သုံးပျောက် လို့ ငါးကွယ် ခြောက်ရွာနဲ့လွဲ၊ပျိုတို့မောင် ရွှေရောင်လွဲတယ် လေးရွာကဆွဲ ၏ အဓိပ္ပါယ်









ခရစ်ဒစ်

Unicode

သုံးပျောက်လို့ ငါးကွယ် ခြောက်ရွာနဲ့လွဲ ပျိုတို့မောင် ရွှေရောင်လွဲတယ် လေးရွာကဆွဲ။

သုံးပျောက်ဆိုတာက ရတနာသုံးပါးကို မေ့မေ့ ပျောက်ပျောက် နေတာ။

ငါးကွယ်ဆိုတာက ငါးပါးသီလ မပြည့်စုံတာ။

အဲဒီလို သုံးပျောက်ပြီးတော့ ငါးကွယ်သွားရင် ခြောက်ရွာနဲ့လွဲဆိုတာက နတ်ပြည် ခြောက်ထပ်နဲ့ လွဲရင်

ပျိုတို့မောင်ရွှေရောင်လွဲတယ်ဆိုတာက ပျိုတွေ မောင်တွေမယ်တွေ ဖြစ်လေရာဘဝတိုင်းမှာ

ရွှေလိုတန်ဖိုး ရှိလှတဲ့ သာသနာတော် ကြီးနဲ့လွဲချော်ပြီးလေးရွာကဆွဲဆိုတာက

အထက်ဘုံဘဝတွေ မရောက်နိုင်ရလေအောင် အပါယ်လေးပါးကဆွဲထားခံရမယ်။

နှလုံးစိတ်ဝမ်းအေးချမ်ကြပါစေ….

ခရစ်ဒစ်