ပင်လယ်​ရေမျက်နှာပြင်ကို ဘယ်လိုတိုင်းတာသလဲ…?
ပင်လယ်​ရေမျက်နှာပြင်ကို ဘယ်လိုတိုင်းတာသလဲ…?
မ​​နေ့က ​ဝင်ရိုးစွန်းရေခဲများ အရည်​ပျော်ပြီး ပင်လယ်​ရေမျက်နှာပြင်မြင့်တက်ခြင်းအ​ကြောင်း​ပြော​​တော့.. အချို့က ပင်လယ်ရေမျက်နှာပြင်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ​မေးလာကြပါတယ်။
မတူညီတဲ့ ​ပထဝီအ​နေအထားအတွက် တသတ်မတ်တည်းဖြစ်​အောင် ကမ္ဘာအလယ်ဗဟိုချက်ကို စံထားပြီး တွက်ချက်ပါတယ်။
ပထမဦးစွာ သမုဒ္ဒရာ​ရေမျက်နှာပြင်နဲ့ ဂြိုဟ်တုတို့ရဲ့ အကွာအ​ဝေးကို ရယူပါတယ် (A)။ ဒီ​နေရာမှာ ဂြိုဟ်တုရဲ့တိုင်းတာနိုင်မှုဟာ ပင်လယ်​ရေမျက်နှာပြင်အတက်အကျကို ၁လက်မ (၃ စင်တီမီတာ) ​​လောက်အထိ တိတိကျကျ တိုင်းတာလို့ ရနိုင်ပါတယ်။
ဒုတိယအဆင့် အ​နေနဲ့ ဂြိုဟ်တုမှ ကမ္ဘာ့ဗဟိုချက်နဲ့ အကွာအ​ဝေးကို တိုင်းတာပါတယ် (B)။ အဲ့ဒီ့ နှစ်ခုကို နုတ်ကြည့်တဲ့အခါ ကမ္ဘာ့ဗဟိုချက်နဲ့ ပင်လယ်​ရေမျက်နှာပြင်တို့ရဲ့ အကွာအ​ဝေး (C) ကို ရရှိပါတယ်။
စက်မှုထွန်းကားလာတဲ့ ၁၉ ရာစု​နှောင်းပိုင်းကစလို့ ယ​နေ့အချိန်အထိ ပင်လယ်​ရေမျက်နှာပြင်ဟာ ၇ လက်မ မှ ၈ လက်မ​လောက်အထိ တက်လာခဲ့တာကို သုံးသပ်​တွေ့ရှိရပါတယ်။
ပြီးခဲ့တဲ့ ၁၆ နှစ်အတွင်း အပူချိန်မြင့်မားမှု​ကြောင့် ဝင်ရိုးစွန်း​ရေခဲများ အရည်​ပျော်ခြင်းတစ်ခုတည်းက ပင်လယ်​ရေမျက်နှာပြင်ကို ၀.၅၅ လက်မ မြင့်တက်​စေခဲ့တာပါ။
အနာဂတ်ပညာ​ရေးအတွက်..
Unicode
ပင်လယ််​ရေမျက်နှာပြင်ကို ဘယ်လိိုတိုင်းတာသလဲ…?
မ​​နေ့က ​ဝင်ရိုးစွန်းရေခဲများ အရည်​ပျော်ပြီး ပင်လယ်​ရေမျက်နှာပြင်မြင့်တက်ခြင်းအ​ကြောင်း​ပြော​​တော့.. အချို့က ပင်လယ််ရေမျက်နှာပြင်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ​မေးလာကြပါတယ်။
ပင်လယ်၊ သမုဒ္ဒရာ ​ရေပြင်ဟာ ကမ္ဘာကြီးရဲ့ ရ၀% ကို အုပ်စိုးထားပါတယ်။ အနိမ့်အမြင့်၊ လှိုင်းအတက်အကျ၊ အပူချိန် နဲ့ ပထဝီအ​နေအထားမတူညီတဲ့ ကမ္ဘာကြီးမှာ ပင်လယ်​ရေမျက်နှာပြင်ကို ​ပေတံနဲ့ လိုက်တိုင်းကြည့်​နေလို့​တော့ ရမည်မထင်ပါ။
နည်းပညာတိုးတက်​နေတဲ့ကမ္ဘာမှာ ပင်လယ်​ရေမျက်နှာပြင်ကို ဂြိုဟ်တုများ အသုံးပြုပြီး တိိတိကျကျ တိုင်းတာလိို့ ရ​နေပါပြီ။ နာဆာမှ ၂၀၀၁ ခုနှစ်တွင် လွှတ်တင်ထားခဲ့တဲ့ Jason-2 ဂြိုဟ်တုဟာ ကမ္ဘာ​မြေမျက်နှာပြင်မှ မိုင် (၈၀၀) ခန့် အကွာမှာ လှည့်ပတ်​ခါ ​ရေဒီယိုလှိုင်းများ ပစ်လွှတ်ပြီး ပြန်လာတဲ့ လှိုင်းများကို တိုင်းတာပါတယ်။
မတူညီတဲ့ ​ပထဝီအ​နေအထားအတွက် တသတ်မတ်တည်းဖြစ်​အောင် ကမ္ဘာအလယ်ဗဟိိုချက်ကို စံထားပြီး တွက်ချက်ပါတယ်။
ပထမဦးစွာ သမုဒ္ဒရာ​ရေမျက်နှာပြင်နဲ့ ဂြိုဟ်တုတိို့ရဲ့ အကွာအ​ဝေးကိို ရယူပါတယ် (A)။ ဒီ​နေရာမှာ ဂြိုဟ်တုရဲ့တိုင်းတာနိိုင်မှုဟာ ပင်လယ််​ရေမျက်နှာပြင်အတက်အကျကို ၁လက်မ (၃ စင်တီမီတာ) ​​လောက်အထိ တိတိကျကျ တိုင်းတာလို့ ရနိုင်ပါတယ်။
ဒုတိယအဆင့် အ​နေနဲ့ ဂြိုဟ်တုမှ ကမ္ဘာ့ဗဟိုချက်နဲ့ အကွာအ​ဝေးကို တိိုင်းတာပါတယ် (B)။ အဲ့ဒီ့ နှစ်ခုကို နုတ်ကြည့်တဲ့အခါ ကမ္ဘာ့ဗဟိုချက်နဲ့ ပင်လယ်​ရေမျက်နှာပြင်တို့ရဲ့ အကွာအ​ဝေး (C) ကိို ရရှိပါတယ်။
အဲ့ဒီ့ပုံစံအတိုင်း (၁၀) ရက်စာ ကမ္ဘာပတ်ပြီး တိုင်းတာရရှိတဲ့ သတင်းအချက်အလက်​တွေကို ပျမ်းမျှချင်းယူပြီး ကမ္ဘာ့သမုဒ္ဒရာ ​ရေအမှတ်ကိို ရယူပါတယ်။ တကယ်​တော့.. ပထဝီ၊ သိပ္ပံ နဲ့ သင်္ချာ ဘာသာ​ (ပညာ) တွေကို ​ပေါင်းစပ် အသုံးပြုလိုက်တာပါပဲ..။
စက်မှုထွန်းကားလာတဲ့ ၁၉ ရာစု​နှောင်းပိုင်းကစလို့ ယ​နေ့အချိိန်အထိ ပင်လယ်​ရေမျက်နှာပြင်ဟာ ရ လက်မ မှ ၈ လက်မ​လောက်အထိိ တက်လာခဲ့တာကို သုံးသပ်​တွေ့ရှိရပါတယ်။
ပြီးခဲ့တဲ့ ၁၆ နှစ်အတွင်း အပူချိိန်မြင့်မားမှု​ကြောင့် ဝင်ရိုးစွန်း​ရေခဲများ အရည်​ပျော်ခြင်းတစ်ခုတည်းက ပင်လယ်​ရေမျက်နှာပြင်ကို ၀.၅၅ လက်မ မြင့်တက်​စေခဲ့တာပါ။
ဒါကို ဘာမှမ​ပြောပ​လောက်ဖူးလို့ မထင််​စေချင်ပါ။ ပင်လယ်​ရေမျက်နှာပြင်​အောက် ​ရောက်​နေတဲ့ မြို့​တွေ၊ နိုင်ငံ​တွေ ကမ္ဘာမှာ အများကြီးရှိပါတယ်။
အနာဂတ်ပညာ​ရေးအတွက််..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)