ဇနီးကောင်းတွေမှာသာတွေ့ရတဲ့ သူမတူတဲ့ လက္ခဏာရပ်များ

မိန်းကလေးတိုင်းကတော့ ဇနီးမယားကောင်း မဖြစ်နိုင်ပါဘူး။ လူအားလုံးက ပြည့်စုံနေတာမျိုး မဟုတ်ပေမယ့် ဇနီးမယားကောင်း ပီသတဲ့ သူတွေလည်း ရှိလို့ နေပါတယ်။

ဇနီးမယားကောင်း ပီသသူတွေက အိမ်ထောင်ရေးကို အကောင်းဆုံး ဖြစ်အောင် ထိန်းညှိတတ်သလို အိမ်ထောင်ဖက်ကိုလည်း အကောင်းဆုံး ရွေးချယ်နိုင်တတ်ကြပါတယ်။ ဇနီးမယားကောင်း ပီသတဲ့သူတွေမှာ ဒီလို အချက်တွေကို တွေ့ရတတ်ပါတယ်။

(၁) နားလည်မှု ပေးနိုင်တယ်

သဝန်တိုပြီး နားလည်မှု မရှိ ချုပ်ချယ်နေတတ်ရင် အိမ်ထောင်ရေး တစ်ခု၊ ဆက်ဆံရေး တစ်ခုက မတည်မြဲနိုင်ပါဘူး။ ဒီအချက်ကို ဇနီးမယားကောင်း ပီသသူတွေက ကောင်းကောင်း နားလည်ကြပါတယ်။

ဒါကြောင့် ကိုယ့်လက်တွဲဖော်က ယုံကြည်မှု ရှိပြီး စိတ်ချမ်းသာစေဖို့အတွက် ကိုယ့်ဘက်ကနေ ယုံကြည် နားလည်မှု ပေးထားတတ်ကြပါတယ်။

(၂) သူ့အတွက် ပံ့ပိုးနိုင်တယ်

မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုသလို လိုက်ဖက်ညီမှ အိမ်ထောင်ရှင်မကောင်း တစ်ယောက် ဖြစ်တာပါ။ ကိုယ့်ဘက်က ချစ်သူအတွက် လိုအပ်တဲ့ အကြံဉာဏ်အပြင်

ခွန်အား ဖြစ်စေတာက ကောင်လေးတွေအတွက်တော့ ပံ့ပိုးမှု တစ်ခုပါပဲ။ သူ ပင်ပန်းနေချိန်မှာ ကိုယ်က ထပ်ပြီး ပင်ပန်းအောင် မလုပ်ရင်ကိုပဲ ကောင်လေးတွေက ကိုယ့်ကို ပံ့ပိုးတတ်သူလို့ တွေးပေးတတ်ကြပါတယ်။

(၃) သူ့ကို ပြောင်းလဲပေးနိုင်တယ်

မိန်းကလေး အများစုကတော့ ကိုယ်ချစ်တဲ့သူကို အကောင်းဆုံး ပုံစံဖြစ်အောင် ပြုပြင်တတ်ကြပါတယ်။ ဒီလိုမျိုးမှာမှ သင့်ရဲ့ လက်တွဲဖော်က သင့်စကားကို နားလည်ပြီး သင့်ကို စိတ်ချမ်းသာစေချင်တဲ့စိတ်ကြောင့်ရော၊

သူ့အတွက်ပါ တွေးပြီး ပြုပြင်ပေးတတ်ရင်တော့ သင့်ဘက်က သူ့ကို နားလည်အောင် လုပ်နိုင်တဲ့ သူ ဖြစ်နေလို့ပါပဲ။ ချစ်သူကို ပိုကောင်းတဲ့သူ ဖြစ်အောင် ပြောင်းလဲ ပေးတတ်တဲ့ မိန်းကလေးတွေက ဇနီးမယားကောင်း လက္ခဏာရပ် ရှိနေတာလည်း ဖြစ်ပါတယ်။

(၄) ရယ်မောတတ်စေတယ်

ကောင်လေးတွေအတွက် မိန်းကလေးတွေရဲ့ အပြုအမူတွေက ခွန်အားပါပဲ။ စိတ်ညစ်နေတဲ့ မလန်းတဲ့ အချိန်တွေမှာ ကိုယ့်ရဲ့ ချစ်သူ လက်တွဲဖော် ကောင်မလေးရဲ့ အပြုအမူ တစ်ခုလေးကြောင့်ဖြစ်ဖြစ် ပျော်သွားတာမျိုး ရှိပါတယ်။

ဒီလိုမျိုး ကိုယ့်လက်တွဲဖော်ကို ရယ်မောတတ်စေတတ်တဲ့ ကောင်မလေးမျိုးကလည်း ရှားပါးတဲ့ ဇနီးမယားကောင်းတွေမှာ ရှိတတ်တဲ့ အချက်ပါပဲ။

(၅) ဂရုစိုက်ပေးနိုင်ပါတယ်

အိမ်ထောင်ဖက်ကောင်း တစ်ယောက်ဆိုတာ ကိုယ့်လက်တွဲဖော် လိုအပ်တဲ့အချိန်မှာ အကောင်းဆုံး ဂရုစိုက်ပေးတတ်ကြတာမျိုးပါ။

နေမကောင်းတဲ့အချိန်မှာ ပစ်မထားပဲ ဂရုစိုက်ပေးတာမျိုး၊ အပြင်သွားရင် စတိုင်ကျစေဖို့ အဝတ်အစားကအစ ဂရုစိုက်ပေးတာမျိုး၊ လိုအပ်တဲ့ အတိုအထွာတွေကိုလည်း သတိပေးတတ်တာမျိုး စတဲ့ ဂရုစိုက်မှုမျိုး ပေးနိုင်တဲ့ ကောင်မလေးတွေကတော့ တကယ့်ကို ပြည့်စုံတဲ့ ဇနီးမယားကောင်းတွေပါပဲနော်။

Kham

Zawgyi

မိန္းကေလးတိုင္းကေတာ့ ဇနီးမယားေကာင္း မျဖစ္ႏိုင္ပါဘူး။ လူအားလုံးက ျပည့္စုံေနတာမ်ိဳး မဟုတ္ေပမယ့္ ဇနီးမယားေကာင္း ပီသတဲ့ သူေတြလည္း ရွိလို႔ ေနပါတယ္။

ဇနီးမယားေကာင္း ပီသသူေတြက အိမ္ေထာင္ေရးကို အေကာင္းဆုံး ျဖစ္ေအာင္ ထိန္းညႇိတတ္သလို အိမ္ေထာင္ဖက္ကိုလည္း အေကာင္းဆုံး ေ႐ြးခ်ယ္ႏိုင္တတ္ၾကပါတယ္။ ဇနီးမယားေကာင္း ပီသတဲ့သူေတြမွာ ဒီလို အခ်က္ေတြကို ေတြ႕ရတတ္ပါတယ္။

(၁) နားလည္မႈ ေပးႏိုင္တယ္

သဝန္တိုၿပီး နားလည္မႈ မရွိ ခ်ဳပ္ခ်ယ္ေနတတ္ရင္ အိမ္ေထာင္ေရး တစ္ခု၊ ဆက္ဆံေရး တစ္ခုက မတည္ၿမဲႏိုင္ပါဘူး။ ဒီအခ်က္ကို ဇနီးမယားေကာင္း ပီသသူေတြက ေကာင္းေကာင္း နားလည္ၾကပါတယ္။

ဒါေၾကာင့္ ကိုယ့္လက္တြဲေဖာ္က ယုံၾကည္မႈ ရွိၿပီး စိတ္ခ်မ္းသာေစဖို႔အတြက္ ကိုယ့္ဘက္ကေန ယုံၾကည္ နားလည္မႈ ေပးထားတတ္ၾကပါတယ္။

(၂) သူ႔အတြက္ ပံ့ပိုးႏိုင္တယ္

ေမာင္တစ္ထမ္း မယ္တစ္႐ြက္ ဆိုသလို လိုက္ဖက္ညီမွ အိမ္ေထာင္ရွင္မေကာင္း တစ္ေယာက္ ျဖစ္တာပါ။ ကိုယ့္ဘက္က ခ်စ္သူအတြက္ လိုအပ္တဲ့ အႀကံဉာဏ္အျပင္

ခြန္အား ျဖစ္ေစတာက ေကာင္ေလးေတြအတြက္ေတာ့ ပံ့ပိုးမႈ တစ္ခုပါပဲ။ သူ ပင္ပန္းေနခ်ိန္မွာ ကိုယ္က ထပ္ၿပီး ပင္ပန္းေအာင္ မလုပ္ရင္ကိုပဲ ေကာင္ေလးေတြက ကိုယ့္ကို ပံ့ပိုးတတ္သူလို႔ ေတြးေပးတတ္ၾကပါတယ္။

(၃) သူ႔ကို ေျပာင္းလဲေပးႏိုင္တယ္

မိန္းကေလး အမ်ားစုကေတာ့ ကိုယ္ခ်စ္တဲ့သူကို အေကာင္းဆုံး ပုံစံျဖစ္ေအာင္ ျပဳျပင္တတ္ၾကပါတယ္။ ဒီလိုမ်ိဳးမွာမွ သင့္ရဲ႕ လက္တြဲေဖာ္က သင့္စကားကို နားလည္ၿပီး သင့္ကို စိတ္ခ်မ္းသာေစခ်င္တဲ့စိတ္ေၾကာင့္ေရာ၊

သူ႔အတြက္ပါ ေတြးၿပီး ျပဳျပင္ေပးတတ္ရင္ေတာ့ သင့္ဘက္က သူ႔ကို နားလည္ေအာင္ လုပ္ႏိုင္တဲ့ သူ ျဖစ္ေနလို႔ပါပဲ။ ခ်စ္သူကို ပိုေကာင္းတဲ့သူ ျဖစ္ေအာင္ ေျပာင္းလဲ ေပးတတ္တဲ့ မိန္းကေလးေတြက ဇနီးမယားေကာင္း လကၡဏာရပ္ ရွိေနတာလည္း ျဖစ္ပါတယ္။

(၄) ရယ္ေမာတတ္ေစတယ္

ေကာင္ေလးေတြအတြက္ မိန္းကေလးေတြရဲ႕ အျပဳအမူေတြက ခြန္အားပါပဲ။ စိတ္ညစ္ေနတဲ့ မလန္းတဲ့ အခ်ိန္ေတြမွာ ကိုယ့္ရဲ႕ ခ်စ္သူ လက္တြဲေဖာ္ ေကာင္မေလးရဲ႕ အျပဳအမူ တစ္ခုေလးေၾကာင့္ျဖစ္ျဖစ္ ေပ်ာ္သြားတာမ်ိဳး ရွိပါတယ္။

ဒီလိုမ်ိဳး ကိုယ့္လက္တြဲေဖာ္ကို ရယ္ေမာတတ္ေစတတ္တဲ့ ေကာင္မေလးမ်ိဳးကလည္း ရွားပါးတဲ့ ဇနီးမယားေကာင္းေတြမွာ ရွိတတ္တဲ့ အခ်က္ပါပဲ။

(၅) ဂ႐ုစိုက္ေပးႏိုင္ပါတယ္

အိမ္ေထာင္ဖက္ေကာင္း တစ္ေယာက္ဆိုတာ ကိုယ့္လက္တြဲေဖာ္ လိုအပ္တဲ့အခ်ိန္မွာ အေကာင္းဆုံး ဂ႐ုစိုက္ေပးတတ္ၾကတာမ်ိဳးပါ။

ေနမေကာင္းတဲ့အခ်ိန္မွာ ပစ္မထားပဲ ဂ႐ုစိုက္ေပးတာမ်ိဳး၊ အျပင္သြားရင္ စတိုင္က်ေစဖို႔ အဝတ္အစားကအစ ဂ႐ုစိုက္ေပးတာမ်ိဳး၊ လိုအပ္တဲ့ အတိုအထြာေတြကိုလည္း သတိေပးတတ္တာမ်ိဳး စတဲ့ ဂ႐ုစိုက္မႈမ်ိဳး ေပးႏိုင္တဲ့ ေကာင္မေလးေတြကေတာ့ တကယ့္ကို ျပည့္စုံတဲ့ ဇနီးမယားေကာင္းေတြပါပဲေနာ္။

Kham