ငွေကုန်ကြေးကျမများဘဲနဲ့လည်း လှလို့ရနိုင်ပါတယ်။
ကျန်းမာရေးလိုက်စားသူတိုင်း ကြက်ဥရဲ့စွမ်းအင်ကို သိကြပါတယ်။ ကြက်ဥက အာဟာရဖြစ်စေရုံသာမက အလှအပရေးရာမှာလည်း သုံးလို့ရနိုင်ပါသေးတယ်။
ကြက်ဥတစ်လုံးတည်းနဲ့ ဆံပင်ရောမျက်နှာပါ ပေါင်းတင်ဖို့ အကာသပ်သပ် အနှစ်သပ်သပ် ခွဲထားလိုက်ပါ။
ကြက်ဥအကာ – ကြက်ဥအကာကို မျက်နှာပေါ်မှာ ဒီအတိုင်းလေးပဲ လိမ်းထားလိုက်ပါ။ မိနစ် ၂၀ မှ ၄၅ မိနစ်အထိ မျက်နှာပေါ်မှာထားပြီး ရေဆေးလိုက်ရင် မျက်နှာပေါ်က ဆားဝက်ခြံံတွေ ဖယ်ရှားပြီးသား ဖြစ်သွားပါတယ်။
အသားအရေကို ကြည်လင်စေပြီး တင်းရင်းနုပျိုစေနိုင်ပါတယ်။ကြက်ဥအနှစ် – ကြက်ဥအနှစ်ကို ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ရောသမမွှေပါ။
ရလာတဲ့အနှစ်ကို ဆံပင်အနှံ့ သုတ်လိမ်းပြီး ဦးရေပြားကို လက်ချောင်းလေးတွေနဲ့နှိပ်နယ်ပေးပါ။
နာရီဝက်ကြာရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်တဲ့အခါ တောက်ပနူးညံ့တဲ့ ဆံကေသာတွေကို ချက်ခြင်းပိုင်ဆိုင်ရမှာဖြစ်ပါတယ်။
သတိထားရမှာကတော့ ဆံပင်ပေါ်က ကြက်ဥအနှစ်တွေကို ပြောင်စင်အောင် လျှော်ပေးဖို့ပါပဲ။
May Zin
Zawgyi
ေငြကုန္ေၾကးက်မမ်ားဘဲနဲ႔လည္း လွလို႔ရႏိုင္ပါတယ္။
က်န္းမာေရးလိုက္စားသူတိုင္း ၾကက္ဥရဲ႕စြမ္းအင္ကို သိၾကပါတယ္။ ၾကက္ဥက အာဟာရျဖစ္ေစ႐ုံသာမက အလွအပေရးရာမွာလည္း သုံးလို႔ရႏိုင္ပါေသးတယ္။
ၾကက္ဥတစ္လုံးတည္းနဲ႔ ဆံပင္ေရာမ်က္ႏွာပါ ေပါင္းတင္ဖို႔ အကာသပ္သပ္ အႏွစ္သပ္သပ္ ခြဲထားလိုက္ပါ။
ၾကက္ဥအကာ – ၾကက္ဥအကာကို မ်က္ႏွာေပၚမွာ ဒီအတိုင္းေလးပဲ လိမ္းထားလိုက္ပါ။ မိနစ္ ၂၀ မွ ၄၅ မိနစ္အထိ မ်က္ႏွာေပၚမွာထားၿပီး ေရေဆးလိုက္ရင္ မ်က္ႏွာေပၚက ဆားဝက္ၿခံံေတြ ဖယ္ရွားၿပီးသား ျဖစ္သြားပါတယ္။
အသားအေရကို ၾကည္လင္ေစၿပီး တင္းရင္းႏုပ်ိဳေစႏိုင္ပါတယ္။ၾကက္ဥအႏွစ္ – ၾကက္ဥအႏွစ္ကို ပ်ားရည္ လက္ဖက္စားဇြန္း တစ္ဇြန္းနဲ႔ ေရာသမေမႊပါ။
ရလာတဲ့အႏွစ္ကို ဆံပင္အႏွံ႔ သုတ္လိမ္းၿပီး ဦးေရျပားကို လက္ေခ်ာင္းေလးေတြနဲ႔ႏွိပ္နယ္ေပးပါ။
နာရီဝက္ၾကာရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လိုက္တဲ့အခါ ေတာက္ပႏူးညံ့တဲ့ ဆံေကသာေတြကို ခ်က္ျခင္းပိုင္ဆိုင္ရမွာျဖစ္ပါတယ္။
သတိထားရမွာကေတာ့ ဆံပင္ေပၚက ၾကက္ဥအႏွစ္ေတြကို ေျပာင္စင္ေအာင္ ေလွ်ာ္ေပးဖို႔ပါပဲ။
May Zin