ထမင်းပေါင်းအိုး နှင့် ကိတ်မုန့်လုပ်မယ်
အိမ်တွင်းဖြစ်ထမင်းပေါင်းအိုးကိတ်မုန့်
ပါဝင်ပစ္စည်း
၁.ဂျုံ=ဆန်ချိန်ခွက်တစ်ခွက်
၂.သကြား=ဆန်ချိန်ခွက်တစ်ဝက်
၃.နွားနို့= ဆန်ချိန်ခွက်တစ်ဝက်
၎.ဆီ=ဆန်ချိန်ခွက်၃ပုံတစ်ပုံ
၅.ရှာလကာရည်=၃စက်
၆.ကြက်ဥ=၅လုံး
ပြုလုပ်ပုံအဆင့်ဆင့်
၁.ဇလုံသန့်သန့်၂လုံးအဆင့်သင့်လုပ်ထားပါ၊ကြက်ဥ၅လုံးကို အကာအနှစ်ခွဲပြီးဇလုံတစ်ခုချင်းစီထည့်ထားပါ။
၂.ကြက်ဥအနှစ်ဇလုံ ထဲကို ဂျုံ၊ဆီ၊နွားနို့ ရောထည့်ပြီး ဂျုံလုံးလေးတွေမရှိအောင်နှယ်ထားပါ။
ကြက်ဥအကာဇလုံထဲကိုရှာလကာရည် ထည်ပြီးခေါက်ပါ(သကြားကို၃ပုံခွဲထားပါ)၊အမြုပ်ထွက်လာရင် သကြားကိုတစ်ပုံထည့်ပါ၊ အဆက်မပျက်ခေါက်ပေးရပါမည်၊အမြုပ်လေးတွေသေးပြီးဖြူဖြူလေးတွေဖြစ်ရင်သကြားနောက်တစ်ပုံထည့်ပါ၊အမြုပ်လေးတွေပျောက်ပြီးဖြူဝင်းလာပြီဆိုရင်သကြားနောက်ဆုံးတစ်ပုံထည့်ပြီးဆက်ခေါက်ပါ၊ cream ရသည့်ထိခေါက်ပါ။
၎. ရိုက်ထားတဲ့ cream ကို ဂျုံနှယ်ထားတဲ့ဇလုံထဲကို ၃ခါခွဲပြီး ရောနှယ်ပေးပါ (နှယ်တဲ့နေရာမှာ ဇွန်းဖြင့်အပေါ်အောက်ဖြေးဖြေးနှယ်ပါ၊ လုံးဝမမွှေမိပါစေနဲ့နော် )
၅. ထမင်းပေါင်းအိုးအောက်ခြေကို ဆီသုပ်ထားပါ နှယ်ထားတဲ့အနှစ်ကို အပေါ်ကနေ ထမင်းပေါင်းအိုးထဲ့ကိုလောင်းချလိုက်ပါ ၊ပြီးရင် အိုးကို ၅/၆ချက်လောက် မှပြီးချလိုက်ပါ လေခိုလေးတွေမရှိအောင်ပါ။
၆. ရိုးရိုးထမင်းပေါင်းအိုးဆိုရင် ၃/၄ခါလောက်နှိပ်ပေးရပါမယ်။ (တစ်ခါနှိပ်ရင်၃မိနစ်လောက်ပြန်ပြန်တက်သွားပါတယ်၊ မိနစ်၂၀ခြားတစ်ခါနှိပ်ပေးပါ၊ တက်သွားပြီးချက်ချင်းပြန်နှိပ်မရလို့နော၊အဖုံးလုံးဝမဖွင့်ပါနဲ့၊ လေထွက်ပေါ်ကိုအဝတ်လေးနဲ့အုပ်ထားပါ၊ နောက်ဆုံးရလာတဲ့ထိအပေါ်ယံလေးကနည်းနည်းလေးစိုနေတတ်ပါတယ်၊ ၃ခေါက်လောက်နှိပ်ပေးပြီးရင် ပြောင်းပြန်လှန်ပြီးတစ်ခါထပ်နှိပ်ပေးပါ အဲ့လိုဆိုရပါပြီ။
ထမင်းပေါင်းအိုးနဲ့မလုပ်ချင်ရင်လဲပေါက်စီပေါင်းတဲ့အိုးလိုမျိုးရေကိုအောက်ကထည့်ပြီးအပေါ်ကနေပေါင်းလို့ရ မုန့်နှစ်ကိုရေမဝင်အောင်အဖုံးလုံအောင်ဖုံးထားရပါမည်၊ အောက်ခြေကရေနဲ့မထိအောင်သတိထားပါနော။
Mar Jorie
Unicode
အိိမ်တွင်းဖြစ်ထမင်းပေါင်းအိုးကိိတ်မုန့်
ပါဝင်ပစ္စည််း
၁.ဂျုံ=ဆန်ချိိန်ခွက်တစ်ခွက်
၂.သကြား=ဆန်ချိန်ခွွက်တစ်ဝက််
၃.နွားနို့= ဆန်ချိိန်ခွက်တစ်ဝက်
၄.ဆီီ=ဆန်ချိန်ခွက်၃ပုံတစ်ပုံ
၅.ရှာလကာရည််=၃စက်
၆.ကြက်ဥ=၅လုံး
ပြုလုပ်ပုံအဆင့်ဆင့််
၁.ဇလုံသန့်သန့််၂လုံးအဆင့်သင့်လုပ်ထားပါ၊ကြက်ဥ၅လုံးကို အကာအနှစ်ခွဲပြီးဇလုံတစ်ခုချင်းစီထည့်ထားပါ။
၂.ကြက်ဥအနှစ်ဇလုံ ထဲကိို ဂျုံ၊ဆီ၊နွားနို့ ရောထည့်ပြီး ဂျုံလုံးလေးတွေမရှိအောင်နှယ်ထားပါ။
၃.cream ရိုက်စက်မရှိတဲ့သူတွေအတွက််
ကြက်ဥအကာဇလုံထဲကိုရှာလကာရည်် ထည်ပြီးခေါက်ပါ(သကြားကို၃ပုံခွဲထားပါ)၊အမြုပ်ထွက်လာရင် သကြားကိုတစ်ပုံထည့်ပါ၊ အဆက်မပျက်ခေါက်ပေးရပါမည်၊အမြုပ်လေးတွေသေးပြီးဖြူဖြူလေးတွေဖြစ်ရင်သကြားနောက်တစ်ပုံထည့်ပါ၊အမြုပ်လေးတွေပျောက်ပြီးဖြူဝင်းလာပြီဆိုရင်သကြားနောက်ဆုံးတစ်ပုံထည့်ပြီးဆက်ခေါက်ပါ၊ cream ရသည့်ထိခေါက်ပါ။
Cream ဖြစ်မဖြစ်ကိုဝါးတူတစ်ချောင်းကိိုအလယ်မှာစိုက်ကြည့်ပါ လဲမကျရင်cream ရပါပြီ။Cream ရိုက်စက်ရှိရင်လဲ အပေါ်ကအချိုးအတိုင်းပြုလုပ်ရပါတယ်။
creamရိုက်တာ၁၀မိနစ်ကြာပါတယ်
၄. ရိုက်ထားတဲ့ cream ကို ဂျုံနှယ်ထားတဲ့ဇလုံထဲကိို ၃ခါခွဲပြီး ရောနှယ်ပေးပါ (နှယ်တဲ့နေရာမှာ ဇွန်းဖြင့်အပေါ်အောက်ဖြေးဖြေးနှယ်ပါ၊ လုံးဝမမွှေမိပါစေနဲ့နော် )
၅. ထမင်းပေါင်းအိုးအောက်ခြေကို ဆီသုပ်ထားပါ နှှယ်ထားတဲ့အနှစ်ကို အပေါ်ကနေ ထမင်းပေါင်းအိုးထဲ့ကိုလောင်းချလိုက်ပါ ၊ပြီးရင် အိုးကို ၅/၆ချက်လောက် မှပြီးချလိုက်ပါ လေခိုလေးတွေမရှိအောင်ပါ။
၆. ရိုးရိုးထမင်းပေါင်းအိုးဆိုရင် ၃/၄ခါလောက်နှိိပ်ပေးရပါမယ်။ (တစ်ခါနှိပ်ရင်၃မိိနစ်လောက်ပြန်ပြန်တက်သွားပါတယ်၊ မိနစ််၂၀ခြားတစ်ခါနှိိပ်ပေးပါ၊ တက်သွားပြီးချက်ချင်းပြန်နှိပ်မရလို့နော၊အဖုံးလုံးဝမဖွင့်ပါနဲ့၊ လေထွက်ပေါ်ကိုအဝတ်လေးနဲ့အုပ်ထားပါ၊ နောက်ဆုံးရလာတဲ့ထိအပေါ်ယံလေးကနည်းနည်းလေးစိုနေတတ်ပါတယ်၊ ၃ခေါက်လောက်နှိပ်ပေးပြီးရင် ပြောင်းပြန်လှန်ပြီးတစ်ခါထပ်နှိပ်ပေးပါ အဲ့လိုဆိုရပါပြီ။
Digital ပေါင်းအိုးဆိုရင် ထမင်းချက်သလိိုချက်ပြီး ခလုပ်တတ်သွားရင်၁၅မိနှစ်ထားပြီးမှအဖုံးဖွင့်ပေးပါ။တစ်ချို့Digitalပေါင်းအိုးလဲရိုးရိုးပေါင်းအိုလိုခဏလေးနဲ့ခလုပ်ပြန်ပြန်တက်သွားတတ်ပါတယ်နော၊သတိထားစောင့်ကြည့်ရပါမယ်။
ထမင်းပေါင်းအိုးနဲ့မလုုပ်ချင်ရင်လဲပေါက်စီီပေါင်းတဲ့အိုးလိုမျိုးရေကိုအောက်ကထည့်ပြီးအပေါ်ကနေပေါင်းလို့ရ မုုန့်နှစ်ကိုရေမဝင်အေ ာင်အဖုံးလုံအောင်ဖုံးထားရပါမည်၊ အောက်ခြေကရေနဲ့မထိအောင်သတိထားပါနော။
Mar Jorie