အစာအိမ်လေနာအတွက် နနွင်းခါး
အစာအိမ်ရောဂါ ၊ လေရောဂါ ရှိသူတွေအတွက် ဖြစ်စေ ၊ အလှအပ ကို ထိန်းသိမ်းစောင့်ရှောက်ချင်သူတွေအတွက် ဖြစ်စေ အဆင်ပြေစေတဲ့ ကိုယ်တိုင်လုပ်နိုင်တဲ့ နည်းလမ်းလွယ်လွယ်လေးပါ။
ဆနွင်းခါးနဲ့ပျားရည်
1 – ဆနွင်းခါး(လက်တဆုပ်)
2 – ပျားရည်(စတီးဇွန်း ၃ဇွန်း)
3 – ဆား (စတီးဇွန်းတဝက်)
၁။ ဆနွင်းခါးကိုညှက်အောင်ထောင်းပါ (ဆနွင်းခါးကိုသန့်စင်အောင်ဆေးဓားနဲ့ပါးပါးလှီးနေပူပူမှာခြောက်နေအောင်လှန်းရပါတယ်)
၂။ ဆားကိုလှော်ပါ ။
၃။ ပန်းကန်ထဲထည့်ပြီးပျားရည်ထည့်နယ်ပါ ။
၎။ အရွယ်တော်လုံးပြီးအခြောက်လှန်းပါ ( တကယ်လို့ ရေရှည်ခံချင်ရင်တော့ အမှိုက်သရိုက်တွေကို ဂရုစိုပြီး ဖယ်ရှားပေးရပါမယ်။
၅။ တနေ့ ၂လုံးသောက်ပါ (အစိုတိုင်းလည်းသောက်လို့ရပါတယ်)
အမျိုးသမီးတွေအတွက် သွေးသားသန့်စင်ပြီးအသားရည်စိုပြေလှပစေပါတယ်။ ။
” နှစ်ရှည် ခေါင်းကိုက်ရောဂါဝေဒနာရှင်များအတွက် ”
ပါဝင်သောပစ္စည်းများ
1. ဆနွင်း
2. ဆင်တုန်းမနွယ်
3. ဆနွင်းခါး
4. ပျားရည်
အချိုးအဆကို ဓာတ်ပုံမှာကြည့်၍ လုံးသောက်ပါ။
ခေါင်းကိုက်ဝေဒနာသည်များအတွက်
ခေါင်းကိုက်ဝေဒနာ 1နှစ်နီးပါးလောက်ခံစားနေရပါတယ်။
နေ့လည်ပိုင်း အပူရှိန်မြင့်လာရင် နေတိုင်းလိုလို ခေါင်းကိုက် ဝေဒနာခံစားရပါတယ်။
ခေါင်းခနခနကိုက်လို့ နှစ်ရှည်လများ ဆေးဆွဲသောက်နေရပါသလား ။
စိတ်မပူပါနဲ့ ဒီမြန့်မာရိုးရာ ဆေးမှီးတိုက အကောင်းဆုံးဆေးတစ်ခွပ်ပါ ။
တစ်လလောက် သောက်ယုံဖြင့် ခေါင်းကိုက်ဝေဒနာ အရှင်းပျောက်ကင်းပါတယ်။
နနွင်းခါး အတက်ကို ရေစင်ကြယ်စွာဆေးကြောပြီးနေလှန်းရပါတယ် ။
တချို့က နနွင်းခါးအတက်ကို ရေနှင့်ပြုတ်ပြီးနေပူလှန်းကြပါတယ် ။
ကွာခြားချက်ကတော့ နနွင်းခါးအတက်ကိုရေနှင့်မပြုတ်ပဲ နေလှန်းသည်က အခါးဓါတ်မလျှော့ပဲ အာနိသင် ပိုမိုထိရောက်ပါသည် ။
တချို့ဆိုင်များမှဝယ်ယူသော နနွင်းခါးများသည်အရောအနှောများပါတတ်ပြီး ဆေးအကျိုးနည်းပါသည် ။
နနွင်းခါးကို မပြုတ်ပဲနေလှန်းပါက ခေါင်းမိုးသွပ် ပြား ပေါ်တွင် နွေဖက်နေလှန်းသည့်အခါ အနည်းဆုံး နှစ်လကြော်ကြာမှ သေခြာစွာခြောက်ပြီးလျှင်ဆေးအာနိသင် ပိုရှိပါသည် ။
ရွာကျောင်းဆရာတော်၏ ဒကာမ တစ်ဦးထိုင်းမှဆေးရုံသွားပြသရာ အစာအိမ်ကင်ဆာဖြစ်ခါနီးအခြေအနေမှ နနွင်းခါး ပျားရည် သောက်သုံးပြီးသက်သာပျောက်ကင်းခဲ့ပါသည် ။
တိုင်းရင်းဆေးနည်း အစုံလင် ရှိနေပါသော်လည်းတစ်ဦးနှင့်တစ်ဦး မတူနိုင်ပါဘူး ခင်ဗျာ … … …
ရွာကျောင်းဆရာတော်အား ဦးခိုက်လျှက်
ခရစ်ဒစ်
စိုင်းမင်းသန့်