ဒီအခြေအနေမျိုးမှာ သင့် အသားအရေကို sun-cream လုံးဝ မလိမ်းသင့်ပါဘူး
ဒီလိုအခြေအနေမျိုးမှာ အသားအရေကို suncream လုံးဝ မလိမ်းသင့်ပါဘူး
နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ suncream လိမ်းတာက အသားအရေအတွက် တကယ့်ကို ကောင်းမွန်ပါတယ်။ ပုံမှန် suncream လိမ်းတဲ့ အသားအရေနဲ့ လုံးဝမလိမ်းတဲ့အသားအရေဟာလည်း သိသိသာသာကို ကွဲထွက်နေတတ်ပါတယ်နော်။
ဒါပေမယ့် suncream က အသားအရေကို ကောင်းမွန်စေတယ်ဆိုပေမယ့် ဒီလိုအခြေအနေမျိုးမှာတော့ suncream ကို လုံးဝမလိမ်းသင့်ပါဘူးနော်။
နေရောင်ခံထားတဲ့ အသားအရေ
နေရောင်ထိထားတဲ့ အသားအရေ၊ နေရောင်ခံထားတဲ့ အသားအရေမှာ ချက်ချင်း suncream လိမ်းတာမျိုး မလုပ်သင့်ပါဘူးနော်။ ဒါက သင့်ရဲ့ အသားအရေကို ပိုနေလောင်သွားစေတတ်ပြီး တစ်ချိန်တည်းမှာ အသားအရေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
နေရောင်ခံထားတဲ့ အသားအရေရဲ့ melanocyte cells တွေကနေ အညိုရောင်တွေကို စတင်ထုတ်လွှတ်ပေးနေတဲ့အချိန်ဖြစ်လို့ ဒီလိုအချိန်မှာ suncream ကို မလိမ်းပေးသင့်တာပါ။
နေလောင်ထားတဲ့ အသားအရေ
နေလောင်ထားတဲ့ အသားအရေဟာ ထိခိုက်ပျက်စီးလွယ်နေတဲ့အတွက် ဒီလိုအချိန်မှာ suncream ကို လုံးဝ မလိမ်းသင့်ပါဘူး။ ဒီ
လို နေလောင်ထားတဲ့ အသားအရေက ပြန်လည်ကောင်းမွန်ဖို့ အချိန်လိုတဲ့အတွက် ဒီလိုအချိန်မှာ suncream လိမ်းလိုက်မယ်ဆိုရင် အသားအရေက မခံနိုင်ပဲ ပိုဆိုးဝါးသွားနိုင်ပါတယ်။
တင်းတိပ်၊ မှဲ့ခြောက်တွေ ရှိတဲ့ အသားအရေ
တင်းတိပ်၊ မှဲ့ခြောက်တွေက နေရောင်ခြည်ဒဏ်ကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပြီး ဒီလို အခြေနေမျိုးမှာ အသားအရေက melanocyte cells တွေကို
အလွန်ထုတ်ပေးနေတဲ့ အချိန်ဖြစ်တာကြောင့် suncream သာ လိမ်းလိုက်မယ်ဆိုရင် ပိုပြီး အသားအရေပျက်စီးတာမျိုး ဖြစ်သွားစေနိုင်ပါတယ်။
အရေပြားရောဂါတွေ ဖြစ်နေတဲ့ အသားအရေ
အရေပြားရောဂါတွေ ဖြစ်ပေါ်နေတဲ့အချိန်မျိုးမှာ suncream လိမ်းတာမျိုးကို ရှောင်သင့်ပါတယ်။
ဒီလိုအချိန်မှာ အထူးသဖြင့် အရေပြားဆရာဝန်ရဲ့ ပြောကြားချက်ကိုသာ အဓိကလိုက်နာဖို့ လိုအပ်ပြီး တကယ်လို့ suncream တွေ လိမ်းလိုက်မိမယ်ဆိုရင် ပိုဆိုးဝါးလာတာ၊ ဓာတ်မတည့်တာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်နော်။ Khin
Zawgyi
Leave a Comment