ဘဝမှာ အပျော်ရွှင်ရဆုံးသော မိန်းကလေးတွေမှာသာ ပိုင်ဆိုင်ထားတတ်တဲ့ အရာ (၄) ခု

လူတိုင်းအတွက် ငွေနဲ့ တန်ဖိုးဖြတ်လို့ မရတဲ့ အရေးပါတဲ့ အရာတွေ ရှိနေပါတယ်။ ဒီလိုမျိုး အရာတွေကို ပိုင်ဆိုင်ထားရင်တော့ တကယ့်ကို ပျော်ရွှင်ရတဲ့ ဘဝကို ရမှာ ဖြစ်ပါတယ်။

ဘဝမှာ ပျော်ရွှင်ရတဲ့ သူတွေက ငွေရှိခြင်း မရှိခြင်းထက် ကိုယ်မြတ်နိုးရတဲ့ အခြေအနေမျိုး ပိုင်ဆိုင်မှသာ ဖြစ်နိုင်ပါတယ်။ အပျော်ရွှင်ရဆုံးသော မိန်းကလေးတွေဆိုတာ ဒီလို အရာတွေ ပိုင်ဆိုင်ထားတတ်ကြသူတွေ ဖြစ်ပါတယ်။

(၁) ပျော်ရွှင်စရာ မိသားစု

ပျော်ရွှင်ရတဲ့ မိသားစုဆိုတာ ငွေကြေးချမ်းသာတဲ့ မိသားစုလို့ ဆိုလိုတာ မဟုတ်ပါဘူး။ တစ်ယောက်ကို တစ်ယောက် နားလည်ပေးတတ်ပြီး နွေးထွေးမှုလည်း ရှိကြတဲ့ အခက်အခဲရှိရင်တောင် အတူ ရင်ဆိုင်ကြတဲ့ မိသားစုမျိုး ပါ။

မိသားစုလို ခံစားရစေတဲ့ မိသားစုမျိုးကို လူတိုင်း မရနိုင်ကြပါဘူး။ ဒီလိုမျိုး မိသားစုကို ရရှိထားတဲ့ မိန်းကလေးတွေက တကယ့်ကို ပျော်ရွှင်ရတဲ့ သူပါပဲ။

(၂) သူငယ်ချင်းကောင်းတွေ

သူငယ်ချင်းတွေ မရှိဘဲနဲ့တောင် လောကမှာ ရပ်တည်နေရတဲ့သူတွေ အများကြီး ရှိနေပါတယ်။ သူငယ်ချင်း ရှိပေမယ့်လည်း မေးထူးခေါ်ပြော ဆက်ဆံရေး ပိုင်ဆိုင်ထားတာမျိုးလည်း ရှိပါတယ်။

ကိုယ့်မှာ ဘာပဲ ဖြစ်ဖြစ် တိုင်ပင်လို့ ရတဲ့၊ ရင်ဖွင့်လို့ရတဲ့ သူငယ်ချင်းကောင်း တစ်ယောက်လောက်လေး ရှိရင်တောင် ဒီလို မိန်းကလေးက ကိုယ့်ဘက်ကနေ ရှိနေပေးတဲ့ သူငယ်ချင်း ရှိနေတာမို့ ပျော်ရွှင်ရတာ အသေအချာပါပဲနော်။

(၃) လက်တွဲဖော်ကောင်း

မြင်မြင်သမျှ စုံတွဲတွေချည်းပဲ ဆိုတဲ့ ခေတ်မှာ အချစ်စစ်နဲ့ လူကောင်းတစ်ယောက်ကို တွေ့ရဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ အပျော်တွဲတာမျိုး၊ ကိုယ့်ကို လာကစားတာမျိုးနဲ့ ဖောက်ပြန်တတ်တဲ့ ကောင်လေးတွေက အများအပြားပါပဲ။

ဒီလိုမျိုး အခြေအနေတွေကြားမှာ ကိုယ့်ကို တကယ် ချစ်ပေးပြီး ကိုယ် တန်ဖိုးထားရတဲ့ အရာတွေကို လေးစားပေးတာ၊

ကိုယ် အားငယ်တိုင်း နှစ်သိမ့်မှု ပေးတတ်တဲ့ အဖော်မွန်ကောင်း တစ်ယောက်ကို ပိုင်ဆိုင်ထားရင်လည်း တခြားသူတွေထက် ပိုပြီး စိတ်ချမ်းသာကြရပါတယ်။

(၄) အဆင်ပြေတဲ့ အလုပ်

လူနဲ့ အလုပ်ဆိုတာ တွဲနေတဲ့ အရာတစ်ခုပါ။ စားဝတ်နေရေးအတွက်တင်သာမက ကိုယ့်ရဲ့ တန်ဖိုးတစ်ခုအနေနဲ့ အလုပ်လုပ်ရတာက သိပ်ကို ဂုဏ်ယူကျေနပ်စရာ ဖြစ်ပါတယ်။

ကိုယ်နဲ့လည်း ကိုက်ညီပြီး လုပ်ငန်းခွင်ကလည်း အဆင်ပြေတဲ့ အလုပ်မှာ လုပ်နေရတယ်ဆိုရင် မချမ်းသာနေရင်တောင် သင့်ကို ကျေနပ်ပီတိ ဖြစ်စေပါတယ်။

ဒီလိုမျိုး ကိုယ်နဲ့ အစစအရာရာ အဆင်ပြေတဲ့ အလုပ်ကို ပိုင်ဆိုင်ထားတဲ့သူဆိုတာ တကယ့်ကို ပျော်ရွှင်မှု တစ်ခုကို ရလိုက်ကြတာပါပဲ။

Kham

Zawgyi

လူတိုင္းအတြက္ ေငြနဲ႔ တန္ဖိုးျဖတ္လို႔ မရတဲ့ အေရးပါတဲ့ အရာေတြ ရွိေနပါတယ္။ ဒီလိုမ်ိဳး အရာေတြကို ပိုင္ဆိုင္ထားရင္ေတာ့ တကယ့္ကို ေပ်ာ္႐ႊင္ရတဲ့ ဘဝကို ရမွာ ျဖစ္ပါတယ္။

ဘဝမွာ ေပ်ာ္႐ႊင္ရတဲ့ သူေတြက ေငြရွိျခင္း မရွိျခင္းထက္ ကိုယ္ျမတ္ႏိုးရတဲ့ အေျခအေနမ်ိဳး ပိုင္ဆိုင္မွသာ ျဖစ္ႏိုင္ပါတယ္။ အေပ်ာ္႐ႊင္ရဆုံးေသာ မိန္းကေလးေတြဆိုတာ ဒီလို အရာေတြ ပိုင္ဆိုင္ထားတတ္ၾကသူေတြ ျဖစ္ပါတယ္။

(၁) ေပ်ာ္႐ႊင္စရာ မိသားစု

ေပ်ာ္႐ႊင္ရတဲ့ မိသားစုဆိုတာ ေငြေၾကးခ်မ္းသာတဲ့ မိသားစုလို႔ ဆိုလိုတာ မဟုတ္ပါဘူး။ တစ္ေယာက္ကို တစ္ေယာက္ နားလည္ေပးတတ္ၿပီး ေႏြးေထြးမႈလည္း ရွိၾကတဲ့ အခက္အခဲရွိရင္ေတာင္ အတူ ရင္ဆိုင္ၾကတဲ့ မိသားစုမ်ိဳး ပါ။

မိသားစုလို ခံစားရေစတဲ့ မိသားစုမ်ိဳးကို လူတိုင္း မရႏိုင္ၾကပါဘူး။ ဒီလိုမ်ိဳး မိသားစုကို ရရွိထားတဲ့ မိန္းကေလးေတြက တကယ့္ကို ေပ်ာ္႐ႊင္ရတဲ့ သူပါပဲ။

(၂) သူငယ္ခ်င္းေကာင္းေတြ

သူငယ္ခ်င္းေတြ မရွိဘဲနဲ႔ေတာင္ ေလာကမွာ ရပ္တည္ေနရတဲ့သူေတြ အမ်ားႀကီး ရွိေနပါတယ္။ သူငယ္ခ်င္း ရွိေပမယ့္လည္း ေမးထူးေခၚေျပာ ဆက္ဆံေရး ပိုင္ဆိုင္ထားတာမ်ိဳးလည္း ရွိပါတယ္။

ကိုယ့္မွာ ဘာပဲ ျဖစ္ျဖစ္ တိုင္ပင္လို႔ ရတဲ့၊ ရင္ဖြင့္လို႔ရတဲ့ သူငယ္ခ်င္းေကာင္း တစ္ေယာက္ေလာက္ေလး ရွိရင္ေတာင္ ဒီလို မိန္းကေလးက ကိုယ့္ဘက္ကေန ရွိေနေပးတဲ့ သူငယ္ခ်င္း ရွိေနတာမို႔ ေပ်ာ္႐ႊင္ရတာ အေသအခ်ာပါပဲေနာ္။

(၃) လက္တြဲေဖာ္ေကာင္း

ျမင္ျမင္သမွ် စုံတြဲေတြခ်ည္းပဲ ဆိုတဲ့ ေခတ္မွာ အခ်စ္စစ္နဲ႔ လူေကာင္းတစ္ေယာက္ကို ေတြ႕ရဖို႔ဆိုတာ အင္မတန္ ခဲယဥ္းပါတယ္။ အေပ်ာ္တြဲတာမ်ိဳး၊ ကိုယ့္ကို လာကစားတာမ်ိဳးနဲ႔ ေဖာက္ျပန္တတ္တဲ့ ေကာင္ေလးေတြက အမ်ားအျပားပါပဲ။

ဒီလိုမ်ိဳး အေျခအေနေတြၾကားမွာ ကိုယ့္ကို တကယ္ ခ်စ္ေပးၿပီး ကိုယ္ တန္ဖိုးထားရတဲ့ အရာေတြကို ေလးစားေပးတာ၊

ကိုယ္ အားငယ္တိုင္း ႏွစ္သိမ့္မႈ ေပးတတ္တဲ့ အေဖာ္မြန္ေကာင္း တစ္ေယာက္ကို ပိုင္ဆိုင္ထားရင္လည္း တျခားသူေတြထက္ ပိုၿပီး စိတ္ခ်မ္းသာၾကရပါတယ္။

(၄) အဆင္ေျပတဲ့ အလုပ္

လူနဲ႔ အလုပ္ဆိုတာ တြဲေနတဲ့ အရာတစ္ခုပါ။ စားဝတ္ေနေရးအတြက္တင္သာမက ကိုယ့္ရဲ႕ တန္ဖိုးတစ္ခုအေနနဲ႔ အလုပ္လုပ္ရတာက သိပ္ကို ဂုဏ္ယူေက်နပ္စရာ ျဖစ္ပါတယ္။

ကိုယ္နဲ႔လည္း ကိုက္ညီၿပီး လုပ္ငန္းခြင္ကလည္း အဆင္ေျပတဲ့ အလုပ္မွာ လုပ္ေနရတယ္ဆိုရင္ မခ်မ္းသာေနရင္ေတာင္ သင့္ကို ေက်နပ္ပီတိ ျဖစ္ေစပါတယ္။

ဒီလိုမ်ိဳး ကိုယ္နဲ႔ အစစအရာရာ အဆင္ေျပတဲ့ အလုပ္ကို ပိုင္ဆိုင္ထားတဲ့သူဆိုတာ တကယ့္ကို ေပ်ာ္႐ႊင္မႈ တစ္ခုကို ရလိုက္ၾကတာပါပဲ။

Kham