ေဆာင္း၀င္ခ်ိန္မွာ ဂ်င္းစားပါ

ေဆာင္းအဝင္မွာ က်န္းမာေရး သတိျပဳစရာ

အပူႏွင့္ အေအး အကူးအေျပာင္းတြင္ လူတို႔က်န္းမာေရး ခ်ိဳ႕ယြင္းတတ္ၾကသည္။ ေနေရာင္ျခည္ သည္ လူ၏ က်န္းမာေရးကို အက်ိဳးျပဳသည္။ ေနေရာင္ျခည္ေကာင္းစြာမရသည့္ မိုးဥတုႏွင့္ ညတာရွည္ သည့္ ေဆာင္းဥတုတို႔တြင္ အဖ်ားအနာ ေရာဂါထူေျပာတတ္သည္။ မိုးတြင္ ေရေငြ႕ႏွင့္ ေဆာင္းတြင္ ႏွင္းက် ေသာအခါ အေအးဓာတ္ျဖင့္ အခိုးငုပ္သည္။

အခိုးငုပ္ျခင္းေၾကာင့္ ကိုယ္တြင္းအပူဓာတ္ႏွင့္ ျပင္ပ အေအး ဓာတ္တို႔ ပဋိပကၡျဖစ္ခါ စိတ္လက္ရႊင္လန္းျခင္းမရွိဘဲ ေနထိုင္မေကာင္း ျဖစ္သည္ဟု ခံစားေနရတတ္သည္။ မိုးႏွင့္ေဆာင္းတို႔သည္ ပြင့္လင္းမွုမရွိေသာ ရာသီမ်ားျဖစ္သည္။

ယခုအခါ မိုးအကုန္ ေဆာင္းအကူးရာသီသို႔ ေရာက္ရွိလာၿပီးျဖစ္သည္။ တုတ္ေကြးရာသီကုန္သြားၿပီး ႏွာေစးေခ်ာင္းဆိုး ျဖစ္တတ္သည့္ ရာသီသို႔ ေရာက္ရွိလာေတာ့မည္ျဖစ္သည္။ ေတာင္အရပ္မွ မိုးသက္ေလ ႏွင္တို႔ ႐ုပ္သိမ္းသြားၿပီး ေျမာက္အရပ္မွ ေျမာက္ျပန္ေလႏွင့္အတူ ႏွင္းပြင့္မ်ားပါလာေတာ့မည္ ျဖစ္သည္။

ႏွာေစးျခင္းသည္ ကိုယ္တြင္းအပူငုပ္သည့္ လကၡဏာျဖစ္သည္။ ေရွးဆရာႀကီးမ်ားက အျပင္မွ အေအးတပ္ဖြဲ႕ၿပီး ပိတ္ဆို႔ထားသျဖင့္ ထြက္ေပါက္မရွိဘဲ အပူအက်ဥ္းက်ေရာဂါျဖစ္ရသည္ဟု ဆိုသည္။

ေမြးညႇင္းေပါက္တို႔မွ အခိုးအကင္းတို႔သည္ ေခၽြးအျဖစ္ထြက္မက်ရေသာအခါ ႏွာရည္ယိုက်ျခင္းျဖင့္ ထြက္ ေပါက္ရွာရသည္ဟု အဆိုရွိသည္။ ႏွာရည္က်ျခင္းသည္ ကိုယ္တြင္းအပူမ်ားျခင္းေၾကာင့္ျဖစ္သည္။

ညေနေစာင္းအလုပ္မွ အျပန္တြင္ ေရခိ်ဳးေလ့ရွိသူမ်ားသည္ ေဆာင္းဥတုတြင္ ႏွာေစးၿပီး ေခါင္းကိုက္ ေရာဂါရေလ့ရွိသည္ကို ေတြ႕ရသည္။ ႏွာေစး၊ ႏွာရည္ယိုျခင္း ႐ုတ္တရက္ ရပ္သြားၿပီး ႏွာေခာင္းပိတ္သြား လၽွင္ ထိပ္ကပ္နာ ျဖစ္တတ္သည္။ ထိပ္ကပ္နာသည္ ႏွာေခါင္းအတြင္းႏွာရိုးမွ အရြတ္တုံးေလး ေရာင္ေသာ ေၾကာင့္ျဖစ္ေလ့ရွိသည္။

ထို႔ေၾကာင့္ အလြန္ေအးေသာ အရပ္ေဒသမ်ားတြင္ ေရေႏြးျဖင့္ ေရကိုစပ္၍ ခ်ိဳးရ သည္။ ေရခ်ိဳးၿပီး အေအးမိသည္ထင္လၽွင္ ပ႐ုတ္ဆီကို ေႂကြပန္းကန္လုံးတြင္ သုတ္လိမ္းၿပီး ေရေႏြးအျဖဴ ေလာင္းထည့္ကာ ထြက္လာေသာ ေရေႏြးေငြ႕ကို ရွူေပးျခင္းျဖင့္ ထိပ္ကပ္နာျဖစ္ျခင္းမွ ကာကြယ္နိုင္သည္။

ခႏၶာကိုယ္အတြင္း အပူအက်ဥ္းက်ေသာအခါ ႏွာေခါင္းမွ ႏွာရည္ယိုသည့္ အျပင္ ငယ္ထိပ္ထြက္ ေပါက္မွလည္း အပူေငြ႕မ်ားထြက္တတ္သည္။အခ်ိဳ႕လူႀကီးမ်ားတြင္ ေဆာင္းတြင္းေရာက္မွ ေခါင္းေခၽြးမ်ား ျပန္ၿပီး အျမဲတဘက္ပဝါျဖင့္ သုတ္ေနရသည္ကို ေတြ႕ရသည္။ ေခါင္းေခၽြးျပန္ရပ္သြားလၽွင္ ႏွာေစးႏွာရည္ယို ျဖစ္ၿပီး ေခါင္းကိုက္လာတတ္သည္။

ထိုေရာဂါအတြက္ ညအိပ္ယာဝင္ခ်ိန္တိုင္းတြင္ ဦးေခါင္းငယ္ထိပ္ကို အုန္းဆီစစ္စစ္လိမ္းၿပီး အိပ္ျခင္းျဖင့္ ကာကြယ္နိုင္သည္။ အုန္းဆီသည္ ငယ္ထိပ္မွ ထြက္လာေသာအခိုးကို ဖမ္းယူနိုင္ၿပီး ဆံပင္ကၽြတ္ျခင္း၊ ထိပ္ေျပာင္ျခင္းကို ကာကြယ္နိုင္သည္။

ေဆာင္းရာသီမွာ “ခ်င္း” စားပါ

စာေရးသူ၏ မိတ္ေဆြတစ္ဦးသည္ လက္ဖက္ရည္အလြန္ႀကိဳက္သူ တစ္ဦးျဖစ္သည္။ ေဈးေရာင္း ရင္း ဆိုင္ထိုင္ရင္း တစ္ေန႔လၽွင္ လက္ဖက္ရည္ အခ်ိဳ႕ေပါ့က် တစ္ေန႔လၽွင္ သုံးခြက္၊ ေလးခြက္ေသာက္ သည္ဟု ဆိုသည္။

သူေသာက္နည္းမွာ မွာ အျခား သူမ်ားႏွင့္ မတူခ်င္းကိုခပ္ပါးပါး လွီးထားေသာအဖက္ ကေလးမ်ားကို ႏွစ္ဖတ္ သုံးဖတ္မၽွ လက္ဖက္ရည္ထဲတြင္ စိမ္ထားၿပီး ျဖည္းျဖည္းခ်င္း ေသာက္သည္။ သူ၏ လက္ဖက္ရည္မွာ ခ်င္းရနံ့ကေလးသင္းေနသည္။

မၾကာေသးမီကလည္း က်န္းမာေရးဂ်ာနယ္ တစ္ေစာင္တြင္ အေနာက္တိုင္းေဆးပညာရွင္မ်ားက ဘလက္ေကာ္ဖီတြင္ ခ်င္းထည့္ေသာက္ျခင္းျဖင့္ ေခါင္းကိုက္ေဝဒနာကို သက္သာေစေၾကာင္း ေရးထားသည္ ကို ဖတ္ရွုလိုက္ရသည္။

ခ်င္းကို နာက်င္ကိုက္ခဲေဝဒနာ ကုသရာတြင္လည္း အသုံးျပဳေၾကာင္း ေရးသားထား သည္။ ခ်င္းကို အရည္ထုတ္ယူၿပီး ဗိုက္ေအာင့္ေဝဒနာႏွင့္ ပ်ိဳ႕ခ်င္ အန္ခ်င္ျဖစ္ေသာ ေဝဒနာမ်ားတြင္လည္း သုံးစြဲသည္ဟု ေရးသားထားသည္။

ခ်င္းသည္ မူလက အိႏၵိယနိုင္ငံမွ တင္သြင္းျခင္းျဖစ္ၿပီး ပရေဆးကုန္သည္မ်ားမွာ အိႏၵိယလူမ်ိဳးမ်ား ျဖစ္သည္။ ခ်င္းေျခာက္ကို မပုပ္မသိုးေစရန္ ထုံးရည္ဖ်န္းၿပီး သေဘၤာႀကီးမ်ားျဖင့္ သယ္ေဆာင္တင္သြင္း လာသျဖင့္ သေဘၤာခ်င္းေျခာက္ဟူေသာ အသုံးအႏွုန္းမွာ ယေန႔အထိ ပရေဆးေလာကတြင္ သုံးစြဲေနဆဲ ျဖစ္သည္။ ေနာက္ပိုင္းတြင္ ခ်င္းကို ျမန္မာျပည္တြစိုက္ပ်ိဳးသည္။

အထက္ျမန္မာျပည္ႏွင့္ ရွမ္းျပည္နယ္မွ ထြက္ေသာ ခ်င္းတက္မ်ားမွာ အပူဓာတ္အာေကာင္းၿပီး က်စ္လစ္မာေက်ာသျဖင့္ ခ်င္းတက္ေကာင္းအျဖစ္ အိနိၵယ၊ ပါကစၥတန္စေသာ နိုင္ငံမ်ားသို႔ပင္ ျပန္လည္တင္ပို႔ရသည္။ ေက်ာက္မဲခ်င္း၊ ေအာင္ပန္းခ်င္း၊ ေက်ာက္ဆည္နယ္ သံရြာခ်င္တို႔သည္ အတက္ႀကီးၿပီး အပူဓာတ္အားေကာင္းသျဖင့္ နာမည္ေက်ာ္ၾကား သည္။

လူႀကိဳက္မ်ားေသာ ခ်င္းတက္မ်ား ျဖစ္သည္ ခ်င္းကို ဟင္းခတ္ရာတြင္ အသုံးျပဳဆုံးလူမ်ိဳးမ်ားမွာ တ႐ုတ္လူမ်ိဳးမ်ားျဖစ္ေၾကာင္းသိရသည္။ ဟင္း ခတ္ အေမႊးအႀကိဳင္အျဖစ္သာမက အသားႏူးေအာင္ ခ်င္းတက္ထည့္ခ်က္ၾကသည္။ ခ်က္ျပဳပ္ေသာ အသား ကို အစာအိမ္တြင္ ေရာက္လၽွင္ အစာေၾကေစရန္လည္း ခ်င္းက အေထာက္အကူျပဳေၾကာင္း သိရသည္။

ေဆာင္းဥတုသည္ အျပင္ထြက္လၽွင္ အေအးပတ္လြယ္ေသာ ဥတုျဖစ္သည္။ အဝတ္အစား လုံးျခဳံ ေအာင္ ဝတ္ဆင္ထားသည့္ၾကားကပင္ ဦးေခါင္းႏွင့္ လည္ပင္းကို အေအးပတ္ၿပီး အသံဝင္ျခင္း၊ လည္ေခ်ာင္း နာျခင္း၊ သြားနာႏွင့္ သြားဖုံးမ်ား အပူကန္ျခင္း၊ အာသီးေရာင္ျခင္းမ်ား ျဖစ္ေလ့ရွိသည္။

ထိုသို႔ အေအးပတ္ ျခင္းကို ခ်င္းလက္ဖက္ရည္ေသာက္ျခင္းျဖင့္ ကာကြယ္နိုင္သည္။ မိမိ အိမ္တြင္ေသာက္ေနၾက ေရေႏြးၾကမ္း ထဲသို႔ ခ်င္းပါးပါး ႏွစ္လႊာ၊ သုံးလႊာ လွီးထည့္ၿပီး ပူပူေလးေသာက္ျခင္းျဖင့္ ကာကြယ္နိုင္သည္။

အေအးပတ္ၿပီး အဖ်ားဝင္လၽွင္၊ ကိုယ္လက္မ်ား ေညာင္းညာကိုက္ခဲလၽွင္ ခ်င္းပါးပါးခုႏွစ္လႊာ၊ ထန္း လ်က္သုံးခဲ၊ ကြမ္းရြက္ တစ္ရြက္ကို ေျခ၍ မတ္ခြက္တြင္ ထည့္ၿပီး ေရေႏြးအျဖဴ ပူပူေလာင္းထည့္ပါ။ ၁၅ မိ နစ္ခန႔္ အေငြ႕လုံေအာင္ အုပ္ထားပါ။ ထို႔ေနာက္ အဖုံးဖြင့္ၿပီး မ်က္ႏွာ ႏွာေခါင္းေပါက္ျဖင့္ အေငြ႕ကိုရွူရင္း ျဖည္းျဖည္းျခင္း ေသာက္ပါ။ အေအးမိျခင္းမွ သက္သာေစနိုင္သည္။

ခ်င္းသုပ္သည္ ျမန္မာလူမိ်ဳးမ်ား အႀကိဳက္ ရိုးရာအစားအစာ ျဖစ္သည္။ ခ်င္းကို အမႊာေလးမ်ား ျခစ္ၿပီး ေရွာက္ရည္ျဖင့္စိမ္ထားေသာ ခ်င္းႏွပ္ သည္ ဝမ္းမီးေတာက္ၿပီး အစာေၾကေစသည္။ အေအးပတ္ျခင္းမွ ကာကြယ္ေပးသည္။ လူႀကီးမ်ား ကိုယ္ေငြ႕ ေကာင္းေစရန္ ခ်င္းသုပ္ကို မၾကာခဏ ေကၽြးေပးျခင္းျဖင့္ က်န္းမာေစနိုင္သည္။

ေဆာင္းဥတုတြင္ ေရက်က္ေအးေသာက္သင့္သည္

ဥတုသုံးပါးတြင္ ေဆာင္းဥတုသည္ အေအးဓာတ္လြန္ကဲသည့္ ရာသီျဖစ္သည္။ ေဆာင္းေရာက္ လၽွင္ အျဖစ္မ်ားသည့္ ေရာဂါေဝဒနာမ်ားမွာ အေအးပတ္ျခင္း၊ ႏွာေစးေခ်ာင္းဆိုးျခင္း၊ ႏွုတ္ခမ္းမ်ားေျခာက္ ေသြ႕ျခင္း၊ ႏွုတ္ခမ္းကြဲျခင္း၊ အသားပပ္ျခင္း၊ ဆီးမ်ားျခင္းကို အျဖစ္မ်ားေၾကာင္း ေတြ႕ရသည္။

ဤလကၡဏာ မ်ားမွာ ရိုးရာေဆးပညာသေဘာအရ အျပင္ေအးၿပီး အတြင္းပူေသာ ေၾကာင့္ျဖစ္သည္။ အတြင္းမွ အပူသည္ အျပင္မွ အေအးေၾကာင့္ အက်ဥ္းက်ေနသည့္ဟုလည္း ေရွးက တိုင္းရင္းျမန္မာ ေဆးဆရာႀကီးမ်ားက ဆိုၾက သည္။

ခႏၶာကိုယ္၏ အပူရွိန္ကို ေလၽွာ့ခ်ေသာစနစ္မွာ ေခၽြးထြက္ျခင္းျဖစ္သည္။ ေဆာင္းဥတု တြင္ အေအး ပတ္ဖြဲ႕ေသာေၾကာင့္ ကိုယ္ခႏၶာအေရျပားမွ ေမြးညႇင္းေပါက္မ်ား ပိတ္ဆို႔ၿပီး အခိုးအေငြ႕တို႔ မထြက္နိုင္ၾကေပ။ ထိုအေငြ႕တို႔သည္ အေရျပားေအာင္တြင္ ကိန္ေအာင္းေနရာမွ ေသြးေၾကာမ်ားအတြင္းသို႔ ဆံခ်ည္မၽွင္ ႁပြန္ ကေလးမ်ားမွ တစ္ဆင့္ ေရာက္ရွိျပန္သည္။ ထိုမွ တစ္ဆင့္ ကိုယ္တြင္းအဂၤါအစုံသို႔ ေရာက္ရွိျပန္သည္။

အပူအခိုးအေငြ႕မ်ားသည္ ကိုယ္တြင္းအဂၤါမ်ားသို႔ ေရာက္ရွိျခင္း အက်ိဳးဆက္မွာ အစာအိမ္တြင္ အပူ ေငြ႕မ်ားခိုေအာင္ေနေသာအခါ ရင္ပူျခင္း၊ မၾကာခဏ ဆာေလာင္ျခင္းျဖစ္သည္။ အသည္းတြင္ အပူေငြ႕မ်ား ခိုေအာင္းေသာအခါ သည္းေျခရည္ ပိုထြက္ျခင္းေၾကာင့္ မၾကာခဏ ရင္ပူ၊ ေရငတ္ျခင္းျဖစ္ရသည္။

ေက်ာက္ ကပ္မ်ားတြင္ အပူေအာင္းေသာအခါ မၾကာခဏ ဆီးသြားျခင္းႏွင့္ ဆီးမသြားဘဲ ေအာင့္ထားလၽွင္ ဆီးပူျခင္း၊ ဆီးက်င္ျခင္း၊ ဆီးဝါျခင္း၊ ဆီးနီျခင္းတို႔ ျဖစ္တတ္သည္။ ႏွလုံးတြင္ အပူငုပ္ေသာအခါ ႏွလုံးေအာင့္ျခင္း၊ ရင္တုန္ျခင္း၊ ႏွလုံးခုန္ႀကိမ္မ်ားျခင္း၊ ေသြးတိုးျခင္း၊ အိပ္မေပ်ာ္ျခင္းတို႔ ျဖစ္နိုင္သည္။

က်န္းမာေရး အလြန္ေကာင္းေသာ လူငယ္မ်ားတြင္ပင္ ေဆာင္းေရာက္ေသာအခါ ႏွုတ္ခမ္းမ်ားကြဲ အက္ျခင္းေတြ႕ရသည္။ ထိုသို႔ျဖစ္ရျခင္းမွာ အစာအိမ္တြင္ေအာင္ေနေသာ အပူမွာအထက္သို႔ ကန္ထြက္ လာသျဖင့္ လည္ေခ်ာင္းမွ တစ္ဆင့္ အာေခါင္၊ ႏွုတ္ခမ္းမ်ားသို႔ ေရာက္ရွိၿပီး ေလပူ၏ သေဘာအရ ေျခာက္ ေသြ႕အက္ကြဲျခင္းမ်ား ျဖစ္ရျခင္းျဖစ္သည္။

ေဆာင္းတြင္ ေရခဲေရ၊ အခ်ိဳရည္ေအး ေသာက္သူမ်ားတြင္ ပို၍ ႏွုတ္ခမ္းကြဲေလ့ရွိသည္။ ေရေႏြးၾကမ္းေသာက္သူမ်ားမွာ အကြဲသက္သာသည္ကို ေတြ႕ရသည္။

ေဆာင္းရာသီတြင္ အစာအိမ္၌ အပူမ်ား၍ ႏွုတ္ခမ္းကြဲ၊ အာေခါင္ေျခာက္ ျဖစ္သူမ်ားသည္ ညအိပ္ ယာဝင္ခ်ိန္တြင္ ေရက်က္ေအးေသာက္သင့္သည္။ ျဖစ္နိုင္လၽွင္ ည အိပ္ယာဝင္ခ်ိန္ေရာ နံနက္အိပ္ယာထ ခ်ိန္ပါ ႏွစ္ႀကိမ္ ေရက်က္ေအးေသာက္လၽွင္ အသားအေရ ေျခာက္ျခင္း၊ အက္ကြဲျခင္းမ်ားကိုပါ ကာကြယ္နိုင္ ေပသည္။ ေရက်က္ေအးျပဳလုပ္ရန္ နည္းလမ္းမွာ ေရကို က်ိဳခ်က္ၿပီေနာက္ အေအးခံထားၿပီး ေအးေသာ အခါ ဖန္ပုလင္း၊ သို႔မဟုတ္ ေရတေကာင္းတြင္ ထည့္ၿပီးေသာက္နိုင္သည္။

ေရက်က္ေအးကို ပလတ္စတစ္ ေသာက္ေရသန႔္ဘူးတြင္ မထည့္ပါႏွင့္။ ဖန္ပုလင္းမရွိလၽွင္ အိမ္သုံးေျမေသာက္ေရအိုးတြင္ ထည့္၍ေသာက္ ပါ။ ေျမျဖင့္ ျပဳလုပ္ထားသည့္ ေရတေကာင္းတြင္ ထည့္လၽွင္ သဘာဝ အေအးဓာတ္ကိုပို၍ပင္ ရရွိနိုင္ပါ သည္။

ေရက်က္ေအးကို ေသာက္ျခင္းျဖင့္ လူကို က်န္းမာေစနိုင္ေၾကာင္း ေယာအတြင္းဝန္ ဦးဖိုးလွိုင္ ေရးသားသည့္ ဥတုေဘာဇနသဂၤဟက်မ္းတြင္ ပါရွိပါသည္။ သဘာဝျမစ္ေရ၊ ေခ်ာင္းေရ၊ ကန္ေရမ်ားကိုပင္ သန႔္စင္ေစရန္အတြက္ အနည္ထိုင္ေအာင္ ထားၿပီးေနာက္ ပို၍သန႔္စင္ေစရန္ က်က္ေအာင္ က်ိဳခ်က္ရသည္။

က်ိဳ ခ်က္ၿပီး အေအးခံေသာ ေရက်က္ေအးကို ေသာက္ျခင္းျဖင့္ ပိုးမႊားကင္းစင္ေသာ အက်ိဳးရွိၿပီး ဝမ္းပ်က္ ျခင္း၊ ဝမ္းေဖာဝမ္းေရာင္ျဖစ္ျခင္းမ်ားပါ ကာကြယ္နိုင္သည္။ ေဆာင္းဥတုတြင္ ေရစိမ္း ေသာက္ျခင္းထက္ ေရက်က္ေအး ေသာက္ျခင္းက ပို၍ က်န္းမာေစနိုင္ေၾကာင္း တင္ျပလိုက္ရပါသည္။

ၾကည္လြင္ျမင့္ (မုျဒာ)

Unicode

ဆောင်းအဝင်မှာ ကျန်းမာရေး သတိပြုစရာ

အပူနှင့် အအေး အကူးအပြောင်းတွင် လူတို့ကျန်းမာရေး ချို့ယွင်းတတ်ကြသည်။ နေရောင်ခြည် သည် လူ၏ ကျန်းမာရေးကို အကျိုးပြုသည်။ နေရောင်ခြည်ကောင်းစွာမရသည့် မိုးဥတုနှင့် ညတာရှည် သည့် ဆောင်းဥတုတို့တွင် အဖျားအနာ ရောဂါထူပြောတတ်သည်။ မိုးတွင် ရေငွေ့နှင့် ဆောင်းတွင် နှင်းကျ သောအခါ အအေးဓာတ်ဖြင့် အခိုးငုပ်သည်။

အခိုးငုပ်ခြင်းကြောင့် ကိုယ်တွင်းအပူဓာတ်နှင့် ပြင်ပ အအေး ဓာတ်တို့ ပဋိပက္ခဖြစ်ခါ စိတ်လက်ရွှင်လန်းခြင်းမရှိဘဲ နေထိုင်မကောင်း ဖြစ်သည်ဟု ခံစားနေရတတ်သည်။ မိုးနှင့်ဆောင်းတို့သည် ပွင့်လင်းမှုမရှိသော ရာသီများဖြစ်သည်။

ယခုအခါ မိုးအကုန် ဆောင်းအကူးရာသီသို့ ရောက်ရှိလာပြီးဖြစ်သည်။ တုတ်ကွေးရာသီကုန်သွားပြီး နှာစေးချောင်းဆိုး ဖြစ်တတ်သည့် ရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ တောင်အရပ်မှ မိုးသက်လေ နှင်တို့ ရုပ်သိမ်းသွားပြီး မြောက်အရပ်မှ မြောက်ပြန်လေနှင့်အတူ နှင်းပွင့်များပါလာတော့မည် ဖြစ်သည်။

နှာစေးခြင်းသည် ကိုယ်တွင်းအပူငုပ်သည့် လက္ခဏာဖြစ်သည်။ ရှေးဆရာကြီးများက အပြင်မှ အအေးတပ်ဖွဲ့ပြီး ပိတ်ဆို့ထားသဖြင့် ထွက်ပေါက်မရှိဘဲ အပူအကျဉ်းကျရောဂါဖြစ်ရသည်ဟု ဆိုသည်။

မွေးညှင်းပေါက်တို့မှ အခိုးအကင်းတို့သည် ချွေးအဖြစ်ထွက်မကျရသောအခါ နှာရည်ယိုကျခြင်းဖြင့် ထွက် ပေါက်ရှာရသည်ဟု အဆိုရှိသည်။ နှာရည်ကျခြင်းသည် ကိုယ်တွင်းအပူများခြင်းကြောင့်ဖြစ်သည်။

ညနေစောင်းအလုပ်မှ အပြန်တွင် ရေချိုးလေ့ရှိသူများသည် ဆောင်းဥတုတွင် နှာစေးပြီး ခေါင်းကိုက် ရောဂါရလေ့ရှိသည်ကို တွေ့ရသည်။ နှာစေး၊ နှာရည်ယိုခြင်း ရုတ်တရက် ရပ်သွားပြီး နှာခောင်းပိတ်သွား လျှင် ထိပ်ကပ်နာ ဖြစ်တတ်သည်။ ထိပ်ကပ်နာသည် နှာခေါင်းအတွင်းနှာရိုးမှ အရွတ်တုံးလေး ရောင်သော ကြောင့်ဖြစ်လေ့ရှိသည်။

ထို့ကြောင့် အလွန်အေးသော အရပ်ဒေသများတွင် ရေနွေးဖြင့် ရေကိုစပ်၍ ချိုးရ သည်။ ရေချိုးပြီး အအေးမိသည်ထင်လျှင် ပရုတ်ဆီကို ကြွေပန်းကန်လုံးတွင် သုတ်လိမ်းပြီး ရေနွေးအဖြူ လောင်းထည့်ကာ ထွက်လာသော ရေနွေးငွေ့ကို ရှူပေးခြင်းဖြင့် ထိပ်ကပ်နာဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။

ခန္ဓာကိုယ်အတွင်း အပူအကျဉ်းကျသောအခါ နှာခေါင်းမှ နှာရည်ယိုသည့် အပြင် ငယ်ထိပ်ထွက် ပေါက်မှလည်း အပူငွေ့များထွက်တတ်သည်။အချို့လူကြီးများတွင် ဆောင်းတွင်းရောက်မှ ခေါင်းချွေးများ ပြန်ပြီး အမြဲတဘက်ပဝါဖြင့် သုတ်နေရသည်ကို တွေ့ရသည်။ ခေါင်းချွေးပြန်ရပ်သွားလျှင် နှာစေးနှာရည်ယို ဖြစ်ပြီး ခေါင်းကိုက်လာတတ်သည်။

ထိုရောဂါအတွက် ညအိပ်ယာဝင်ချိန်တိုင်းတွင် ဦးခေါင်းငယ်ထိပ်ကို အုန်းဆီစစ်စစ်လိမ်းပြီး အိပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ အုန်းဆီသည် ငယ်ထိပ်မှ ထွက်လာသောအခိုးကို ဖမ်းယူနိုင်ပြီး ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းကို ကာကွယ်နိုင်သည်။

ဆောင်းရာသီမှာ “ချင်း” စားပါ

စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် လက်ဖက်ရည်အလွန်ကြိုက်သူ တစ်ဦးဖြစ်သည်။ ဈေးရောင်း ရင်း ဆိုင်ထိုင်ရင်း တစ်နေ့လျှင် လက်ဖက်ရည် အချို့ပေါ့ကျ တစ်နေ့လျှင် သုံးခွက်၊ လေးခွက်သောက် သည်ဟု ဆိုသည်။

သူသောက်နည်းမှာ မှာ အခြား သူများနှင့် မတူချင်းကိုခပ်ပါးပါး လှီးထားသောအဖက် ကလေးများကို နှစ်ဖတ် သုံးဖတ်မျှ လက်ဖက်ရည်ထဲတွင် စိမ်ထားပြီး ဖြည်းဖြည်းချင်း သောက်သည်။ သူ၏ လက်ဖက်ရည်မှာ ချင်းရနံ့ကလေးသင်းနေသည်။

မကြာသေးမီကလည်း ကျန်းမာရေးဂျာနယ် တစ်စောင်တွင် အနောက်တိုင်းဆေးပညာရှင်များက ဘလက်ကော်ဖီတွင် ချင်းထည့်သောက်ခြင်းဖြင့် ခေါင်းကိုက်ဝေဒနာကို သက်သာစေကြောင်း ရေးထားသည် ကို ဖတ်ရှုလိုက်ရသည်။

ချင်းကို နာကျင်ကိုက်ခဲဝေဒနာ ကုသရာတွင်လည်း အသုံးပြုကြောင်း ရေးသားထား သည်။ ချင်းကို အရည်ထုတ်ယူပြီး ဗိုက်အောင့်ဝေဒနာနှင့် ပျို့ချင် အန်ချင်ဖြစ်သော ဝေဒနာများတွင်လည်း သုံးစွဲသည်ဟု ရေးသားထားသည်။

ချင်းသည် မူလက အိန္ဒိယနိုင်ငံမှ တင်သွင်းခြင်းဖြစ်ပြီး ပရဆေးကုန်သည်များမှာ အိန္ဒိယလူမျိုးများ ဖြစ်သည်။ ချင်းခြောက်ကို မပုပ်မသိုးစေရန် ထုံးရည်ဖျန်းပြီး သင်္ဘောကြီးများဖြင့် သယ်ဆောင်တင်သွင်း လာသဖြင့် သင်္ဘောချင်းခြောက်ဟူသော အသုံးအနှုန်းမှာ ယနေ့အထိ ပရဆေးလောကတွင် သုံးစွဲနေဆဲ ဖြစ်သည်။ နောက်ပိုင်းတွင် ချင်းကို မြန်မာပြည်တွစိုက်ပျိုးသည်။

အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်မှ ထွက်သော ချင်းတက်များမှာ အပူဓာတ်အာကောင်းပြီး ကျစ်လစ်မာကျောသဖြင့် ချင်းတက်ကောင်းအဖြစ် အိန္ဒိယ၊ ပါကစ္စတန်စသော နိုင်ငံများသို့ပင် ပြန်လည်တင်ပို့ရသည်။ ကျောက်မဲချင်း၊ အောင်ပန်းချင်း၊ ကျောက်ဆည်နယ် သံရွာချင်တို့သည် အတက်ကြီးပြီး အပူဓာတ်အားကောင်းသဖြင့် နာမည်ကျော်ကြား သည်။

လူကြိုက်များသော ချင်းတက်များ ဖြစ်သည် ချင်းကို ဟင်းခတ်ရာတွင် အသုံးပြုဆုံးလူမျိုးများမှာ တရုတ်လူမျိုးများဖြစ်ကြောင်းသိရသည်။ ဟင်း ခတ် အမွှေးအကြိုင်အဖြစ်သာမက အသားနူးအောင် ချင်းတက်ထည့်ချက်ကြသည်။ ချက်ပြုပ်သော အသား ကို အစာအိမ်တွင် ရောက်လျှင် အစာကြေစေရန်လည်း ချင်းက အထောက်အကူပြုကြောင်း သိရသည်။

ဆောင်းဥတုသည် အပြင်ထွက်လျှင် အအေးပတ်လွယ်သော ဥတုဖြစ်သည်။ အဝတ်အစား လုံးခြုံ အောင် ဝတ်ဆင်ထားသည့်ကြားကပင် ဦးခေါင်းနှင့် လည်ပင်းကို အအေးပတ်ပြီး အသံဝင်ခြင်း၊ လည်ချောင်း နာခြင်း၊ သွားနာနှင့် သွားဖုံးများ အပူကန်ခြင်း၊ အာသီးရောင်ခြင်းများ ဖြစ်လေ့ရှိသည်။

ထိုသို့ အအေးပတ် ခြင်းကို ချင်းလက်ဖက်ရည်သောက်ခြင်းဖြင့် ကာကွယ်နိုင်သည်။ မိမိ အိမ်တွင်သောက်နေကြ ရေနွေးကြမ်း ထဲသို့ ချင်းပါးပါး နှစ်လွှာ၊ သုံးလွှာ လှီးထည့်ပြီး ပူပူလေးသောက်ခြင်းဖြင့် ကာကွယ်နိုင်သည်။

အအေးပတ်ပြီး အဖျားဝင်လျှင်၊ ကိုယ်လက်များ ညောင်းညာကိုက်ခဲလျှင် ချင်းပါးပါးခုနှစ်လွှာ၊ ထန်း လျက်သုံးခဲ၊ ကွမ်းရွက် တစ်ရွက်ကို ခြေ၍ မတ်ခွက်တွင် ထည့်ပြီး ရေနွေးအဖြူ ပူပူလောင်းထည့်ပါ။ ၁၅ မိ နစ်ခန့် အငွေ့လုံအောင် အုပ်ထားပါ။ ထို့နောက် အဖုံးဖွင့်ပြီး မျက်နှာ နှာခေါင်းပေါက်ဖြင့် အငွေ့ကိုရှူရင်း ဖြည်းဖြည်းခြင်း သောက်ပါ။ အအေးမိခြင်းမှ သက်သာစေနိုင်သည်။

ချင်းသုပ်သည် မြန်မာလူမျိုးများ အကြိုက် ရိုးရာအစားအစာ ဖြစ်သည်။ ချင်းကို အမွှာလေးများ ခြစ်ပြီး ရှောက်ရည်ဖြင့်စိမ်ထားသော ချင်းနှပ် သည် ဝမ်းမီးတောက်ပြီး အစာကြေစေသည်။ အအေးပတ်ခြင်းမှ ကာကွယ်ပေးသည်။ လူကြီးများ ကိုယ်ငွေ့ ကောင်းစေရန် ချင်းသုပ်ကို မကြာခဏ ကျွေးပေးခြင်းဖြင့် ကျန်းမာစေနိုင်သည်။

ဆောင်းဥတုတွင် ရေကျက်အေးသောက်သင့်သည်

ဥတုသုံးပါးတွင် ဆောင်းဥတုသည် အအေးဓာတ်လွန်ကဲသည့် ရာသီဖြစ်သည်။ ဆောင်းရောက် လျှင် အဖြစ်များသည့် ရောဂါဝေဒနာများမှာ အအေးပတ်ခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ နှုတ်ခမ်းများခြောက် သွေ့ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ အသားပပ်ခြင်း၊ ဆီးများခြင်းကို အဖြစ်များကြောင်း တွေ့ရသည်။

ဤလက္ခဏာ များမှာ ရိုးရာဆေးပညာသဘောအရ အပြင်အေးပြီး အတွင်းပူသော ကြောင့်ဖြစ်သည်။ အတွင်းမှ အပူသည် အပြင်မှ အအေးကြောင့် အကျဉ်းကျနေသည့်ဟုလည်း ရှေးက တိုင်းရင်းမြန်မာ ဆေးဆရာကြီးများက ဆိုကြ သည်။

ခန္ဓာကိုယ်၏ အပူရှိန်ကို လျှော့ချသောစနစ်မှာ ချွေးထွက်ခြင်းဖြစ်သည်။ ဆောင်းဥတု တွင် အအေး ပတ်ဖွဲ့သောကြောင့် ကိုယ်ခန္ဓာအရေပြားမှ မွေးညှင်းပေါက်များ ပိတ်ဆို့ပြီး အခိုးအငွေ့တို့ မထွက်နိုင်ကြပေ။ ထိုအငွေ့တို့သည် အရေပြားအောင်တွင် ကိန်အောင်းနေရာမှ သွေးကြောများအတွင်းသို့ ဆံချည်မျှင် ပြွန် ကလေးများမှ တစ်ဆင့် ရောက်ရှိပြန်သည်။ ထိုမှ တစ်ဆင့် ကိုယ်တွင်းအင်္ဂါအစုံသို့ ရောက်ရှိပြန်သည်။

အပူအခိုးအငွေ့များသည် ကိုယ်တွင်းအင်္ဂါများသို့ ရောက်ရှိခြင်း အကျိုးဆက်မှာ အစာအိမ်တွင် အပူ ငွေ့များခိုအောင်နေသောအခါ ရင်ပူခြင်း၊ မကြာခဏ ဆာလောင်ခြင်းဖြစ်သည်။ အသည်းတွင် အပူငွေ့များ ခိုအောင်းသောအခါ သည်းခြေရည် ပိုထွက်ခြင်းကြောင့် မကြာခဏ ရင်ပူ၊ ရေငတ်ခြင်းဖြစ်ရသည်။

ကျောက် ကပ်များတွင် အပူအောင်းသောအခါ မကြာခဏ ဆီးသွားခြင်းနှင့် ဆီးမသွားဘဲ အောင့်ထားလျှင် ဆီးပူခြင်း၊ ဆီးကျင်ခြင်း၊ ဆီးဝါခြင်း၊ ဆီးနီခြင်းတို့ ဖြစ်တတ်သည်။ နှလုံးတွင် အပူငုပ်သောအခါ နှလုံးအောင့်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်ကြိမ်များခြင်း၊ သွေးတိုးခြင်း၊ အိပ်မပျော်ခြင်းတို့ ဖြစ်နိုင်သည်။

ကျန်းမာရေး အလွန်ကောင်းသော လူငယ်များတွင်ပင် ဆောင်းရောက်သောအခါ နှုတ်ခမ်းများကွဲ အက်ခြင်းတွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ အစာအိမ်တွင်အောင်နေသော အပူမှာအထက်သို့ ကန်ထွက် လာသဖြင့် လည်ချောင်းမှ တစ်ဆင့် အာခေါင်၊ နှုတ်ခမ်းများသို့ ရောက်ရှိပြီး လေပူ၏ သဘောအရ ခြောက် သွေ့အက်ကွဲခြင်းများ ဖြစ်ရခြင်းဖြစ်သည်။

ဆောင်းတွင် ရေခဲရေ၊ အချိုရည်အေး သောက်သူများတွင် ပို၍ နှုတ်ခမ်းကွဲလေ့ရှိသည်။ ရေနွေးကြမ်းသောက်သူများမှာ အကွဲသက်သာသည်ကို တွေ့ရသည်။

ဆောင်းရာသီတွင် အစာအိမ်၌ အပူများ၍ နှုတ်ခမ်းကွဲ၊ အာခေါင်ခြောက် ဖြစ်သူများသည် ညအိပ် ယာဝင်ချိန်တွင် ရေကျက်အေးသောက်သင့်သည်။ ဖြစ်နိုင်လျှင် ည အိပ်ယာဝင်ချိန်ရော နံနက်အိပ်ယာထ ချိန်ပါ နှစ်ကြိမ် ရေကျက်အေးသောက်လျှင် အသားအရေ ခြောက်ခြင်း၊ အက်ကွဲခြင်းများကိုပါ ကာကွယ်နိုင် ပေသည်။ ရေကျက်အေးပြုလုပ်ရန် နည်းလမ်းမှာ ရေကို ကျိုချက်ပြီနောက် အအေးခံထားပြီး အေးသော အခါ ဖန်ပုလင်း၊ သို့မဟုတ် ရေတကောင်းတွင် ထည့်ပြီးသောက်နိုင်သည်။

ရေကျက်အေးကို ပလတ်စတစ် သောက်ရေသန့်ဘူးတွင် မထည့်ပါနှင့်။ ဖန်ပုလင်းမရှိလျှင် အိမ်သုံးမြေသောက်ရေအိုးတွင် ထည့်၍သောက် ပါ။ မြေဖြင့် ပြုလုပ်ထားသည့် ရေတကောင်းတွင် ထည့်လျှင် သဘာဝ အအေးဓာတ်ကိုပို၍ပင် ရရှိနိုင်ပါ သည်။

ရေကျက်အေးကို သောက်ခြင်းဖြင့် လူကို ကျန်းမာစေနိုင်ကြောင်း ယောအတွင်းဝန် ဦးဖိုးလှိုင် ရေးသားသည့် ဥတုဘောဇနသင်္ဂဟကျမ်းတွင် ပါရှိပါသည်။ သဘာဝမြစ်ရေ၊ ချောင်းရေ၊ ကန်ရေများကိုပင် သန့်စင်စေရန်အတွက် အနည်ထိုင်အောင် ထားပြီးနောက် ပို၍သန့်စင်စေရန် ကျက်အောင် ကျိုချက်ရသည်။

ကျို ချက်ပြီး အအေးခံသော ရေကျက်အေးကို သောက်ခြင်းဖြင့် ပိုးမွှားကင်းစင်သော အကျိုးရှိပြီး ဝမ်းပျက် ခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်းများပါ ကာကွယ်နိုင်သည်။ ဆောင်းဥတုတွင် ရေစိမ်း သောက်ခြင်းထက် ရေကျက်အေး သောက်ခြင်းက ပို၍ ကျန်းမာစေနိုင်ကြောင်း တင်ပြလိုက်ရပါသည်။

ကြည်လွင်မြင့် (မုဒြာ)