စိတ္ခ်မ္းသာေအာင္ အိပ္စက္နည္း

ခ်မ္းသာစြာ အိပ္စက္နည္း

တစ္ေယာက္တည္း အိပ္စက္ျခင္းသည္၊ အသက္ရွည္ျခင္းကို ျဖစ္ေစ၏တဲ့။ လူတိုင္းကေတာ့ အေဖာ္မြန္လိုခ်င္ၾကပါလိမ့္မယ္။ အေဖာ္ရွိတိုင္းေကာင္းတာေတာ့မဟုတ္ပါဘူး။

ကိုယ့္ရဲ့အေဖာ္က တခါတခါ ၊ရန္သူျဖစ္ေနတက္ပါတယ္တဲ့။

ရန္သူနဲ႔ အတူေနရတာထက္စာရင္၊တစ္ေယာက္တည္းေနရတာက၊ ပိုေကာင္းမယ္ေပါ့ေနာ္။

“အဲဒါေၾကာင့္ အေဖာ္မမက္ပါနဲ႔လို႔ ေျပာပါရေစ။”အေဖာ္ဆိုတာ သာမာန္ ၊လူအေဖာ္ေတြလည္းရွိသလို၊စိတ္အေတြးထဲက အေတြးအႀကံ ၊အေဖာ္ေတြဟာလည္း သင့္ရဲ့အေဖာ္ေတြပါပဲ။

အိပ္ခါနီးေရာက္ရင္ အေဖာ္ကင္းမဲ့စြာ၊အိပ္စက္ဖို႔လိုပါတယ္။အဓိက ကေတာ့ “ေသာက” ကို အေဖာ္မျပဳမိဖို႔၊အထူးဂ႐ုျပဳ ဖို႔လိုပါတယ္။

ဆက္ကတ္ ေတြထဲမွာ ႀကိဳးတန္းေပၚ၊လမ္းေလ်ာက္ၿပီးျပတဲ့ ျပကြက္ကို၊ၾကည့္ဖူးၾကပါလိမ့္မယ္။

ႀကိဳးတန္းေပၚ လမ္းေလ်ာက္တဲ့သူလို၊ အိပ္စက္ေစခ်င္ပါတယ္။ႀကိဳးတန္းေပၚလမ္းေလ်ာက္သူဟာ၊

ႀကိဳးကလြဲရင္ အျခားေဘးဘက္အာ႐ုံေတြကို ၊ေငးေမာ မေနပါဘူး။ႀကိဳးကိုပဲ အားစိုက္ထားတဲ့ အတြက္၊

ေအာက္ကို က် သြားရင္ဆိုတဲ့ စိုးရိမ္စိတ္ကို၊သက္သာ ေပ်ာက္ကင္းေစပါတယ္ တဲ့။

အဲဒီလိုပါပဲ ခ်မ္းသာစြာအိပ္စက္ခ်င္တဲ့သူဟာ၊ မိမိရဲ့ “ဝင္သက္ ထြက္သက္”ေလးကိုပဲ၊စိတ္ကို ပို႔ထားၿပီး ၊အျခား အေတြးေတြကို မေတြးေတာဘဲ၊

(တနည္း) ေသာက ကို အေဖာ္မျပဳဘဲ၊ အိပ္စက္ဖို႔လိုပါလိမ့္မယ္။

ေသာက မရွိဘဲ အိပ္စက္ရျခင္းဟာ၊ ခ်မ္းသာစြာအိပ္စက္ရသလို၊ခ်မ္းသာစြာလည္း နိုးရပါလိမ့္မယ္။

အသက္ရွည္ခ်င္တယ္ဆိုရင္၊ ေသာက အေဖာ္မပါဘဲ တစ္ေယာက္တည္း၊ အိပ္စက္နိုင္ေအာင္ ႀကိဳးစားဖို႔လိုပါလိမ့္မယ္။

အရွင္ဝါသဝ (ဓာတုမယ)

၂၁၊၁၁၊၂၀

Unicode

ချမ်းသာစွာ အိပ်စက်နည်း

တစ်ယောက်တည်း အိပ်စက်ခြင်းသည်၊ အသက်ရှည်ခြင်းကို ဖြစ်စေ၏တဲ့။ လူတိုင်းကတော့ အဖော်မွန်လိုချင်ကြပါလိမ့်မယ်။ အဖော်ရှိတိုင်းကောင်းတာတော့မဟုတ်ပါဘူး။

ကိုယ့်ရဲ့အဖော်က တခါတခါ ၊ရန်သူဖြစ်နေတက်ပါတယ်တဲ့။

ရန်သူနဲ့ အတူနေရတာထက်စာရင်၊တစ်ယောက်တည်းနေရတာက၊ ပိုကောင်းမယ်ပေါ့နော်။

“အဲဒါကြောင့် အဖော်မမက်ပါနဲ့လို့ ပြောပါရစေ။”အဖော်ဆိုတာ သာမာန် ၊လူအဖော်တွေလည်းရှိသလို၊စိတ်အတွေးထဲက အတွေးအကြံ ၊အဖော်တွေဟာလည်း သင့်ရဲ့အဖော်တွေပါပဲ။

အိပ်ခါနီးရောက်ရင် အဖော်ကင်းမဲ့စွာ၊အိပ်စက်ဖို့လိုပါတယ်။အဓိက ကတော့ “သောက” ကို အဖော်မပြုမိဖို့၊အထူးဂရုပြု ဖို့လိုပါတယ်။

ဆက်ကတ် တွေထဲမှာ ကြိုးတန်းပေါ်၊လမ်းလျောက်ပြီးပြတဲ့ ပြကွက်ကို၊ကြည့်ဖူးကြပါလိမ့်မယ်။

ကြိုးတန်းပေါ် လမ်းလျောက်တဲ့သူလို၊ အိပ်စက်စေချင်ပါတယ်။ကြိုးတန်းပေါ်လမ်းလျောက်သူဟာ၊

ကြိုးကလွဲရင် အခြားဘေးဘက်အာရုံတွေကို ၊ငေးမော မနေပါဘူး။ကြိုးကိုပဲ အားစိုက်ထားတဲ့ အတွက်၊

အောက်ကို ကျ သွားရင်ဆိုတဲ့ စိုးရိမ်စိတ်ကို၊သက်သာ ပျောက်ကင်းစေပါတယ် တဲ့။

အဲဒီလိုပါပဲ ချမ်းသာစွာအိပ်စက်ချင်တဲ့သူဟာ၊ မိမိရဲ့ “ဝင်သက် ထွက်သက်”လေးကိုပဲ၊စိတ်ကို ပို့ထားပြီး ၊အခြား အတွေးတွေကို မတွေးတောဘဲ၊

(တနည်း) သောက ကို အဖော်မပြုဘဲ၊ အိပ်စက်ဖို့လိုပါလိမ့်မယ်။

သောက မရှိဘဲ အိပ်စက်ရခြင်းဟာ၊ ချမ်းသာစွာအိပ်စက်ရသလို၊ချမ်းသာစွာလည်း နိုးရပါလိမ့်မယ်။

အသက်ရှည်ချင်တယ်ဆိုရင်၊ သောက အဖော်မပါဘဲ တစ်ယောက်တည်း၊ အိပ်စက်နိုင်အောင် ကြိုးစားဖို့လိုပါလိမ့်မယ်။

အရှင်ဝါသဝ (ဓာတုမယ)

၂၁၊၁၁၊၂၀