ချဉ်ပေါင်ရွက်နှင့် ချဉ်ပေါင်ဖူး
ချဉ်ပေါင်ဖူးမှာ ဗီတာမင်အေ , ဗီတာမင်စီ , ဗီတာမင် b2 , ဗီတာမင်b3 , မဂ္ဂနီစီယမ် ပရိုတင်းဓာတ်, ကယ်စီယမ် , သံ ဓာတ်, ဖော့ဖရပ်စ် , ပိုတက်စီယမ် , ဆိုဒီယမ် ,သဘာဝအဆီ , ကာဗီုဟိုက်ဒရိုတ် တို့ပါဝင်ပါတယ်။
ရောဂါဝေဒနာကို ခုခံနိုင်စွမ်းရှိခြင်း..
ဗီတာမင် စီ နဲ့ အင်တီအောက်စီဒင့် , အန်သိုဆိုင်ရာနင် နှစ်မျိုူးစလုံး များစွာပါဝင်မူ မြင့်မားတာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး ရောဂါဝေဒနာများကို တွန်းလှန်နိုင်တဲ့အဆင့်ကို တိုးတက်ကောင်းမွန်စေပါတယ်။
ချဉ်ပေါင်ဖူးက သွေးကြောတွေကို ကျယ်စေပြီး သွေးပျစ်ခြင်းကိုလျော့ချပေး ဆီးသွားများစေတယ် , သွေးတိုးကို လျော့ကျစေနိုင်တယ်။ ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်ကင်ဆာကို ဟန့်တားနိုင်စွမ်းရှိတယ်။
ဗီတာမင် စီကြောင့်ဆဲလ်တွေ ထိခိုက်မူ မရှိအောင် ကာကွယ်ပေးခြင်းကိုယ်ခံစွမ်အား တိုးတက်စေခြင်းမကောင်းတဲ့ ကိုလက်ထရောတွေကို ရှင်းပေးခြင်း ၊အိုမင်းခြင်းကိုလျော့ချပေးခြင်း ၊အနာကျက်မြန်စေခြင်း
သွားဖုံးကို ကျန်းမာစေခြင်း၊ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း ၊သွေးတိုးခြင်းကို ထိန်ပေးခြင်း ၊အဆုပ်ကို ကျန်းမာစေခြင်း ၊သံဓာတ်စုပ်ယူမူကို အားကောင်းစေခြင်း
ကင်ဆာရောဂါ ဖြစ်နိုင်ချေကိုလျော့ချပေးခြင်း ၊အအေးမိခြင်းကို ကာကွယ်ပေးခြင်း ကူးစက်ရောဂါများကို တားဆီးကာကွယ်ပေးခြင်း ကောင်းကျိုးများစွာရရှိစေပါတယ်။
ဩဂဲနစ်များစွာ အက်ဆစ် ပမာဏ များစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်လျော့ကျရေး ဖြည့်စွက်ဆေးထဲမှာ လတ်တလော ထည့်သွင်းပြီးသုံးနေကြောင်းဆိုပါတယ်။
ကယ်လ်စီယမ်ကြောင့်အရိုးတွေကို သန်စွမ်း ကျန်းမာစေပါတယ်။သွားများကို ကျန်းမာစေတယ်၊နာဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
ကြွက်သားလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ် ၊ခြေထောက် လက် ထုံကျဉ်ခြင်းကို လျော့ပါးစေပါတယ်အရိုးပုံသဏ္ဍာန် ပျက်ခြင်းကို သက်သာစေပါလိမ့်မယ်။
“အရွက် ”
အူလမ်းကြောင်းရှင်းပေးသည့်အမျှင်ဓာတ်ပါသောအသီးအရွက်များ စားပေးပါ။ခန္ဓာကိုယ်တွင်းမှာရှိတဲ့ကောင်းတဲ့ပိုးမွှားတွေရှင်သန်ဖို့ အမျှင်ဓာတ်ပါအသီးအရွက်စားရသည်။
အသား,ငါးနဲ့ အမျှင် ဓာတ်ပါချဉ်ပေါင်ရွက်လိုအရွက်မျိုးနဲ့တွဲစားရင်အစာခံမကြာခဏဗိုက်မဆာတော့ပါ။
ဘူးညွန့် ,ဂေါ်ရခါးညွန့်,ဟင်းနုနွယ်ရွက်,လိမ္မာ်သီးမှအမျှင်,ငှက်ပျောသီးနဲ့ကပ်လျက်အမျှင်တို့စားပေးပါ။အစာအိမ်နဲ့အူလမ်းကို သန့်ရှင်းစေပြီး လိုအပ်တဲ့ ဓာတ်များကိုဖြည့်ပေးသွေးကိုသန့်ရှင်းစေတယ်။
ဒေါက်တာခင်မောင်လွင်
Zawgyi
ဗီတာမင် စီ နဲ့ အင်တီအောက်စီဒင့် , အန်သိုဆိုင်ရာနင် နှစ်မျိုးစလုံး များစွာပါဝင်မူ မြင့်မားတာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး ရောဂါဝေဒနာများကို တွန်းလှန်နိုင်တဲ့အဆင့်ကို တိုးတက်ကောင်းမွန်စေပါတယ်။
“အရွက် ”
ဒေါက်တာခင်မောင်လွင်