အချိန်အခါမဟုတ် ရွာသွန်းနိုင်သော ဖျက်မိုး သတိပြုပါ

“အချိန်အခါမဟုတ်ရွာသွန်းနိုင်သောဖျက်မိုး သတိ”

၇.၁၁.၂၀၂၀ ညနေ ၄ နာရီ ၂၅ မိနစ် တောင်တရုပ်ပင်လယ်ပြင်မှ တိုင်ဖုန်း မုန်တိုင်းဂိုနီ “GONI ” ရဲ့ ကြွင်းကျန် တိမ်တိုက်များဟာ ကပ္ပလီ ပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း ကို ရောက်ရှိလာနေပြီ ဖြစ်ပါတယ် ။

ထိုဖြစ်စဥ်ကြောင့် မနက်ဖြန်နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှာ ပဲခူးတိုင်းဒေကြီး ၊ဧရာဝတီတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးရွာသွန်း နိုင်ပါတယ်။

နေပြည်တော် ၊ မန္တလေးတိုင်းဒေသကြီးအောက်ပိုင်း ကယားပြည်နယ် ၊ ရခိုင်ပြည်နယ်အောက်ပိုင်း၊ ရှမ်း ပြည်နယ်တောင်ပိုင်းနှင့်ချင်းပြည်နယ် တို့မှာနေရာ ကွက်ကျား မိုးရွာသွန်းနိုင်ပါတယ်။

မနက်ဖြန် မဲပေးမည့် မိဘပြည်သူများအနေနဲ့ နံနက်ပိုင်းမှာ မိုးလေကင်းလွတ်နိုင်သော်လဲ ညနေပိုင်းမှာတော့ အထက်မှာဖော်ပြထားသည့် နေရာများမှာတော့ ထီးလိုအပ်လျှင် ဆောင်သွား ဖို့ အကြံပြုလိုပါတယ် ။

မိုးအကုန်ဆောင်းအကူးမှာ ညပိုင်းပူလို့ တစ်ညလုံး ပန်ကာနဲ့ အဲယားကွန်းတို့ကို ဖွင့်အိပ်မိပြီး နံနက်ခင်းပိုင်းတွင် အအေးဓာတ်ဝင်လာပြီး ရာသီတုပ်ကွေးနှင့် အေးမိခြင်း၊ နှာရည်ယိုနှာခေါင်းပိတ်ခြင်းစသည့် ရောဂါများဖြစ်တတ်သောကြောင့် သတိထားသင့်ပါတယ်။

ပဲခူးတိုင်းဒေကြီး ၊ဧရာဝတီတိုင်းဒေသကြီးနှင့်ရန်ကုန် တိုင်းဒေသကြီးတို့မှ တောင်သူများအနေဖြင့် ကျွန်တော်ရဲ့ ရက်ဝေးခန့်မှန်းချက်မှာ နိုဝင်ဘာလ ၁၂ ရက်နောက်ပိုင်းမှ မိုးစိတ်ချရမယ်လို့ ကြိုပြောထားတယ်နော်။

ဒီနေ့လဲ တစ်ရက်ကြိုပြီးပြောတယ်နော် မိမိတို့သီးနှံ များနှင့် ဆားသမားများ အုပ်လုပ်ငန်းလုပ်ကိုင်သူများ မနက်ဖြန် နံနက်ပိုင်းမှာ အမိုးအကာအောက်ကိုကြိုတင် သိမ်းဆည်းထားပါ။

မိုးအရမ်းမများနိုင်သော်လဲ အချို့သီးနှံ့များက မိုထိရင် အပင်ပေါက်တတ်သော ကြောင့် ​အပျက်အစီးနည်းစေရန် စေတနာဖြင့် အသိပေးနှိုးဆော်ခြင်းသာ ဖြစ်ပါတယ် ခင်ဗျာ။

ဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ)

Zawgyi

“အခ်ိန္အခါမဟုတ္႐ြာသြန္းႏိုင္ေသာဖ်က္မိုး သတိ”

၇.၁၁.၂၀၂၀ ညေန ၄ နာရီ ၂၅ မိနစ္ ေတာင္တ႐ုပ္ပင္လယ္ျပင္မွ တိုင္ဖုန္း မုန္တိုင္းဂိုနီ “GONI ” ရဲ႕ ႂကြင္းက်န္ တိမ္တိုက္မ်ားဟာ ကပၸလီ ပင္လယ္ျပင္ႏွင့္ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္း ကို ေရာက္ရွိလာေနၿပီ ျဖစ္ပါတယ္ ။

ထိုျဖစ္စဥ္ေၾကာင့္ မနက္ျဖန္ႏိုဝင္ဘာလ ၈ ရက္ေန႔ ညေနပိုင္းမွာ ပဲခူးတိုင္းေဒႀကီး ၊ဧရာဝတီတိုင္းေဒသႀကီးႏွင့္ရန္ကုန္တိုင္းေဒသႀကီးတို႔မွာ ေနရာက်ဲက်ဲမွ ေနရာစိပ္စိပ္မိုး႐ြာသြန္း ႏိုင္ပါတယ္။

ေနျပည္ေတာ္ ၊ မႏၲေလးတိုင္းေဒသႀကီးေအာက္ပိုင္း ကယားျပည္နယ္ ၊ ရခိုင္ျပည္နယ္ေအာက္ပိုင္း၊ ရွမ္း ျပည္နယ္ေတာင္ပိုင္းႏွင့္ခ်င္းျပည္နယ္ တို႔မွာေနရာ ကြက္က်ား မိုး႐ြာသြန္းႏိုင္ပါတယ္။

မနက္ျဖန္ မဲေပးမည့္ မိဘျပည္သူမ်ားအေနနဲ႔ နံနက္ပိုင္းမွာ မိုးေလကင္းလြတ္ႏိုင္ေသာ္လဲ ညေနပိုင္းမွာေတာ့ အထက္မွာေဖာ္ျပထားသည့္ ေနရာမ်ားမွာေတာ့ ထီးလိုအပ္လွ်င္ ေဆာင္သြား ဖို႔ အႀကံျပဳလိုပါတယ္ ။

မိုးအကုန္ေဆာင္းအကူးမွာ ညပိုင္းပူလို႔ တစ္ညလုံး ပန္ကာနဲ႔ အဲယားကြန္းတို႔ကို ဖြင့္အိပ္မိၿပီး နံနက္ခင္းပိုင္းတြင္ အေအးဓာတ္ဝင္လာၿပီး ရာသီတုပ္ေကြးႏွင့္ ေအးမိျခင္း၊ ႏွာရည္ယိုႏွာေခါင္းပိတ္ျခင္းစသည့္ ေရာဂါမ်ားျဖစ္တတ္ေသာေၾကာင့္ သတိထားသင့္ပါတယ္။

ပဲခူးတိုင္းေဒႀကီး ၊ဧရာဝတီတိုင္းေဒသႀကီးႏွင့္ရန္ကုန္ တိုင္းေဒသႀကီးတို႔မွ ေတာင္သူမ်ားအေနျဖင့္ ကြၽန္ေတာ္ရဲ႕ ရက္ေဝးခန္႔မွန္းခ်က္မွာ ႏိုဝင္ဘာလ ၁၂ ရက္ေနာက္ပိုင္းမွ မိုးစိတ္ခ်ရမယ္လို႔ ႀကိဳေျပာထားတယ္ေနာ္။

ဒီေန႔လဲ တစ္ရက္ႀကိဳၿပီးေျပာတယ္ေနာ္ မိမိတို႔သီးႏွံ မ်ားႏွင့္ ဆားသမားမ်ား အုပ္လုပ္ငန္းလုပ္ကိုင္သူမ်ား မနက္ျဖန္ နံနက္ပိုင္းမွာ အမိုးအကာေအာက္ကိုႀကိဳတင္ သိမ္းဆည္းထားပါ။

မိုးအရမ္းမမ်ားႏိုင္ေသာ္လဲ အခ်ိဳ႕သီးႏွံ႔မ်ားက မိုထိရင္ အပင္ေပါက္တတ္ေသာ ေၾကာင့္ ​အပ်က္အစီးနည္းေစရန္ ေစတနာျဖင့္ အသိေပးႏႈိးေဆာ္ျခင္းသာ ျဖစ္ပါတယ္ ခင္ဗ်ာ။

ေဝၿဖိဳးဟန္ (ေလေၾကာင္းမိုးေလဝသ)