တန်ဆောင်မုန်းလပြည့်နေ့(ဆေးပေါင်းခတဲ့ည)မှာဆေးဖက်ဝင်သည့် မယ်ဇလီဖူးသုပ်နည်းလေးများ”
“မယ်ဇလီဖူး သုပ်နည်း”
(ပထမ နည်း)
မယ်ဇလီဖူးကို မကျည်းသီးနည်းနည်းလေးထည့်ပြီး ပြုတ်ပေးလိုက်ပါ ။ရေဆူလာပြီဆိုရင် ဆယ်လိုက်ပြီး နောက်ထပ် ရေအသစ်ထည့် ပြုတ် ၂ ခေါက်လောက် လုပ်ပေးပါ။
ကျက်ပြီဆိုရင် ပြန်ဆယ် ရေညှစ်ပြီး ဆုံမှာထည့်ထောင်းပေးပါ ။ကြက်သွန်နီ ပါးပါးလှီးပြီး ဆနွင်းမှုန့် နည်းနည်းနဲ့ ဆီချက်ထားပါ ။
ကြက်သွန်ဖြူ ပါးပါးလှီးထားပါ ။ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ ။မြေပဲလှော်၊ နှမ်းလှော် ထောင်းထားပါ ။
သုပ်မယ့် ပန်းကန်ပြားထဲမှာ ထောင်းထားတဲ့ မယ်ဇလီဖူး ၊ ခရမ်းချဉ်သီး ၊ ဆီကျက် ၊ မြေပဲ နှမ်းထောင်း လေးနဲ့ ပုစွန်ခြောက်မှုန့်ကို ထည့်ပြီး ငံပြာရည်နည်းနည်း အရသာမှုန့်နည်းနည်းထည့် ရောနယ်ပေးပါ ။
နည်းနည်းစပ်စပ်လေးစားချင်ရင်တော့ ငရုတ်သီးစိမ်းလေးကို ပါးပါးလေး လှီးထည့်ပေးလိုက်ပါ ။တချို့က ခရမ်းချဉ်သီး ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို မထည့်တတ်ပါဘူး ခင်ဗျာ။
ဟုတ်ကဲ့ ဆေးပေါင်းခမယ့် ညအတွက် ဆေးဖက်ဝင်စေမယ့် ခါးဆိမ့်ဆိမ့်အရသာရှိတဲ့ မယ်ဇလီဖူးသုပ်လေးကို ရပါပြီ ။
(ဒုတိယနည်း)
မယ်ဇလီဖူး – 100 g
ကြက်သွန်နီတစ်လုံး ကိုပါးပါးလှီးပြီး ရေစိမ်ထားပါ။ဆား၊ အရသာမှုန်.- ငံပြာရည်- အနဲငယ်စီ၊
ကြက်သွန်ဖြူ၊နီဆီချက်- ထမင်းစာဇွန်း ၂ ဇွန်း၊ပုဇွန်ခြောက်ထောင်း – ထမင်းစာဇွန်း ၁ ဇွန်း၊
မြေပဲလှော်ထောင်း ထမင်းစာဇွန်း ၂ ဇွန်း၊နှမ်းလှော်.. ထမင်းစာဇွန်း ၁ ဇွန်း၊သံပုရာသီးတခြမ်း။
မန်းကျဉ်းမှည့် – ထမင်းစာဇွန်း ၁ ဇွန်း၊မယ်ဇလီဖူးကို ရေဆေးပြီး ရိုးတံ နှင့် အရင့်တွေ ဖယ်ပြီး ပြုတ်ပါ ။
၁၀ မိနစ် လောက်ပြုတ်ပြီး ၊ ရေသွန်ပြီး ရေသစ်လဲ၍ မန်ကျဉ်းမှည့် ထည့် ၁၀ မိနစ် ထပ်ပြုတ်ပြီး ရေစစ်ကာ မညှက် တညှက် ထောင်း ပြီးပါးပါးလှီး ထားသော ကြက်သွန်နီ၊ဆား၊ အရသာ မှုန့် ငံပြာရည်၊ ကြက်သွန် ဖြူ၊ နီ ဆီချက်၊
ပုဇွန်ခြောက်ထောင်း မြေပဲလှော်ထောင်း၊ နှမ်းလှော်တို့ကို ထည့်ကာ သံပုရာရည် ညှစ်ထည့်ပြီး သမအောင်နယ်ကာ သုံးဆောင်လို့ရပါပြီရှင့်။
Khin Than Nu
Zawgyi
တန္ေဆာင္မုန္းလျပည့္ေန႔(ေဆးေပါင္းခတဲ့ည)မွာေဆးဖက္ဝင္သည့္ မယ္ဇလီဖူးသုပ္နည္းေလးမ်ား”
“မယ္ဇလီဖူး သုပ္နည္း”
(ပထမ နည္း)
မယ္ဇလီဖူးကို မက်ည္းသီးနည္းနည္းေလးထည့္ၿပီး ျပဳတ္ေပးလိုက္ပါ ။ေရဆူလာၿပီဆိုရင္ ဆယ္လိုက္ၿပီး ေနာက္ထပ္ ေရအသစ္ထည့္ ျပဳတ္ ၂ ေခါက္ေလာက္ လုပ္ေပးပါ။
က်က္ၿပီဆိုရင္ ျပန္ဆယ္ ေရညႇစ္ၿပီး ဆုံမွာထည့္ေထာင္းေပးပါ ။ၾကက္သြန္နီ ပါးပါးလွီးၿပီး ဆႏြင္းမႈန္႔ နည္းနည္းနဲ႔ ဆီခ်က္ထားပါ ။
ၾကက္သြန္ျဖဴ ပါးပါးလွီးထားပါ ။ခရမ္းခ်ဥ္သီးကို ပါးပါးလွီးထားပါ ။ေျမပဲေလွာ္၊ ႏွမ္းေလွာ္ ေထာင္းထားပါ ။
သုပ္မယ့္ ပန္းကန္ျပားထဲမွာ ေထာင္းထားတဲ့ မယ္ဇလီဖူး ၊ ခရမ္းခ်ဥ္သီး ၊ ဆီက်က္ ၊ ေျမပဲ ႏွမ္းေထာင္း ေလးနဲ႔ ပုစြန္ေျခာက္မႈန္႔ကို ထည့္ၿပီး ငံျပာရည္နည္းနည္း အရသာမႈန္႔နည္းနည္းထည့္ ေရာနယ္ေပးပါ ။
နည္းနည္းစပ္စပ္ေလးစားခ်င္ရင္ေတာ့ င႐ုတ္သီးစိမ္းေလးကို ပါးပါးေလး လွီးထည့္ေပးလိုက္ပါ ။တခ်ိဳ႕က ခရမ္းခ်ဥ္သီး ၊ ၾကက္သြန္ျဖဴနဲ႔ င႐ုတ္သီးစိမ္းကို မထည့္တတ္ပါဘူး ခင္ဗ်ာ။
ဟုတ္ကဲ့ ေဆးေပါင္းခမယ့္ ညအတြက္ ေဆးဖက္ဝင္ေစမယ့္ ခါးဆိမ့္ဆိမ့္အရသာရွိတဲ့ မယ္ဇလီဖူးသုပ္ေလးကို ရပါၿပီ ။
(ဒုတိယနည္း)
မယ္ဇလီဖူး – 100 g
ၾကက္သြန္နီတစ္လုံး ကိုပါးပါးလွီးၿပီး ေရစိမ္ထားပါ။ဆား၊ အရသာမႈန္.- ငံျပာရည္- အနဲငယ္စီ၊
ၾကက္သြန္ျဖဴ၊နီဆီခ်က္- ထမင္းစာဇြန္း ၂ ဇြန္း၊ပုဇြန္ေျခာက္ေထာင္း – ထမင္းစာဇြန္း ၁ ဇြန္း၊
ေျမပဲေလွာ္ေထာင္း ထမင္းစာဇြန္း ၂ ဇြန္း၊ႏွမ္းေလွာ္.. ထမင္းစာဇြန္း ၁ ဇြန္း၊သံပုရာသီးတျခမ္း။
မန္းက်ဥ္းမွည့္ – ထမင္းစာဇြန္း ၁ ဇြန္း၊မယ္ဇလီဖူးကို ေရေဆးၿပီး ရိုးတံ ႏွင့္ အရင့္ေတြ ဖယ္ၿပီး ျပဳတ္ပါ ။
၁၀ မိနစ္ ေလာက္ျပဳတ္ၿပီး ၊ ေရသြန္ၿပီး ေရသစ္လဲ၍ မန္က်ဥ္းမွည့္ ထည့္ ၁၀ မိနစ္ ထပ္ျပဳတ္ၿပီး ေရစစ္ကာ မညႇက္ တညႇက္ ေထာင္း ၿပီးပါးပါးလွီး ထားေသာ ၾကက္သြန္နီ၊ဆား၊ အရသာ မႈန္႔ ငံျပာရည္၊ ၾကက္သြန္ ျဖဴ၊ နီ ဆီခ်က္၊
ပုဇြန္ေျခာက္ေထာင္း ေျမပဲေလွာ္ေထာင္း၊ ႏွမ္းေလွာ္တို႔ကို ထည့္ကာ သံပုရာရည္ ညႇစ္ထည့္ၿပီး သမေအာင္နယ္ကာ သုံးေဆာင္လို႔ရပါၿပီရွင္႔။
Khin Than Nu