္ခ်က္ညီညီ မတ္တပ္ရပ္ႏိုင္စြမ္းဟာ ဦးေႏွာက္ က်န္းမာေရးအတြက္ေရာ ေလျဖတ္ႏိုင္ေျခ ရွိ၊ မရွိကိုပါ စမ္းသပ္ သိရွိႏိုင္တဲ့ အေရးပါတဲ့ စမ္းသပ္နည္းတခုပဲ ျဖစ္ပါတယ္။

brainblogger