ဝင်ငွေတိုးတက်ဂုဏ်ရှိန်တက် ယတြာအချိန်အခါကောင်း

ဝင်ငွေတိုးတက်ဂုဏ်ရှိန်တက် ယတြာအချိန်အခါကောင်း

ယတြာအချိန်ကောင်းတိုင်းပြုလုပ်ဖို့ တင်ပေးလျှက်ရှိရာဒီတခါမှာတော့ ဝင်ငွေတိုး၊စီးပွားတက်၊ဂုဏ်ရှိန်မြင့်မားစေတဲ့ အချိန်အခါကောင်းကို တင်ပြပေးမှာပါ။နေ့ရက်နဲ့အချိန်ကတော့

နိုဝင်ဘာ ၂၂ ရက်၊ ၂၀၂၀ ခုနစ် ၊တနင်္ဂနွေနေ့ ညည့် ၉ နာရီမှ ၁၀ : ၁၀ အတွင်းဖြစ်ပါတယ်။

ပြုလုပ်ရမယ့်အစီအမံအနေနဲ့ကတော့

(၁) နံတူပန်း ဝေဝေဆာဆာတအိုး ( နံတူပန်းမသိရင် မူရင်းပို့စ်မှာ ကွန်မန့်မန့်ပါ)

(၂) တံခွန် အနီ တချောင်း ( နံတူပန်းထည့်တဲ့ အိုးမှာထိုးပါ)

(၃)ဖယောင်းတိုင် အဖြူ ၉ တိုင် (အတန်းလိုက် ထွန်းရပါမယ်)

(၄) သောက်တော်ရေ ၃ ခွက် (ခွက်အကြီးနဲ့ လှူပါ)

ယင်းအစီအမံပစ္စည်းကို ယတြာအချိန်ကောင်းဖြစ်တဲ့ နိုဝင်ဘာ ၂၂ ရက် ညည့် ၉ နာရီမှ ၁၀ နာရီ ၁၀ မိနစ်အတွင်းမှာ နေအိမ်ဘုရားထံမှာ ကပ်လှူပူဇော်ပါ။

ရွတ်ပွားနေကျ မိမိနဲ့ထုံနေပြီးသားဖြစ်တဲ့ ဂါထာမန္တာန်များ ပရိတ်ပဌာန်းများကို ရွတ်ဖတ်ပူဇော်ပါ။လိုရာကို ဆုမွန်တောင်းပါ။

မကြာမီအကျိုးသွားကို ခံစားရပါမယ်။

နိုင်ထက်အောင် ရှေ့ဆောင်-အလင်းပြ လောကီပညာ ရန်ကုန်မြို့။

Zawgyi













Leave a Comment